Dr. Mya Phone

Directions Contact the practice

Dr. Mya Phone personal's blog, knowledge sharing for those who wants to work in abroad, clinical and nursing skills trainer, HR professional

13/10/2026

Sometimes things can be heavy!
But you don't have to carry it alone 🫂
Let us be your safe space where you can rest, pause, learn and grow 👭
OMEGA programs are 100% FREE for migrant domestic workers and we take care the whole you ❤️

တစ်ခါတလေကျတော့ ကိစ္စတွေက လေးလံလွန်းနေတယ်လို့ ခံစားရတတ်ပါတယ်။
ဒါပေမယ့် အဲဒါကို တစ်ယောက်တည်း ထမ်းထားဖို့တော့ မလိုပါဘူးနော် 🫂
အနားယူလို့ရမယ့်၊ အရာရာကို ခဏတာ ရပ်ပြီး စဉ်းစားလို့ရမယ့်၊ သင်ယူလို့ရပြီး လုံခြုံတဲ့နေရာလေးအဖြစ် ကျွန်မတို့ဆီကို ယုံကြည်စိတ်ချစွာ လာနိုင်ပါတယ် 👭
OMEGA အစီအစဉ်တွေက ရွှေ့ပြောင်း အိမ်အကူ အလုပ်သမားတွေအတွက် ၁၀၀% အခမဲ့ဖြစ်ပြီး အားလုံးကို ဂရုစိုက်ပေးမှာပါ ❤️




🌟 What an honor! 🌟Today, I had the absolute privilege of serving as your MC for World Mental Health Day — and my heart i...
11/10/2026

🌟 What an honor! 🌟

Today, I had the absolute privilege of serving as your MC for World Mental Health Day — and my heart is so full right now. 💚

Huge gratitude to the Lifelong Learning Institute, the amazing Uplifters, the Ministry of Manpower, and all the wonderful sisters who made this event so special. You brought the energy, the love, and the meaning to every moment.

I'm beyond happy today, and I truly hope each and every one of you had as much fun as I did! 🥰

Thank you for laughing with me, sharing with me, and making this day unforgettable. Let's keep the conversation going — mental health matters every single day. 💪

Can't wait to see you all again at the next Happy Vibes event! Until then, take care of yourselves and each other. ❤️






ဘယ်တော့ပြန်ရနိုင်မယ် မသိတဲ့ အမှတ်တရလေးတွေပေါ့I am happy about who I am ....🤍
10/10/2026

ဘယ်တော့ပြန်ရနိုင်မယ် မသိတဲ့ အမှတ်တရလေးတွေပေါ့
I am happy about who I am ....🤍

စင်္ကာပူရဲ့ ကောင်းကင်ကြီးကတော့ ဒီရက်ပိုင်း တော်တော်ကို မှိုင်းပြီး အုံ့နေပြန်ပြီ။ ကိုယ်လည်း myENV app ဖွင့်ကြည့်တော့ PSI...
09/10/2026

စင်္ကာပူရဲ့ ကောင်းကင်ကြီးကတော့ ဒီရက်ပိုင်း တော်တော်ကို မှိုင်းပြီး အုံ့နေပြန်ပြီ။
ကိုယ်လည်း myENV app ဖွင့်ကြည့်တော့ PSI တက်နေတာ မျက်လုံးတောင်ပြူးတယ်။ ဒီရက်ပိုင်း သိသိသာသာ တက်လာတယ်။
တစ်လက်စတည်း ဒီဂဏန်းတွေက ခန္ဓာကိုယ်အတွက် ဘာကိုဆိုလိုလဲဆိုတာ ပြောပြပေးချင်ပါတယ်
App လည်း Download ထား​စေချင်ပါတယ်

နံပါတ်တွေက ဒီလိုပါ:

· 0-50 : အဆင်ပြေတယ်၊ စိတ်အေးအေးနေလို့ရတယ်။
· 51-100 (အလယ်အလတ်): လူအများစုအတွက် ပုံမှန်အတိုင်း အလုပ်လုပ်လို့ရတယ်။
· 101-200 (မကောင်းဘူး): ဒီဇုန်က သတိထားရတယ်။ ချက်ချင်း နေမကောင်းဖြစ်မယ်လို့ မဆိုလိုပေမယ့် အပြင်မှာ အချိန်အကြာကြီး ဒါမှမဟုတ် ပင်ပန်းတဲ့ လှုပ်ရှားမှုတွေ လျှော့ပါ ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဥပမာ-ဒီနေ့ အပြင်မှာ ၁၀ ကီလို ပြေးမယ်ဆိုရင်တော့ နောက်တစ်နေ့ ရွှေ့လိုက်တာ ပိုကောင်းတယ်။
· 201-300 (တော်တော်မကောင်း): အပြင်လှုပ်ရှားမှု အတတ်နိုင်ဆုံး ရှောင်ပါ။
· >300 (အန္တရာယ်ရှိ): အိမ်ထဲပဲ နေပါတော့။

ဘယ်နံပါတ်ကို ဘယ်အချိန် ကြည့်မလဲ:

· 1 Hr PM2.5 → ချက်ချင်းလုပ်မယ့် အစီအစဉ်အတွက်ကြည့်ပါ (ဥပမာ "အခု ပြေးလို့ရလား?")။ Band 1 (ပုံမှန်) ဆို ဆက်လုပ်လို့ရ၊ Band 2 (မြင့်) ဆို ပင်ပန်းတဲ့လှုပ်ရှားမှု လျှော့၊ Band 3 & 4 (မြင့်/အလွန်မြင့်) ဆို အပြင်လှုပ်ရှားမှု ရှောင်ပါ။
· 24 Hr PSI ခန့်မှန်းချက် → မနက်ဖြန်အတွက် ကြိုတင်စီစဉ်ဖို့။

🫁 ဘာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေတာလဲ?
အဓိက ညစ်ညမ်းမှုက PM2.5 ဆိုတဲ့ အမှုန်သေးသေးလေးတွေပါ။ သူတို့က အရမ်းသေးတော့ နှာခေါင်းထဲကအမွှေးနုတွေကို ကျော်ပြီး အဆုတ်ထဲ၊ သွေးကြောထဲအထိ ဝင်သွားနိုင်တယ်။ ကျန်းမာတဲ့လူဆိုရင် မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း ယားယံတာလောက်ပဲ ခံစားရမယ်။ ဒါပေမယ့် ပန်းနာရင်ကျပ် ဒါမှမဟုတ် နှလုံးရောဂါရှိသူတွေအတွက်တော့ ရောဂါပြန်ဖြစ်လာနိုင်တာမို့ ပိုသတိထားရမယ်။

အမှုန်အမွှားကြောင့် Sensitive skin ရှိတဲ့သူတွေလည်း အရေပြားပြဿနာ ဖြစ်လာနိုင်ပါတယ်
Skin care လည်း လုပ်ကြပါပေါ့နော် 😁

🛡️ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ:

1. အပြင်မထွက်ခင် myENV ကို ဖွင့်ကြည့်ပါ။
2. အပြင်လှုပ်ရှားမှု လျှော့ပါ။ ပြေးမယ့်အစား လမ်းလျှောက်ပါ။
3. လေထုအရည်အသွေး ဆိုးလာရင် ပြတင်းပေါက်တွေ ပိတ်ထားပါ၊ လေသန့်စက်ရှိရင် ဖွင့်ထားပါ။
4. ရေများများသောက်ပါ။ 💧

အားလုံးပဲ သတိထားကြပါနော်၊ အပြင်မထွက်ခင်လည်း app ဖွင့်ကြည့်ဖို့ မမေ့ပါနဲ့။


မင်္ဂလာပါရှင်MOM နဲ့အတူ Brahm Centre, Uplifters တို့ ပူးပေါင်းစီစဥ်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ WORLD MENTAL HEALTH DAY က...
06/10/2026

မင်္ဂလာပါရှင်
MOM နဲ့အတူ Brahm Centre, Uplifters တို့ ပူးပေါင်းစီစဥ်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ WORLD MENTAL HEALTH DAY ကို အတူ ပါဝင်ဆင်နွှဲ ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်
စင်္ကာပူနိုင်ငံမှာ Domestic work permit ကိုင်ဆောင်ထားသည့် မည်သည့်နိုင်ငံကမဆို အခမဲ့ ပါဝင် နိုင်ပါတယ်
နေ့ရက် - 11 Oct 2026
အချိန် - နေ့လည် ၁ နာရီမှ ၄ နာရီခွဲ
နေရာ - LifeLong Learning Institute
11 Euros Road 8, Singapore 408601

စာရင်းသွင်းဖို့ လင့်ခ်

https://go.gov.sg/wmhd2026

🙆ဂိမ်းကစားမယ်
💁မုန့်စားမယ်
👭သူငယ်ချင်းအသစ်တွေ ရှာကြမယ်
🙋ကံစမ်းမဲလက်ဆောင်တွေ ယူကြမယ်

🤍FREE FOR DOMECTIC WORKERS FROM ANY NATIONALITIES 🤍

PLEASE JOIN US 🥰

ကွန်မန့်မှာလည်း ပိုစတာလေး မန့်ထားပေးပါတယ်
ပိတ်ရက်ရတယ်ဆိုရင် လာခဲ့ကြပါနော် 😍









ကျွန်မ တပည့်တွေ ဘဝမှာ တက်လမ်း များများ ရှာဖွေတွေ့ရှိနိုင်ကြပါစေ 😆🤣😂ကျွန်မ ကတော့ ထိပ်ဆုံးမှာပဲ နေပါတယ်သွေးတက် ပါ 🤪😌🤭ပုံ -...
03/10/2026

ကျွန်မ တပည့်တွေ ဘဝမှာ တက်လမ်း များများ ရှာဖွေတွေ့ရှိနိုင်ကြပါစေ 😆🤣😂

ကျွန်မ ကတော့ ထိပ်ဆုံးမှာပဲ နေပါတယ်
သွေးတက် ပါ 🤪😌🤭

ပုံ - Credit








မ​င်္ဂလာပါရှင်အောက်တိုဘာလ ၁၁ ရက်နေ့ Labrador မှာ ကျွန်မရဲ့ First Aid အတန်းတက်ဖို့ စာရင်းပေးထားကြသူများကို မနက်ပိုင်း Ban...
02/10/2026

မ​င်္ဂလာပါရှင်
အောက်တိုဘာလ ၁၁ ရက်နေ့ Labrador မှာ ကျွန်မရဲ့ First Aid အတန်းတက်ဖို့ စာရင်းပေးထားကြသူများကို မနက်ပိုင်း Bank of America ရဲ့ အစီအစဥ်မှာပါ လာခဲ့ကြဖို့ ဖိတ်ခေါ် ချင်ပါတယ် ရှင်
FREE ပါ အခကြေးငွေ ပေးစရာမလိုပါဘူး
ပျော်စရာ ဂိမ်းအစီအစဥ်တွေ ပါဝင်ပြီး အမှတ်တရ လက်ဆောင်တွေလည်း ပေးမယ့်အပြင် ​နေ့လည်စာ လည်း စီစဥ်ပေးမှာပါ
မနက် ၁၀ နာရီ မှာ အစီအစဥ် စ မှာပါ
လူဦးရေ ၇၀ ပဲ သတ်မှတ်ထားလို့ နေ့လည် စာရင်းပေးထားပြီးသားသူတွေက မနက်ပိုင်းလာနိုင်မယ်ဆိုရင် အောက်က လင့်ခ်ကနေ မနက်ပိုင်းအတွက် ထပ်ပြီး စာရင်း ပေးပေးပါရှင့်
https://forms.office.com/r/f82h1MpccP

အခုမှ သိရလို့ ၂ ခုလုံး စာရင်းပေးချင်တယ်ဆိုလည်း ရပါတယ်

စာရင်းမပေးတတ်ရင် ကျွန်မဆီ စာပို့ ပေးပါရှင့်
မှတ်ချက် - ဒီအတန်းကလေ သင်တန်းကျောင်းက လောလောဆယ် အိမ်အကူပဲ လက်ခံပါတယ်ရှင့်
အနီးဆုံး MRT က Circle Line - Labrador Park ပါ
MRT ကနေ ဘယ်လို သွားရလည်း မသိတဲ့ သူတွေအတွက် ကွန်မန့်မှာ လမ်းညွှန် Video တင်ထားပေးပါမယ်

အတူတူတုံကြမယ်နော်







မင်္ဂလာပါရှင့်စင်္ကာပူနိုင်ငံ SCDF မှာ ရှေးဦးသူနာပြုစုနည်း နဲ့ CPR AED လက်တွေ့သင်တန်း တက်ဖို့ စိတ်ဝင်စားသူများ စာရင်း လ...
29/09/2026

မင်္ဂလာပါရှင့်
စင်္ကာပူနိုင်ငံ SCDF မှာ ရှေးဦးသူနာပြုစုနည်း နဲ့ CPR AED လက်တွေ့သင်တန်း တက်ဖို့ စိတ်ဝင်စားသူများ စာရင်း လက်ခံပါမယ်ရှင့်
အစောဆုံးက December လ မှ ဖြစ်ပါလိမ့်မယ်
ဘယ်အလုပ် Sector က ဖြစ်ဖြစ် စာရင်းပေးနိုင်ပါတယ်
လက်တွေ့ နားမလည်မှာ စိုးရိမ်တဲ့ သူများအတွက်လည်း အဆင်ပြေအောင် လက်တွေ့ မသွားခင်မှာ ကျွန်မ zoom ကနေ အွန်လိုင်း သီအိုရီ သင်ပေးမယ့် အတန်းလည်း ရှိပါတယ်
FREE ပါနော်
အခကြေးငွေမပေးရပါဘူး
လက်မှတ်က SCDF က ပေးတဲ့ လက်မှတ် ရပါမယ်
ကျွန်မကိုယ်တိုင်က လက်ရှိ လိုင်စင်ရ နည်းပြဆရာပါ
ကျွန်မနဲ့ အတူ လက်ရှိ SCDF နဲ့ စင်ကာပူနိုင်ငံရဲ့ အစိုးရ အဖွဲ့အစည်း များက Officers တွေကို သင်ကြားပေးနေတဲ့ ဆရာတစ်ယောက်ကလည်းပါဝင်ကူညီပေးမှာပါ
အရင်တက်ဖူးထားတဲ့သူများလည်း Knowledge update အတွက် လာတက်နိုင်ပါတယ်
First Aid လက်မှတ်က စင်ကာပူမှာ ၂ နှစ်တစ်ခါ လိုအပ်ရင် ၁နှစ် တစ်ခါ ပြန်တက်ရပါတယ်
ရက်နဲ့ အချိန် အတိအကျကိုတော့ Page မှာ ထပ်ပြီး ကြေငြာပေးပါမယ်

အောက်ကလင့်ခ်မှာ စာရင်း ပေးပါနော်
https://forms.gle/Jp2vChaMcQ2ZKKaq9

မဖြည့်တတ်တဲ့သူတွေ
RHA - Resilience Healthcare Academy Page မှာလည်း မေးလို့ရပါတယ်

You can save lives 🤍








ဆရာမ အလုပ်များနေလို့ လှည့်မကြည့်နိုင်ပေမယ့် တာဝန်ကျေပြီး အားကိုးရပါသော ချစ်တပည့်များကြောင့် စက်တင်ဘာလရဲ့ စုပေါင်းသွေးလှူ...
27/09/2026

ဆရာမ အလုပ်များနေလို့ လှည့်မကြည့်နိုင်ပေမယ့် တာဝန်ကျေပြီး အားကိုးရပါသော ချစ်တပည့်များကြောင့် စက်တင်ဘာလရဲ့ စုပေါင်းသွေးလှူပွဲကတော့ အောင်မြင်ခဲ့ပါပြီ
ပါဝင်ပေးခဲ့ကြတဲ့ အလှူရှင်​ တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
ကို့်ယ့်သွေးနဲ့ အသက်ကယ် ချင်တဲ့ သူများ RHA - Resilience Healthcare Academy မှာ လတစ်လ ရဲ့ နောက်ဆုံးအပါတ်တိုင်း စုပေါင်း သွေးလှူပွဲ ရှိပါတယ်ရှင်
ပါဝင် အားဖြည့်ပေးကြပါအုန်းရှင့် 🤍🩸😇

မင်္ဂလာပါရှင့်စင်ကာပူမှ အိမ်အကူ အမများ၊ ညီမများ၊ တပည့်များ အားလုံး ကျွန်မ အစာအာဟာရ နဲ့ပါတ်သက်ပြီး စစ်တမ်းလေး ကောက်နေလို့...
26/09/2026

မင်္ဂလာပါရှင့်
စင်ကာပူမှ အိမ်အကူ အမများ၊ ညီမများ၊ တပည့်များ အားလုံး ကျွန်မ အစာအာဟာရ နဲ့ပါတ်သက်ပြီး စစ်တမ်းလေး ကောက်နေလို့ QR Code လေး Scan ဖတ်ပြီးဖြေပေးကြပါအုန်းရှင့်
စစ်တမ်းက ရလာတဲ့ အဖြေပေါ် မူတည်ပြီး အစာအာဟာရ နဲ့ ပါတ်သက်ပြီး ဘယ်လို အကောင်းဆုံး ပံ့ပိုးပေးနိုင်မလဲဆိုတာ သိရအောင်ပါ
ကိုယ်ဖြေလိုက်တဲ့ အဖြေ တစ်ခုက ဒီမှာ ရောက်နေတဲ့ အမတွေ ညီမတွေ အတွက် အရမ်းအကျိုးရှိမှာပါ
ပါဝင်ကူညီပြီး ဖြေပေးကြပါအုန်းနော်
ကွန်မန့်မှာလည်း လင့်ခ် နဲ့ QR Code လေး ထည့်ထားပေးပါတယ်
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်








Address

51 Bishan Street 13
Singapore
579799

Website

Alerts

Be the first to know and let us send you an email when Dr. Mya Phone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Mya Phone:

Shortcuts

Sponsored

Share