Tʜᴇ Fᴏᴏʟ's Jᴏᴜʀɴᴇʏ

Tʜᴇ Fᴏᴏʟ's Jᴏᴜʀɴᴇʏ 𝑇ℎ𝑒 𝐹𝑜𝑜𝑙'𝑠 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝐵𝑦 𝐸𝑟𝑖𝑘𝑟

ဒီနေ့ 2026 ဇွန်လရဲ့ နောက်ဆုံးနေ့ဆိုတော့ ရေတွက်ကြည့်မယ်ဆိုရင်တော့ နှစ်တစ်ဝက်တိတိ ကျမတို့ဖြတ်သန်းလာခဲ့ကြပြီး ၆ လတာခရီး ကုန...
29/06/2026

ဒီနေ့ 2026 ဇွန်လရဲ့ နောက်ဆုံးနေ့ဆိုတော့ ရေတွက်ကြည့်မယ်ဆိုရင်တော့ နှစ်တစ်ဝက်တိတိ ကျမတို့ဖြတ်သန်းလာခဲ့ကြပြီး ၆ လတာခရီး ကုန်ဆုံးခဲ့ပြီ

ဒီကာလမှာ ကျမတို့တွေကြုံခဲ့ရတဲ့ ပျော်စရာတွေ၊ အောင်မြင်မှုတွေအပြင် စိတ်ပင်ပန်းမှုတွေ၊ မျှော်လင့်ထားတာတွေ ဖြစ်ခဲ့တာ၊ မဖြေရှင်းနိုင်သေးတဲ့ မေးခွန်းတွေ စသဖြင့် အများကြီး ရှိခဲ့ကြမှာပါ

ဒါပေမယ့် ... ဒီနေ့အထိ ရောက်လာနိုင်ခဲ့တာကိုပဲ ကိုယ့်ကိုယ်ကို ကျေးဇူးတင်လိုက်ပါနော် … အရာအားလုံးက ကျမတို့ မျှော်လင့်ထားတဲ့အချိန်မှာ 100% ဖြစ်မလာနိုင်ပေမယ့် မှန်ကန်တဲ့အချိန်မှာတော့ အမြဲရောက်လာနိုင်ပါတယ် ... Delay ဖြစ်တာက ငြင်းပယ်ခံရတာ မဟုတ်ပဲ ကိုယ့်အတွက် အကောင်းဆုံးအချိန်ကို စောင့်နေတာပဲ ဖြစ်ပါတယ်

2026 ရဲ့ ပထမခြောက်လတာခရီးမှာ ဖြစ်ခဲ့သမျှက ကျမတို့ကို အားနည်းစေဖို့ မဟုတ်ပဲ ပိုပိုပြီးသန်မာလာအောင်၊ ကိုယ့်ကိုယ်ကို ပိုနားလည်လာအောင် Universe က သင်ပေးနေခဲ့တာပါ

ခု July ကို ရောက်တော့မယ် ... ရှေ့နှစ်ဝက်မှာရှိတဲ့ လေးလံမှုတွေကို အိတ်ထဲထည့်ပြီး မသယ်သွားပါနဲ့ ... ကိုယ့်နှလုံးသားကို နည်းနည်းပေါ့ပါးအောင်ထားပြီး အသစ်တွေကို လက်ခံဖို့ ပြင်ဆင်လိုက်ပါ

🌙 ကျမတို့တွေ 2026 ရဲ့ ပထမနှစ်ဝက်ကို ကျေးဇူးတင်ပြီး ခုလာမယ့် July လကနေ ကျန်တဲ့လတွေအတွက်

✨ အသစ်သောအခွင့်အရေးတွေ

✨ စိတ်အေးချမ်းမှုနဲ့ ကျန်းမာခြင်းတွေ

✨ ကိုယ့်တန်ဖိုးကို နားလည်စေမယ့် လူတွေ

✨ ငွေကြေးနဲ့ အလုပ်အကိုင်ပိုင်း တိုးတက်မှု

✨ မမျှော်လင့်ထားတဲ့ ကောင်းသတင်း စတဲ့ကောင်းခြင်းများစွာကို ကြိုဆိုလိုက်ကြရအောင်

Comment မှာ “July, I'm Ready." ဒါမှမဟုတ် July မှာ ကိုယ့်စိတ်ထဲက အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ရေးခဲ့ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး Energy တွေ မျှဝေပေးကြရအောင်နော်

New month, new energy, new beginnings & new blessings ပါ

"The universe is already working behind the scenes for you."

🔮 Erika
The Fool’s Journey

🌟 မင်္ဂလာရှိသော 2026 နှစ်သစ် ဖြစ်ကြပါစေရှင့် 🌟✨ နှစ်သစ်သို့ ကူး​ပြောင်းချိန်မှာ နှစ်​ဟောင်းမှာရှိတဲ့ ဝမ်းနည်းမှုတွေ၊ စိတ...
31/12/2025

🌟 မင်္ဂလာရှိသော 2026 နှစ်သစ် ဖြစ်ကြပါစေရှင့် 🌟

✨ နှစ်သစ်သို့ ကူး​ပြောင်းချိန်မှာ နှစ်​ဟောင်းမှာရှိတဲ့ ဝမ်းနည်းမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ချန်ထားခဲ့ပါ 🔮

✨ လာမယ့်နှစ်သစ်ကစပြီး The Fool’s Journey ရဲ့ မိတ်ဆွေများအားလုံး အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ အခွင့်အလမ်းအသစ်တွေ အများကြီးပေါ်လာပါ​စေ

✨ယခုအချိန်မှ စပြီး
🕊️ စိတ်ငြိမ်းချမ်းမှု
💖 ချစ်ခြင်းမေတ္တာ
💰 အောင်မြင်မှု အားလုံး လက်ဝယ်ရရှိပိုင်ဆိုင်နိုင်ကြပါ​စေရှင့်

Happy New Year 💫
Blessings are coming to you 🌙

With Love,
The Fool’s Journey By Eirikr

ဒီပုံလေးမှာ Abundance Energy လေး ထည့်ပေးထားတာမို့ သေချာလေး ကြည့်ပြီး အလိုချင်ဆုံးဆုတစ်ခု တောင်းနိုင်ပါတယ်

အားလုံးပဲ Happy November ပါ 🧚‍♀️ပထမဦးစွာ နွေးထွေးလုံခြုံတဲ့ နိုဝင်ဘာလလေးဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် The Fo...
01/11/2025

အားလုံးပဲ Happy November ပါ 🧚‍♀️

ပထမဦးစွာ နွေးထွေးလုံခြုံတဲ့ နိုဝင်ဘာလလေးဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်

The Fool’s Journey Page လေး ခဏရပ်နားထားခဲ့တာ လေးလခန့်ရှိရာကနေ ခု နိုဝင်ဘာလ ၁ ရက်နေ့ကနေစပြီး Booking လေးတွေ ပြန်ဖွင့်ပေးလိုက်ပါပြီ

ဒါ့အပြင် The Fool’s Journey မှ နှစ်စဉ်ဖတ်ပေးနေကြဖြစ်တဲ့

One Year Reading လေးတွေအတွက်လည်း Page Messenger မှတဆင့် Booking ယူနိုင်ပါပြီနော်

1st Nov 2025 မှ စတင်ပြီး ရရှိနိုင်မယ့် package လေးတွေက

🔸 ပုံမှန်ရိုးရိုး Personal Reading (voice call) - SGD 35

🔸 Quick Question (reply in 3 days) - SGD 15

🔸 One Year Reading - SGD 55

လက်ရှိမှာoversea မဟုတ်ပဲ မြန်မာပြည်တွင်း နေတဲ့သူများအတွက်သီးသန့် 1 SGD = 1500 Kyat စျေးသတ်မှတ်ပေးထားပါတယ်

One year reading လေးကို အယောက် 100 ထိပဲ လက်ခံမှာမို့ စောစောကြိုပို့ပေးထားကြပါနော်

ခုအပါတ်က စပြီး Daily/Weekly Message & Pick a pile လေးတွေ ပြန်စတင်ပေးမှာမို့ မကြာခင် ပြန်ဆုံကြရအောင်

စိတ်ရောကိုယ်ပါ ကျန်းမာပြီး သောက ကင်းဝေးကြပါစေ 🙏🏻

PS: မနှစ်က တစ်နှစ်စာမရလိုက်သူတွေ ဒီနှစ် အထူးဦးစားပေးဖတ်ပေးပြီး လာပို့ပေးထားပါမယ် 😍🧚‍♀️

With Love,
Erika

Daily Gratitude Journal ပုံမှန်ရေးနေကြတဲ့သူတွေ ရှိလားဟင်? Gratitude Journal ဆိုတာက တနည်းအားဖြင့် ကိုယ့်ရဲ့ daily noteboo...
25/07/2025

Daily Gratitude Journal ပုံမှန်ရေးနေကြတဲ့သူတွေ ရှိလားဟင်?

Gratitude Journal ဆိုတာက တနည်းအားဖြင့် ကိုယ့်ရဲ့ daily notebook ပါပဲ .. digital-format or paper-book ဘာနေနေ နောက်ဆုံး mental-notes လေးပဲ ဖြစ်ပါစေဦးတော့ .. ကိုယ်ရေးလိုက်တဲ့ မှတ်စုတစ်ခုပါပဲ

ရိုးရိုးမှတ်စုနဲ့ ဘာကွာခြားလဲဆို ဒီ Gratitude Journal မှာ ကိုယ်ကျေးဇူးတင်ရတဲ့ အကြောင်းအရာလေးတွေကို သီးသန့်ချရေးတာမျိုး .. လက်ရှိမှာ ကိုယ်ပိုင်ဆိုင်ထားတာ လေးတွေကို ကျေးဇူးတင်တာမျိုးပေါ့

အခုမှ စတင်သူအတွက်ကတော့ အရမ်းခက်ခဲနေဦးမှာ.. ဘာတွေကိုကျေးဇူးတင်ဖို့ ချရေးရင် ကောင်းမလဲဆိုတဲ့အချက်နဲ့တင် တစ်နာရီလောက် ကုန်သွားနိုင်တာပဲလေနော်

တကယ်က ကျမတို့ ပါတ်ဝန်းကျင်မှာ ကျေးဇူးတင်စရာတွေမှ တပုံကြီး … ရေးမကုန် ပြောမကုန်ပါရှင်

ဉပမာ - အခု ကျမတို့ မြင်နိုင်နေတာ၊ ကြားနိုင်နေတာ၊ သွားလာလှုပ်ရှား နိုင်နေတာ၊ ကျန်းမာနေတာ၊ အစားအသောက်တွေရှိနေတာ၊ အမိုးအကာရှိနေတာ၊ အိပ်ယာကနေ ကြည်ကြည်လင်လင် နိုးထလာနိုင်တာ ၊ အလုပ်လုပ်နေနိုင်တာ ၊ ချစ်ရတဲ့သူတွေရှိနေတာ ၊ နောက်ဆုံး အသက်ရှင်နေတာ စသဖြင့် "Just appreciate who you are and where you are right now, you're exactly where you're meant to be." ပေါ့

အဲ့လိုလေးပုံမှန်လုပ်ဖြစ်ခဲ့ရင် တဖြေးဖြေးနဲ့ ညည်းညူစိတ်ပျက်ရတာတွေ လျော့နည်းလာပြီး လက်ရှိဆိုတဲ့ အခြေအနေကို တန်ဖိုးထားတတ်လာမယ့်အပြင် love, luck, abundance စတဲ့ ကောင်းတဲ့အရာတွေလည်း အလွယ်တကူ attract လုပ်နိုင်လာမှာ

ဒါကြောင့် အရင်က တန်ဖိုးထားနားလည်ရကောင်းမှန်း မသိခဲ့လို့ Gratitude Journal လေး မရေးဖြစ်ခဲ့ရင်တောင် အခုကစပြီး ကြိုးစားကြည့်စေချင်ပါတယ်နော် .. တစ်လ နှစ်လ သုံးလကနေ တစ်နှစ် နှစ်နှစ် သုံးလေးနှစ် အချိန်တွေကြာလာတဲ့အခါ ကိုယ့်မှာရှိနေတဲ့ positive mindset က ဘယ်လောက် powerful ဖြစ်တယ်ဆိုတာ သိလာပါလိမ့်မယ်

ရှိနေတာကို ရောင့်ရဲတင်းတိမ်တတ်လာသလို ပူလောင်မှုတွေ လျော့နည်းလာပြီး future plan အတွက် လှေကားတွေကို တထစ်ချင်း တစ်ထစ်ချင်း တက်သွားမယ့် ခွန်အားတွေလည်း ရရှိနိုင်ပါလိမ့်မယ်

ကဲ … အချိန်မနှောင်းသေးခင် ပြောင်းလဲဖို့ Ready ပဲလားရှင်?

Ready ဆိုရင် ဒီ practice လေးကို ဘယ်လိုလေး စတင်ရမယ်မသိသူလေးတွေအတွက် ခုပုံလေးထဲမှာပါတဲ့အတိုင်း လုပ်ကြည့်ဖို့ အကြံပေးပါတယ်ရှင့်





Hello hello,June လမှာ Hibernate Mood ဝင်ပြီး Page ကနေ ခဏအနားယူထားလို့ ခုမှပဲ Page ကို ပြန်ရောက်လာပါတယ် Personal Reading ...
30/06/2025

Hello hello,

June လမှာ Hibernate Mood ဝင်ပြီး Page ကနေ ခဏအနားယူထားလို့ ခုမှပဲ Page ကို ပြန်ရောက်လာပါတယ်

Personal Reading အတွက် စာပို့ထားကြသူလေးတွေကို အစဉ်အတိုင်း စာပြန်နေပါတယ် … မကြာခင် booking လေး​ဖွင့်ပေးမှာမို့ စောင့်​ပေး​တာ ကျေးဇူးတင်ပါတယ်

July 1st week မှာ Give-away check-in လေးလည်း လုပ်ဖို့ရှိတာမို့ Stay Tuned Guys 💌

Erika

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Tʜᴇ Fᴏᴏʟ's Jᴏᴜʀɴᴇʏ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tʜᴇ Fᴏᴏʟ's Jᴏᴜʀɴᴇʏ:

Shortcuts

Featured

Share