Dr. So Pyay

Dr. So Pyay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. So Pyay, Doctor, Beach Road, Singapore.

Doctor | TEDx Speaker | Content Creator
Sharing trustworthy, research-based medical knowledge in a fun, relatable way.
🎓 | 2.1M+ followers | Viral medical skits |TEDx: Medical Scammers
📍Based in Myanmar | Helping people stay informed, healthy, and aware

မနေ့က လူနာတွေအတွက် လိုအပ်တဲ့ ORS ဓာတ်ဆားထုပ်လေးတွေ သွားရောက်လှူဒါန်းပေးဖြစ်ခဲ့ပါတယ်...Electral Forte Myanmar ရဲ့ စီစဉ်ပေ...
25/08/2026

မနေ့က လူနာတွေအတွက် လိုအပ်တဲ့ ORS ဓာတ်ဆားထုပ်လေးတွေ သွားရောက်လှူဒါန်းပေးဖြစ်ခဲ့ပါတယ်...

Electral Forte Myanmar ရဲ့ စီစဉ်ပေးမှုနဲ့ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို ကုသမှုပေးနေတဲ့
ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး တို့မှာ WHO Formula ORS ဓာတ်ဆားထုပ်တွေ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးအတွက် ၁၄ သိန်းခန့်၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွက် ၂၁ သိန်းခန့် တန်ဖိုးရှိတဲ့ ORS ဓာတ်ဆားထုပ်တွေကို လှူဒါန်းပေးခဲ့တာဖြစ်ပြီးတော့ ဆေးရုံအုပ်ကြီးများနဲ့ တာဝန်ရှိသူတွေက လက်ခံပေးခဲ့ကြပါတယ်။

ORS တစ်ထုပ်က တန်ဖိုးအားဖြင့်တော့ မများပေမယ့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ လူနာတစ်ယောက်အတွက်တော့ ဆုံးရှုံးသွားတဲ့ ရေနဲ့ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးဖို့ အရေးကြီးတဲ့အရာပါ။

အခုလိုစီစဉ်ပေးပြီး လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းပေးတဲ့ Electral Forte Myanmar အဖွဲ့သားများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ကျွန်တော်လည်း လိုက်ပါပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရခဲ့တာ ဝမ်းသာမိပါတယ်ခင်ဗျာ။

လိုအပ်နေတဲ့လူနာတွေဆီကို ရောက်ရှိပြီးတော့ အမြန်ဆုံးပြန်လည်ကျန်းမာလာကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ 🙏

Vitamin Sea 🌊✨
23/08/2026

Vitamin Sea 🌊✨

19/08/2026

မနှစ်ကဗိုက်လေးနဲ့ဆိုတော့ အခုဆို ကလေးလေးတော်တော်ကြီးနေပြီပေါ့😁👇

ဒေါက်တာနဲ့ဓာတ်ပုံတွဲရိုက်ချင်လို့ဆိုပြီး လာရိုက်ကြတော့ အံ့ဩဝမ်းသာဖြစ်ရင်း ကျွန်တော့်ကိုသိကြသားပဲဆိုပြီး နည်းနည်းတောင်စိတ...
16/08/2026

ဒေါက်တာနဲ့ဓာတ်ပုံတွဲရိုက်ချင်လို့ဆိုပြီး လာရိုက်ကြတော့ အံ့ဩဝမ်းသာဖြစ်ရင်း ကျွန်တော့်ကိုသိကြသားပဲဆိုပြီး နည်းနည်းတောင်စိတ်ကြီးဝင်ချင်သွားတယ်..😁

မနေ့က Bahosi Fertility Centre(BFC) ရဲ့ 20th Anniversary Celebration ကို သွားခဲ့တာလေး✨

နှစ် ၂၀ ပြည့်ပွဲဆိုတဲ့အတိုင်းပဲ BFC နဲ့အတူ ခရီးလျှောက်ခဲ့ကြတဲ့ မိသားစုတွေ၊ ကလေးလေးတွေအများကြီးနဲ့ ပွဲက တကယ်ကိုစည်ကားပါတယ်။

ကလေးတွေအတွက် ပျော်စရာ Activities လေးတွေ စီစဉ်ထားသလို မိဘတွေကလည်း သူတို့ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကို စင်ပေါ်မှာပြန်လည်မျှဝေခဲ့ကြပါတယ်။

ပွဲထဲမှာ ကျွန်တော့် Video လေးတွေ အမြဲကြည့်ဖြစ်တယ်ဆိုပြီး လာနှုတ်ဆက်ကြတဲ့ မိဘတွေနဲ့လည်း ဆုံခဲ့ရပြီးတော့ ကလေးလေးတွေနဲ့ပါ အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ကိုယ်မျှဝေနေတဲ့ ကျန်းမာရေးအကြောင်းအရာလေးတွေကို အားပေးကြတာ သိရလို့လည်း ဝမ်းသာရပါတယ်ဗျ😁

နှစ်ပေါင်း ၂၀ အတွင်း မိသားစုပေါင်းများစွာရဲ့ ကလေးလေးတွေရနိုင်ဖို့ Hope တွေကို Happiness ဆီရောက်အောင် ကူညီပေးခဲ့တဲ့... BFC ရဲ့ အခုလို အမှတ်တရနေ့လေးမှာ ပါဝင်ခွင့်ရလို့ ဝမ်းသာပါတယ်ခင်ဗျာ...

Congratulations on 20th Anniversary, Bahosi Fertility Centre✨

📸SOR Entertainment

လေးမျက်နှာမှာ ရေကြီးနေတဲ့သတင်းတွေတွေ့ကတည်းက ရေဘေးသင့်ပြည်သူတွေဆီကို ကိုယ်တိုင်သွားပြီး တတ်နိုင်သလောက် ကူညီချင်နေခဲ့တာပါ။...
15/08/2026

လေးမျက်နှာမှာ ရေကြီးနေတဲ့သတင်းတွေတွေ့ကတည်းက ရေဘေးသင့်ပြည်သူတွေဆီကို ကိုယ်တိုင်သွားပြီး တတ်နိုင်သလောက် ကူညီချင်နေခဲ့တာပါ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်နဲ့ Collab လုပ်ခဲ့တဲ့ Electral Forte Myanmar အဖွဲ့က..သူတို့ရေဘေးသင့်ပြည်သူတွေဆီကို သွားကူညီလှူဒါန်းမယ့်အစီအစဉ်ရှိလို့ အတူလိုက်ခဲ့မလားလို့ မေးလာပါတယ်။

ဒီတစ်ခေါက်မှာတော့ Electral Forte Myanmar ကနေ ကျပ် သိန်း ၃၂၀ ကျော်တန်ဖိုးရှိတဲ့ ဆေးဝါး၊ ဓာတ်ဆားနဲ့ အစားအသောက်၊ မုန့်၊ ဖယောင်းတိုင် စတဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ရေဘေးသင့်ပြည်သူတွေဆီ ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။

ကိုယ်တိုင်အဲ့ဒီကိုရောက်သွားတဲ့အခါမှ ထင်ထားတာထက် လက်တွေ့အခြေအနေက ပိုခက်ခဲနေတယ်ဆိုတာကိုသိရပါတယ်။
တချို့နေရာတွေဆိုရင် နှစ်ထပ်အိမ်တစ်ဝက်နီးပါးအထိ ရေမြုပ်နေပြီးတော့ ကုန်းလမ်းကနေတောင် သွားလို့မရတော့လို့ လှေနဲ့ သွားခဲ့ရပါတယ်။

တစ်နေရာမှာ “အခု ဘာတွေလိုအပ်နေသေးလဲ” လို့ မေးကြည့်တော့ “မီးသွေးတွေတော့ရှိတယ်၊ ချက်ဖို့ မီးဖိုမရှိဘူး” လို့ ပြောကြပါတယ်။
အခုတော့ ရှိတာလေးတွေနဲ့ အဆင်ပြေအောင် မီးမွှေးပြီး ချက်ပြုတ်စားသောက်နေကြရတယ်ပြောပါတယ်။

ဒီလိုကြားရတော့ ပစ္စည်းတွေများများယူသွားတာထက် သူတို့တကယ်လိုအပ်နေတဲ့အရာကို မေးမြန်းပြီး ကူညီပေးနိုင်ဖို့ကအရေးကြီးတယ် ဆိုတာသတိထားမိပါတယ်။ ဒီတစ်ခေါက်မှာ လူအားနဲ့ပဲကူညီဖြစ်ခဲ့ပေမယ့် ပြန်လည်ထူထောင်ရေးမှာ ကျွန်တော်ကိုယ်တိုင်လည်း ထပ်ပြီးကူညီပေးသွားဖို့ စီစဉ်ထားပါတယ်။ ရှေ့နှစ်ရေဘေးတုန်းက ကျွန်တော့် Page ကသူတွေနဲ့အတူ ဆေးဝါးအလှူအများကြီး လှူခဲ့ကြတာဆိုတော့ ဒီတစ်ခါပြန်လည်ထူထောင်ရေးမှာအတူတူကူညီကြမယ်နော်။

ဒီ ရေဘေးကူညီရေးခရီးစဉ်ကို အချိန်တိုအတွင်း စီစဉ်ပြီး ကျွန်တော့်ကိုပါ အတူပါဝင်ကူညီခွင့်ပေးခဲ့တဲ့ Electral Forte Myanmar အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။

ကျွန်တော်တို့ရဲ့ ကူညီမှုတွေက အခက်အခဲအားလုံးကို ဖြေရှင်းပေးနိုင်မှာတော့မဟုတ်ပေမယ့်...ကိုယ်တတ်နိုင်တဲ့ဘက်ကနေ နည်းနည်းစီ ကူညီပေးနိုင်ကြရင် လိုအပ်နေတဲ့တစ်ယောက်ယောက်အတွက် အများကြီး အကူအညီဖြစ်နိုင်တယ်လို့ မြင်ပါတယ်ဗျ။

ရေဘေးသင့်ဒေသတွေကသူတွေအားလုံး ဘေးကင်းပြီး အမြန်ဆုံးအဆင်ပြေနိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်ခင်ဗျာ🙏

13/08/2026

*ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဘယ်လိုကာကွယ်ရမလဲ⁉️


#ဒေါက်တာစိုပြေ

04/08/2026

*အဖြူဆင်းရင် ဘာလုပ်ရမလဲ?

မိန်းကလေးတော်တော်များများက အဖြူဆင်းပြီဆိုတာနဲ့ တစ်ခုခုဖြစ်ပြီ၊ ရောဂါဖြစ်ပြီလို့ ထင်တတ်ကြပါတယ်။ အဲ့ဒါက ဟုတ်ရဲ့လား? ဒီ ဗီဒီယိုလေးမှာ ကြည့်လိုက်ရအောင်နော်!


#ဒေါက်တာစိုပြေ


✨✨World ORS Day Symposium✨✨ဓာတ်ဆားရည်နဲ့ပတ်သက်ပြီးဆရာကြီးတွေဆွေးနွေးပြောကြားတာတွေ နားထောင်ခဲ့ရတာ မှတ်သားစရာတွေအများကြီးထ...
02/08/2026

✨✨World ORS Day Symposium✨✨
ဓာတ်ဆားရည်နဲ့ပတ်သက်ပြီးဆရာကြီးတွေဆွေးနွေးပြောကြားတာတွေ နားထောင်ခဲ့ရတာ မှတ်သားစရာတွေအများကြီးထပ်ရခဲ့ပါတယ်...
ကိုယ့် Page ကသူတွေအတွက်လည်း ဗဟုသုတရအောင်လို့ နောက် Video တွေကျရင် ပြောပြပေးသွားမယ်နော်👨‍⚕️

ပွဲကိုဖိတ်ပေးတဲ့ Ashrolyte ORS ကိုလည်း ကျေးဇူးပါခင်ဗျာ✨

01/08/2026

*ဝမ်းခဏခဏချုပ်တာ ရောဂါဖြစ်နိုင်လား⁉️


#ဒေါက်တာစိုပြေ

+

📸 နောက်ပို့စ်တစ်ခုပေးပါဦး...Me : ဟိုဘက်လက်နဲ့ ဒီဘက်လက် နေရာပြောင်း🙄ဒီနေ့ CME ပွဲမှာ အသည်းကျန်းမာရေးအတွက် အကျိုးရှိတာတွေန...
26/07/2026

📸 နောက်ပို့စ်တစ်ခုပေးပါဦး...
Me : ဟိုဘက်လက်နဲ့ ဒီဘက်လက် နေရာပြောင်း🙄

ဒီနေ့ CME ပွဲမှာ အသည်းကျန်းမာရေးအတွက် အကျိုးရှိတာတွေနားထောင်ခဲ့ရလို့ ကိုယ့်လူတွေအတွက် ပြန်ပြီးပြောပြပေးသွားမယ်နော်👨‍⚕️

Address

Beach Road
Singapore

Website

Alerts

Be the first to know and let us send you an email when Dr. So Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. So Pyay:

Shortcuts

Featured

Share

Category