Be Your Own Healer

Be Your Own Healer I read some books that help us to free from suffering & attachments in our mind.

🪷 အရှင်မဟာမေ​ဂ္ဂလန်မထေရ်မြတ်အကြောင်း 🪷အရှင်မောဂ္ဂလန် မထေရ်မြတ် – တန်ခိုးအရာတွင် အမြတ်ဆုံး (လက်ဝဲရံ မထေရ်မြတ်ကြီး)ဒီတရားလ...
16/06/2026

🪷 အရှင်မဟာမေ​ဂ္ဂလန်မထေရ်မြတ်အကြောင်း 🪷

အရှင်မောဂ္ဂလန် မထေရ်မြတ် – တန်ခိုးအရာတွင် အမြတ်ဆုံး (လက်ဝဲရံ မထေရ်မြတ်ကြီး)

ဒီတရားလေးမှာတော့
🙏🏻 မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ဟောကြားပေးတဲ့ " အငိုက်အမြည်း" ပျောက်ကြောင်းတရား ၇ ပါးအကြောင်းနာကြားရတာမို့ တရားထိုင်ရင်းပင်ပန်းလာတဲ့အခါ လက်တွေ့အသုံးချလို့ရမှာပါ ☺️

🙏🏻 အရှင်မဟာမေ​ဂ္ဂလန်မထေရ်မြတ်ရဲ့ တန်ခိုးအရာမှာရှိတဲ့ စွမ်းရည်သတ္တိ အကြောင်း

🙏🏻 အရှင်မြတ်ဟောပြောထားတဲ့ " အဆုံးအမခက်ကြောင်း တရား ၁၅ ပါး" မှာလဲ ကိုယ့်အကြောင်းကိုယ် ပြန်လည်တိုက်စစ်ကြည့်လို့ ရပါတယ်ရှင် 🤍

🙏🏻 အရှင်မြတ်ကို မာရ်နတ်နှောက်ယှက်ချိန်က အရှင်မြတ်ကိုယ်တိုင် မာရ်နတ်ဘဝရခဲ့တုန်းကအကြောင်းတွေ ပြန်ကြားရတော့ ဒီလောက် ပါရမီဖြည့်ခဲ့တဲ့ အရှင်မြတ်တွေတောင် မာရ်နတ်ဘဝရခဲ့ဖူးရင် ဘာမှမဟုတ်တဲ့ ကိုယ်ကိုကိုယ် သံသရာမှာ အပယ်၄ဘုံ ဘယ်လောက်ကျင်လည်ခဲ့ရလဲ မေးစရာမလိုတော့ဘူး ထင်ပါတယ် 😅🙏🏻

🙏🏻 ကိုယ့်ဘဝမှာ ကြုံရမယ့်လောကဓံတွေကြား ဘယ်လိုတရားမျိုးနဲ့ ဖြတ်ကျော်ရမလဲ ဆိုတာကိုလဲ ကပ်တိုက်ခြင်း၊ လာဘ်တိုက်ခြင်းလေးနဲ့ ဟောပြောပေးထားတာလေးက လက်တွေ့ဘဝမှာပါ သေချာ ရူမှတ်ပွားများဖို့ နည်းလမ်းလေးကြားနာရပါတယ်ရှင်

နောက်ဆုံးမှာတော့
🙏🏻 အရှင်မြတ်ရဲ့ ပရိနိဗ္ဗာန် စံရတဲ့ အကြောင်းကို ရင့်နင့်ဖွယ်ကြားနာရမှာဖြစ်ပြီး
" ကံစွမ်းကို စျာန်စွမ်းက မနိုင်ဘူး" ဆိုတဲ့ အသိတရားလေးက ကိုယ့်စိတ်စေတနာ၊ ကိုယ်ကိုတိုင် ဖန်တီးခဲ့တဲ့ ကံစွမ်းဟာ ဘယ်လောက်အားကြီးလဲဆိုတာကို သိရှိခဲ့ရတာမို့
ဒီတရားလေးကို နာကြားပြီး ထပ်တူကုသိုလ်ရအောင် ပြန်လည်မျှဝေ လိုက်ပါတယ်ရှင် 🙏🏻🤍🪷

ပုံလေးကတော့ အရှင်မဟာမေ​ဂ္ဂလန်မထေရ်မြတ်ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံပြီး AI ကထုတ်ပေးလာတဲ့ မထေရ်မြတ်ရဲ့ ပုံတော်လေးပါ 🙏🏻

🙏🏻🪷 မှန်ကန် သောအမြင်ဖြင့်
တရားအသိဥာဏ်များ တိုးတက်ပွားများကြပါစေ 🙏🏻🪷

YouTube Link - https://youtu.be/BXmYjXsS9FA?is=442sFOMqqdW59a8D

16.6.2026
မေတ္တာများစွာဖြင့်
Be Your Own Healer
🤍 Sharing is Caring 🤍
💛 We love We share We care 💛

🪷 အရှင်သာရိပုတ္တရာ မထေရ်မြတ်အကြောင်း အပိုင်း ၂ 🪷အပိုင်း ၂ လေးမှာတော့🙏🏻 မထေရ်မြတ်ကြီး ဟောပြထားတဲ့ လူတွေရဲ့ စိတ်အညစ်အကြေးတ...
14/06/2026

🪷 အရှင်သာရိပုတ္တရာ မထေရ်မြတ်အကြောင်း အပိုင်း ၂ 🪷

အပိုင်း ၂ လေးမှာတော့
🙏🏻 မထေရ်မြတ်ကြီး ဟောပြထားတဲ့ လူတွေရဲ့ စိတ်အညစ်အကြေးတစ်ခုဖြစ်တဲ့ အလိုဆိုးတွေရဲ့အကြောင်း
🙏🏻 ရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ရှင်မဟာမေ​ဂ္ဂလန်မထေရ်မြတ်တို့ရဲ့ အပြန်အလှန် ပြောကြတဲ့တန်ဖိုးရှိတဲ့ စကားတွေရယ် အတုယူစရာကောင်းတဲ့စိတ်ထားတွေ
🙏🏻 ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ပရိနိဗ္ဗာန်စံတော်မူတဲ့အချိန် အမေ့ကျေးဇူးဆပ်ခဲ့တဲ့ အကြောင်းအရာ
🙏🏻 ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသွားပြီးနောက် ရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားကို လျှောက်ထားချက်လေးက ရင်နင့်စွာ ဝမ်းနည်းစွာလေးကြားနာရပြီး စိတ်ပင်ပန်းနေတဲ့အရှင်မြတ် ကို မြတ်စွာဘုရားက တရားဟောပြောပေးခဲ့ရတဲ့အကြောင်း မှာ

မြတ်စွာဘုရားရှင် 🙏🏻 က ရှင်အာနန္ဒာမထေရ် ကို မေးလိုက်တဲ့
🪷 " ချစ်သား အာနန္ဒာ အရှင့်ရဲ့ သီလအစု၊ သမာဓိအစု၊ပညာ အစုတွေ ယူသွားပြီးတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်က ပရိနိဗ္ဗာန်စံ သွားလို့လား " ဆိုတဲ့ မေးခွန်းလေးကို အရမ်း သဘောကျမိပါတယ်... 🙏🏻🪷
မြတ်စွာဘုရားက 🙏🏻 တကယ်စင်စစ် ကိုးကွယ်ရမယ့်အရာအကြောင်းကို ဟောပြောပေးသွားတာလဲ

Thinzar တို့ ကိုယ်တိုင်တစ်နေ့ မလွှဲမသွေ ကြုံတွေ့ရမယ့် သေခြင်းတရား၊ ပျက်စီးခြင်းတရားတွေကို ရင်ဆိုင်နိုင်ဖို့ နှလုံးသွင်းနိုင်ဖို့ အများကြီး အထောက်အပံ့ဖြစ်စေပါတယ်ရှင် 🙏🏻

စကားလုံးတစ်လုံးစီက ပစ်ရက်စရာမရှိအောင် တန်ဖိုးရှိလှတဲ့ တရားစကားတွေမို့ YouTube လေးမှာ ပြန်လည်မျှဝေ လိုက်ပါတယ်ရှင် 🙏🏻🪷

🙏🏻🪷 မှန်ကန် သောအမြင်ဖြင့်
တရားအသိဥာဏ်များ တိုးတက်ပွားများကြပါစေ 🙏🏻🪷

YouTube - https://youtu.be/a9u_ygpqYFE?is=w8B1sgPso8qOffKF

14.6.2026
မေတ္တာများစွာဖြင့်
Be Your Own Healer

🤍 Sharing is Caring 🤍
💛 We love We share We care 💛

ဒီရက်ပိုင်း Thinzar မထေရ်မြတ်တွေ အကြောင်းတရားနာဖြစ်ပါတယ် 🙏🏻 တရားနာရင်း မထေရ်မြတ်တို့ ရဲ့အဆုံးအမတွေ သိရတော့ စိတ်ထဲ ဝမ်းသာ...
13/06/2026

ဒီရက်ပိုင်း Thinzar မထေရ်မြတ်တွေ အကြောင်းတရားနာဖြစ်ပါတယ် 🙏🏻
တရားနာရင်း
မထေရ်မြတ်တို့ ရဲ့အဆုံးအမတွေ သိရတော့ စိတ်ထဲ ဝမ်းသာကြည်နူးရသလို
တချို့အကြောင်းအရာတွေဆိုရင် နာရင်း ကြက်သီးတောင်ထ ရင်ထဲမှာ လှိုက်ခနဲ ဝမ်းသာဝမ်းနည်းဖြစ်ရတဲ့အချိန်လေးတွေတောင်ရှိတာမို့ ထပ်တူကုသိုလ်ရဖို့ ရည်ရွယ်ပြီး

ဆရာတော်ကြီး ဟောထားတဲ့
၁) အရှင်သာရိပုတ္တရာ မထေရ်မြတ်အကြောင်း🙏🏻
၂) အရှင်မဟာမေ​ဂ္ဂလန်မထေရ်မြတ်အကြောင်း🙏🏻
၃) အရှင်မဟာကဿပ မထေရ်မြတ်အကြောင်း🙏🏻
၄) အရှင်အာနန္ဒာမထေရ်မြတ်အကြောင်း🙏🏻
၅) အရှင်အနုရုဒ္ဓါ မထေရ်မြတ်အကြောင်း 🙏🏻
နာယူချင်တဲ့သူများ ရှိခဲ့ရင်
ကုသိုလ်အသိဥာဏ်များတိုးပွားရအောင် ပြန်ပြီး တင်ပေးလိုက်ပါတယ် 🙏🏻🪷

ရှင်သာရိပုတ္တရာ မထေရ်မြတ်အကြောင်း အပိုင်း ၁ မှာ
ပညာအရာတွင် အမြတ်ဆုံး (လက်ယာရံ မထေရ်မြတ်ကြီး) ရဲ့ ဘဝဇာတ်ကြောင်း၊ဆုပန်မှု၊ တရားအဆုံးအမ၊ မိတ်ဆွေကောင်းရဲ့အကျိုး နှင့် အံ့သြစရာ အတုယူစရာကောင်းလှတဲ့ ဥာဏ်ပညာကြီးမှု၊ သည်းခံနိုင်မှုများကို မြေ၊ရေ၊လေ၊မီး ဥပမာလေးနဲ့ ဟောပြသွားတာလေး မှတ်သားနာယူလိုက်ရပါတယ် 🙏🏻🪷

🙏🏻🪷 မှန်ကန် သောအမြင်ဖြင့်
တရားအသိဥာဏ်များ တိုးတက်ပွားများကြပါစေ 🙏🏻🪷

ပုံလေးကတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံပြီး AI ကထုတ်ပေးလာတဲ့ မထေရ်မြတ်ရဲ့ ပုံတော်လေးပါ 🙏🏻

YouTube link - https://youtu.be/C40YIpYuNxw?is=OUZ-NasvEjjV-EKr

13.6.2026
မေတ္တာများစွာဖြင့်
Be Your Own Healer

🤍 Sharing is Caring 🤍
💛 We love We share We care 💛

ရုပ်ဝတ္တုတွေ အပြိုင်အဆိုင် တိုးတက်လာတယ်..တစ်နေ့ပြီး တစ်နေ့ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက် ပြောင်းလဲနေမှုတွေအပေါ်  အမှီလိုက်...
01/04/2026

ရုပ်ဝတ္တုတွေ အပြိုင်အဆိုင် တိုးတက်လာတယ်..
တစ်နေ့ပြီး တစ်နေ့ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက် ပြောင်းလဲနေမှုတွေအပေါ် အမှီလိုက်ရင်း မောပန်းနေတဲ့ စိတ်လေးကို အနားပေးနိုင်မယ့်နေရာလေး တစ်ခုဖြစ်စေချင်တဲ့ ရည်ရွယ်ချက်လေးရယ်…

အပေါ်ယံစကား အပေါ်ယံအတွေးတွေနဲ့ အထီးကျန်မှုတွေ မလုံခြုံမှုတွေကြားက ဟိုး အတွင်းနက်နက်က ကိုယ့်ရဲ့ နဂိုပုံစံလေးအတိုင်း စိတ်ရဲ့ လွတ်လပ်မှု လုံခြုံမှုကို ရစေနိုင်မယ့်နေရာလေးတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ရင်း…

လူ့ဘဝခဏမှာ
Thazin နဲ့ Thinzar တို့နဲ့ အတူ ကိုယ့်ဘဝရဲ့ တန်ဖိုး ကို ရှာဖွေကြည့်ရအောင်ပါ.. 🤍
🪷“ ဘဝဟာ ကိုယ်ပြင်နိုင်သလောက် တန်ဖိုးရှိပါတယ် “ 🪷

1.4.2026
Be Your Own Healer

page - https://www.facebook.com/share/1KopreSQ8d/?mibextid=wwXIfr

✨ A simple beginning: two best friends exploring what freedom truly means.In this episode, we pause and ask ourselves — are we really chasing our own freedom...

Rule of Being Human - လူ့ပြည်ကို သွားတော့မယ့် လူတစ်ယောက်ကို မှာနေတဲ့ သဘောမျိုးဖြစ်တယ်   #ဆရာတော်ဦးဇောတိက  #ဘဝဆိုတဲ့ကျောင...
08/03/2026

Rule of Being Human - လူ့ပြည်ကို သွားတော့မယ့် လူတစ်ယောက်ကို မှာနေတဲ့ သဘောမျိုးဖြစ်တယ်
#ဆရာတော်ဦးဇောတိက #ဘဝဆိုတဲ့ကျောင်း

Rule of Being Human - လူ့ပြည်ကို သွားတော့မယ့် လူတစ်ယောက်ကို မှာနေတဲ့ သဘောမျိုးဖြစ်တယ် #ဆရာတော်ဦးဇောတိက #ဘဝဆိုတဲ့ကျောင....

မရိုးသားတဲ့ ဆက်ဆံရေးဟာ စိတ်ချမ်းသာမှု မရနိုင်ဘူး။ ဆက်ဆံရတာ စိတ်ချမ်းသာမှု မရရင် ရေရှည် ဘာဖြစ်လို့ ဆက်ဆံရမှာလဲ။ တကယ်လိုချ...
08/03/2026

မရိုးသားတဲ့ ဆက်ဆံရေးဟာ စိတ်ချမ်းသာမှု မရနိုင်ဘူး။ ဆက်ဆံရတာ စိတ်ချမ်းသာမှု မရရင် ရေရှည် ဘာဖြစ်လို့ ဆက်ဆံရမှာလဲ။ တကယ်လိုချင်တာက စိတ်ချမ်းသာမှုပဲ မဟုတ်လား။
#ဆရာတော်ဦးဇောတိက #စိတ်ချမ်းသာဖို့လိုရင်းပါ

မရိုးသားတဲ့ ဆက်ဆံရေးဟာ စိတ်ချမ်းသာမှု မရနိုင်ဘူး။ ဆက်ဆံရတာ စိတ်ချမ်းသာမှု မရရင် ရေရှည် ဘာဖြစ်လို့ ဆက်ဆံရမှ...

ဆရာတော် ဦးဇော်တိက ရေးသားထားတဲ့“ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း “ စာအုပ်လေးကို အစ အဆုံးနားထောင်လို့ရပါပြီရှင် 🤍Thinzar တို့ ဘ...
28/01/2026

ဆရာတော် ဦးဇော်တိက ရေးသားထားတဲ့

“ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း “ စာအုပ်လေးကို အစ အဆုံး

နားထောင်လို့ရပါပြီရှင် 🤍

Thinzar တို့ ဘဝမှာ ရှောင်လွှဲလို့မရတဲ့
လောကဓံ တပါးဖြစ်တဲ့

“ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း “ ကို

ဘယ်လို စိတ်ထားနဲ့ ရင်ဆိုင်ကြရမလဲဆိုတာလေးကို

ဘုန်းဘုန်းရဲ့ စာအုပ်လေးကနေ အများကြီး သင်ယူရရှိခဲ့ပါတယ် 🙏🏻🪷🤍

Share your videos with friends, family, and the world

ကိုယ့်ကို ပြောဆိုတဲ့ အပြောအဆိုတစ်ခုကြောင့် နာကျင်ရတယ်…ကိုယ့်ကို ပြုမူတဲ့ အပြုအမူတစ်ခုကြောင့် နာကျင်ရတယ်…ကိုယ် စွဲကိုင်ထာ...
25/07/2025

ကိုယ့်ကို ပြောဆိုတဲ့ အပြောအဆိုတစ်ခုကြောင့် နာကျင်ရတယ်…
ကိုယ့်ကို ပြုမူတဲ့ အပြုအမူတစ်ခုကြောင့် နာကျင်ရတယ်…
ကိုယ် စွဲကိုင်ထားတဲ့ အမှန်တရား တစ်ခုကြောင့် နာကျင်ရတယ်တဲ့…

🪷 တစ်ချိန်ကျရင် အို ရမယ်..
🪷 တစ်ချိန်ကျရင် နာ ရမယ်…
🪷 တစ်ချိန်ကျရင် သေ ရမယ်… ဆိုတဲ့
တကယ့်နာကျင်ရမယ့် အမှန်တရားထက်တောင် ပိုပြီးနာကျင်တတ်တဲ့ စိတ်ကို အံ့ဩစွာပဲ တိတ်တိတ်လေး ထိုင်ကြည့်ဖြစ်တယ်…

“ငါ” ဆိုတဲ့အတ္တဟာ
သစ္စာတရားကို မမြင်နိုင်လောက်အောင် အမှောင်ချထားပြစ်လိုက်တယ်…

သံသရာအဆက်ဆက် ဒီအမှားတွေ မှန်တယ်လို့ ယုံကြည်လာအောင် အထိပေါ့ 😔

🙏🏻အသိဥာဏ်ပညာများ ထွန်းလင်းကြပါစေ 🙏🏻

မေတ္တာများစွာဖြင့်
Be Your Own Healer
25.7.2025
🤍 We love We Share We care 🤍
💛 Sharing is caring 💛

Crd Photo

🪷 စာမေးပွဲ 🪷ဘဝဟာ နှစ်ခါ ပြန်ဖြေလို့မရတဲ့ စာမေးပွဲမဟုတ်ဘူး…ဒီ သင််ခန်းစာ မကျေမခြင်း ထပ်ခါထပ်ခါ ပြန်ဖြေရတယ်ဒီ စာမေးပွဲမအော...
17/05/2025

🪷 စာမေးပွဲ 🪷

ဘဝဟာ နှစ်ခါ ပြန်ဖြေလို့မရတဲ့ စာမေးပွဲမဟုတ်ဘူး…
ဒီ သင််ခန်းစာ မကျေမခြင်း ထပ်ခါထပ်ခါ ပြန်ဖြေရတယ်
ဒီ စာမေးပွဲမအောင်မခြင်း နောက်တစ်ဆင့် တက်ခွင့်ပေးမထားပဲ ပုံစံကွဲ မေးခွန်းတွေကိုသာ ထက်ရင်ဆိုင်ကြရတယ်…

ကိုယ်ဖြေလိုက်တဲ့ အဖြေကပဲ ကိုယ့်အတွက် နောက်ထပ် မေးခွန်း တစ်စုံထပ်ရသွားတာပဲ…

တနည်းပြောရရင်

ကိုယ်ပြုလုပ်လိုက်တဲ့ အကျိုးတရားတခုဟာ ကိုယ့်အတွက် နောက်ထပ် အကြောင်းတစ်ခု တည်ဆောက်သွားတာနော်… 🙏🏻

ပါချုပ်ဆရာတော်ဘုရားကြီးဟောပြထားသလိုပဲ
🪷“ ဘဝဟာ တိုက်ပွဲမဟုတ်ဘူး ပဲ့တင်သံ “ 🪷တဲ့

ဒါဆို စာဖတ်နေတဲ့သူတွေကော

ကိုယ့်သီလကို စစ်တဲ့ စာမေးပွဲ
ကိုယ့် သမာဓိကို စစ်တဲ့ စာမေးပွဲ
ကိုယ့် ပညာကို စစ်တဲ့ စာမေးပွဲ…
ဘယ်စာမေးပွဲကို အောင် အောင် ဖြေခဲ့ပြီးပြီလဲ
ဘယ်စာမေးပွဲကို ထပ်ခါထပ်ခါဖြေနေရတုန်းလဲ…
ဆိုတာလေး ပြန်မေးကြည့်ပါနော်..

သေချာတာတော့ သံသရာ အဆက်ဆက်မှာ အောင်မြင်စွာ မဖြေဆိုနိုင်ခဲ့လို့
အိုခြင်း၊ နာခြင်း၊ သေခြင်း စာမေးပွဲကို
Thinzar တို့ ထပ်ခါထပ်ခါ ဖြေနေကြရသေးတာ မဟုတ်လား…🙏🏻🪷🙂😔
ငြီးငွေ့သင့်ပါပြီလေ…..
ဘဝ စာမေးပွဲတွေ အောင်မြင်စွာဖြေဆိုနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း….

မေတ္တာများစွာဖြင့်
Be Your Own Healer
16.5.2025
🤍 Sharing is Caring 🤍
💛We love We share We care 💛
🙏🏻 May you all free from all kind of suffering

Crd Photo

🪷 ရွေးချယ်မှု 🪷🙏🏻မြတ်ဗုဒ္ဓက “စွန့်လွှတ်” ဖို့ဆုံးမ​တော်မူတယ်..ကျွန်တော်တို့က “ သိမ်းပိုက်” ထားချင်တယ်..မြတ်ဗုဒ္ဓက “ မေတ္...
17/05/2025

🪷 ရွေးချယ်မှု 🪷🙏🏻

မြတ်ဗုဒ္ဓက “စွန့်လွှတ်” ဖို့ဆုံးမ​တော်မူတယ်..
ကျွန်တော်တို့က “ သိမ်းပိုက်” ထားချင်တယ်..

မြတ်ဗုဒ္ဓက “ မေတ္တာ”ထား ဖို့ ဆုံးမတော်မူတယ်..
ကျွန်တော်တို့က “ချစ်ခြင်း” ကိုရွေးချယ်တယ်..

မြတ်ဗုဒ္ဓက “ဂရုဏာ” ထားဖို့ ဆုံးမတော်မူတယ်..
ကျွန်တော်တို့က “သောက” ကိုရွေးချယ်တယ်..

မြတ်ဗုဒ္ဓက “မုဒိတာ” ထားဖို့ ဆုံးမတော်မူတယ်..
ကျွန်တော်တို့က “မနာလို ဝန်တို” မှုကို ရွေးချယ်တယ်..

မြတ်ဗုဒ္ဓက “ မတည်မြဲခြင်း” ကို ဟောတော်မူတယ်..
ကျွန်တော်တို့က “ တည်မြဲခြင်း” ကိုမျှော်လင့်တယ်..

မြတ်ဗုဒ္ဓက “အေးငြိမ်းမှု” ကို ဟောတော်မူတယ်..
ကျွန်တော်တို့က “ပူပန်မှု” ကို ရွေးချယ်တယ်..

Thinzar တို့ နေ့စဉ် ရွေးချယ်နေထိုင်မှုတွေဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသေးတရွှေ့ ဘယ်တော့မှ အေးချမ်းမှု၊ လွှတ်မြောက်မှုကို ရနိုင်ပါ့မလဲနော်……?

အမေစု ပြောသလိုပေါ့
“ဘဝမှာ အားလုံးလိုချင်နေလို့မရဘူး
တစ်ခုကို လိုချင်ရင် တစ်ခုကိုတော့ စွန့်လွှတ်ရမှာပဲ ကိုယ်ဘာကိုတန်ဖိုးထားမလဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်ရမယ်” တဲ့

အခုစာဖတ်နေတဲ့သူတွေကော
🪷 သံသရာ ချဲ့ကြောင်းလား ?
🪷 သံသရာ ဖြတ်ကြောင်းလား?
ဘာကိုတန်ဖိုးထားမလဲ?
Thinzar တို့ လမ်းတကြောင်းသာ ရွေးချယ်ရမှာဖြစ်ပါတယ်ရှင် 🙏🏻🪷🤍

မေတ္တာများစွာဖြင့်
Be Your Own Healer

🤍 Sharing is Caring 🤍
💛We love We Share We care 💛
🙏🏻 May you be free from all kind of sufferings

Crd Photo

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Be Your Own Healer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share