Liberation from Universe - Nora Nora

Liberation from Universe - Nora Nora ✡ Holistic Spiritual Practitioner ✡

Nora 🧿💚
(1)

ဒီတစ်ခါ Lion gate က အရင်နှစ်တွေနဲ့မတူပဲ 881 စွမ်းအင်ဖြစ်ပေါ်နေတယ် 1 က numberology မှာအသစ်စတင်ခြင်းကိုပြတယ် ဒီ session ကိ...
04/08/2026

ဒီတစ်ခါ Lion gate က အရင်နှစ်တွေနဲ့မတူပဲ 881 စွမ်းအင်ဖြစ်ပေါ်နေတယ် 1 က numberology မှာအသစ်စတင်ခြင်းကိုပြတယ် ဒီ session ကိုတတ်သင့်သူတွေက ဘဝကိုအသစ်ပြန်လည်တည်ဆောက်ချင်သူတွေ စိတ် ခန္ဓာ ဘဝတိုးတတ်မှု ဆန္ဒအသစ် စတင်ချင်သူတွေအတွက် သင့်တော်ပါတယ်
ဒီတစ်ခေါက် session မှာ Lion Gate ရဲ့သမိုင်းကြောင်းတွေအပါအဝင် ရှေးဟောင်းအီဂျစ်ပြည်ရဲ့ ဘုရင်တွေ ပရောဟိတ်ကြီးတွေ သုံးခဲ့တဲ့ "Sirius Light Codes and Pyramid Heart Activation " ဆိုတဲ့ ကျင့်စဥ်ကိုပါ သင်ပေးသွားမှာ ဖြစ်ပါတယ် 🦁
ရှေးဟောင်းအီဂျစ်ပြည်ရဲ့ Energy Technology တစ်ခုဖြစ်ပါတယ်
Lion Gate ဟာ Physical World နဲ့ Spiritual World Portal ပွင့်နေချိန်မို့ ရလဒ်တွေဟာ သာမာန်ချိန်ထက် ပိုမြန်ပါတယ်

ပါဝင်လိုပါက "Ready" လို့မန့်ခဲ့ပေးပါရှင် 💛🦁

🦁 88 Lion's Gate Portal Soul Rebirth & Ultimate Manifestation Session 🌌နှစ်စဥ် ၈ လပိုင်း ၈ ရက်နေ့တိုင်းမှာ ပွင့်လေ့ရှိတဲ...
03/08/2026

🦁 88 Lion's Gate Portal Soul Rebirth & Ultimate Manifestation Session 🌌

နှစ်စဥ် ၈ လပိုင်း ၈ ရက်နေ့တိုင်းမှာ ပွင့်လေ့ရှိတဲ့ 88 Lion’s Gate Portal ဆိုတာ ရှေးဟောင်း အီဂျစ်ခေတ်ကတည်းက စကြာဝဠာနဲ့ ကောင်းကင်ဘုံရဲ့ စွမ်းအင်တံခါးကြီး ပွင့်အားအကောင်းဆုံးနေ့တစ်နေ့ ဖြစ်ပါတယ်
ကောင်းကင်မှာ အတောက်ပဆုံး Sirius ကြယ် ၊ Orion's Belt ကြယ်စုတန်း ၊ ကမ္ဘာမြေနဲ့ Leo (ခြင်္သေ့ရာသီ) အိမ်တို့ တန်းစေ့တန်းတည်း ကျရောက်ပြီး နံပါတ် 8 နှစ်ခု (အဆုံးမရှိ ကြွယ်ဝမှု Infinity ∞) ဆုံတွေ့တဲ့ စွမ်းအင်ကြီးမားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ် ♌💫

✨၂၀၂၆ ရဲ့ 88 Portal ဟာ သာမန်နှစ်တွေနဲ့ မတူဘဲ မိမိရဲ့ Self-Worth (မိမိကိုယ်ကို တန်ဖိုးထားမှု) နဲ့ Financial Abundance (ငွေကြေးဥစ္စာ စီးဆင်းမှု) စွမ်းအင်တွေကို အထွတ်အထိပ် ရောက်စေမယ့် စွမ်းအားတွေ ပါဝင်နေတာကြောင့် စကြာဝဠာဆီကနေ လိုအင်ဆန္ဒတွေကို ပုံဖော်ဖို့ (Manifest) အကောင်းဆုံး အခွင့်အရေးဖြစ်ပါတယ်
ဒါ့အပြင် 2026 ခုနှစ်ဟာ ကျမတို့အားလုံးအတွက် အတွေးအခေါ် အလုပ်အကိုင် ဆက်ဆံရေးနှင့် ကိုယ်ပိုင် Identity များကို ပြန်လည်တည်ဆောက်ရသည့် အပြောင်းအလဲများ ပြည့်နှက်နေသောနှစ်တစ်နှစ်ဖြစ်ပါတယ်

ဒါကြောင့် ယခု 8:8 Portal Session ဟာ ကျမတို့အတွက် မလိုအပ်တော့တဲ့ စွမ်းအင်တွေကို လွှတ်ချပြီး ရှေ့ဆက်ချင်တဲ့ ဘဝလမ်းကြောင်းနဲ့ ရည်ရွယ်ချက်များကို ပိုမိုရှင်းလင်းစွာ ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားသော Session တစ်ခုဖြစ်ပါသည် 🦁🦁

🔮အစီအစဉ်များ အနေနဲ့

🧹 Release Old Energy 🖤

အတိတ်က ပိတ်လှောင်ထားသော စွမ်းအင်ဟောင်းတွေ အကြောက်တရားတွေနဲ့ Energy Blockages တွေကို ရှင်းထုတ်ပြီး စွမ်းအင်သစ်များ လက်ခံဖို့ နေရာလွတ် ဖန်တီးခြင်း

🗣️ Affirmations

မိမိရဲ့ subconcious mind အတွက် Reprogram Affiramations ရွတ်ဆိုပေးခြင်း

🦋 Soul Rebirth (Manifestation)

ကိုယ့်ရဲ့ soulကို အသစ်ပြန်လည် မွေးဖွားစေပြီး လိုချင်သော ဘဝကို Embodiment ပြုလုပ်ခြင်း

🎵 Align Frequency

မိမိ၏ Vibration ကို High-Frequency ထဲသို့ မြှင့်တင် ချိတ်ဆက်ခြင်း

📜 မိမိရဲ့ မွေးရာပါ ပင်ကိုယ်စွမ်းအင် ဇာတာအလိုက် ပိုမိုထိရောက်ပြီး ပြည့်ဝဖို့ မြန်ဆန်စေမဲ့ Manifest လုပ်နည်း Method များ ပြောကြားပေးခြင်းအပါအဝင်

🌌 Manifestation ရဲ့ လျှို့ဝှက်ချက်နဲ့ စကြာဝဠာ၏ အမှန်တရားများကို ပြောကြားပေးမှာဖြစ်ပါတယ်

👑 ဒီ session မှာပါဝင်ကြမဲ့သူတွေကတော့ Spiritual နယ်ပယ်မှ အတွေ့ကြုံရင့်ကျက် ကျွမ်းကျင်သူများ ဖြစ်ကြတဲ့

🧘‍♀️ Liberation from Universe မှ Holistic Spiritual Practitioner ဖြစ်သူ ဆရာမ "Nora" နှင့်

🕊️ Heal for Soul မှ Twinflame Coach, Reiki Master, Tarot and Oracle Reader & Spiritual Writer ဖြစ်သူ ဆရာမ "Hsuu Veronica "တို့မှ ပါဝင်ဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ် 💫

📅 Date – 8 August 2026

🕗 Time – 8:08 PM (Yangon Time)

💫 Energy Exchange – 17,178 MMK

💛 ပါဝင်လိုသူများအနေဖြင့် "Ready" ဟု Comment ရေးပေးခဲ့ပါရှင်💫💫
🕊 Early Bird ၁၀ ယောက်အတွက် Happy Money - 10881 ကျပ် (ပုံမှန်ကြေး - 17178ကျပ်) နဲ့ အပ်နှံနိုင်မှာမို့ အမြန်ဆုံး လာရောက်အပ်နှံလိုက်တော့နော် 😉


တစ်နေ့...မင်းရောက်လာမယ်ဆိုတာကိုယ် ယုံကြည်နေတယ် ရောက်လာခဲ့ရင်ကိုယ်တို့ နှစ်ယောက်တစ်ယောက်ရဲ့ အနာကိုတစ်ယောက် မစစ်ဆေးတော့ဘူး...
03/08/2026

တစ်နေ့...
မင်းရောက်လာမယ်ဆိုတာ
ကိုယ် ယုံကြည်နေတယ်

ရောက်လာခဲ့ရင်
ကိုယ်တို့ နှစ်ယောက်
တစ်ယောက်ရဲ့ အနာကို
တစ်ယောက် မစစ်ဆေးတော့ဘူး

"ဘာဖြစ်ခဲ့လဲ" ထက်
"အခု ဘယ်လိုနေလဲ" ကိုပဲ
မေးကြမယ်

ကိုယ်တို့အချစ်က
မီးရှူးမီးပန်းလို
တစ်ခဏလောက် လှပဖို့ မလိုဘူး
ညတိုင်းအိမ်ရှေ့မီးတိုင်လေးလို
ပြန်လာရင် ရှိနေဖို့ပဲ လိုတယ် 💛

ကိုယ် စကားမပြောချင်တဲ့နေ့မှာ
မင်းက အဖြေမတောင်းဘဲ
ဘေးနားမှာ ထိုင်ပေးလိမ့်မယ်
မင်း ပင်ပန်းတဲ့နေ့မှာ
ကိုယ်က အကြံဉာဏ် မပေးဘဲ
မင်းရဲ့ တိတ်ဆိတ်မှုကို
အတူတူ နားထောင်ပေးမယ် 💞
ကိုယ်တို့ အချစ်မှာ
သက်သေပြစရာ မလိုဘူး
မင်း ထွက်သွားမလားဆိုတဲ့
ကြောက်ရွံ့မှုလည်း မရှိဘူး
အချစ်ဆိုတာ
ဆုပ်ကိုင်ထားလို့ တည်မြဲတာ မဟုတ်ဘဲ
ယုံကြည်လို့ တည်မြဲတာဆိုတာ
ကိုယ်တို့ သိထားကြတယ် 💞

တစ်နေ့...
ကိုယ့်လက်ကို မင်းကိုင်တဲ့အခါ
အရင်လို
ရင်တွေ အရမ်းခုန်မနေတော့ဘူး
အဲဒီအစား
နှစ်ပေါင်းများစွာ
ရှာဖွေနေခဲ့တဲ့ လူတစ်ယောက်ကို
နောက်ဆုံးတော့
အိမ်တံခါးဖွင့်ပြီး
တွေ့လိုက်ရသလို ကိုယ့်ရဲ့
အသက်ရှူသံလေးတောင်
နူးညံ့သွားလိမ့်မယ် ထင်တယ်

အဲဒီအချစ်မှာ...
"ကိုယ် မင်းကို ချစ်တယ်"
ဆိုတဲ့ စကားထက်
"ပင်ပန်းနေလား...
ဒီနေ့ ကိုယ့်ဘေးမှာ နားလိုက်​နော် "
ဆိုတဲ့ စကားကို ပြောဖြစ်လိမ့်မယ်

ဘာလို့လဲဆိုတော့...
ရင့်ကျက်တဲ့ အချစ်ဆိုတာ
နှလုံးသားကို
ပိုမြန်မြန်ခုန်စေတာ မဟုတ်ဘူး
ဘဝတစ်လျှောက်လုံး
အေးအေးချမ်းချမ်း
အသက်ရှူခွင့်ပေးတာပါပဲ 🤍

🏠 နှလုံးသားတွေ နွေးထွေးရင် ဒါဟာလဲအိမ် 🏠
အချစ်ဆိုတာ survial လုပ်နေရတာထက် ငြိမ်းချမ်းနေရတာကို ပိုမက်မောလာတဲ့အခါ အချစ်ရဲ့ဖွင့်ဆိုပုံဟာ ပြောင်းလဲခဲ့ပါတယ်

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ 🌻

- Nora

August လရဲ့ စောစောစီးစီး Blessing လေး😍 29 ရက်နေ့ကမှ လူတွေ့ Tarot လေးကြည့်ပေးခဲ့တာ 🥰🤍 Tarot 1Q - 4444 ကျပ် 3Q - 10000 ကျပ...
03/08/2026

August လရဲ့ စောစောစီးစီး Blessing လေး😍 29 ရက်နေ့ကမှ လူတွေ့ Tarot လေးကြည့်ပေးခဲ့တာ 🥰🤍

Tarot
1Q - 4444 ကျပ်
3Q - 10000 ကျပ်

Contact

ဒါလေး ပြန်ဖွင့်ပါတယ်ရှင် 3 ယောက် ရပါဦးမယ် 🥰💚Edit - လူပိတ်ပါပြီရှင်
02/08/2026

ဒါလေး ပြန်ဖွင့်ပါတယ်ရှင် 3 ယောက် ရပါဦးမယ် 🥰💚
Edit - လူပိတ်ပါပြီရှင်

Announcements

Birthchart Premium reading ပြန်ဖွင့်ပါပြီ
(Applied Astrology reading style ဖြစ်ပါတယ် 😉)

- ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး
- ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ ထိုစိတ်ထားကိုဘယ်လိုဖြေရှင်းမလဲ
- စီးပွားရေး နဲ့ ငွေရေးကြေးရေးကံ
- အကျိုးပေးအလုပ်ကိုင်များ
- ပညာရေးနဲ့ ပေါင်းသင်းဆက်ဆံရေးကံ
- နိုင်ငံခြားကံ
- အချစ်ရေးခံယူချက်နဲ့ အိမ်ထောင်ဖက်ပုံစံ ဘယ်နေရာမှာတွေ့မလဲ ဘယ်လိုစရိုက်ရှိမလဲ ဘယ်ချိန် အိမ်ထောင်ကျနိုင်မလဲ
- သင်ယူရမဲ့သင်ခန်းစာ
- ကိုယ့်ရဲ့ shadow နဲ့ ဖြေရှင်းရမဲ့အဖြေ
- ဒီဘဝရဲ့ ဗျာဒိတ်
- အတိတ်ကဖြတ်သန်းမှုပုံစံ
- ကိုယ့်မသိစိတ်ထဲကဖုံးကွယ်ထားသော အမှန်တရားများ
- အိမ်ထောင်ရေးကံ
- ကျန်းမာရေးကံ နဲ့ ဖြစ်တတ်သော ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာရောဂါများ
- ကံကောင်းမဲ့နှစ်အပိုင်းခြားများ (၅နှစ်စာအထိကြည့်ပေးပါမယ်)
- ဆောင်သင့်တဲ့အဆောင်ကျောက် ၊ အကျိုးပေးအရောင် ၊ အကျိုးပေးဂဏန်း အကျိုးပေးရာသီခွင် များပါဝင်ပါတယ်

Happy money 38000 ကျပ်ပါ

Life map ဖြစ်ပြီး ဘဝမှာတစ်ခါတော့ ကြည့်ထားသင့်ပါကြောင်း 🧿💬

ဆက်သွယ်ရန် -

တစ်ချိန်က...အချစ်ကို ရင်ခုန်သံတွေနဲ့ တိုင်းခဲ့တယ်သူ့ကို လွမ်းရင် အချစ်သူ့အတွက် ငိုရင် အချစ်တစ်ယောက်မရှိရင် တစ်ယောက်က မနေ...
02/08/2026

တစ်ချိန်က...
အချစ်ကို ရင်ခုန်သံတွေနဲ့ တိုင်းခဲ့တယ်
သူ့ကို လွမ်းရင် အချစ်
သူ့အတွက် ငိုရင် အချစ်
တစ်ယောက်မရှိရင် တစ်ယောက်က မနေနိုင်တာ အချစ်လို့ ထင်ခဲ့ဖူးတယ် ။

အခုတော့...
အချစ်ရဲ့ အဓိပ္ပာယ်က တိတ်တိတ်လေး ပြောင်းသွားခဲ့တယ်
ကိုယ် ပြောင်းလဲသွားတာ မဟုတ်ဘူး
နာကျင်မှုက အချစ်ရဲ့ နောက်တစ်ဖက်ကို သင်ပေးသွားတာ
တစ်ယောက်ကိုတစ်ယောက် ချစ်နိုင်တာထက်
တစ်ယောက်နားမှာ တစ်ယောက်ပျောက်မသွားဘဲ နေနိုင်တာက
ပိုတန်ဖိုးရှိမှန်း သိလာတယ်။

မီးလို လောင်ကျွမ်းတဲ့ အချစ်
တစ်ညလုံး မအိပ်နိုင်တဲ့ စောင့်မျှော်ခြင်း
တစ်နေ့လုံး အဓိပ္ပာယ်လိုက်ရှာရတဲ့ စကားလုံးတွေ
ကိုယ့်တန်ဖိုးကို သက်သေပြနေရတဲ့ ဆက်ဆံရေးတွေ
အဲဒါတွေကို မလိုချင်တော့ဘူး

လိုချင်တာက...
မိုးရွာတဲ့နေ့
အိမ်ခေါင်မိုးပေါ် မိုးစက်ငယ်တွေကျသံလို
တိတ်တိတ်လေး ရှိနေပေမယ့်
စိတ်ကို အေးစေတဲ့ လူတစ်ယောက် 🤍
လက်ကို တင်းတင်း မဆုပ်ကိုင်ပေမယ့်
"မင်း တစ်ယောက်တည်း မဟုတ်ဘူး" လို့
ပြောနေတဲ့ တည်ရှိမှုတစ်ခု

အခုမှ သိလာတယ်...
အချစ်ရဲ့ ဆန့်ကျင်ဘက်က
မုန်းခြင်း မဟုတ်ဘူး
စိတ်ငြိမ်သက်မှုကို ဆုံးရှုံးရခြင်းပဲ

ဒါကြောင့်
အချစ်ကို မစွန့်လွှတ်ဘူး
ဒါပေမယ့်...
ကိုယ့်ရဲ့ ငြိမ်သက်မှုကို ဖျက်ဆီးတဲ့ အချစ်ကိုတော့ ခွင့်မပြုတော့ဘူး

တစ်နေ့...
အချစ်က ကိုယ့်ဆီ ပြန်ရောက်လာရင်
အဲဒီအချစ်ဟာ
ရင်ခုန်အောင် လုပ်ပေးတဲ့သူထက်
အိမ်ပြန်ရောက်သလို
အသက်ရှူလို့ ရအောင်
ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်ပေးနိုင်တဲ့သူ
ဖြစ်ပါစေ

အဲဒီနေ့ကျရင်...
အချစ်ဆိုတာ
လောင်ကျွမ်းခြင်း မဟုတ်ဘဲ
အေးချမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း သိရှိသွားလိမ့်မယ်

You Deserve Love

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ

- Nora

01/08/2026

ဟိတ် နင်တို့ လူတိုင်း ဘီလီယမ်နာ မဖြစ်နိုင်ဘူးနော် အရမ်းစိတ်ကူးတွေယဥ်မနေနဲ့
လူတိုင်းမှာ သူလုပ်မဲ့နေရာ သူရှိရမဲ့နေရာ မှာ အကောင်းဆုံး အတော်ဆုံးလုပ်ပိုင်ခွင့်ရှိတယ်
အကုန်လုံး ဘီလီယမ်နာဖြစ်ချင်ရင်တော့ Uranus ဂြိုလ်တို့ Neptune ဂြိုလ်တို့ကိုသွား အဲ့မှာ စိန်မိုးတွေရွာနေတာ တစ်ကမ္ဘာလုံးတောင် ဝယ်လို့ရသွားရမယ် 😂
အဲ့ကိုသွားရင်တော့ နောက်ဘဝမှရောက်လောက်မယ်ထင်တာပဲ 😇
ကြည့်ကျက်လုပ်ကြဟေ့ ရှိသမျှတွေပြုတ်ထွက်သွားဦးမယ် 🙄

01/08/2026

August လအတွက် ကံအကောင်းဆုံး Zodaic Signs များ 🔮🔮🔮

1.Leo ♌
2.Libra ♎
3.Aquarius ♒
4.Sagittarius ♐
5.Virgo ♍

(Sun,Moon,Rising Including 🍀💚)

- Nora

01/08/2026

Astrology Update For August 🔮🔮🔮

August က Collective Karma Shift လို့ပြောလို့ရတယ် Nodes တွေက Pisces ထဲက Leave ပြီး Leo -Aquarius Axis ကို ရွေ့သွားမယ် Eclipse ၂ကြိမ်ရှိတယ် 88 Portalလဲရှိတယ် Chiron Retrograde လဲရှိပါတယ်
ဆိုတော့ Collective အနေနဲ့

🔮 ကိုယ့်ရဲ့ Authetic Self ကို ထုတ်ပြဖြစ်လာမယ် ကိုယ့်ကို ဘယ်လိုလူအ​ဖြစ် လူတွေက သိနေစေချင်လဲဆိုတာ တည်ဆောက်ဖြစ်မယ်
🔮 ကိုယ့်ကိုယ်ကိုမကြောက်ပဲ ထုတ်ဖော်ပြသရဲလာတယ်
🔮 ငါကောင်းစားဖို့ထက် ဘာတွေတည်ဆောက်ပြီး ဘာတွေပြန်ပေးမလဲဆိုတာ ရွေးချယ်လာမယ်
🔮 အဖွဲ့အစည်းတွေအတွင်း အပြောင်းအလဲတစ်ချို့ရှိလာမယ်
🔮 စိတ်ခံစားချက်မပါတဲ့ Logic သက်သက်အတွေးတွေ ဖျောက်လာရမယ်
🔮 နည်းပညာနဲ့ AI ရဲ့တိုးတတ်မှုက လူသားတွေနီးနီးဖန်တီးပုံဖော်မှုတွေ တိုးတတ်လာမယ်
🔮 Public Figure တွေ Influencer တွေမှာ အပြောင်းအလဲတွေ မြင်ရတတ်တယ်
🔮 Balance မဖြစ်တဲ့ Relationship တွေ Make or Break အခြေအနေတွေကြုံရနိုင်တယ်
🔮 Creative Industry , Branding, Social Media, Technology, Luxury Bussines , Branding, Talented တွေရဲ့ အခန်းကဏ္ဍ ပိုနေရာ ရလာနိုင်တယ်
🔮 Eclipse energy များကြောင့် ရုတ်တရက် ကိစ္စတွေပေါ်ပေါက်လာနိုင်တယ်
*Expected to Unexpected Cases*
🔮 Healing လုပ်ကြမဲ့ လူတွေ / Healing upgrade လုပ်ရမဲ့သူတွေ တိုးလာမယ်
🔮Unresolve Turama တွေ surface တတ်လာနိုင်တယ်

ဒါကြောင့် August လဟာ
Step into your light , release the old story , and let destiny redirect your path 🖤🤍

ပြောင်းပါ မစွဲထားနဲ့ ပြောင်းနိုင်တဲ့သူ ပြောင်းရဲတဲ့သူ ပြောင်းတတ်တဲ့လူက ရှင်သန်ဖို့အခွင့်ရေးရမယ်
အရင်ကလို စွဲကိုင်ထားရုံနဲ့ရှင်သန်လို့မရတော့ဘူး ယခု Direction က ပြောင်းတတ်တဲ့သူက ရှင်သန်ခွင့်ရမယ် 🤍💬

ရစရာရှိတာ ရကြပါစေ 😇

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ 🌻

- Nora

Collective General Energy Checking For August 💬💞1st August 2026 August လရဲ့ အဓိက Highlight က ဘဝနယ်ပယ်ရဲ့ ဘယ်လိုအစိတ်အပို...
01/08/2026

Collective General Energy Checking For August 💬💞

1st August 2026

August လရဲ့ အဓိက Highlight က ဘဝနယ်ပယ်ရဲ့ ဘယ်လိုအစိတ်အပိုင်းကို စွန့်ထုတ်မလဲ ပြီးတော့ ဘယ်လိုကောင်းစွာ ပြန်လည်တည်ဆောက်မလဲ?
What no longer aligns with your future will naturally leave?

The Moon + The Tower + Ace of cups + The Lover

ဘဝထဲက မရှင်းလင်းတဲ့ ဝေဝေဝါးဝါး ဖြစ်နေတဲ့အရာတွေ လမ်းကြောင်းရှင်းလာမယ်
ဘာကိိုထားခဲ့မယ် ဘာကိုသယ်မယ် ဘာကိုပြန်ပြုပြင်မယ် အတိအကျသိလာပါလိမ့်မယ်
ကိုယ့်ရင်ထဲက အကြောက်တရားတွေကို စွန့်ထုတ်ဖို့ ဖြစ်ရပ်တွေ တွန်းအားပေးမှုတွေလဲ ကြုံရနိုင်ပါတယ်
ဘဝထဲက Alight မဖြစ်တဲ့လူ အရာဝတ္တု အ​ခြေအနေများ ပြိုလဲနိုင်ပါတယ်
အဲ့ဒီနောက်မှာ ပျော်စရာကိစ္စတွေ Blessing တွေဝင်ရောက်လာပါမယ် August လ လယ်လောက်က ​ဖြစ်ပါလိမ့်မယ်
မိတ်ဆွေအစစ်တွေရောက်လာမယ်
လက်ရှိ Rs နဲ့ Inner transfomation to rebuilding identity ဖြစ်ပါလိမ့်မယ်
Single များ ရည်းစားသစ် ချစ်သူသစ်ရတတ်ပါတယ်
အလုပ်အကိုင်ရှာဖွေနေသူများ ကိုယ်ချစ်တဲ့အလုပ် ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ရပါမယ်
ကိုယ့်အတွက်ကောင်းတဲ့လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ပါမယ်
ငွေကြေးက မတည်မြဲသေးပါ အဝင်အထွက် ရှိနေပါဦးမယ်
သုံးနိုင်စွဲနိုင်နေတာကို ကျေးဇူးတင်စိတ်မွေးမြူပါ
ချောင်းမြောင်းတိုက်ခိုက်သူ မနာလိုသူများရှိနိုင်ပါတယ် မေတ္တာနဲ့သာအနိုင်ယူပါ
ကိုယ့်ရဲ့အစောင့်ရှောက်များကြောင့် မိမိဒုက္ခမရောက်နိုင်ပါ
မိသားစုအတွင်း ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ကိစ္စများကြုံရနိုင်ပါတယ်
မဂ်လာကိစ္စများ ဝမ်းသာစရာကိစ္စများ ကြားသိရတတ်ပါတယ်
ဘဝထဲကို လူသစ် မိတ်ဆွေသစ် August လနှောင်းပိုင်းတွင် ဝင်လာတတ်ပါတယ်

All Zodaic Signs Including 💛💬

မေတ္တာဖြင့်

ချစ်တဲ့

နိုရာ 🌻

- Nora

Address

Singapore
SINGAPORE

Telephone

+959770210363

Website

Alerts

Be the first to know and let us send you an email when Liberation from Universe - Nora Nora posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share