Physio.KoLamg

Physio.KoLamg Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Physio.KoLamg, Physical therapist, Singapore.

✨ Move Free | Think Clear | Live Better
✅ AHPC Registered Physiotherapist 🇸🇬🇲🇲
📈 Trusted by 45K+ in the community
📩 Click 'Send Message' for pain advice
📧 Work: [email protected]

😍😍😍😍😍😍😍Message box ကို ပြန်ဖွင့်ဖို့ အားယူနေတုန်းပါ။
11/06/2026

😍😍😍😍😍😍😍
Message box ကို ပြန်ဖွင့်ဖို့ အားယူနေတုန်းပါ။

10/06/2026

ကြည့်ရတာ နည်းနည်းတော့ ရယ်ချင်စရာကောင်းပြီး ရှက်ဖို့ကောင်းသလိုပဲနော်။ 🙈

ဒါပေမဲ့ ဒါဟာ ခါးအောက်ပိုင်း ညောင်းညာကိုက်ခဲတာတွေကို အမြန်ဆုံးပြေလျော့စေတဲ့ ‘Happy Baby Pose’ လို့ ခေါ်တဲ့ လေ့ကျင့်ခန်းပါ။ ခါးရိုးဆစ်တွေကို ကြမ်းပြင်နဲ့ တစ်ပြေးညီ အပြားလိုက်ထိထားပေးလို့ ဖိအားတွေကို ချက်ချင်း လျှော့ချပေးပါတယ်။
⚠️ ဘယ်သူတွေ မလုပ်ရဘူးလဲ?
ခါးရိုးဆစ်ကျွံဖူးသူများ (Disc Prolapse/Herniation)
ဒူး သို့မဟုတ် တင်ပါးဆုံ အဆစ်နာကျင်မှုရှိသူများ
ကိုယ်ဝန်ဆောင်မိခင်များ
ကျန်တဲ့သူတွေကတော့ အခန်းထဲမှာ တစ်ယောက်တည်းရှိတဲ့အချိန် အဝတ်အစား သေချာဝတ်ပြီး အသက်ပြင်းပြင်း ၅ ကြိမ်လောက် ရှူရင်းနဲ့ စမ်းလုပ်ကြည့်ပါ။ ရှက်မနေဘဲ ကိုယ့်ခါးသက်သာဖို့ပဲ အဓိကမို့ အခုပဲ တစ်ယောက်တည်း လှဲချပြီး စမ်းလုပ်ကြည့်လိုက်တော့နော်! 👇

09/06/2026

"ဒူးနာလို့ပဲဖြစ်ဖြစ်၊ လမ်းလျှောက်ရင် ဒူးမခိုင်သလို ခံစားရလို့ပဲဖြစ်ဖြစ်… လူနာတော်တော်များများက ကျွန်တော့်ကို ဒူးလေ့ကျင့်ခန်းတွေ ခဏခဏလာမေးကြပါတယ်။
တကယ်တော့ ဒူးဆစ်ဆိုတာ တံခါးပတ္တာအဆစ် (Hinge Joint) မျိုးမို့လို့ ကွေးတာ ဆန့်တာက အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးပါပဲ။
ဒီဗီဒီယိုထဲမှာ အိပ်ရာပေါ်မှာတင် ဖြည်းဖြည်းချင်း လိုက်လုပ်လို့ရမယ့် အခြေခံအကျဆုံး Static Quads နဲ့ Knee Flexion/Extension လေ့ကျင့်ခန်း (၂) ခုကို ပြသပေးထားပါတယ်။ ဒူးဆစ်တောင့်တင်းတာ သက်သာစေပြီး ကြွက်သားတွေကို ပြန်လည်နိုးဆွပေးဖို့ တစ်ဖက်ကို (၁၀) ကြိမ်ကနေ (၁၅) ကြိမ် နေ့တိုင်း ပုံမှန်လုပ်ပေးကြည့်ပါနော်။"

#ဒူးနာ #ဒူးလေ့ကျင့်ခန်း #ကျန်းမာရေး ဗဟုသုတ ြန်မာ

08/06/2026

ခါးနာသက်သာပြီးရင် ပြန်မနာအောင် ဒိုင်းကာတည်ဆောက်နည်း (Prone Extension)
ခါးနာတာ သက်သာသွားပြီးတဲ့နောက် ခါးပြန်မနာအောင် တားဆီးဖို့က ခါးနောက်ကျောကြွက်သားတွေရဲ့ Capacity (ဒဏ်ခံနိုင်ရည်) ပေါ်မှာ အများကြီး မူတည်ပါတယ်။
ဒီ Prone Extension လေ့ကျင့်ခန်းဟာ ခါးအလှည့်အပြောင်းအဆင့် (Sub-acute) ကနေ နာတာရှည်အဆင့် (Chronic stage) သမားတွေအတွက် ခါးကြွက်သားတွေကို Active ဖြစ်ဖြစ် သန်မာလာစေဖို့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။
ဗီဒီယိုထဲကအတိုင်း Form မှန်မှန်နဲ့ ပုံမှန်လေ့ကျင့်ပေးသွားဖို့ မမေ့ပါနဲ့ဦးခင်ဗျာ။

🛑  ခါးနာသူအပေါင်းတို့ရေActive treatment ဆိုတာ ကိုယ်တိုင်ကျင့်ကြံတဲ့ ကုသမှုဖြစ်လို့ ကြာရှည်ခံပါတယ်။ ကိုယ့်ခါးကို ရွှေထုပ်...
08/06/2026

🛑 ခါးနာသူအပေါင်းတို့ရေ
Active treatment ဆိုတာ
ကိုယ်တိုင်ကျင့်ကြံတဲ့
ကုသမှုဖြစ်လို့ ကြာရှည်ခံပါတယ်။

ကိုယ့်ခါးကို
ရွှေထုပ်ကြီးတစ်ထုပ်ရထားသလို
တန်ဖိုးထားကြပါ။

ပျောက်ချင်ဇောနဲ့
တွေ့ကရာ မြင်ကရာလူတွေ
လက်ထဲ မအပ်ပါနဲ့။

Credentials ဆိုတဲ့
ဆေးကုသမှုလက်မှတ်၊
သက်သေခံနိုင်မှု၊
ကျင့်ဝတ်လိုက်နာမှု၊
ကုသမှုခံယူသူရဲ့ privacy ကို ကာကွယ်မှု၊
လူနာမသိစေလိုတဲ့ သူရဲ့
တကိုယ်ရည် အကြောင်းအရာကို
ထိမ်းသိမ်းပေးမှု၊
ဒါတွေ လိုအပ်ပါတယ်။

ကျနောသိပါတယ်။
ကျနော့ follow လုပ်ထားတဲ့သူတွေက
အဲ့လို တွေ လျှောက်မလုပ်ဘူးဆိုတာ။ 😌⚡️

ခါးနာ Contents တွေ လုပ်ပေးရတာ အကျိုးရှိတယ်လို့ ခံစားရတဲ့ မနက်ခင်းလေး။ 😍😍😍
08/06/2026

ခါးနာ Contents တွေ လုပ်ပေးရတာ အကျိုးရှိတယ်လို့ ခံစားရတဲ့ မနက်ခင်းလေး။ 😍😍😍

07/06/2026

ခါးခွဲစိတ်ပြီးသူတွေအတွက် အန္တရာယ်အကင်းဆုံး Core လေ့ကျင့်ခန်း 🛡️

ခါးခွဲစိတ်ပြီးလို့ ခါးပြန်သန်မာချင်ပေမယ့် ထပ်ထိခိုက်မှာ ကြောက်နေပါသလား?
သုတေသနတွေအရ ခါးရိုးကိုမလှုပ်ဘဲ ဗိုက်ကြွက်သားသန်မာစေတဲ့ "Dead Bug" လေ့ကျင့်ခန်းဟာ ခါးအတွက် အန္တရာယ်အကင်းဆုံးပါပဲ။ ဒီဗီဒီယိုမှာ အခြေခံကနေ အဆင့်ဆင့် စနစ်တကျ ကစားနည်းကို မျှဝေပေးထားပါတယ်။
ဗီဒီယိုကို အဆုံးထိကြည့်ပြီး သင်ကော ဘယ်အဆင့်ကနေ စပြီးလေ့ကျင့်မလဲ ကမန့်မှာ ပြောခဲ့ပေးပါဦး။ (ခွဲစိတ်ပြီးစလူနာများ မိမိ ခွဲစိတ်ဆရာဝန် သို့ physiotherapist နဲ့အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်)။

07/06/2026

Spinal Stenosis နဲ့ Half Baby Pose 🧘‍♂️

ခါးရိုးဆစ်ကျဉ်းပြီး အာရုံကြောညှပ်သလို ခါးနာ၊ ခြေကျင် ဝေဒနာ ခံစားနေရရင် အိပ်ရာထဲမှာတင် ဘေးကင်းကင်းနဲ့ လေ့ကျင့်လို့ရတဲ့ နည်းလမ်းကောင်း။

#ခါးနာခြင်း #အာရုံကြောညှပ် Relief

03/06/2026

ကျန်နေတဲ့ message 43 ခု ကို reply ပြန်ပြီးရင် message box ပြန်ဖွင့်ပါမယ်။

System အသစ်ချလို့ ပင်ပန်းနေတုန်း ဒါလေးတွေ့ 😃💪👇
03/06/2026

System အသစ်ချလို့ ပင်ပန်းနေတုန်း ဒါလေးတွေ့ 😃💪👇

Address

Singapore

Alerts

Be the first to know and let us send you an email when Physio.KoLamg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Physio.KoLamg:

Featured

Share