22/08/2026
🩵
Appreciation , My Psychic
မိုးက Tarot reader တွေထဲမှာမှ psychic နဲ့ဟောသူတစ်ယောက်ဆိုတာ သိတဲ့သူတွေသိကြမှာပါ။ psychic ability တွေထဲမှာမှ အမြင်ဓာတ်ရှိသူတစ်ယောက်ပေါ့။
ဒီလိုအလုပ်ကို လုပ်လာတဲ့အခါ ကိုယ်မမြင်တဲ့အရာတွေကို လူတိုင်းကနားလည်ပေးနိုင်မှာမဟုတ်သလို၊ မယုံကြည်တဲ့သူတွေရဲ့ ဝေဖန်မှုတွေ၊ blaming လုပ်မှုတွေကိုလည်း ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရပါတယ်။
မိုးတို့လို career တွေဟာ လေးစားယုံကြည်တဲ့သူတွေက အလွန်အမင်းယုံကြည်ကြသလို၊ မယုံကြည်တဲ့သူတွေကလည်း “လိမ်စားတာ” “မယုံဘူး” ဆိုပြီး ရှေ့တင်ရော နောက်ကွယ်မှာပါ ပြောဆိုကြတာတွေရှိပါတယ်။
အမှန်အတိုင်းပြောရရင် လုပ်ခဲ့ဖူးသမျှအလုပ်တွေထဲမှာ အဝေဖန်ခံရဆုံးအလုပ်တစ်ခု လို့တောင် ထင်မိပါတယ်။ အဲဒီအရာတွေကြောင့် ကိုယ့်ရဲ့ psychic ability ကို လက်တွေ့ဘဝမှာ သိပ်မချပြဖြစ်ခဲ့ပါဘူး။ တခြားသူတွေနဲ့ မတူသလို ခံစားရတာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ ပြန်စဉ်းစားမိပါတယ်။ ဒါဟာ ကျွန်မဘဝမှာ ရရှိထားတဲ့ gift တစ်ခုပါ။
ဒါကြောင့်ပဲ energy ကိုမြင်နိုင်စွမ်းရှိတာ လိုအပ်တဲ့သူတွေကို အကြံပေးနိုင်တာအပါအဝင် ကျွန်မဘဝအတွက်အရမ်းစွန့်စားရတဲ့အရာတွေကိုလုပ်ဆောင်ပြီး အောင်မြင်မှုတွေရနိုင်ခဲ့ပါတယ်။
ဒီနေ့ မိုးကျေးဇူးတင်ချင်တာကတော့ (၄) နှစ်တာကာလအတွင်း မိုးကို ယုံကြည်ပြီး အမြဲလာမေးခဲ့ကြတဲ့သူတွေပါ။ မေးခွန်းလာမေးရုံတင်မကဘဲ ကိုယ်တွေ့အတွေ့အကြုံတွေကို feedback ပြန်ပေးခဲ့ကြတာ၊ မိုးကို ဆက်ပြီးလုပ်နိုင်အောင် အားပေးခဲ့ကြတာတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။
နောက်ပြီးတော့ free အနေနဲ့ ဟောပေးနိုင်ခဲ့တာတွေအပြင် ကိုယ်မမြင်ဖူးသေးတဲ့နယ်ပယ်တွေ(နာမ်လောကပိုင်း)ကို explore လုပ်ခွင့်ရခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ လူတွေယုံကြည်ပြီး အကြံတောင်းလို့ရတဲ့သူတစ်ယောက်အဖြစ်လည်း ရပ်တည်လာနိုင်ခဲ့ပါတယ်။
မိုးဟာ Psychic tarot reader ပါ။ မိုးကိုယုံကြည်ပြီး အကြံတောင်းလိုသူတွေအတွက်အဆင့်သင့်ရှိနေပါတယ်။ psychic သမားတွေမြင်ရတဲ့နယ်ပယ်က စိတ်ဝင်စားစရာတချို့အကြောင်းအရာတွေကို နောက်ပိုင်းမှာ မျှဝေပါဦးမယ်။
ဒီအလုပ်ကိုလုပ်ပြီး အကျိုးရှိတဲ့ဘဝကိုဖြတ်သန်းရမည့်ကံကြမ္မာရှိသူလို့ ကိုယ့်ကိုကိုယ် ယုံကြည်ပါတယ်… ကျေနပ်ဝမ်းမြောက်မိပါတယ်….