Aung Lin -Searching

Aung Lin -Searching အတ္တ ချည်းပေါ့များနေတဲ့ ဒီမြေမှာ
အမေ့ရဲ့ အားစိုက်ထုတ်ခဲ့တဲ့ ရုပ်လုံးလေးနဲ့
မသွားပေမဲ့လဲ ရောက် နိဂုံးချုပ်ဆီကို
ခြေလှမ်းတွေ ချမိပီ..

21/08/2026

ဘဝဟာ🔥""....

17/08/2026

လွှတ်လပ်ခြင်းဟာ"...


#ဘဝခရီး

11/08/2026

လူတိုင်းဟာ ဆိုးခြင်း ကောင်းခြင်းတွေထဲ ချစ်ခြင်း ပုစ္ဆာတစ်ခုခုနဲ့ ထိုက်တန်သင့်ပါတယ်...



#လူငယ်

"တလွှင့်လွှင့်" တိုလာစေတယ် အမေ"ကြားသိမြင်သိ နာကျင်မှန်းသိတဲ့အရွယ်ဟာ ကျွန်တော်တို့ကို မနွေးထွေးစေဘူး အမေ..အသပြာချိုတယ်တဲ့...
15/07/2026

"တလွှင့်လွှင့်" တိုလာစေတယ် အမေ"

ကြားသိမြင်သိ နာကျင်မှန်းသိတဲ့အရွယ်ဟာ
ကျွန်တော်တို့ကို မနွေးထွေးစေဘူး အမေ..

အသပြာချိုတယ်တဲ့ နောက်ကို
လိုက်ရင်း” တလွှင့်လွှင့် “တိုလာစေတယ် အမေ..

မေတ္တာတွေ ချိုတယ်တဲ့ မာယာတွေနဲ့ရစ်ပတ်ပြီး နှလုံးသားမပါတဲ့ ခရီးတစ်စုံလျှောက်ခဲ့ရတယ် အမေ..

စစ်မှန်တဲ့အေးချမ်းမူဟာ ငြိမ်းချမ်းရေဆိုရင်
စစ်ပွဲရဲ့အနိ ဋ္ဌာရုံ တရားခံလူ ဘယ်မှာလဲ အမေ..

ဓမ္မနဲ့ အဓမ္မကြားမှာ
ကိုယ်ကျိုးအတ္တမိုးတွေရွာချပြန်တော့လဲ
မြေစာပင်လူတွေဟာ သေလူပဲလား အမေ..

နာတာသိရင် "ကိုယ်ချင်းစာ"တဲ့
ခံရတဲ့ တစ်ချို့ဘဝကလေးတွေအတွက်" ရလိုက်တာ "လူသားမဆန်မူ"စကားတစ်ခွန်းပဲလား အမေ..

တကယ်တော့ ရူခြင်းရှိုက်ခြင်းနဲ့ လူသားတွေဟာ ခံစားချက်တွေ ပိုက်ပီး အရှင်ငရဲအိုးကြီးလား အမေ..

ဖြစ်နိုင်ရင် သိမြင်ကြားမြင် ဒီစိတ်အားလုံးကို လွှင့်ပစ်ပီး အမေ့အိမ် ဘာမသိ ညာမသိတဲ့ ကလေးဘဝလေးကိုပဲ ကျွန်တော်ပြန်သွားချင်တယ်အမေ...

-အောင်ဇော်လင်း

သာမာန်အဆင့်ဘဝချေကို လက်ခံပီးပါ ..
30/04/2026

သာမာန်အဆင့်
ဘဝချေကို လက်ခံပီးပါ ..



11/04/2026

"စစ်မှန်ရေ မေတ္တာစော် ဇာလဲ"..

#လူငယ် #မေတ္တာ

မျှော်လင့်ချက်ဟာ...-AZL-peace
18/03/2026

မျှော်လင့်ချက်ဟာ...

-AZL
-peace

17/03/2026

"မင်း စိတ်ဖြောင့် လက်ဖြောင့်နဲ့ ရှေ့ဆတ်လို့လျှောက်"


Version

အားသစ်ကိုမွီးလေ့ မပြည့်ခပါဝေ.. #ဝင်းကိုခိုင်
13/03/2026

အားသစ်ကိုမွီးလေ့ မပြည့်ခပါဝေ..

#ဝင်းကိုခိုင်

ကိုယ့်ဘဝ ကိုယ့်အိမ်ရှေ့ အပင်အောက်နားလေးမှာ ကော်ဖီရယ် ပေါင်မုန့်ရယ်နဲ့ စာအုပ်တွေနဲ့ (20)ခုနှစ်လောက်က ဖြတ်သန်းဖူးတဲ့ အချိန...
27/02/2026

ကိုယ့်ဘဝ ကိုယ့်အိမ်ရှေ့ အပင်အောက်နားလေးမှာ ကော်ဖီရယ် ပေါင်မုန့်ရယ်နဲ့ စာအုပ်တွေနဲ့ (20)ခုနှစ်လောက်က ဖြတ်သန်းဖူးတဲ့ အချိန်တွေပေါ့ ..

ကိုယ်က စိတ်လိုက်မာန်လိုက် ပျော်ပါးမေ ပိုက်ဆံတွေ ရှာမေ လိုချင်တာ ရအောင်ယူမေ ရရင်လဲ ကျေနပ်မေ ပျော်ရမေ ဝမ်းသာမေ

ဒါပေမဲ့ ခြေလှမ်းနည်းနည်းလောက် လှမ်းထွက်လာတော့ လုပ်ယူလို့မရတဲ့အရာတွေ ဒီနိုင်ငံမှာ ရှီလာတယ် ဒါကိုလဲ လက်ခံရဲ့ရမေ ဆိုတဲ့ စကားလုံး များများတွေ့လာရတယ်
တစ်နိုင်ငံလုံးက လူတွေအိမ်မက်တွေ ရိုက်ချိုးခံရတေ ဘယ်သွားသွား လုံခြုံမူဆိုတာဟာလဲ အဝေးကြီး လူတွေဟာလဲ မပျော်ပေမဲ့ အပြုံးတွေပြပြီး ရုပ်တရားမှာတော့ အကြောက်တရားနဲ့ ဖြတ်သန်းနေရတဲ့ လူတွေပေါများလာတယ်

ကုန်စျေးနှုန်းတွေကြောင်း မနက်မိုးလင်းလို့ စားစရာမရှီတဲ့သူတွေနဲ့ အလုပ်အကိုင်ရှားပါးမူဆိုတာဟာလဲ ဟိုးအောက်ဆုံးထိပဲ ဒီတော့ လူတွေဟာ တဖြည်းဖြည်း အေးချမ်းမူတွေ ရှာဖွေလာကြတယ်

ဒါတွေဟာအားလုံးခြုံကြည့်လိုက်တော့ လူတွေရဲ့ အလွန်ကြောက်စရာကောင်းတဲ့ စိတ်သဘောထားတွေကြောင်းပဲ အတ္တတွေပြိုင်ကြတယ် အနိုင်ပိုင်ချင်တဲ့စိတ်တွေ ဥစ္စာပိုင်ဆိုင်ချင်မူတွေကြောင်းရယ် လောဘရယ်ကြောင်း ဖြစ်လာတာပေါ့
ဒါတွက် ကြားညှပ် မြေစာပင်အဖြစ်နဲ့ တစ်ချို့လူတွေအတွက်တော့

"ဓမ္မနဲ့ အဓမ္မကြားမှာ
ကိုယ်ကျိုးအတ္တမိုးတွေရွာတော့
အမုန်အမွှား ပမာဏဟာလဲ
လူတစ်ချို့အဖို့
သောက ပင်လယ်မျှရှီပါတယ်"လို့ရေးရင်း

တစ်ချို့ဘဝတွေ တစ်ချို့သော အနာအဆာမဲ့ ကလေးငယ်တွေရဲ့ဘဝ /အလှတရားတွေကို စာနာ ငယ့်ညှာပြသမူဖြင့် လူသားတစ်ယောက်အဖြစ်
လူသားဆန်မူတွေ ရှီပါစေလို့.....


ที่อยู่

Bangkok

เบอร์โทรศัพท์

+66814406722

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aung Lin -Searchingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Aung Lin -Searching:

ทางลัด

แชร์