21/08/2025
🎭 Seeker အထက်လူကြီးတွေ ဘာပြောပြော ဟုတ်ကဲ့ ပြောနေမိတာမျိုးသတိထားမိလား? 🎭
🛠️သူတို့ ခိုင်းတာတွေက ဘယ်လောက် နည်းလမ်းမကျ ဖြစ်နေပါစေ ငါရအောင် လုပ်ပေးရမယ်။ အလုပ်မရှုပ်နေရင် နေရထိုင်ရခက်လာတယ်။ ကိုယ်ထက် တခြားလူ “အလုပ်ပိုရှုပ်” နေတယ်ဆိုရင် စိတ်ထဲမှာ ကတောက်ကဆဖြစ်လာတာမျိုး။ 😓
📈အလုပ်ထဲမှာ သူများတွေထက် အလုပ်ပိုလုပ်ရမယ်။ ငါ က အတော်ဆုံးဖြစ်ရမယ်။ ငါ အလုပ် မှာ အမှား တစ်စက်မှမရှိစေရဘူး။ နားရက်မှာတောင် မနားနိုင်ဘူး။ 🔒
🌀မလုပ်နိုင်တဲ့ အခါကျရင် “ငါက စောက်သုံးကိုမကျဘူး။” “ငါဘာလို အဲ့ဒါကို ကြိုမမြင်ခဲ့တာလည်း” ဆိုတဲ့ စကားမျိုးတွေ ကိုယ့်ခေါင်းထဲမှာ ပြည့်နေတတ်လိမ့်မယ်။ ကမ္ဘာပေါ်မှာ ကိုယ့်ကို အပြစ်အတင်ဆုံးသူက ကိုယ်ပဲ ဖြစ်နေတာမျိုးပေါ့။🪞
ဟုတ်တယ်ဆိုရင် ကျွန်တော်ထပ်မှန်းကြည့်မယ်နော်။
💣Seeker ငယ်ငယ်တုန်းက အဆင့် ၁ မရလို့ နင်ပဲ ငဆ ပြောခံခဲ့ ရတာမျိုးရှိလိမ့်မယ်။ အမျိုးထဲက သင်္ချာ အမှတ်၁၀၀ ရတဲ့ တစ်ယောက်နဲ့ ယှဉ်ပြီး သူ့ ချေး (ကန့်တော့ပါ) စားလို့ or အလားတူ ယှဉ်နှိမ့်ချ ပြောဆိုခံရတာ တွေကြုံခဲ့ရနိုင်ပါတယ်။ 🥀
—------------------------------------------------------------------
🏆ဒါကို Acheivement-Based Self-Esteem လိုခေါ်တယ်။ productive ဖြစ်မှ၊ perfect ဖြစ်မှ ကိုယ့်ကို ကိုယ်တန်ဖိုး ရှိတယ်လို့ ယုံကြည်နိုင်တာမျိုး။ Parental Pressure မိဘတွေ ရဲ့ ဖိအား နဲ့ expectations မျှော်လင့်ချက်တွေက ကျွန်တော်တို့ ရဲ့ ဦးနှောက်ကို အများကြီး ထိခိုက်စေနိုင်ပါတယ်။
😰နေ့စဉ်ဘဝမှာ အမြဲတန်း ကျီးလန့်စားစား အတော်ဆုံးဖြစ် နေမှ ဖြစ်မယ်ဆိုတဲ့ anxiety
🙋လူတွေ ငါအလုပ်လုပ်တာ မြင်မှ ဖြစ်မယ်ဆိုတဲ့ approval seeking behavior
🌑အဆိုးဆုံး အမှားလုပ်မိရင် ငါမတော်ရင်၊ ငါမှားရင် တန်ဖိုးမရှိဘူး ဆိုတဲ့ despair
🕊️ဒါတွေ ခံစားနေရရင် Seeker အပြစ်မဟုတ်ပါဘူးနော်။ Seeker ရဲ့ အတွေးတွေက အဲ့ လိုတွေးမှ ရမယ်ဆိုတာမျိုး ငယ်ငယ်က ရိုက်သွင်းခံခဲ့ရလို့ပါ။ Inner child လေးက သူမကြိုးစားနေရင် သူ့ကို လူတွေ မချစ်တော့မှာဘဲဆိုပြီး ယုံကြည်နေတာကို။ သူ ကြောက်နေရှာတာကို။ 🧸
🌺တကယ်တော့ Seeker မှာ လူတွေ လေးစားတဲ့ စွမ်းရည်တွေရှိပါတယ်။ Sunday ကျ အိပ်ရာထဲမှာ လှဲပြီး သီချင်းလေးနားထောင်ရင်း မှေးစက်ခွင့်ရှိပါတယ်။ Seeker မြင်ဖူးချင်တဲ့ ပန်းခင်းကြီးဆီကို ဘာ email မှ မဖွင့်ဖတ်ဘဲ ခရီးထွက်ခွင့်ရှိပါတယ်နော်။ 🎒
⚖️မိဘတွေက ချစ်ပြီး ကာကွယ်ပေးချင်လို့ အောင်မြင်စေချင်လို့ လုပ်ခဲ့တာဆိုပေမယ့် သူတို့ရဲ့ “စေတနာ ဒေါသ” တွေက ကျွန်တော်တို့ ကို လူကြီးဖြစ်တဲ့ အထိ negative impact တွေရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ တွေက မဖြစ်နိုင်တဲ့ expectations တွေနဲ့ ပြည့်နေပြီးသားပါ။ 🌧️
🦋 ဒါကြောင့် ဒီနေ့ ကိုယ့်ကိုကိုယ် ပိုပြီး ကရုဏာထား ကြရအောင်လားနော်။🦋
💚အားလုံး ကိုယ့်ကိုကိုယ်ချစ်နိုင်တဲ့ လုံခြုံတဲ့ နှလုံးသားလေး ပိုင်ဆိုင်နိုင်ပါစေ။ 💚