Vimut Hospital - Myanmar

Vimut Hospital - Myanmar Vimut Hospital - Myanmar Official Page
ฆสพ.สบส.2793/2568

🎀 "ရင်သားကင်ဆာ" ဖြစ်နိုင်ခြေရှိတဲ့ အုပ်စုထဲမှာ သင်ရောပါနေသလား?ရင်သားကင်ဆာဟာ ကနဦးအဆင့်မှာ ဘာလက္ခဏာမှ မပြဘဲ တိတ်တိတ်လေး ဖြ...
05/06/2026

🎀 "ရင်သားကင်ဆာ" ဖြစ်နိုင်ခြေရှိတဲ့ အုပ်စုထဲမှာ သင်ရောပါနေသလား?
ရင်သားကင်ဆာဟာ ကနဦးအဆင့်မှာ ဘာလက္ခဏာမှ မပြဘဲ တိတ်တိတ်လေး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိမှာ ရောဂါဖြစ်နိုင်ခြေ ပိုများစေတဲ့ အချက်တွေ ရှိနေလားဆိုတာကို ကြိုတင်ဆန်းစစ်ထားဖို့ အရမ်းအရေးကြီးပါတယ်။

ဘယ်လိုလူတွေမှာ ပိုပြီး ဖြစ်နိုင်ခြေရှိသလဲ?
🧬 မျိုးရိုးရှိသူများ: မိသားစုဝင်ထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူရှိရင် ပိုသတိထားရပါမယ်။
📅 ရာသီစက်ဝန်း မမှန်သူများ: ရာသီသွေး စောစီးစွာပေါ်ခြင်း (သို့မဟုတ်) အသက်ကြီးမှ ရာသီဆုံးခြင်း။
🤰 မိခင်လောင်းများ: သားသမီးမရှိသူ သို့မဟုတ် အသက် ၃၀ ကျော်မှ သားသမီးယူသူများ။
💊 ဆေးဝါးသောက်သုံးမှု: ဟော်မုန်းဆေးအချို့ကို အချိန်အကြာကြီး သုံးစွဲနေရသူများ။
⚖️ ကိုယ်အလေးချိန်: အဝလွန်သူ သို့မဟုတ် ကိုယ်အလေးချိန် အရမ်းများသူများ။
🎂 အသက်အရွယ်: အသက် ၄၀ ကျော်လာတဲ့ အမျိုးသမီးများ။
☢️ ဓာတ်ရောင်ခြည်: ငယ်စဉ်က ရင်ဘတ်ပိုင်းကို ဓာတ်ရောင်ခြည်နှင့် ထိတွေ့ဖူးသူများ။
🍷 နေထိုင်မှုပုံစံ: ဆေးလိပ်၊ အရက် သောက်သုံးခြင်းကဲ့သို့ ကျန်းမာရေးနှင့် မညီညွတ်သော အမူအကျင့်ရှိသူများ။

👱‍♀️မိမိမှာ ဒီအချက်တွေ ရှိနေတယ်ဆိုရင် စိုးရိမ်မနေဘဲ ကြိုတင်စစ်ဆေးမှုတွေ လုပ်ထားတာက အကောင်းဆုံးပါပဲ။ ViMUT Hospital မှာ စိတ်ချလက်ချ လာရောက်တိုင်ပင်နိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက-
📧 [email protected]
📞+66 (0)2 079 0001 (TH/ EN language)
💜Viber: +66 (0) 811 459 081 (MM language)
📥 chatbox မှ အသေးစိတ်မေးမြန်းနိုင်ပါသည်
📍ViMUT map: https://goo.gl/maps/b9y8bZH96dVFEBkc7
#ရင်သားကင်ဆာအသိပညာပေး

🏥 ကျန်းမာရေးစစ်ဆေးဖို့ (𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐔𝐩) ဘယ်အရွယ်ကစပြီး လိုအပ်သလဲ?ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ စက်ပစ္စည်းတစ်ခုလိုပါပဲ။...
02/06/2026

🏥 ကျန်းမာရေးစစ်ဆေးဖို့ (𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐔𝐩) ဘယ်အရွယ်ကစပြီး လိုအပ်သလဲ?
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ စက်ပစ္စည်းတစ်ခုလိုပါပဲ။ အပြင်ပန်းကြည့်ရင် ကောင်းနေပုံရပေမယ့် အတွင်းပိုင်းမှာ ဘာတွေဖြစ်နေလဲဆိုတာ သိရှိဖို့ ပုံမှန် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ 𝐕𝐢𝐌𝐔𝐓 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ရဲ့ 𝐂𝐡𝐞𝐜𝐤-𝐔𝐩 𝐂𝐞𝐧𝐭𝐞𝐫 က ဆရာဝန်မကြီး 𝐃𝐫. 𝐕𝐚𝐫𝐢𝐬𝐬𝐚𝐫𝐚 𝐒𝐢𝐧𝐤𝐚𝐣𝐚𝐫𝐞𝐧 က အခုလို အကြံပြုထားပါတယ် -

✅ အသက် ၂၀ ကစပြီး နှစ်စဉ် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ စတင်ပြုလုပ်ဖို့ အကြံပြုလိုပါတယ်။ ဒါမှသာ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။
✅ ခန္ဓာကိုယ်ကပေးတဲ့ အချက်ပြချက်များကို သတိထားပါ:
ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားရရင် ဆေးရုံလာဖို့ မနှေးပါနဲ့။ ဥပမာ -
• မကြာခဏ ဆီးသွားတာမျိုး
• ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာ (သို့မဟုတ်) ကျသွားတာမျိုး
ဒါတွေဟာ သင့်ကျန်းမာရေးကို အလေးထား စစ်ဆေးဖို့ လိုအပ်နေပြီဆိုတဲ့ ခိုင်လုံတဲ့ အချက်ပြချက်တွေပဲ ဖြစ်ပါတယ်။

🌟 "ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါတယ်"
သင့်ရဲ့ ကျန်းမာတဲ့ အနာဂတ်အတွက် ဒီနေ့ပဲ 𝐕𝐢𝐌𝐔𝐓 ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ ရက်ချိန်းယူလိုက်ပါ။
📞 အသေးစိတ်စုံစမ်းမေးမြန်းရန်:
📧 [email protected]
📞+66 (0)2 079 0001 (TH/ EN language)
💜Viber: +66 (0) 811 459 081 (MM language)
📥 chatbox မှ အသေးစိတ်မေးမြန်းနိုင်ပါသည်
📍ViMUT map: https://goo.gl/maps/b9y8bZH96dVFEBkc7

#ကျန်းမာရေး #နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်း #ကျန်းမာရေးဗဟုသုတ

ที่อยู่

500 Phahonyothin Road, Samsen Nai, Phaya Thai
Bangkok
10400

เบอร์โทรศัพท์

+6620790000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Vimut Hospital - Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท