Phyathai 3 Myanmar Office in collaboration with Khit Myat Noe

Phyathai 3 Myanmar Office in collaboration with Khit Myat Noe ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Phyathai 3 Myanmar Office in collaboration with Khit Myat Noe, การแพทย์และสุขภาพ, 111 Phet Kasem Road, Phasi Charoen, Bangkok.

မင်္ဂလာပါ💁🏻‍♂️ ဖရာထိုင်း(၃)ဆေးရုံ ကနေကြိုဆိုလိုက်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြီးပြည့်စုံတဲ့ ကျန်းမာရေးစစ်ဆေးမှုများအတွက် ယုံကြည်စိတ်ချရဆုံးနှင့် ကျွမ်ကျင်ဆရာဝန်များနှငိ့ သူနာပြုများရှိသောကြောင့် ကျန်းမာရေးအတွက်တစ်နေရာတည်းမှာတင်ပြည့်စုံစေပါသည်။

🔬ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ကို ဘာကြောင့် ပုံမှန်လုပ်သင့်သလဲ?💁‍♂️ရောဂါဖြစ်မှ ဆေးကုတာထက်မဖြစ်ခင် ကြိုတင်ကာကွယ...
10/08/2026

🔬ကျန်းမာရေးစစ်ဆေးမှု
(Medical Check-up) ကို ဘာကြောင့် ပုံမှန်လုပ်သင့်သလဲ?

💁‍♂️ရောဂါဖြစ်မှ ဆေးကုတာထက်
မဖြစ်ခင် ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်။

💁‍♂️လူအများစုဟာ နေကောင်းတယ်လို့ ထင်နေကြပေမယ့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးအဆီဓာတ်မြင့်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ရောဂါ၊ တချို့သော ကင်ဆာ ရောဂါများသည် အစောပိုင်းတွင် လက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်။

💁‍♂️ဒါကြောင့် Medical Check-up ကို
ပုံမှန်ပြုလုပ်ခြင်းက ကျန်းမာရေးကို ကြိုတင်ကာကွယ်ရန် အရေးကြီးဆုံးခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

🌟 Medical Check-up ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

✅ ရောဂါများကို အစောပိုင်းတွင် ရှာဖွေတွေ့ရှိနိုင်ခြင်း

👉လက္ခဏာမပြမီ ရောဂါကို သိရှိနိုင်သောကြောင့် ကုသမှုကို အချိန်မီ စတင်နိုင်ပြီး ကုသပျောက်ကင်းနိုင်ခြေ ပိုမိုကောင်းမွန်စေပါတယ်။

✅ ပြင်းထန်သော နောက်ဆက်တွဲရောဂါများကို လျှော့ချနိုင်ခြင်း

👉သွေးတိုး၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ်မြင့်ခြင်းတို့ကို စောစီးစွာ
ထိန်းထားနိုင်ပါက နှလုံးရောဂါ၊ လေဖြတ်ရောဂါ နှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။

✅ သင့်ကျန်းမာရေး အခြေအနေကို တိတိကျကျ သိရှိနိုင်ခြင်း

👉သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်၊ သွေးအဆီဓာတ်၊ အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်များအပါအဝင် ကျန်းမာရေးအခြေအနေကို စစ်ဆေးသိရှိနိုင်ပါတယ်။

✅ ကျန်းမာသော လူနေမှုပုံစံကို စတင်နိုင်ခြင်း

👉ဆရာဝန်၏ အကြံပြုချက်များအတိုင်း အစားအသောက်၊ လေ့ကျင့်ခန်းနှင့် နေထိုင်မှုပုံစံကို ပြုပြင်နိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

✅ ရေရှည်တွင် အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေခြင်း

👉ရောဂါကို အစောပိုင်းတွင် တွေ့ရှိပြီး ကုသခြင်းသည် ရောဂါပြင်းထန်လာမှ ကုသခြင်းထက် ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်လည်း နည်းပါးနိုင်ပါတယ်။

📌 ဘယ်သူတွေ Medical Check-up ပြုလုပ်သင့်လဲ?

❇️အသက် ၃၅ နှစ်နှင့်အထက် လူကြီးများ

❇️မိသားစုတွင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ သို့မဟုတ် ကင်ဆာ ရောဂါရာဇဝင်ရှိသူများ

❇️ဆေးလိပ်သောက်သူများ၊ အရက်သောက်လေ့ရှိသူများ

❇️အဝလွန်သူများ သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု နည်းသူများ

❇️မိမိကျန်းမာရေးကို ကြိုတင်စောင့်ရှောက်လိုသူများ

🩵 သင့်ကျန်းမာရေးသည် သင့်အတွက် အရေးကြီးဆုံးသော ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။

🏥 Phyathai 3 Hospital တွင် ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများနှင့် အတွေ့အကြုံရှိ အထူးကုဆရာဝန်ကြီးများမှ လူတစ်ဦးချင်းစီ၏ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် ကိုက်ညီသော Medical Check-up Package များဖြင့် စစ်ဆေးပေးလျက်ရှိပါသည်။

💁‍♂️အသေးစိတ် Package များ၊ စျေးနှုန်းများနှင့် ရက်ချိန်းရယူလိုပါက Page Messenger သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🔹မြန်မာပြည်ရုံးခွဲများမှာ

"ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
🏥 (၂၆-၂၇)၊(၇၃-၇၄)လမ်းကြား၊သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊မန္တလေးမြို့။




#ကျန်းမာရေးစစ်ဆေးမှု
ဖုန်း-☎️၀၉၈၉၉၇၉၀၀၀၈

💓 နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း (Arrhythmia) ဆိုတာ ဘာလဲ။"တစ်စုံတစ်ယောက်ကို ချစ်မိလို့ ရင်ခုန်တာမျိုးလား" ဆိုရင် လုံ...
10/08/2026

💓 နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း (Arrhythmia) ဆိုတာ ဘာလဲ။
"တစ်စုံတစ်ယောက်ကို ချစ်မိလို့ ရင်ခုန်တာမျိုးလား" ဆိုရင် လုံးဝမဟုတ်ပါဘူး။
အနားယူနေစဉ်မှာ သွေးတိုးခြင်း၊ စိတ်လှုပ်ရှားခြင်း မရှိဘဲ နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာတာ၊ အရမ်းနှေးသွားတာ သို့မဟုတ် မမှန်တာမျိုးကို နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း (Arrhythmia) လို့ ခေါ်ပါတယ်။
📊 ပုံမှန် နှလုံးခုန်နှုန်း ပမာဏ-
ပုံမှန် ခုန်နှုန်း: တစ်မိနစ်လျှင် အကြိမ် ၆၀ မှ ၁၀၀ ကြား
ခုန်နှုန်းမြန်ခြင်း (Tachycardia): တစ်မိနစ်လျှင် အကြိမ် ၁၀၀ ထက် ခုန်နှုန်းမြန်ခြင်း
ခုန်နှုန်းနှေးခြင်း (Bradycardia): တစ်မိနစ်လျှင် ၆၀ အောက် ခုန်နှုန်းနှေးခြင်း
⚠️ သတိပြုရမည့် လက္ခဏာများ-
❌ ရင်တုန်ခြင်း၊ ရင်ဘတ်ထဲ တဒုန်းဒုန်း ခုန်နေခြင်း
❌ မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း သို့မဟုတ် သတိလစ်ချင်သလို ဖြစ်ခြင်း
❌ ချွေးစေးများထွက်ခြင်း နဲ့ မောပန်းလွယ်ခြင်း
❌ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
💡 ဘာကြောင့် ဖြစ်ရတာလဲ။ နှလုံးရောဂါအခံရှိခြင်း၊ သွေးတိုးရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ ကဖီးင်း (Caffeine) သို့မဟုတ် အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် သိုင်းရွိုက်ရောဂါများကြောင့် ဖြစ်ပွားနိုင်ပါတယ်။
🩺 ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသရမလဲ။ ထိုကဲ့သို့ ရင်တုန်ခြင်း၊ မူးဝေခြင်းနှင့် ချွေးစေးထွက်ခြင်းများကို မကြာခဏ ခံစားရပါက လုံးဝ မပေါ့ဆသင့်ပါ။ နှလုံးအထူးကုဆရာဝန်နှင့် ချက်ချင်းပြသပြီး လျှပ်စစ်နှလုံးစက် (ECG) ရိုက်ကူးကာ စနစ်တကျ စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
ပုံမှန် နှလုံးခုန်နှုန်းကို စောင့်ကြည့်ပြီး သင့်နှလုံးကျန်းမာရေးကို ဂရုစိုက်ပါ! ❤️
🙏✨ Phyathai 3 Hospital မှာ ဆေးကုသမှုခံယူချင်တာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် ဆေးစစ်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်ကို မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းနိုင်ပြီး ရက်ချိန်းရယူနိုင်ပါပြီ။

🚨 "ခဏခဏ မောတာ သာမန် ပင်ပန်းရုံတင် မဟုတ်ရင်ကော...❓" 💔အနည်းငယ် လှုပ်ရှားရုံနဲ့ လွယ်လွယ်နဲ့ မောပန်းလွယ်တာ 😮‍💨 ရင်ဘတ်ထဲ လေးပ...
07/08/2026

🚨 "ခဏခဏ မောတာ သာမန် ပင်ပန်းရုံတင် မဟုတ်ရင်ကော...❓" 💔
အနည်းငယ် လှုပ်ရှားရုံနဲ့ လွယ်လွယ်နဲ့ မောပန်းလွယ်တာ 😮‍💨 ရင်ဘတ်ထဲ လေးပင်စို့အောင့်သလို ခံစားရတာ 💔 ခေါင်းမူးတာ၊ သွေးတိုးတာ ဒါမှမဟုတ် မကြာခဏ ရင်တုန်တာတွေကို "ခဏတာ ပင်ပန်းလို့ပါ" ဆိုပြီး လျစ်လျူရှုထားမိပါသလား…❓

⚠️ သတိပြုပါ- ဒီလို သေးငယ်တဲ့ သတိပေးချက်တွေဟာ မသိလိုက်ဘဲ ရောက်ရှိလာနိုင်တဲ့ နှလုံးရောဂါရဲ့ အစပျိုး လက္ခဏာများ ဖြစ်နေနိုင်ပါတယ်။

✨ စောစောစီးစီး ကြိုတင်စစ်ဆေးခြင်းဟာ သင့်အသက်ကို ကာကွယ်ရာ ရောက်သလို စိတ်အေးချမ်းမှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ 💚

🩺 Phyathai 3 Hospital ရဲ့ 2026 Heart Checkup Packages
သင့်နှလုံးကျန်းမာရေးနှင့် လိုအပ်ချက်အပေါ် မူတည်ပြီး ရွေးချယ်နိုင်သော အထူးဆေးစစ်အစီအစဉ် (၂) မျိုး:
1️⃣ Heart Checkup ECHO Package — 8,000 THB

✨ နှလုံး အာထရာဆောင်း (Echocardiogram) ရိုက်ကူး၍ နှလုံးကြွက်သားများနှင့် အဆို့ရှင်များ၏ လုပ်ဆောင်ချက်ကို အသေးစိတ် စစ်ဆေးပေးခြင်း။
2️⃣ Heart Checkup EST Package — 8,000 THB

✨ အပြေးစက်ပေါ်တွင် စမ်းသပ်ခြင်း (Exercise Stress Test) ဖြင့် ခန္ဓာကိုယ် လှုပ်ရှားမှုပြုလုပ်ချိန် နှလုံး၏ လုပ်ဆောင်ချက်နှင့် သွေးကြောကျဉ်း/ပိတ် စသည့် အခြေအနေများကို စစ်ဆေးပေးခြင်း။

📋 ဆေးစစ်အစီအစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ:
🫀 နှလုံးအထူးစစ်ဆေးမှု: Echo သို့မဟုတ် EST + EKG (နှလုံးလျှပ်စစ်ဓာတ်မှန်)
🩸 သွေးနှင့် ဆီးဓာတ်ခွဲစစ်ဆေးမှု: သွေးတွင်းအဆီ၊ ကျောက်ကပ်စွမ်းဆောင်ရည်၊ အသည်းစွမ်းဆောင်ရည် စသည်ဖြင့် အပြည့်အစုံ
🧑‍⚕️ အထူးကုဆရာဝန်နှင့် အဖြေဆွေးနွေးခြင်း
👩‍⚕️ သူနာပြု Care Team ဝန်ဆောင်မှု
🇲🇲 မြန်မာစကားပြန် အစအဆုံး ဝန်ဆောင်မှု
📑 ဆေးမှတ်တမ်း စာအုပ်
🍲 အစားအသောက် ကူပွန် (Food Coupon)
(💡 မိမိဆန္ဒအရ ထပ်မံစစ်ဆေးလိုသည့် အချက်များကိုလည်း Add-on ပြုလုပ်၍ စစ်ဆေးနိုင်ပါသည်)

📌 ဆေးမစစ်မီ ပြင်ဆင်ရန် အချက်များ:
သွေးမစစ်ဆေးမီ အနည်းဆုံး (၈) နာရီ အစာနှင့် ရေ ရှောင်ထားရန် လိုအပ်ပါသည်။
✨ သင့်နှလုံးကျန်းမာရေးကို ဒီနေ့ပဲ စတင်စောင့်ရှောက်လိုက်ပါ။ 🙏🏻

🙏✨ Phyathai 3 Hospital မှာ ဆေးကုသမှုခံယူချင်တာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် ဆေးစစ်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်ကို မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းနိုင်ပြီး ရက်ချိန်းရယူနိုင်ပါပြီ။

💁🏻‍♂️ဆေးကုသဖို့အတွက် စုံစမ်းလိုပါက
🔹Phyathai-3 International Hospital သည် ဘန်ကောက်မြို့တွင်တည်ရှိပြီး
လိပ်စာမှာ-111 Petchkasem Road, Pak Khlong Phasi Charoen, Phasi Charoen, Bangkok, 10160 ဖြစ်ပါသည်။
🔹မြန်မာပြည်ရုံးခွဲများမှာ
"ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
🏥 (၂၆-၂၇)၊(၇၃-၇၄)လမ်းကြား၊သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊မန္တလေးမြို့။
ဖုန်း-☎️၀၉၈၉၉၇၉၀၀၀၈
“Mingalarpar Healthcare Center”
🏥အမှတ်၁၃၇၊၄၆လမ်း၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့။
ဖုန်း-☎️၀၉၇၅၀၁၄၇၃၅၄

⚠️ စားကောင်းသောက်ကောင်းတွေရဲ့ နောက်ကွယ်က အသွင်ပြောင်းအဆီ (Trans Fat)✨ ကြက်ကြော်၊ ဘာဂါနဲ့ အကြော်အလှော်တွေဟာ အရသာရှိပေမဲ့ ...
06/08/2026

⚠️ စားကောင်းသောက်ကောင်းတွေရဲ့ နောက်ကွယ်က အသွင်ပြောင်းအဆီ (Trans Fat)
✨ ကြက်ကြော်၊ ဘာဂါနဲ့ အကြော်အလှော်တွေဟာ အရသာရှိပေမဲ့ သင့်နှလုံးကို တဖြည်းဖြည်း ပျက်စီးစေနိုင်တယ်ဆိုတာ သိပါသလား။

✨ဒီလို အသင့်စား Fast Food တွေ၊ မုန့်ဖုတ်ဆီ (Margarine) နဲ့ သက်တမ်းကြာရှည်ခံအောင် ပြုပြင်ထားတဲ့ မုန့်တွေမှာ ပါဝင်တဲ့ Trans Fat (အသွင်ပြောင်းအဆီ) ဟာ -
❌ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ HDL (ကောင်းသောအဆီ) ကို လျှော့ချပေးတယ်
❌ သွေးကြောကို ပိတ်ဆို့စေမယ့် LDL (မကောင်းသောအဆီ) နဲ့ တိုင်ဂလစ်စရိုက် (Triglycerides) ကို တိုးပွားစေတယ်
❌ သွေးကြောတွေကို ရောဂါရစေပြီး နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်း တို့ကို ဖြစ်စေတယ်

💡 ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်မလဲ။
🔹 အစားအသောက်မဝယ်မီ Nutrition Label တွင် "Trans Fat: 0g" ပါမပါ စစ်ဆေးပါ
🔹 ကြက်ကြော်၊ အာလူးကြော် စသည့် အကြော်အလှော်များအစား ပြုတ်/ပေါင်း/ကင် ပြုလုပ်ထားသော အစားအစာများကို ပြောင်းလဲစားသုံးပါ
🔹 သံလွင်ဆီ၊ ငါးကြီးဆီ၊ အစေ့အဆန် စသည့် ကျန်းမာရေးအတွက် ကောင်းမွန်သော သဘာဝအဆီများကို ရွေးချယ်ပါ
🔹 ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပြီး နှလုံးကျန်းမာရေးကို စနစ်တကျ စစ်ဆေးပါ

✨ ခဏတာ လျှာအရသာအတွက်နဲ့ သင့်နှလုံးကျန်းမာရေးကို မရင်းနှီးလိုက်ပါနဲ့။ ဒီနေ့ပဲ အသွင်ပြောင်းအဆီ စားသုံးမှုကို လျှော့ချပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ပုံစံကို စတင် ပြောင်းလဲလိုက်ပါ။ ❤️

🙏✨ Phyathai 3 Hospital မှာ ဆေးကုသမှုခံယူချင်တာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် ဆေးစစ်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်ကို မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းနိုင်ပြီး ရက်ချိန်းရယူနိုင်ပါပြီ။

🫀 "အသက်အရွယ် ပိုကြီးလာလေလေ... နှလုံးကျန်းမာရေးက ပိုမိုအရေးကြီးလေလေပါပဲ"⚠️ ဘာမှပင်ပန်းတာမလုပ်ဘဲ ထိုင်နေရင်းနဲ့မှ ရုတ်တရက်...
05/08/2026

🫀 "အသက်အရွယ် ပိုကြီးလာလေလေ... နှလုံးကျန်းမာရေးက ပိုမိုအရေးကြီးလေလေပါပဲ"

⚠️ ဘာမှပင်ပန်းတာမလုပ်ဘဲ ထိုင်နေရင်းနဲ့မှ ရုတ်တရက် ရင်တုန်ပြီး နှလုံးခုန်မြန်လာတာမျိုး သင့်မိဘဘိုးဘွားတွေမှာ ခံစားနေရပါသလား?

💔 ဒါဟာ သာမန်ပင်ပန်းရုံတင် မဟုတ်ဘဲ "နှလုံးခုန်နှုန်းမမှန်သည့်ရောဂါ" (Cardiac Arrhythmia) ရဲ့ အစောပိုင်း သတိပေးလက္ခဏာ ဖြစ်နိုင်ပါတယ်။

📋 လူကြီးမိဘတွေမှာ သတိထားရမည့် သတိပေးလက္ခဏာများ -
💓 အကြောင်းမဲ့ ရင်တုန်ခြင်း သို့မဟုတ် နှလုံးခုန် မြန်လွန်း/နှေးလွန်းခြင်း
💫 မကြာခဏ မူးဝေခြင်း နှင့် မောပန်းလွယ်ခြင်း
😵‍စုံ သတိလစ် မေ့လဲမတတ် ဖြစ်ခြင်း
ထိုအပြင် ရင်ဘတ်ထဲ အောင့်အောင့်သွားခြင်း နှင့် အသက်ရှူရ ခက်ခဲခြင်းများပါ ကြုံတွေ့ရတတ်ပါတယ်။

⚠️ ပေါ့ဆမိပါက ဘာတွေဖြစ်လာနိုင်သလဲ?
အချိန်မီ မကုသပါက နှလုံးကြွက်သားများ အားနည်းလာပြီး လေဖြတ်ခြင်း (Stroke)၊ နှလုံးပျက်စီးခြင်း (Heart Failure) သို့မဟုတ် ရုတ်တရက် အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။

💡 ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး စောင့်ရှောက်မှုပါပဲ
✨ နှလုံးရောဂါဟာ စနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စေခြင်းနှင့် ပုံမှန် နှလုံးကျန်းမာရေး စစ်ဆေးမှုများ (Regular Health Checkups) ခံယူပေးခြင်းဖြင့် အန္တရာယ်ကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။

✨ ချစ်ရတဲ့ မိဘဘိုးဘွားတွေ ကျန်းမာဝမ်းသာစွာဖြင့် အနားမှာ ရေရှည်ရှိနေစေဖို့... သူတို့ရဲ့ နှလုံးကျန်းမာရေးကို ဒီနေ့ပဲ စတင်စစ်ဆေးပေးလိုက်ပါနော်။ ❤️

🙏🏻 Phyathai 3 Hospital တွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန် သို့မဟုတ် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက Messenger (Chat Box) မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

💁🏻‍♂️ ဆေးကုသဖို့အတွက် စုံစမ်းလိုပါက 🔹 Phyathai-3 International Hospital (Bangkok, Thailand)
လိပ်စာ: 111 Petchkasem Road, Pak Khlong Phasi Charoen, Phasi Charoen, Bangkok, 10160
🔹 မြန်မာပြည်ရုံးခွဲ (မန္တလေး) "ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
လိပ်စာ: (၂၆-၂၇)၊ (၇၃-၇၄) လမ်းကြား၊ သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊ မန္တလေးမြို့။
ဖုန်း: ☎️ 09-899790008

👁️✨ မနက်တိုင်း မိတ်ကပ်လိမ်းတဲ့အခါ ဒါမှမဟုတ် မှန်ကြည့်တိုင်း မျက်လုံးလေးတွေက မှိုင်းနေတယ်၊ မျက်ခွံတွဲနေတယ်၊ မညီမညာ ဖြစ်နေ...
05/08/2026

👁️✨ မနက်တိုင်း မိတ်ကပ်လိမ်းတဲ့အခါ ဒါမှမဟုတ် မှန်ကြည့်တိုင်း မျက်လုံးလေးတွေက မှိုင်းနေတယ်၊ မျက်ခွံတွဲနေတယ်၊ မညီမညာ ဖြစ်နေတယ်လို့ ခံစားဖူးပါသလား? ✨

💢 မနက်တိုင်း မျက်ခွံမညီလို့၊ မျက်ခွံအထပ် တွဲကျနေလို့ စိတ်ညစ်နေရတာတွေကို နှုတ်ဆက်လိုက်ပါ။
✅ ထိပ်တန်းဆေးရုံကြီးမှာ သဘာဝကျကျ လှပတဲ့ မျက်ခွံနှစ်ထပ်ကို အထူးသက်သာတဲ့ ဈေးနှုန်းဖြင့် ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးဆိုရင်ရော...? 🤫✨

🚨 မျက်ခွံနှစ်ထပ် ခွဲစိတ်ကုသခြင်း (Double Eyelid Surgery) ကို Review Case ပြုလုပ်သူများအတွက် အထူးလျှော့ဈေး ပရိုမိုးရှင်း! (လူဦးရေ ၁၀ ဦးသာ ကန့်သတ်ထားပါသည်။)

✨ မိမိ၏ တောက်ပကြည်လင်သော မျက်ဝန်းအလှကို ယုံကြည်မှုအပြည့်နဲ့ ပိုင်ဆိုင်လိုက်ပါ။ Phyathai 3 ဆေးရုံကြီး၏ Surgical Center မှ Double Eyelid Surgery အတွက် Review Case များကို စတင်လက်ခံနေပါပြီ။

🧑🏼‍⚕️ အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီး Dr. Ping (Dr. Ping Dulayanat Aranyapala, M.D.) ကိုယ်တိုင် စိတ်ချယုံကြည်စွာ ခွဲစိတ်ပြုပြင်ပေးသွားမည် ဖြစ်ပါသည်။

💎 Review Case Starting Price - 👁️ မျက်ခွံနှစ်ထပ် ခွဲစိတ်ကုသခြင်း စတင်ဈေး: ၃၀,၀၀၀ THB (မူရင်း - ၃၇,၅၀၀ THB)
🎁 အထူးခံစားခွင့်များ -
ပထမဆုံး ၁၀ ဦးသာ အထူးဈေးနှုန်း ရရှိမည်!
ပထမဆုံးအကြိမ် ဆရာဝန်နှင့် အခမဲ့ ဆွေးနွေးတိုင်ပင်ခွင့် (First-Time Free Consultation)

🚨 ဒီအထူးအစီအစဉ်လေးကိုတော့ ပထမဆုံး လာရောက်လုပ်ဆောင်သူ (၁၀) ဦးသာ ရရှိမှာဖြစ်တာမို့ အရေအတွက် မပြည့်ခင် အမြန်ဆုံး လာရောက်လုပ်ဆောင်ဖို့ မမေ့ပါနဲ့နော်။✨
📅 ပရိုမိုးရှင်း ကာလ: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ အထိသာ အကျုံးဝင်ပါသည်။
📍 Location: Surgical Center, Phyathai 3 Hospital (14th Floor)

👉 လှပတဲ့ မျက်ဝန်းအလှကို ပိုင်ဆိုင်ဖို့ အခုပဲ Phyathai 3 ဆေးရုံမှာ ဆရာဝန်နှင့် အခမဲ့ ဆွေးနွေးရန် Appointment ရယူလိုက်ပါ! 💬

🙏✨ Phyathai 3 Hospital မှာ ဆေးကုသမှုခံယူချင်တာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် ဆေးစစ်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်ကို မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းနိုင်ပြီး ရက်ချိန်းရယူနိုင်ပါပြီ။

💁🏻‍♂️ဆေးကုသဖို့အတွက် စုံစမ်းလိုပါက
🔹Phyathai-3 International Hospital သည် ဘန်ကောက်မြို့တွင်တည်ရှိပြီး
လိပ်စာမှာ-111 Petchkasem Road, Pak Khlong Phasi Charoen, Phasi Charoen, Bangkok, 10160 ဖြစ်ပါသည်။
🔹မြန်မာပြည်ရုံးခွဲများမှာ
"ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
🏥 (၂၆-၂၇)၊(၇၃-၇၄)လမ်းကြား၊သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊မန္တလေးမြို့။
ဖုန်း-☎️၀၉၈၉၉၇၉၀၀၀၈
“Mingalarpar Healthcare Center”
🏥အမှတ်၁၃၇၊၄၆လမ်း၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့။
ဖုန်း-☎️၀၉၇၅၀၁၄၇၃၅၄

🦠ခါးပတ်ရေယုန် ဆိုတာဘာလဲ ❓👉ခါးပတ်ရေယုန် (Herpes Zoster) သည် Varicella-Zoster Virus  ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး ငယ်...
05/08/2026

🦠ခါးပတ်ရေယုန် ဆိုတာဘာလဲ ❓

👉ခါးပတ်ရေယုန် (Herpes Zoster) သည် Varicella-Zoster Virus ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး ငယ်စဉ်က ရေကျောက် (Chickenpox) ဖြစ်ဖူးသူများတွင် ဖြစ်ပွားနိုင်ပါသည်။

💁‍♂️ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ?

✅အသက် (၅၀) ကျော် လူကြီးများ
✅ဆီးချိုရောဂါရှိသူများ
✅ကင်ဆာ လူနာများ
✅HIV/AIDS ရှိသူများ
✅Steroid သို့မဟုတ် ကိုယ်ခံအားကျဆင်းစေသောဆေးများ သောက်နေသူများ
✅အိပ်ရေးမဝခြင်း
✅စိတ်ဖိစီးမှုများခြင်း

🧨ရောဂါ ဖြစ်ပွါးပုံအဆင့်များ

၁။ အဖုမထွက်မီ အဆင့်

▶️အဖုမထွက်မီ ၁ ရက်မှ ၅ ရက်ခန့်အတွင်း

✳️စူးရှနာကျင်ခြင်း

✳️ပူလောင်သလိုခံစားရခြင်း

✳️ယားယံခြင်း

✳️လျှပ်စစ်ရှော့တိုက်သလို နာကျင်ခြင်း
ထုံကျင်ခြင်း

ဖြစ်နိုင်ပါသည်။

၂။ အဖုထွက်သည့်အဆင့်

✳️အရေပြားနီလာသည်။

✳️ရေကြည်ဖုအသေးများ အစုလိုက်ထွက်လာသည်။

✳️အဖုများသည် ခန္ဓာကိုယ်၏ တစ်ဖက်တည်း တွင်သာ ဖြစ်လေ့ရှိသည်။

✳️များသောအားဖြင့် ရင်ဘတ်၊ ကျော၊ ခါး၊ မျက်နှာတို့တွင် တွေ့ရတတ်သည်။

✳️အဖုများသည် အာရုံကြောတစ်ကြော၏ လမ်းကြောင်းအတိုင်း ပေါ်လာသည်။

၃။ အနာဖေးတက်သည့်အဆင့်

▶️၇ ရက်မှ ၁၀ ရက်ခန့်အတွင်း

✳️ရေကြည်ဖုများ ပေါက်ကွဲသည်။

✳️အနာဖေးတက်လာသည်။

✳️၂ ပတ်မှ ၄ ပတ်အတွင်း ပျောက်ကင်းတတ်သည်။

💁‍♂️ဘာကြောင့် နာကျင်ရသလဲ?

👉ရေယုန်သည် အရေပြားရောဂါသာ မဟုတ်ဘဲ အာရုံကြောရောင်ရမ်းခြင်း ဖြစ်သောကြောင့် နာကျင်မှုသည် ပြင်းထန်နိုင်ပြီး အဖုပျောက်သွားပြီးနောက်လည်း ဆက်လက်နာကျင်နေနိုင်ပါသည်။

💁‍♂️Postherpetic Neuralgia (PHN) ဆိုတာ ဘာလဲ?

👉အဖုပျောက်သွားပြီး ၃ လကျော်အထိ အာရုံကြောနာကျင်မှု ဆက်ရှိနေခြင်းကို Postherpetic Neuralgia ဟုခေါ်သည်။

👉PHN သည် အသက်ကြီးသူများတွင် ပိုမိုတွေ့ရပါသည်။

💁‍♂️ဘယ်အချိန်မှာ Antiviral ဆေး စသောက်သင့်သလဲ?
👉အဖုစထွက်ပြီး ၇၂ နာရီအတွင်း Antiviral ဆေးများကို စတင်သောက်သင့်ပါသည်။

စောစောကုသခြင်းဖြင့်

📌Virus ပျံ့ပွားမှုကို လျှော့ချပေးသည်။
📌အဖုပျောက်မြန်စေသည်။
📌နာကျင်မှု လျော့နည်းစေသည်။
📌Postherpetic Neuralgia ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

🙏🏻Phyathai 3 Hospital မှာ ဆေးကုသမှုခံယူချင်တာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် ဆေးစစ်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

💁🏻‍♂️ဆေးကုသဖို့အတွက် စုံစမ်းလိုပါက

🔹Phyathai-3 International Hospital သည် ဘန်ကောက်မြို့တွင်တည်ရှိပြီး
လိပ်စာမှာ-111 Petchkasem Road, Pak Khlong Phasi Charoen, Phasi Charoen, Bangkok, 10160 ဖြစ်ပါသည်။

🔹မြန်မာပြည်ရုံးခွဲများမှာ

"ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
🏥 (၂၆-၂၇)၊(၇၃-၇၄)လမ်းကြား၊သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊မန္တလေးမြို့။
ဖုန်း-☎️၀၉၈၉၉၇၉၀၀၀၈

“Mingalarpar Healthcare Center”
🏥အမှတ်၁၃၇၊၄၆လမ်း၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့။
ဖုန်း-☎️၀၉၇၅၀၁၄၇၃၅၄



#ခါးပတ်ရေယုန်


👵 "အသက်ကြီးရင် ကျန်းမာရေး ချို့ယွင်းတာ သဘာဝပါပဲ..." လို့ သတ်မှတ်ထားဆဲပဲလား?အသက် ၆၀၊ ၇၀ အထိ အားအင်ပြည့်ဝပြီး တက်ကြွစွာ လှ...
04/08/2026

👵 "အသက်ကြီးရင် ကျန်းမာရေး ချို့ယွင်းတာ သဘာဝပါပဲ..." လို့ သတ်မှတ်ထားဆဲပဲလား?
အသက် ၆၀၊ ၇၀ အထိ အားအင်ပြည့်ဝပြီး တက်ကြွစွာ လှုပ်ရှားနေနိုင်တဲ့ စံပြလူကြီးတွေကို မြင်တဲ့အခါ "ငါလည်း အသက်ကြီးရင် ဒီလိုပဲ ကျန်းမာနုပျိုနေချင်တယ်" လို့ တွေးမိဖူးမှာပါ။

အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ် ယိုယွင်းတာ သဘာဝဖြစ်ပေမဲ့ "သွေးတွင်းအဆီ (Cholesterol)" မြင့်တက်လာတာကိုတော့ သဘာဝအတိုင်း ပစ်မထားသင့်ပါဘူး။

🚨 သွေးတွင်းအဆီဓာတ်က သင့်နှလုံးကို ဘယ်လိုဒုက္ခပေးသလဲ။
မကောင်းတဲ့ အဆီဓာတ် (LDL) တွေဟာ သွေးကြောနံရံတွေမှာ အဆီဂျီးအဖြစ် စုပုံလာပြီး သွေးကြောတွေကို တဖြည်းဖြည်း ထူထဲကျဉ်းမြောင်းသွားစေပါတယ်။

❌ သွေးစီးဆင်းမှု လျော့နည်းခြင်း: နှလုံးဆီ အောက်ဆီဂျင် ရောက်ရှိမှု နည်းပါးသွားပါတယ်။

💔 တိတ်တဆိတ် အန္တရာယ်ပေးခြင်း: သွေးကြောပိတ်ဆို့မှု ပြင်းထန်လာချိန်အထိ မည်သည့် လက္ခဏာမျှ မပြဘဲ ရုတ်တရက် နှလုံးရပ်ဆိုင်းခြင်း (Sudden Heart Attack) အထိ ဖြစ်ပွားသွားနိုင်ပါတယ်။

💡 အသက်ကြီးပေမဲ့ မပျက်စီးဘဲ ကျန်းမာစွာ နေထိုင်နိုင်ဖို့ -
၁။ 🥗 ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ: အဆီအစိမ့်နှင့် အကြော်အလှော်များကို လျှော့ချပါ။
၂။ 🏃‍♂️ ပုံမှန် လှုပ်ရှားပါ: တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးပါ။
၃။ 🩺 အဆီဓာတ်ကို ကြိုတင် စစ်ဆေးပါ: သွေးတွင်း အဆီပမာဏကို သိရှိထားမှသာ အချိန်မီ ထိန်းချုပ်နိုင်ပါမည်။

💚 အတိတ်က အလေ့အကျင့်တွေကြောင့် သွေးကြောထဲ အဆီတွေ စုပုံနေပြီလားဆိုတာ သိနိုင်ဖို့ ဒီနေ့ပဲ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်လိုက်ပါနော်။

🙏🏻 Phyathai 3 Hospital တွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန် သို့မဟုတ် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက Messenger (Chat Box) မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
💁🏻‍♂️ ဆေးကုသဖို့အတွက် စုံစမ်းလိုပါက 🔹 Phyathai-3 International Hospital (Bangkok, Thailand)
လိပ်စာ: 111 Petchkasem Road, Pak Khlong Phasi Charoen, Phasi Charoen, Bangkok, 10160
🔹 မြန်မာပြည်ရုံးခွဲ (မန္တလေး) "ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
လိပ်စာ: (၂၆-၂၇)၊ (၇၃-၇၄) လမ်းကြား၊ သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊ မန္တလေးမြို့။
ဖုန်း: ☎️ 09-899790008

✨ မိမိနဲ့ အလိုက်ဖက်ဆုံး၊ သဘာဝကျကျ လှပတဲ့ နှာခေါင်းပုံစံလေးကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရောက်ရှိလို့လာပါပြီ! 👃✨🚨 နှာခေါင...
04/08/2026

✨ မိမိနဲ့ အလိုက်ဖက်ဆုံး၊ သဘာဝကျကျ လှပတဲ့ နှာခေါင်းပုံစံလေးကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရောက်ရှိလို့လာပါပြီ! 👃✨

🚨 နှာခေါင်း ခွဲစိတ်ကုသခြင်း (Rhinoplasty) ကို Review Case ပြုလုပ်သူများအတွက် အထူးလျှော့ဈေး ပရိုမိုးရှင်း! (ပထမဆုံး လာရောက်သူ ၁၀ ဦးသာ ကန့်သတ်ထားပါသည်။)

✨ Phyathai 3 ဆေးရုံကြီး၏ Surgical Center မှ Rhinoplasty Review Case Model များကို စတင်လက်ခံနေပါပြီ။

✨ လုံခြုံစိတ်ချရမှုနဲ့ အရည်အသွေးကို စိုးရိမ်စရာမလိုဘဲ စိတ်တိုင်းကျ သဘာဝကျကျ လှပတဲ့ နှာတံလေးကို ပိုင်ဆိုင်ချင်ပါသလား?
🧑🏼‍⚕️ အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီး Dr. Ping (Dr. Ping Dulayanat Aranyapala, M.D.) ကိုယ်တိုင် စိတ်ချယုံကြည်စွာ ပုံဖော်ပေးသွားမည် ဖြစ်ပါသည်။

💰 Review Case Starting Price - 👃 နှာခေါင်း ခွဲစိတ်ကုသခြင်း (Rhinoplasty): ၂၉,၀၀၀ THB (မူရင်း - ၃၆,၀၀၀ THB)
🎁 အထူးခံစားခွင့်များ -
ပထမဆုံး ၁၀ ဦးသာ အထူးဈေးနှုန်း ရရှိမည်!
ပထမဆုံးအကြိမ် ဆရာဝန်နှင့် အခမဲ့ ဆွေးနွေးတိုင်ပင်ခွင့် (First-Time Free Consultation)

🚨 ဒီအထူးအစီအစဉ်လေးကိုတော့ ပထမဆုံး လာရောက်လုပ်ဆောင်သူ (၁၀) ဦးသာ ရရှိမှာဖြစ်တာမို့ အရေအတွက် မပြည့်ခင် အမြန်ဆုံး လာရောက်လုပ်ဆောင်ဖို့ မမေ့ပါနဲ့နော်။✨

📅 ပရိုမိုးရှင်း ကာလ: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ အထိသာ အကျုံးဝင်ပါသည်။
📍 Location: Surgical Center, Phyathai 3 Hospital (14th Floor)

👉 မိမိ၏ လှပကျော့ရှင်းသော နှာတံလေးကို ဖန်တီးဖို့အတွက် အခုပဲ Phyathai 3 ဆေးရုံမှာ Appointment ယူလိုက်တော့နော်! 💬

🙏✨ Phyathai 3 Hospital မှာ ဆေးကုသမှုခံယူချင်တာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် ဆေးစစ်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်ကို မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းနိုင်ပြီး ရက်ချိန်းရယူနိုင်ပါပြီ။
💁🏻‍♂️ဆေးကုသဖို့အတွက် စုံစမ်းလိုပါက
🔹Phyathai-3 International Hospital သည် ဘန်ကောက်မြို့တွင်တည်ရှိပြီး
လိပ်စာမှာ-111 Petchkasem Road, Pak Khlong Phasi Charoen, Phasi Charoen, Bangkok, 10160 ဖြစ်ပါသည်။
🔹မြန်မာပြည်ရုံးခွဲများမှာ
"ခေတ်မြတ်နိုး - ဆီးနှင့်ကျောက်ကပ်အထူးကုဆေးခန်း"
🏥 (၂၆-၂၇)၊(၇၃-၇၄)လမ်းကြား၊သီရိမင်္ဂလာ အိမ်ယာဝင်းအတွင်း၊မန္တလေးမြို့။
ဖုန်း-☎️၀၉၈၉၉၇၉၀၀၀၈
“Mingalarpar Healthcare Center”
🏥အမှတ်၁၃၇၊၄၆လမ်း၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့။
ဖုန်း-☎️၀၉၇၅၀၁၄၇၃၅၄

ที่อยู่

111 Phet Kasem Road, Phasi Charoen
Bangkok
10160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyathai 3 Myanmar Office in collaboration with Khit Myat Noeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Phyathai 3 Myanmar Office in collaboration with Khit Myat Noe:

ทางลัด

แชร์