24/08/2026
STROKE! မိနစ်တိုင်းဟာအသက်တစ်ချောင်းပါ
🧠 "လေဖြတ်ခြင်းရောဂါ"ဆိုသည်မှာ သွေးကြောနှင့်အာရုံကြောတို့မှ ပုံမှန်မဟုတ်သောချို့ယွင်းမှုတို့ကြောင့်ဖြစ်သည်၊၊ ၎င်းတို့ကိုအမျိုးစား (3) မျိုးဖြင့်ခွဲခြားထားပါသည်။
▪ ဦးနှောက်သွေးကြောကျဉ်းခြင်း (သို့) ဦးနှောက်သွေးလည်ပတ်မှုနည်းခြင်းမှာ 80% ရာခိုင်နှုန်းသော လေဖြတ်ရောဂါရှိသူတို့တွင်တွေ့ရတတ်သည်၊၊
▪ ဦးနှောက်အတွင်းသွေးထွက်ခြင်း (သို့) ဦးနှောက်သွေးကြောပေါက်ခြင်းမှာ သွေးတိုးရောဂါရှိသူ၊ ဦးနှောက်သွေးကြောရောင်ခြင်းနှင့် သွေးကျဲဆေးသောက်သုံးသူတို့တွင်တွေ့ရတတ်သည်။
▪ ယာယီဦးနှောက်သွေးလည်ပတ်မှုမရှိခြင်း ( TIA ) များသောအားဖြင့် 24 နာရီအထက် မကျော်သောအချိန်တွင်ဖြစ်တတ်သည်။
🔍 B. E. F. A. S. T စနစ်ဖြင့် စသည့်လက္ခဏာများဆန်းစစ်နိုင်ခြင်း...
B = BALANCE ခေါင်းမူးခြင်း၊ ဒယိမ်းဒယိုင်းဖြစ်ခြင်း။
E = EYE မျက်လုံးမှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း။
F = FACE မျက်နှာ (သို့) ပါးစပ် တစ်ခြမ်းရွဲ့ခြင်း။
A = ARM ခြေ (သို့) လက်တစ်ခြမ်း အားနည်း၍ထုံကျဥ်ခြင်း။
S = SPEECH လျှာလေး၍ ပီသစွာမပြောနိုင်ခြင်း၊ စကားပြောရခက်ခြင်း။
T = TIME 4-5 နာရီအချိန်အတွင်း ဆေးကုသမှုခံယူရန် ဆေးရုံသို့အမြန်ဆုံးသွားသင့်ပါသည်။
🚨 ဤလက္ခဏာများခံစားရပါက 4-5 နာရီအတွင်း!! အမြန်ဆုံးဆေးကုသမှုခံယူခြင်းဖြင့်
သေဆုံးမှုနှုန်း လျှော့ချရန်နှင့် ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာနိုင်ပါသည်၊၊
#ပကန် #ထိုင်းရောက်မြန်မာ #ဘန်ကောက်