Mission Hospital Myanmar

Mission Hospital Myanmar ရွှေမြန်မာမိသားစုများအတွက် နိုင်ငံတကာအဆင့်မီ နွေးထွေးပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှု

မင်္ဂလာပါ.. မစ်ရှင်ဆေးရုံကြီးမှ သင်နှင့်သင့်မိသားစု၊ သင့်မိတ်ဆွေများ၏ ကျန်းမာရေးအတွက် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်အသင့်ရှိပါသည်။

ကျွမ်းကျင်သောအထူးကုပါရဂူကြီးများ၏ ဆေးပညာ၊ ခေတ်မီသောနည်းစနစ်များ၊ နောက်ဆုံးပေါ်ရောဂါရှာဖွေစစ်ဆေးကုသရေးစက်ကိရိယာများဖြင့် လှိုက်လှဲပြူငှာနွေးထွေးသော ဝန်ဆောင်မှုများကြောင့် နိုင်ငံတကာမှ နှစ်စဉ် ဆေးကုသမှုလာရောက်ခံယူသူများ ယုံကြည်လက်ခံမှုရရှိလာသော ဆေးရုံကြီးဖြစ်ပါသည်။

ဆေးရုံတည်ရှိရာနေရာမှာ 430 Pitsanuloke Road, Dusit, Bangkok 10300, Thailand.

အသေးစိတ်အချက်အလက်များအတွက်
မန္တလေးရုံး- ၀၉ ၄၃၁၆ ၆၉၃၁ ၊ ၀၉ ၉၅၃၀၀ ၉၇၇၈ (ဖုန်း/Viber/Line)၊
ဘန်ကောက်ရုံး-+66944400859 (ဖုန်း/Viber/Line) များမှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ထိုင်းနိုင်ငံ၏ အမေများဂုဏ်ပြု​သောအားဖြင့် သိပ်ချစ်ရတဲ့ မေမေများအတွက် အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်ကို ​ရွေးချယ်ပေးနိုင်ပါပြီ....
04/08/2026

ထိုင်းနိုင်ငံ၏ အမေများဂုဏ်ပြု​သောအားဖြင့် သိပ်ချစ်ရတဲ့ မေမေများအတွက် အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်ကို ​ရွေးချယ်ပေးနိုင်ပါပြီ..

Happy Mom ကျန်းမာရေးစစ်ဆေးမှုအစီအစဉ် Package - 1,499 ဘတ်
(ဆရာဝန်ခနှင့် ဆေးရုံဝန်ဆောင်မှုခ ပါဝင်ပြီးဖြစ်ပါသည်)

(ထပ်ဆောင်း အထူးလျှော့ဈေး - ကျန်းမာရေးစစ်ဆေးမှု အမျိုးအစား ၁၆ မျိုးအထိ အများဆုံး 20% လျှော့ဈေး)

စစ်ဆေးမည့်အချက်များ
✅️ ဆရာဝန်မှ အထွေထွေကိုယ်ခန္ဓာ စစ်ဆေးခြင်း (Physical Examination)
✅️ အသက်ရှူ၊ နှလုံးခုန်နှုန်း စသည့် အခြေခံအသက်တာလက္ခဏာများ စစ်ဆေးခြင်း (Vital Signs)
✅️ သွေးပေါင်ချိန် တိုင်းတာခြင်း (Blood Pressure)
✅️ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အချိုးအစား (BMI)
✅️ ရင်ဘတ်ဓာတ်မှန် (Chest X-ray)
✅️ သွေးစစ်ဆေးခြင်း (Complete Blood Count)
✅️ အစာမစားမီ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း (Fasting Blood Sugar)
✅️ သွေးတွင်းကောင်းသောအဆီနှင့် မကောင်းသောအဆီစစ်ဆေးခြင်း (HDL, LDL)
✅️ သွေးတွင်း ကိုလက်စထရောနှင့် Triglyceride စစ်ဆေးခြင်း
✅️ ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း (BUN, Creatinine, eGFR)
✅️ အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း (ALT)
✅️ ဆီးစစ်ဆေးခြင်း (Urine Analysis)

ဝန်ဆောင်မှု ရယူရန် စည်းကမ်းချက်များ
📌 စစ်ဆေးမည့်နေ့မတိုင်မီ ၈–၁၀ နာရီ အစာနှင့် အချိုရည်များ မသောက်ရ
📌 စစ်ဆေးချိန် ၂–၃ နာရီခန့် ကြာမြင့်မည်
📌 အဓိက Package ဝယ်ယူသူများသည် အခြားကျန်းမာရေးစစ်ဆေးမှုများကို အထူးလျှော့ဈေးဖြင့် ထပ်မံဝယ်ယူနိုင်ပါသည်

ပရိုမိုးရှင်းကာလ

2026 ခုနှစ် ဩဂုတ်လ 1 ရက်မှ 31 ရက်အထိ
ဝန်ဆောင်မှုကို 2026 ခုနှစ် စက်တင်ဘာလ 30 ရက် အထိ အသုံးပြုနိုင်ပါသည်။...........................
ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

ဆက်သွယ်ရန်
Thailand +66 944 400 859
Mandalay 09 4316 6931, 09 9736 69428

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

16/06/2026
ဘန်ကောက်မစ်ရှင်ဆေးရုံရဲ့ ၈၉ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ဒီ...
12/06/2026

ဘန်ကောက်မစ်ရှင်ဆေးရုံရဲ့ ၈၉ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ပေးကြတဲ့ ခရိုင်အစိုးရအရာရှိများ၊ အလှူရှင်မိသားစုများ၊ အသင်း​တော် အဖွဲ့အစည်းများမှ အမှုဆောင်ညွှန်ကြား​ရေးမှူးများ၊ မိတ်ဖက်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့်
ဆရာဝန်ကြီးများ၊ သူနာပြုများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

​ဆေးရုံကြီးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "The Art of Humanized Care" (လူသားဆန်သော ပြုစုစောင့်ရှောက်မှု) ဟာ ကျွန်ုပ်တို့ရဲ့ ဆေးရုံရဲ့ ယုံကြည်ချက်ဖြစ်ပြီး ကျန်းမာ​ရေးဝန်​​ဆောင်မှုဖြင့် ပိုမိုကောင်းမွန်စွာ ရောဂါကုသ စောင့်ရှောက်ပေးဖို့ရန် အသင့်ရှိပါတယ်။

ယုံကြည်စိတ်ချစွာဖြင့် ကျန်းမာ​ရေးကုသခြင်းအတွက်လာ​ရောက်ကြ​သော မိတ်​ဆွေများအားလုံးကိုလဲ အထူး​ကျေးဇူးတင်လျက်... 🙏💙

#မစ်ရှင်ဆေးရုံဘန်ကောက်၈၉နှစ်

မစ်ရှင်ဆေးရုံကြီးသည် ၈၉ နှစ်တိုင်တိုင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြော...
12/06/2026

မစ်ရှင်ဆေးရုံကြီးသည် ၈၉ နှစ်တိုင်တိုင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်. နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာရေးနယ်ပယ်တွင် ပိုမိုကောင်းမွန်နွေးထွေးသော ကျန်းမာရေး၀န်ဆောင်မှုများပေးရန် ဆက်လက်ကြိုးစားတည်ဆောက်သွားပါမည်..

89th Anniversary The Arts for Humanized Care

ကြောရိုးညှပ်ခြင်း ဆိုတာဘာလဲ?ကြောရိုးညှပ်ခြင်း (သို့) အာရုံကြောဖိမိနေခြင်းဆိုတာ ကျောရိုးမကြီးအတွင်းရှိ အာရုံကြောတစ်ခုကို ...
08/06/2026

ကြောရိုးညှပ်ခြင်း ဆိုတာဘာလဲ?
ကြောရိုးညှပ်ခြင်း (သို့) အာရုံကြောဖိမိနေခြင်းဆိုတာ ကျောရိုးမကြီးအတွင်းရှိ အာရုံကြောတစ်ခုကို ပတ်လည်က တစ်ရှူးများ (အရိုး၊ အရွတ်၊ ကြွက်သား) ကဖိမိနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုဖိမိခြင်းကြောင့် အာရုံကြောရဲ့ လုပ်ဆောင်မှုတွေ ထိခိုက်ကာ နာကျင်မှု၊ ထုံကျင်မှု၊ အားနည်းမှုတွေ ဖြစ်ပေါ်စေပါတယ်။

ဖြစ်ပွားနိုင်တဲ့ နေရာများ -
• လည်ပင်း (Cervical): လက်မောင်း၊ လက်၊ လက်ချောင်းတွေမှာ လက္ခဏာပြတတ်ပါတယ်။
• ခါး (Lumbar): အဖြစ်များဆုံး။ တင်ပဆုံ၊ ခြေထောက်နဲ့ ခြေချောင်းတွေကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေ ထိခိုက်ပါတယ်။

လက္ခဏာများ
ဘယ်အာရုံကြောထိခိုက်သလဲဆိုတာပေါ် မူတည်ပါတယ်။
• နာကျင်မှု - ခါးနာခြင်း၊ ပြင်းထန်တဲ့အားနဲ့ စူးထိုးသလို နာကျင်ခြင်း။ နာတဲ့နေရာက အာရုံကြောလမ်းကြောင်းအတိုင်း ခြေထောက်/လက်ဖျားထိ ပျံ့နှံ့နိုင်ပါတယ်။
• ထုံကျင်ခြင်း - ခြေထောက်/လက်တွေမှာ ပင့်ကူအိမ်ထဲကျသလို ထုံကျင်နေတတ်ပါတယ်။
• ကြွက်သားအားနည်းခြင်း - ခြေထောက်/လက်တွေ အားပျော့လာတတ်ပါတယ်။ ပစ္စည်းတွေကျတာ၊ မတ်တတ်ရပ်ရခက်တာ ဖြစ်နိုင်ပါတယ်။
• ဆီးဝမ်းထိန်းရခက်ခြင်း - ဒီလက္ခဏာရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ?
• အိမ်မှာကုသတာနဲ့ ရက်သတ္တပတ်အတန်ကြာတ်တိုင်အောင် မသက်သာရင်
• နာကျင်မှုက တဖြည်းဖြည်း ပိုဆိုးလာရင်
• ခြေထောက်/လက်တွေ ထုံကျင်တာ၊ အားနည်းတာက ပိုဆိုးလာရင် ဆရာ၀န်နှင့် ပြသတိုင်ပင် ေဆွးေနွးသင့်ပါတယ်.

အထက်ပါအချက်အလက်များသည် အထွေထွေဗဟုသုတအတွက်သာဖြစ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းကို အစားထိုးရန် မဟုတ်ပါ။ ကိုယ့်မှာရှိတဲ့ ပြဿနာကို အတိအကျသိရှိပြီး သင့်တော်တဲ့ ကုသမှုခံယူဖို့ ဆရာဝန်နဲ့ အမြဲတမ်းပြသပါ။
...........................
ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)
ဆက်သွယ်ရန်
Thailand +66 944 400 859
Mandalay 09 4316 6931, 09 9736 69428
Yangon 09 43119729

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

မစ်ရှင်​ဆေးရုံရဲ့ ၈၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား အထူး ကျန်းမာရေးစစ်​ဆေးရန် ပရိုမိုးရှင် Package များနှင့်မိတ်ဆက်​ပေး...
08/06/2026

မစ်ရှင်​ဆေးရုံရဲ့ ၈၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား အထူး ကျန်းမာရေးစစ်​ဆေးရန် ပရိုမိုးရှင် Package များနှင့်မိတ်ဆက်​ပေးလိုက်ပါတယ်.
ကျန်းမာခြင်းဟာ ကိုယ့်အတွက်ရော၊ ကိုယ်ချစ်ရသူတွေအတွက်အကောင်းဆုံးလက်ဆောင်ဖြစ်ပါတယ်.

🩺 ကျန်းမာရေး စစ်ဆေးမှု အစီအစဉ် (ကျား/မ) – ၈၉၉ ဘတ်သာ
❗ ထပ်ဆောင်း စစ်ဆေးမှုတွေကို ၈၉ ဘတ်ကနေ စတင် ရွေးချယ်နိုင်
(၈၉၉ ဘတ် အခြေခံပက်ကေ့ချ်ကို ယူမှသာ အကျုံးဝင်ပါမယ်)

💉 ကာကွယ်ဆေး အထူးစျေးနှုန်းများ

✔ တုပ်ကွေး ကာကွယ်ဆေး (၄ မျိုးစပ်)
၁ ကြိမ် – ၆၉၀ ဘတ်
ဒုတိယထိုးဆေးမှ စ၍ ၁၀% လျှော့ဈေး – ၆၂၁ ဘတ်

✔ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး (Qdenga)
၂ ကြိမ် – ၄,၅၀၀ ဘတ်

✔ ရေယုန်နာကျင်း (Shingles) ကာကွယ်ဆေး (Shingrix)
၂ ကြိမ် – ၁၂,၀၀၀ ဘတ်

✔ အဆုတ်ရောင် ကာကွယ်ဆေး
Pneumovax23 – ၁ ကြိမ်၊ ၁,၈၀၀ ဘတ်
Prevnar13 – ၁ ကြိမ်၊ ၂,၈၀၀ ဘတ်

✨ နေ့တိုင်း သန်မာကျန်းမာတဲ့ ဘဝအတွက် ဒီနေ့ပဲ ဂရုစိုက်လိုက်ပါ။

မျက်စိအတွင်းတိမ် (Cataract) ဆိုတာဘာလဲမျက်စိအတွင်းရှိ သဘာဝမှန်ဘီလူးသည် အသက်ကြီးလာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အခြာ...
06/06/2026

မျက်စိအတွင်းတိမ် (Cataract) ဆိုတာဘာလဲ
မျက်စိအတွင်းရှိ သဘာဝမှန်ဘီလူးသည် အသက်ကြီးလာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အခြားအကြောင်းများကြောင့် မြင်အာရုံမှုန်ဝါးလာခြင်းကို မျက်စိအတွင်းတိမ်ဟုခေါ်ပါသည်။

ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်မှာ
- ထုံဆေးပေးခြင်း - မျက်စိကို ထုံဆေးထိုးပြီး နာကျင်မှုမရှိစေရန် ပြုလုပ်ပါသည်
- အသေးစားခွဲခြင်း - မျက်ကြည်လွှာတွင် အလွန်သေးငယ်သော ခွဲစိတ်မှုပြုလုပ်ပါသည်
- အတွင်းတိမ်ဖယ်ရှားခြင်း - အသံလှိုင်းသုံးကိရိယာဖြင့် မှုန်နေသော သဘာ၀မှန်ဘီလူးကို ဖယ်ရှားပါသည်
- မှန်ဘီလူးအသစ်ထည့်ခြင်း အစားထိုးခြင်းအဆင့်များပါ၀င်ပါသည်.

ခွဲစိတ်ကုသမှုအမျိုးအစားများ
- Phacoemulsification - အသုံးအများဆုံးနည်းလမ်း (အသံလှိုင်းသုံးခြင်း)
- Extracapsular cataract surgery - အတွင်းတိမ်အကြီးစားများအတွက်
- Laser-assisted cataract surgery - လေဆာနည်းပညာသုံးခြင်း

ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်မှု
- မျက်စဉ်းဆေးခတ်ခြင်း
- မျက်လုံးကာကွယ်စောင့်ရှောက်ခြင်း
- ညွှန်ကြားချက်များအတိုင်း လိုက်နာခြင်း
- ပုံမှန်ပြန်လည်စစ်ဆေးခြင်း

မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုသည် စိတ်ချရသောခွဲစိတ်မှုတစ်ခုဖြစ်ပြီး အောင်မြင်နှုန်းမြင့်မားကာ လူနာအများစုသည် ခွဲစိတ်ပြီး ၂၄ နာရီအတွင်း အမြင်အာရုံတိုးတက်ကောင်းမွန်လာတတ်ပါသည်။
.......................

ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် -
Thailand : +66 944 400 859 ,
Mandalay : 09 4316 6931, 09 9736 69428
Yangon : 094 311 9729

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

Hyperthyroidism (သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံထုတ်လုပ်ခြင်း)Hyperthyroidism ဆိုတာ လည်ပင်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ သိုင်...
04/06/2026

Hyperthyroidism (သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံထုတ်လုပ်ခြင်း)
Hyperthyroidism ဆိုတာ လည်ပင်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်း (Thyroid Gland) ကနေ သိုင်းရွိုက်ဟော်မုန်း (Thyroid Hormones - T3 & T4) တွေကို လိုအပ်တာထက်ပိုပြီး အများအပြားထုတ်လုပ်မိတဲ့ ရောဂါအခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ (Metabolism) ကို ထိန်းချုပ်တာကြောင့် ဒီဟော်မုန်းတွေများနေရင် ခန္ဓာကိုယ်ရဲ့စွမ်းအင် သုံးစွဲမှုနှုန်း မြန်ဆန်သွားပါတယ်။

Hyperthyroidism ရဲ့ အဓိက လက္ခဏာများ
🔸ဟော်မုန်းများပြီး ဇီဝကမ္မဖြစ်စဉ်တွေ မြန်ဆန်တဲ့အတွက် ဒီလိုလက္ခဏာတွေ ပေါ်လာတတ်ပါတယ် -
🔸နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း (Tachycardia)
🔸ချွေးထွက်များခြင်း၊ အပူမခံနိုင်ခြင်း
🔸ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ အားနည်းခြင်း
🔸စိတ်လှုပ်ရှားလွယ်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ အာရုံစိုက်ရခက်ခြင်း
🔸အိပ်မပျော်ခြင်း
🔸လက်တုန်ခြင်း (Tremors)
🔸ပိန်သွားခြင်း - အစားစားချင်စိတ်ရှိသော်လည်း ကိုယ်အလေးချိန်ကျဆင်းခြင်း
🔸ခြေသည်း/လက်သည်း ပျက်စီးလွယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း
🔸မျက်စိပြူးတက်လာခြင်း၊ မျက်လုံးထွက်လာခြင်း (Graves' ophthalmopathy) - Graves' disease လိုမျိုး အကြောင်းရင်းမှာ အဖြစ်များတယ်
🔸သိုင်းရွိုက်ဂလင်း ကြီးလာခြင်း (Goiter) - လည်ပင်းရှိတုန်း ဖောင်းကြွတ်နေခြင်း

Hyperthyroidism ဖြစ်ရတဲ့ အဓိကအကြောင်းရင်းများ
- Graves' Disease - အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က သိုင်းရွိုက်ဂလင်းကို ပြန်တိုက်တဲ့ Autoimmune Disease တစ်မျိုးဖြစ်ပါတယ်။
- Toxic Nodular Goiter - သိုင်းရွိုက်ဂလင်းမှာ အကျိတ်အခဲ (Nodules) တွေဖြစ်ပြီး ဟော်မုန်းတွေ အလွန်အမင်းထုတ်လုပ်တဲ့အတွက် ဖြစ်တယ်။
- Thyroiditis - သိုင်းရွိုက်ဂလင်း ရောင်ရမ်းတဲ့အခါ သိုလှောင်ထားတဲ့ ဟော်မုန်းတွေ ရုတ်တရက်ထွက်လာပြီး လက္ခဏာပြတတ်တယ်။
-အိုင်အိုဒင်းဓာတ် လွန်ကဲစွာစားသုံးမိခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်.

ဘယ်လိုစစ်ဆေးမှုတွေ လုပ်လေ့ရှိလဲ?
- သွေးစစ်ခြင်း
- TSH (Thyroid-Stimulating Hormone) : ပုံမှန်အားဖြင့် များနေတဲ့ သိုင်းရွိုက်ဟော်မုန်းကို ဟန့်တားဖို့ TSH ပမာဏ လျော့နည်းနေမယ်။
- T3 & T4 : ဒီဟော်မုန်း (သို့မဟုတ် Free T4) တွေရဲ့ ပမာဏ မြင့်မားနေမယ်။
- Radioactive Iodine Uptake Test - အကြောင်းရင်းကို ခွဲခြားသိရှိဖို့ ကူညီပေးတယ် (Graves' disease လား၊ Nodules လား)။
- သိုင်းရွိုက်ဂလင်း အာထရာဆောင်းရိုက်ခြင်း တို့ဖြစ်ပါတယ်.

အထက်ပါလက္ခဏာတွေ ခံစားနေရပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။
.......................

ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန် -
Thailand : +66 944 400 859 ,
Mandalay : 09 4316 6931, 09 9736 69428
Yangon : 094 311 9729

📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Endoscopy) ဆိုတာ ခန္ဓာကိုယ်အတွင်းရှိ အစာခြေလမ်းကြောင်း (ပါးစပ...
02/06/2026

အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Endoscopy) ဆိုတာ ခန္ဓာကိုယ်အတွင်းရှိ အစာခြေလမ်းကြောင်း (ပါးစပ်၊ အစာပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး) ကို ကင်မရာတပ်ဆင်ထားသော ပျော့ပြောင်းသည့် မှန်ပြောင်းငယ်ဖြင့် တိုက်ရိုက်ကြည့်ရှုပြီး ရောဂါရှာဖွေကုသသည့် နည်းလမ်းဖြစ်ပါသည်။

ဘယ်လိုလူနာမျိုး မှန်ပြောင်းကြည့်သင့်သလဲ?
- အစာမျိုရခက်ခြင်း၊ မကြာခဏအန်ခြင်း
- ဗိုက်အောင့်ခြင်း၊ ဝမ်းသွေးပါခြင်း
- အစာအိမ်/အူမကြီးကင်ဆာ ရှိသည်ဟုသံသယရှိပါက
- အသက် ၅၀ ကျော်လူများ အူမကြီးကင်ဆာ စစ်ဆေးရန်..
.............................................................................

ဆေးရုံနှင့်ပါတ်သတ်ပြီး ကုသခြင်းနည်းပညာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် အထူးနှုံးထားများကို စုံစမ်းမေးမြန်းလိုပါက (Mobile/Viber /Line) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
📍Mission Hospital Bangkok ဆေးရုံလိပ်စာ
430 Phitsanulok Rd, Si Yaek Maha Nak, Dusit District, Bangkok 10300
📍Google Map : https://goo.gl/maps/VrEn7J5A1uaoBWPG6
(ပတူနမ်း ဧရိယာ မှ ကားစီးလျှင် 5 မိနစ်ခန့်သာ)
ဆက်သွယ်ရန်
Thailand +66 944 400 859
Mandalay 09-761-033530
Yangon 09-431-19729

#မစ်ရှင်ဆေးရုံကြီးဘန်ကောက် #ဘန်ကောက်ရှိဆေးရုံ

ที่อยู่

No. 430, Pitsanulok Road, Siyek Mahalnak, Dusit
Bangkok
10300

เบอร์โทรศัพท์

+959973669428

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mission Hospital Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Mission Hospital Myanmar:

ทางลัด

แชร์

ประเภท