Tayza Aung Occultist

โทร เส้นทาง ติดต่อ คลินิก

Tayza Aung Occultist Amulet & Burmese Magical Bamboo Tattoo Shop

အိပ်မက်စေပီယအစီအရင်၁။ လပြည့်သောည ၊ လဆန်းသောည ၊ ရက်ရာဇာဖြစ်သောည ၊အမြိတ္တစုတ်ကြုံသောည တစ်ညညတွင်၂။ ဘုရားစင်ရှေ့တွင် ငါးပါးသ...
27/09/2026

အိပ်မက်စေပီယအစီအရင်

၁။ လပြည့်သောည ၊ လဆန်းသောည ၊ ရက်ရာဇာဖြစ်သောည ၊
အမြိတ္တစုတ်ကြုံသောည တစ်ညညတွင်

၂။ ဘုရားစင်ရှေ့တွင် ငါးပါးသီလဆောက်တည်ပြီးနောက်

၃။ မိမိအိပ်ယာခေါင်းရင်းနေရာတွင်နေ၍ ပိတ်ဖြူတစ်ထွာပတ်လည်လောက်ခင်း ဝလုံးကလေး ( ၃ ) လုံး ဆော့ပင်နဲ့တစ်လုံးပေါ်တစ်လုံးထပ်ကွင်း (ပုံတွင်ကြည့်ပါ)

၄။ အတွင်းဆုံးကွင်းထဲ မိမိနေ့နံနှင့်ချစ်ခင်သူနေ့နံ ပူးရေးထား

၅။ ငှက်ပျောသီး ( ၇ ) လုံး ၊ ထန်းလျှက် ( ၇ ) ခဲ ၊ လဘက် ( ၇ ) ပုံ ပန်းကန်ပြားတစ်ခုထဲထည့်ကိုင်၍ ( ဥုံ မိန္ဒဒေဝီ သက္ကောဒေဝီ မဏိမေခလာဒေဝီ ကိန္ဒရာဒေဝီ ရုက္ခဒေဝီ စန္ဒီဒေဝီ စန္ဒာဒေဝီ သက်ပေ ဆရာ သက်ပေ ) မန္တန်ခုနှစ်ခေါက်ရွတ်၍ ဒေဝီ ၇ ပါးပင့်

၆။ ဝလုံးသုံးထပ်အတွင်းဆုံး နေ့နံနှစ်ခုပူးထားသောနေရာတွင် မိမိချစ်သူကို ပေါ်ထင်ကြည့် စိတ်မပျံ့အောင်ထိန်းထားရင်း
( ဥုံ သူရဿတီ မယ်ဒေဝီ ချင်းဆရာချင်း ကပ်ဆရာကပ် ပြဆရာပြ ) ၃၇ ခေါက်ရွတ်

၇။ ထို့နောက် မိမိခေါင်းအုံး ခေါင်းတင်ပြီး အိပ်နေကြဘက်ကို စီရင်ထားသော ဝသုံးကွင်းပေါ်တွင် အပေါ်မှ ထပ်တင်၍ အိပ်ပါ ။

မှတ်ချက် ။ ။ ဝသုံးကွင်းရေးသော ပိတ်ဖြူအောက်တွင် မိမိအဝတ်စ နှင့် မိမိချစ်သူအဝတ်စပူးခံကာ ထားပါက ပိုမိုထက်မြတ်စေသည် ။ ဤအစီအရင်သည် မိမိချစ်ခင်သူတွင်
မိမိကို အိပ်မက် မက်စေ၏ ။ စွဲလမ်းတမ်းတလာစေ၏ ။ ချစ်ခင်လာစေ၏ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ညို့ရောင်နီဆေးဒီဆေးကတော့အမျိူးသမီးများနဲ့ lgbt သမားတွေအတွက် အဓိကထားစီရင်ထားတဲ့ပီယဆေးဖြစ်ပြီး လိင်တူ ၊ လိင်ကွဲ ၊ ဆန့်ကျင်...
25/09/2026

ညို့ရောင်နီဆေး

ဒီဆေးကတော့အမျိူးသမီးများနဲ့ lgbt သမားတွေအတွက် အဓိကထားစီရင်ထားတဲ့ပီယဆေးဖြစ်ပြီး လိင်တူ ၊ လိင်ကွဲ ၊ ဆန့်ကျင်ဖက်လိင် စွယ်စုံသုံးလို့ရတဲ့အတွက် အမျိုးသားများလည်းဆောင်လို့သုံးလို့ရပါတယ် ။

အဓိက ကဒီဆေးကို စန်းနဲ့ညို့ဓာတ်ပိုင်းဆိုင်ရာကိစ္စတွေမှာ အပွင့်ကြမ်းစေဖို့ ၊ play စရာ ကိစ္စလေးတွေ ၊ အများကြားမျက်နှာပွင့်ရမယ့်ကိစ္စလေးတွေ ၊ စန်းနှင့်လာဘ်ပါတွဲပွင့်လိုသူတွေ ၊ အလုပ်ကိစ္စတွေမှာပါသုံးနိုင်ပါတယ် ။

ဒီဆေးရဲ့အားသာချက်က အပွင့်ဘက်မှာ လက်မလည်တဲ့အထိ ပွင့်ဖို့တော့ အာမခံပါတယ် ။

ရည်းစားကို တပတ်တယောက်ထားလိုသူတွေ ၊ မိမိ သဘောကျတဲ့ လူက lgbtမဟုတ်လို့ အဆင်မပြေတဲ့ လူတွေအနေနဲ့လဲ ဒီကိစ္စတွေအတွက် ဒီဆေးဟာသင့်ပါတယ် ။

လက်ရှိမှာတော့ နှစ်ပုလင်းသာစီရင်ထားပြီး ပညာကြေး အတော်သင့်မြင့်ပါမယ် ။

ဆရာတေဇအောင် ( မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင် )

ဆံကေသာအတွက် ဆီလိမ်းမန္တန်ဥုံ တေလ တေလ ဂုရု လံပံ သွာဟဒီမန္တန်ဖြင့် မိမိတို့ခေါင်းကိုလိမ်းမယ့် နံ့သာ ၊ ခေါင်းလိမ်းဆီ ၊အုန်း...
24/09/2026

ဆံကေသာအတွက် ဆီလိမ်းမန္တန်

ဥုံ တေလ တေလ ဂုရု လံပံ သွာဟ

ဒီမန္တန်ဖြင့် မိမိတို့ခေါင်းကိုလိမ်းမယ့် နံ့သာ ၊ ခေါင်းလိမ်းဆီ ၊
အုန်းဆီ စတာတွေကို ( ၃၇ ) အုပ်မန်း၍ ပုံမှန်လိမ်းပေးပါက
ဆံပင်မကျွတ်ခြင်း ၊ ဆံပင်သန်ခြင်း ၊ ဆံကေသာ နက်မှောင်ခြင်း ၊ ကံအညံ့များပြေပျောက်ခြင်း ဖြစ်စေပါတယ် ။

မှတ်ချက် ။ ။ ဒီပညာသင်တဲ့အချိန်တုန်းကတော့ ဆရာက
အုန်းဆီပုလင်းထဲ ဆယ့်နှစ်ရာသီပန်းများထည့်ထားပါက
ပီယကောင်းစေတယ်ဟုဆို၏ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

နာမ်လောကချိတ်ဆက်သောကျင့်စဉ်တစ်မျိုး****************************************ပထမဦးစွာမိမိမွေးနေ့၌ မိမိနေထိုင်သောအိမ်တွင် ည...
23/09/2026

နာမ်လောကချိတ်ဆက်သောကျင့်စဉ်တစ်မျိုး
****************************************

ပထမဦးစွာမိမိမွေးနေ့၌ မိမိနေထိုင်သောအိမ်တွင် ညအခါ၌ တိတ်ဆိတ်ငြိမ်သက်စွာထိုင်၍ မိမိခန္ဓာကိုယ်တစ်ခုလုံး၏ အတွင်းပိုင်း ခေါင်းမှခြေဖျားအထိ စိတ်အာရုံဖြင့် ခံစားပြီးကြည့်ပါ။ ထပ်ခါထပ်ခါကြည့်ပါ။ တဖြည်းဖြည်း ခန္ဓာအတွင်းပိုင်းကိုမြင်လာရလိမ့်မည်။
အူ အသဲ နှလုံး အကြော စသော အတွင်းပိုင်း
ခန္ဓာအစိတ်အပိုင်းများကို မြင်အောင်ကြည့်ပါ။
ထိုအကျင့်ကို တစ်ပတ်လေ့ကျင့်ပါ။
တစ်ပတ်လေ့ကျင့်ပြီး နောက်နေ့ မိမိမွေးနေ့ ညနေပိုင်း
တွင် နတ်ရဲသစ်ပင်ကြီးတစ်ပင်ဆီသို့သွား၍
အမွှေးတိုင်သက်စေ့ လှူဒါန်းပြီး
နာမ်လောကနှင် မိမိဆက်သွယ် ပေါင်းကူးလိုကြောင်း
ဆုတောင်းဆန္ဒပြုပါ။ ထိုည၌ လေ့ကျင့်ရမည်မှာ
မိမိအိမ်အပြင်ဘက် အမိုးအကာမရှိသောနေရာသို ညသန်းခေါင်တွင် သွားပါ။ ခြံဝင်းကျယ်လျှင်
မိမိခြံအတွင်း ပြုလုပ်နိုင်သည်။ ရောက်လျှင် မြေကြီးပေါ်တွင် ထောင့်လေးထောင့်သက်မှတ်၍
သစ်သားငုတ် လေးငုတ်စိုက်ပါ။ ထိုလေးငုတ်၏ အလယ်ဗဟိုတွင် တစ်ငုတ် ကိုခပ်မြင့်မြင့်စိုက်ပါ။ အားလုံးပေါင်း ( ၅ ) ငုတ်ပါ။ ထို့နောက်ထိုငုတ်များအားလုံးကိုအပ်ချည်ကြိုး
ချည်ကြိုးစစ်စစ်ဖြင့် ပတ်လည်ဆက်သွယ်ချည်ပါ။
ဘေးထောင့် တစ်ထောင့်ကိုချည်ပြီးလျှင် အလယ်ဗဟိုကို တစ်ခါဝင်ချည်ပါ။ ထိုအခါ ဖြစ်နေသောပုံစံမှာ
အိမ်လေးတစ်အိမ်ကဲ့သို့ဖြစ်နေမည်။
ကြိုးက အားလုံး အရပ်လေးမျက်နှာ လေးကြိုး ၊
အတွင်းဗဟိုသို့ သွားသောကြိုး လေးကြိုး ဖြစ်၍
အားလုံး ( ၈ ) ကြိုးပါ။ ကြိုးအိမ်စည်းကို ပြင်ဆင်ပြီးလျှင်
ရာဟု( အနောက်မြောက် ) ဒေါင့်၌ ရှိသောငုတ်ဘေးသို့ အမွှေးတိုင်သက်စေ့ထွန်းပါ။
ပြီးလျှင် တောင်အရပ်မျက်နှာက ကြိုးအိမ်အတွင်းသို့ ဝင်ရောက်၍ အလယ်ငုတ်ကို မျက်နှာပြုထိုင်ကာ မျက်စိမှိတ်ထားပါ ။ စိတ်ကိုငြိမ်ငြိမ်ထားပါ ။
ဘာမှမတွေးမကြံနေပါနှင့် ငြိမ်ငြိမ်လေးပဲ ထိုင်နေပါ။ နာမ်လောကသားများလာရောက်ဆက်သွယ်ပါလိမ့် မည်။ မကြောက်ပါနှင့် သူတို့သည် မိမိ၏ အမူအကျင့်ဆန္ဒတွေကို သိသည်။
ထို့အတွက်ကြောင့် မိမိလိုလားနေသော ကိစ္စရပ်များ မိမိသိချင်နေသောကိစ္စများကို ပြောကြလိမ့်မည်။
မိမိ ကျင့်စဉ်သိမ်းချင်သောအခါ အာရုံကို ဖြေလျော့သတိထား၍ မျက်စိဖွင့်ပါ။ ပြီးလျှင် ကြိုးအိမ်အပြင်သို့ထွက်၍ ထိုငုတ်များကိုပြန်ဖြုတ်ပါ။
ကြိုးများကို သိမ်းထားပါ ။ နောက်ရက်များ၌ ဆက်တိုက်ဝင်ပါ ။ အားလုံး ( ၄၉ ) ရက်ဖြစ်သည်။
ထိုရက်အတွင်း နာမ်လောကအကြောင်းများ
တစ်နေ့ထက်တစ်နေ့နားလည်လာပါလိမ့်မည် ။
စေခိုင်း၍ ရ၏ ။ အကျဉ်းကိစ္စပြီး၏ ။

မှတ်ချက် ။ ။ ဤ ပညာသည် ရှေးအခါက နာမ်လောကအကူအညီယူလိုသူများဆက်သွယ်နည်း
မှော်တစ်မျိုးဖြစ်သည်။ ယခုခေတ်အခါ၌ နှစ်လုံး / သုံးလုံး
ထီ ဘိုးတော်များ ကျင့်ကြံကြတယ် ။ပျောက်ကွယ်နေသော ပညာတစ်မျိုးဖြစ်သည် ။
ငုတ်ကို ကသစ်သားဖြင့်ပြုလုပ်ရမည် ။
ပညာပါရမီအဖြစ် ဖွင့်ဖော်ပြပါသည်။

Crd ကျွန်ုပ်၏ဆရာ ဆရာမြစလွယ်

အရင်လကအိမ်ထောင်ရေးကိစ္စတစ်ခုအတွက် ကာမပီယဆေးအဆီ စီရင်ပေးခဲ့ ဖြစ်တာလေး အခုလိုသတင်းကောင်းကြားရတာဝမ်းသာမိပါတယ်ဗျာ။ဆရာတေဇအောင...
22/09/2026

အရင်လကအိမ်ထောင်ရေးကိစ္စတစ်ခုအတွက် ကာမပီယဆေးအဆီ စီရင်ပေးခဲ့ ဖြစ်တာလေး အခုလိုသတင်းကောင်းကြားရတာဝမ်းသာမိပါတယ်ဗျာ။

ဆရာတေဇအောင် ( မြစလွယ်မျိူးဆက် ဂန္ဓာရီလောကီပညာရှင် )

မှော်နက် အောက်ပီယဆေးအဆီ မှော်နက် အောက်ပီယဆေးအဆီကို အိမ်ထောင်ရေးအဆင်မပြေ ၊ သမီးရည်းစားအချစ်ရေးမှာ ညှိမရတာ ၊ ကိုယ့်စကားမအေ...
20/09/2026

မှော်နက် အောက်ပီယဆေးအဆီ

မှော်နက် အောက်ပီယဆေးအဆီကို အိမ်ထောင်ရေးအဆင်မပြေ ၊ သမီးရည်းစားအချစ်ရေးမှာ ညှိမရတာ ၊ ကိုယ့်စကားမအောင်တာ ၊ ကိုယ့်လူက‌ခြေမငြိမ်တာ ၊ ကိုယ့်လူကိုယ်ချုပ်ထားချင်တာ ၊ ကာမကိစ္စမှာ ကိုယ့်ဆက်ဆံဖော်ကို ကိုယ်မှကိုယ်ဖြစ်စေချင်တာ ၊ s*x worker တွေ ၊ ktv ၊ မာဆတ် စတဲ့နေရာမှာအလုပ်လုပ်သူတွေ ငွေဝင်ပိုကြမ်းဖို့ ၊ လူခေါ်ပိုများဖို့ စတဲ့ကိစ္စရပ်တွေအတွက် အဓိကစီရင်ထားတာဖြစ်ပါတယ် ။

ဒီ မှော်နက် အောက်ပီယဆေးအဆီထဲမှာ ထည့်သွင်းဖော်စပ်ထားတဲ့ အောက်ပီယဆေးတော်တွေကတော့ -

၁။သူယုတ်သတီဒေဝီဆေး
၂။တစ္ဆေဖြူဆေး
၃။ခွေးသိုကြီးပီယဆေး
၄။ကာမဒေဝီဆေး
၅။ညှို့ဆေး
၆။သုံးနှစ်ကြာအောင်ထုံပေါင်းထားတဲ့ အောက်ပီယ
ဆေးပေါင်းအဆီ

စတဲ့ဆေးတော်တွေအပြင် စပါးကြီးသည်းခြေ ၊ စပါးကြီးညှို့ကြိုး စတဲ့ပီယဆွဲငင်အားကောင်းစေတဲ့ ပစ္စည်းတွေကို ထည့်သွင်းစီမံထားတာပါ ။

မှာယူချင်တယ်ဆိုရင်တော့ chat box မှာ အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ် ။ အောက်ပီယဆေးဖြစ်တဲ့အလျောက် ပူဇော်ကြေးကတော့မြင့်ပါမယ် ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

သူရဿတီအပင့်မန္တယားဩောင်း‌ ဇေယျတု ဇေယျတု၊ ဇာတိခေတ်ဘွေ၊ သောင်းထိုက်မြေနှင့်၊ ကုဋေသိန်းဖြစ်၊ အာဏာတော်ပါ၊ တလစ်ဝိသဟာ၊ မဆုံးရာ...
19/09/2026

သူရဿတီအပင့်မန္တယား

ဩောင်း‌ ဇေယျတု ဇေယျတု၊ ဇာတိခေတ်ဘွေ၊ သောင်းထိုက်မြေနှင့်၊ ကုဋေသိန်းဖြစ်၊ အာဏာတော်ပါ၊ တလစ်ဝိသဟာ၊ မဆုံးရာသား၊ စက္ကဝါဠ၊ အနန္တတွင်၊ ဇာတိအဝင်၊ သောင်းတိုင်းခွင်ဝယ်၊ ကောင်းကင်လေထု၊ ရေအစုနှင့်၊ မေရု၊ သတ္တဘံ၊ သီတာ ရံလျက်၊ လေးတန် ကျွန်းကြီး၊ အသီးသီးဖြင့်၊ အံ့ချီးဘွယ်ရာ၊ စောမြတ်စွာ၏၊ တေဇာရောင်လက် ဓမ္မ စက်ဖြင့်၊ ပေါ်ထွက်ပွင့်ရာ၊ မြင့်မြတ်စွာတည့်၊ စက္ကဝါဠ၊ ဤဌာနမှ၊ စရှိမသွေ၊ သောင်းရပ်မြေ၌၊ တည်နေ ခိုလျောင်း၊ မွေ့လျော် အောင်းလျက်၊ ကောင်းမြတ်ပေစွာ၊ နေထိုင်ရာသော၊ သူရဿဒီ မယ်ဒေဝီနှင့်၊ အပေါင်းသခင် ဒေဝီရှင်တို့၊ မြတ်စွာဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ မိန့်တော်မြွက်သည့်၊ စက်အာဏာကြောင့်၊ မကြာခဏ၊ ရောက်ကြစေသော်၊ ရောက်စေသော။

ဥုံ သူရဿဒီ၊ မြတ်လှစွာသော၊ ဟံသပုလ္လင်၊ ဂေဟံသပုလ္လင်ထက်၌၊ တိဌတု၊ တည်ပါစေသတည်း။ ဗုဒ္ဓသာသဏေ၊ မြတ်စွာဘုရားသာသနာ၌၊ တိဌတု-တည်ပါစေသတည်း။

ဆရာတေဇအောင် ( မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင် )

မေတ္တသုတ်ရွတ်ရုံနဲ့ တကယ်စန်းပွင့်တာလားကျွန်တော့်ကိုလာလာပြောကြတယ် ဆရာရေ ကျွန်တော်/ကျွန်မကတော့ စန်းပွင်ဖို့မေတ္တသုတ်ရွတ်တယ...
18/09/2026

မေတ္တသုတ်ရွတ်ရုံနဲ့ တကယ်စန်းပွင့်တာလား

ကျွန်တော့်ကိုလာလာပြောကြတယ် ဆရာရေ ကျွန်တော်/ကျွန်မကတော့ စန်းပွင်ဖို့မေတ္တသုတ်ရွတ်တယ်ဆိုပြီး အဲ့လိုများလာတဲ့အတွက်ကို ကျွန်တော်နည်းနည်းရှင်းပြချင်ပါတယ် ။

ပထမဆုံးပြောချင်တာက မေတ္တသုတ်ရဲ့အနက်ပါ မေတ္တသုတ်အနက်မြန်မာပြန်ကိုအကျဉ်းချုံးရှင်းပြရရင် တစ်ခါကရဟန်းငါးရာက မြတ်စွာဘုရားရှင်ထံမှာ ကမဌာန်းတရားကိုသင်ယူပြီး ဟိမဝန္တာနဲ့တစ်ဆက်တည်းဖြစ်နေတဲ့တောအုပ်ထဲက သစ်ပင်တွေအောက်မှာတရားကျင့်ကြပါတယ် ။ အဲ့လိုတရားကျင့်တဲ့အခါ ရဟန်းတွေရဲ့သီလတန်ခိုးကြောင့် သစ်ပင်ပေါ်မှာရှိတဲ့နတ်တွေဟာမနေနိုင်တော့ပဲဆင်းပြေးကြရတယ်ပေါ့ ။ ရဟန်းတွေပြန်မှပဲသူတို့နေတဲ့သစ်ပင်ပေါ်ပြန်နေလို့ရမှာဆိုတော့ ပြန်လိမ့်နိုး ပြန်လိမ့်နိုးနဲ့စောင့်ကြပေမယ့် ကြာလာတဲ့အခါမှာတော့ မနေနိုင်တော့ပဲကြောက်စရာကောင်းတဲ့ပုံစံတွေပြောင်းပြီးခြောက်လှန့်ကြပါလေရော ။

အဲ့အခါ စိတ်နှလုံး‌ခြောက်ခြားထိတ်လန့်တုန်လှုပ်ပြီး တရားလည်းကောင်းကောင်းမကျင့်နိုင်တော့တဲ့အခါ ဒီတောမှာမနေသင့်တော့ဘူးဆိုပြီး မြတ်စွာဘုရားထံကိုပြန်ပြီးအကျိုးအကြောင်းလျှောက်တော့ မြတ်စွာဘုရားက‌မေတ္တသုတ်ကိုသင်ပေးပြီးတော့ တောအုပ်ကိုပဲပြန်သွားဖို့မိန့်လိုက်ပါတယ် ။ ရဟန်းတွေလည်းတောအုပ်ကိုပြန်သွား မြတ်စွာဘုရားသင်ပေးလိုက်တဲ့မေတ္တသုတ်ကိုရွတ်ဆိုပြီး မေတ္တာပွားကြတဲ့အခါ နတ်တွေချစ်ခင်ပြီး ဝတ်ကြီးဝတ်ငယ်ပါလာရောက်ပြုစုကြတယ် ရဟန်းတွေလည်း မေတ္တာပွားရင်းနဲ့ ဝိပဿနာကိုကျင့်ကြတဲ့အခါ ရဟန္တာပါဖြစ်ကြတယ်ပေါ့ဗျာ ။

ဆိုတော့ပြောရရင် မေတ္တသုတ်ဆိုတာက မေတ္တာပွားတာကို ပါဠိလိုရေးထားတာဗျ ။ ရဟန်းတွေတောင်တောအုပ်ထဲပြန်ရောက်တဲ့အခါ မေတ္တသုတ်ကိုရွတ်ပြီး ‌မေတ္တာပွားတယ်လို့ပါတယ် ။ အဲ့တော့ကျွန်တော်/ကျွန်မတို့က မေတ္တသုတ်ရွတ်တယ် ရွတ်ရုံပဲရွတ်တယ်ဆိုရင်တော့ထူးဖို့မလွယ်ဘူး ။ အနောက်ကနေမေတ္တာလေးပါပွားပေးရတယ် ။ ဘာလို့စွမ်းလဲမေးရင်တော့ မေတ္တာဓာတ်နဲ့ပြည့်နေတဲ့လူဟာ မျက်နှာကြည်တယ် ခုခေတ်စကားနဲ့ဆိုအကြည်ဓာတ်လေးပြည့်နေတယ်ပေါ့ဗျာ အကြည်ဓာတ်ရှိနေရင်လူချစ်လူခင်ပေါတာပဲဗျ ။ သူ့ရဲ့အလုပ်လုပ်ပုံကအဲ့လိုပါ ။ 108ခေါက် 49ခေါက်တွေရွတ်တယ် ရွတ်ရုံပဲရွတ်တယ်ဆိုရင်တော့ ထူးတာမထူးတာကနောက် အာတော့အရင်ညောင်းမှာကျိန်းသေပဲ ။ အဲ့တော့ တစ်ခေါက်ဆိုတစ်ခေါက်သိသာအောင် ရွတ်ရုံမဟုတ်ပဲ မြန်မာပြန်ကိုပါသေချာဖတ်ပြီး မေတ္တာလေးပွားကြည့်ပါ တကယ်ထူးပါလိမ့်မယ်ခင်ဗျာ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ကာမပီယအင်းအရင်အပတ်က အောက်ပီယတွေနဲ့ပတ်သတ်တဲ့ဆေးတွေ နက္ခတ်ကောင်းတုန်း စီရင်ဖြစ်ရင်း ကာမပီယအင်းနှစ်ချပ်စီရင်ထားဖြစ်ပါတယ် ။ဒ...
17/09/2026

ကာမပီယအင်း

အရင်အပတ်က အောက်ပီယတွေနဲ့ပတ်သတ်တဲ့ဆေးတွေ နက္ခတ်ကောင်းတုန်း စီရင်ဖြစ်ရင်း ကာမပီယအင်းနှစ်ချပ်စီရင်ထားဖြစ်ပါတယ် ။

ဒီအင်းရဲအကျိုးသွားတွေကတော့ အဓိကပီယအကြမ်းဘက်ကိုသွားပြီး စွဲဆောင်ခြင်း ၊ ညို့ယူခြင်း စသည်တို့အပြင် အိမ်ထောင်ရေးမပြေလည်သူတွေ ၊ အချစ်ရေးမပြေလည်သူတွေ အတွက်ဆောင်ယူဖို့ သင့်တော်တယ်ဆိုလည်းမမှားပါဘူး ။

အနုပညာသမားတွေ ၊ တက်သစ်စမော်ဒယ်တွေ အနေနဲ့လဲ မိမိရဲ့စန်းကို လူအများရှေ့ချပြရမယ့်ကိစ္စတွေမှာ ၊ မိမိနဲ့ ပြိုင်ဘက်ကြုံလာတဲ့အခါတွေမှာ မိမိက ခြေတစ်လှမ်း သာနေအောင်ဆောင်ယူဖို့ သင့်တော်မယ့် အင်းလဲဖြစ်ပါတယ် ။
ကာမကိစ္စနဲ့ပတ်သတ်တဲ့ကိစ္စတွေမှာလည်း ထက်တဲ့အင်းဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ စီရင်ထားတာနှစ်ချပ်ရှိပြိး လိုအပ်သူများလာရောက်ပင့်ဆောင်နိုင်ပါတယ် ။

ဆရာတေဇအောင် ( မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင် )

ပီယအစာမန်းမန္တာန်ဥုံ သူရဿတီ မယ်ဒေဝီ ၊ ပလီပလာ နတ်တကာနဲ့ သတ္တဝါများ လူတစ်လွှားကို မေတ္တာဝင်အောင် ကျဉ်းဆောင်အိပ်မက်ပြဘိလော့...
16/09/2026

ပီယအစာမန်းမန္တာန်

ဥုံ သူရဿတီ မယ်ဒေဝီ ၊ ပလီပလာ နတ်တကာနဲ့ သတ္တဝါများ လူတစ်လွှားကို မေတ္တာဝင်အောင် ကျဉ်းဆောင်အိပ်မက်ပြဘိလော့ ၊ ဒေဝါဒေဝါ ချစ်တဏှာနဲ့ (မည်သူ့ကို) အိပ်မက်ပြဘိလော့
ဥုံ နယေပရံ ယုတ္တေသွာဟုံဟုံ ။

မည်သူ့ကိုနေရာတွေ လိုသူနာမည်ထည့်ရွတ်ပါ ။

အထက်ပါဂါထာကို သစ်သီးသစ်ဖုများ ၊ မုန့်အချိုများစသည်တို့ကို ( 37 )အုပ်ရွတ်၍ မိမိချစ်သူ ၊ မိမိအား ချစ်ခင်စေခြင်လိုသူအား ညနေ နေဝင်ရီတရောအခါတွင် ကျွေးပါ။

ထိုအစားစာကိုစားမိသူမှာ မိမိကိုအိပ်မက်ထဲတွင်မြင်မက်စေခြင်း ၊ တဏှာရာဂကိစ္စမိမိအားစိတ်ယိုင်စေခြင်းဖြစ်စေသည် ။ မိမိအားချစ်ခင်လာစေသည် ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ที่อยู่

Bangkok

เบอร์โทรศัพท์

+959406242315

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Tayza Aung Occultist โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ คลินิก

ส่งข้อความของคุณถึง Tayza Aung Occultist:

ทางลัด

แชร์