Tayza Aung Occultist

Tayza Aung Occultist Amulet & Burmese Magical Bamboo Tattoo Shop

ကာယသိဒ္ဓိလက်ဖွဲ့သုက္ချ သုက္ခယ မိမသနိပေရွက် စလူရွက် ရရာ တစ်ခုခုတွင်အထက်မန္တန်ကို တစ်ကြောင်တည်းရေး၍ လိပ်ပါ ။ ကြိုးဖြင့်သေခ...
05/06/2026

ကာယသိဒ္ဓိလက်ဖွဲ့

သုက္ချ သုက္ခယ မိမသနိ

ပေရွက် စလူရွက် ရရာ တစ်ခုခုတွင်
အထက်မန္တန်ကို တစ်ကြောင်တည်းရေး၍ လိပ်ပါ ။ ကြိုးဖြင့်သေချာစွာ ပိတ်ချင်းထိုး ဇီးချိပ်မံထား ထို့နောက် အထက်ပါမန္တန်ဖြင့် ( ၁ ) ထောင်စုတ် ပြီးလျှင် ဆူးပုံနင်းကြည့် ဆူးမစူးပါမှ အောင်၏

မှတ်ချက် ။ ။ ကျွန်ုပ် စီရင်သောအခါ ( ၃ ) ခါစီရင်မှ အောင်မြင်၏ ။ ခါးပတ်နက္ခတ်မိအောင် စီရင်လေ ။ ဇီးချိပ်သေချာစွာမံလေ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီ ပညာရှင်)

ကရဝေးရွက်ဖြင့် ငွေခေါ်နည်းဒီနည်းက ကျွန်‌တော်လုပ်နေကြဖြစ်တဲ့ ငွေခေါ်အစီအရင်လေးတစ်ခုပါ ။ အရင်ကလည်းတင်ပေးဖူးပါတယ် ။ ငွေကြေး...
03/06/2026

ကရဝေးရွက်ဖြင့် ငွေခေါ်နည်း

ဒီနည်းက ကျွန်‌တော်လုပ်နေကြဖြစ်တဲ့ ငွေခေါ်အစီအရင်လေးတစ်ခုပါ ။ အရင်ကလည်းတင်ပေးဖူးပါတယ် ။ ငွေကြေးအခက်အခဲတွေပြေလည်ကြစေဖို့ပြန်တင်ပေးလိုက်ပါတယ် ။

ကရဝေးရွက် အချောဘက်တွင် အရင်းမှအဖျားသို့ လာဘ်ခေါ်စမ (ဧဟိလာဘံ) ရေးပါ ပန်းကန်တစ်ချပ်ပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းထားပါ ။ ထို့နောက် ကရဝေးရွက်ရိုးတံ နေရာမှကိုင်၍ မီးရှို့ရမည် ကရဝေးရွက်ကို မီးတောက်လောင်နေချိန်မှ မီးငြိမ်းသည်အထိ အောက်ပါမန္တန်ကိုရွတ်နေပါ ။

ဥုံ စည်းစိမ်ဥစ္စာ လာဘ်များစွာ လာ ဆရာ လာ

တစ်ခါလုပ် ( ၇ ) ရွက်လုပ်ရပါမယ် ။ ပြီးရင် ပြာတွေကို လေတိုက်သော နေရာတွင် လေနှင့်အတူလွှင့်လိုက်ပါ ။ ( ၇ ) ရက်ဆက်တိုက်လုပ်ရပါမယ် ။ အကြောင်းတစ်ခုခုဖြင့် ငွေဝင်လာပါလိမ့်မယ် ။ စီရင်သောအခါ အချိန်နေရာရွေးချယ်ရန် မလိုအပ်ပါ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

နှင်းဆီနီပီယရေမွှေးဆီဒီပီယ‌ရေမွှေးဆီကတော့ ကျွန်တော်စီရင်ပေးနေကြ အချစ်တော်ကြီးဆေးကိုမှအခြေခံပြီးအကြမ်းဘက်သွားစေရန် အခြားသ...
02/06/2026

နှင်းဆီနီပီယရေမွှေးဆီ

ဒီပီယ‌ရေမွှေးဆီကတော့ ကျွန်တော်စီရင်ပေးနေကြ အချစ်တော်ကြီးဆေးကိုမှအခြေခံပြီးအကြမ်းဘက်သွားစေရန် အခြားသောပီယဆေးကြမ်းများနှင့်ထုံတည်၍စီရင်ထားသောပီယဆေးဖြစ်ပါတယ် ။

ဒီဆေးကိုအသုံးပြုတဲ့လူတွေအနေကတော့စန်းကိုသိသိသာသာပွင့်စေခြင်း၊ လူအများကြားထင်ပေါ်စေခြင်း၊ ပျိုတကာ၊ ပုရိသတကာ ကြိုက်စေ မက်မောစေခြင်း ၊ ကာမရမက်များ ထကြွစေခြင်း ၊ ကာမကိစ္စတွင်စွဲလမ်းစေခြင်း ၊ သကြားဖေဖေရှာလိုသူများ အိုကေစိုပြေစေခြင်း စတဲ့အချစ်ရေးရမက်ဆိုင်ရာ အာနိသင်ကောင်းများရရှိစေမှာဖြစ်တယ်။

လတ်တလောမှာ‌တော့အခြားအကြမ်းတွေထက်ပညာကြေးသပ်သပ်သာသာနဲ့ပင့်ဆောင်နိုင်မှာဖြစ်ပေမယ့်နောက်ကျရင်တော့ပညာကြေးဟာဆေးနဲ့ထပ်တူကျတဲ့တန်ဖိုးတစ်ခုဖြစ်ပါလိမ့်မယ် ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

မိမိချစ်သူ မိမိအပေါ်ချစ်စိတ်ပြန်များလာစေဖို့ အလွယ်နည်းတစ်ခုကိုယ့်ချစ်သူက ကိုယ့်ကို ရှောင်ဖယ်ဖယ်လုပ်နေလျှင် ၊ သွေးအေးစိမ်...
01/06/2026

မိမိချစ်သူ မိမိအပေါ်ချစ်စိတ်ပြန်များလာစေဖို့ အလွယ်နည်းတစ်ခု

ကိုယ့်ချစ်သူက ကိုယ့်ကို ရှောင်ဖယ်ဖယ်လုပ်နေလျှင် ၊ သွေးအေးစိမ်းကားနေလျှင် သူ့ဆံပင်အနည်းငယ်ယူ၍ စဖိုလယ်ပြာနှင့်ပျားရည်တို့ဖြင့် သုတ်လိမ်းကာ စက္ကူအိပ်ထဲထည့်၍ဆောင်ထားပါ ။ မကြာမှီ မိမိအပေါ် ချစ်စိတ်ပြန်ပိုလာကာ ပျော်ရွှင်ကြည်နူးရပါလိမ့်မယ် ။

စဖိုလယ်ပြာ = မီးသွေးမီးဖိုအလယ်တည့်တည့်မှပြာ

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ပီယဂဝံအရင်ကpageမှာစီရင်ပေးနေကြဂဝံတွေကိုပြန်လာလာမေးတဲ့လူတွေ ပြန်ကြားရတဲ့သတင်းကောင်းလေးတွေများလာလို့ မနေ့ည နယုန်လပြည့်နေ့မ...
30/05/2026

ပီယဂဝံ

အရင်ကpageမှာစီရင်ပေးနေကြဂဝံတွေကိုပြန်လာလာမေးတဲ့လူတွေ ပြန်ကြားရတဲ့သတင်းကောင်းလေးတွေများလာလို့ မနေ့ည နယုန်လပြည့်နေ့မှာ လက်ထဲအသင့်ရှိနေတဲ့ဂဝံလေးကိုသိဒ္ဓိတင် မန္တာန်ရွတ်ဖတ်အသက်သွင်းပြီးပြန်စနစ်တကျစီရင်ပေးထားပါတယ် ။

ဂဝံတွေကတော့သာမာန်ပီယလာဘကိုမှအကြမ်းဘက်သွားလေ့ရှိတတ်ကြပြီး စန်း/စုတ်/လာဘ် ကိုသခင်လိုရာပေးစွမ်းလေ့ရှိပါတယ် ။

တစ်ချို့သောပညာရပ်တွေမှာဂဝံကိုအစောင့်အရှောက်အနေနဲ့လဲဆောင်ယူနိုင်ကြောင်းထည့်သွင်းသတ်မှတ်ကြတယ်။
ကျွန်တော့်ဆီကထွက်တဲ့ဂဝံတွေကတော့များသောအားဖြင့်ပီယဘက်ပိုခရီးသွားပြီးသတင်းကောင်းတွေလဲပွဲတွေ့ အကြိမ်ကြိမ်ကြားရပြီးသားဖြစ်ပါတယ်။

ဂဝံအကြောင်းအသေးစိပ်သိလိုသူများအဖို့ ကျွန်တော်အရင်ကတင်ဖူးတဲ့postရဲ့ linkလေးပါထည့်၍ရေးပေးလိုက်ပါတယ် ။
https://www.facebook.com/share/1ayNVeXTNp/

အခုလောလောဆယ်စီရင်ပြီးသားက တစ်ခုပဲရှိတာမလို့ ပင့်မယ်ဆိုနေ့နံအပ်ပြီးတန်းပို့ရုံပါပဲ ဦးရာလူပင့်ပါ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီလောကီပညာရှင်)

ပြန်ပေါင်းအစီရင်အကြမ်းဆိုသည်မှာဒီ feedback ကတော့ ပြန်‌ပေါင်းအစီရင်လာအပ်ပြီး 4 ရက်မြောက်မှာတင်အောင်မြင်သွားလို့ သတင်းကောင...
29/05/2026

ပြန်ပေါင်းအစီရင်အကြမ်းဆိုသည်မှာ

ဒီ feedback ကတော့ ပြန်‌ပေါင်းအစီရင်လာအပ်ပြီး 4 ရက်မြောက်မှာတင်အောင်မြင်သွားလို့ သတင်းကောင်းပြန်ကြားရတာလေးပါ ။

အကြမ်းအစီရင်တွေဆိုတာက ပူဇော်ကြေးလည်းမြင့်သလို စီရင်တဲ့အခါမှာလည်းလက်ဝင်ပြီး ပြန်ရရှိတဲ့အကျိုးသွားတွေကလဲ ထိထိမိမိရှိတာမလို့စီရင်ရတဲ့ သတင်းကောင်းပြန်ကြားရတဲ့ကျွန်တော်လဲဝမ်းသာရတာပေါ့ဗျာ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီလောကီ ပညာရှင်)

မိမိကြိတ်ချစ်ရသူကို အိပ်မက်ထဲခေါ်လို့ရစေသောနည်းညအခါ တူနှစ်ကိုယ် လိပ်ပြာနှောလို့ နောင်အရေး ကြံတိုင်းပြီးလိမ့်မယ် ။ဗုဒ္ဓဘု...
27/05/2026

မိမိကြိတ်ချစ်ရသူကို အိပ်မက်ထဲခေါ်လို့ရစေသောနည်း

ညအခါ တူနှစ်ကိုယ် လိပ်ပြာနှောလို့ နောင်အရေး ကြံတိုင်းပြီးလိမ့်မယ် ။

ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်ကိုးပါးကို တစ်ပါးပုတီးတစ်လုံးချ၍ တစ်နေ့( ၉ ) ပတ်စိပ်ပါ ။

၉ ရက်မြောက်စိပ်ပြီးသောနေ့၌ ပန်းကိုးပွင့် ၊ ဆီမီးကိုးတိုင်ဝယ် ( လူပျို ၊ အပျို ရောင်းသောဆိုင်က ဝယ်နိုင်လျှင် ပိုကောင်း၏ ) ဝယ်နေသောအခါကာလ၌ စိတ်ထဲမှ
( ဥုံ ဗုဒ္ဓံ မေ ပီယံ ဘဝ ၊ ဥုံ ဓမ္မံ မေ ပီယံ ဘဝ ၊ ဥုံ သံဃံ မေ ပီယံ ဘဝ ( ချစ်သူနာမည် ) အတွက် ဟ ) လို့ရွတ်ဆိုပြီးဝယ်ပါ ။

ဝယ်လာသော ပန်းကိုးပွင့် နှင့် ဆီမီးကိုးတိုင်ကို အိမ်၌ ဘုရားရှင်ကိုလှူဒါန်း ပူဇော်၍ ဆုတောင်းပါ ။ သူရဿတီနတ်သမီးကိုလည်း မေတ္တာပို့ကာ ဆုတောင်းပါ ။

ညအိပ်ယာဝင်တဲ့အခါ မိမိအိပ်သော ခေါင်းအုံးတွင် ရေးလို့ထင်မယ့်အရာတစ်ခုခုဖြင့် ( ဥုံ သူရဿတီ မယ်လျ ချင်း ဆရာချင်း ကပ်ဆရာကပ် ) ဟု ထိုမန္တန်ကိုပင် အပေါ်တစ်ကြောင်း ၊ အောက်တစ်ကြောင်း နှစ်ကြောင်းရေးရမည် ။ မန္တန်၏အလယ်တွင် ကိုယ့်နေ့နံ နှင့် မိမိချစ်သူနေ့နံကို ပူးရေးပါ ။

ထို့နောက် ခေါင်းအုံးကိုကိုင်ကာ ခေါင်းအုံးပေါ်တွင်ရေးထားသော မန္တန်ကို ( ၈၁ ) ခေါက်စုတ်၍ ( အသင်နတ်သမီးသည် ကျွန်ုပ်၏ ချစ်သူအား ပြောကြားခေါ်ဆောင်ခဲ့ပါလေ ) ဟု ( ၃ ) ခေါက်ပြောပြီး အိပ်ပါ ။

ညအခါ တူနှစ်ကိုယ် လိပ်ပြာနှောလို့ နောင်အရေး ကြံတိုင်းပြီးလိမ့်မယ် ။ ဆထက်တိုး၍ ချစ်ခင်ပေလိမ့်မည် ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

အချစ်တော်ကြီးပီယဆေး အချစ်တော်ကြီးပီယဆေးကို ကျမ်းညွှန်းတွေထဲမှာ မျက်နှာတစ်ခါမြင်သုံးနှစ်အချစ်မပြယ်တဲ့ဆေးလို့လည်းညွှန်းကြပ...
26/05/2026

အချစ်တော်ကြီးပီယဆေး

အချစ်တော်ကြီးပီယဆေးကို ကျမ်းညွှန်းတွေထဲမှာ မျက်နှာတစ်ခါမြင်သုံးနှစ်အချစ်မပြယ်တဲ့ဆေးလို့လည်းညွှန်းကြပါတယ် ။ မျက်နှာပွင့်စန်းပွင့် ၊ လူချစ်လူခင်ပေါတာကစလို့ ၊ ငွေဝင်တာအထိ အပွင့်အလန်းကိစ္စမှာစွယ်စုံသုံးလို့ရတဲ့ဆေးတစ်မျိုးပါ ။ feedback ကောင်းတွေလည်းအများကြီးရထားတဲ့ဆေးပါ ။

ဆေးအညွှန်းနဲ့အသုံးတွေကတော့

1.မေးဖျားမှာ ဆေးမှုန့်‌သွေး၍ သုတ်ထားပါက သဗ္ဗသျှို ဟူသော မိမိလုပ်ဆောင်သမျှကိစ္စအဝဝ အောင်မြင်၏

2.ဘယ်နားနောက်ဘက်မှာ သုတ်ထားပါက ဣတ္ထိ ပုရိသ သျှို ဟူသော မိန်းမ ယောင်္ကျားများ ချစ်စေ၏။ ညာနားနောက်မှာ သုတ်ထားပါက ရာဇတည်းဟူသော မိမိအထက်လူကြီး
မင်း စိုးရာဇာ အစရှိသူများ ချစ်ခင်စေ၏ ။

3.ချက်တိုင်မှာ သုတ်လိမ်းပါက ကာမမှုကို ဖြစ်လာစေ၏ ။

4.မျက်မှောင်မှာ သုတ်လိမ်းပါက ကံ ဥာဏ် ပွင့်လန်းစေ၏ ။

5.မိမိ သုံးသော ပိုက်ဆံကို စတိသုတ်လိမ်း၍
မီးအပူ နည်းနည်း ပြပြီး ငါ့ဆီပြန်လာခဲ့ဟု အမိန့်ပေး
လက်ဖဝါးဖြင့် ရိုက်ပြီးသုံးပါက
မိမိသုံးသမျှ ငွေများ ပြန်ဝင်စေ၏ ။

6.ရေသန့်သန့်မှာ ဆေးမှုန့်နဲနဲ ခပ်ပြီး မိမိစျေးရောင်း အလုပ်လုပ်သောနေရာ မိမိအိမ် ခြံ အစရှိသည်များကို ပတ်ဖြန်းပါက ကောင်းကျိုး အဖြာဖြာ ကျက်သရေမင်္ဂလာ ကျရောက်စေ၏ ။ ကောင်းသောဓာတ်များကို ဆွဲငင်စေ၏ ။

7.မိမိ၏ အဝတ်အစားကို ရေမွှေးနှင့်ရော နေ့စဉ် စွတ်၍ အသုံးပြုပါကသွားလေရာရာ အစစအောင်မြင်ပွင့်လန်း၏ ။

8.အကြွေးတောင်းခြင်း အရေးကြီးကိစ္စများ ပြောဆိုရာတွင် မိမိနှုတ်ခမ်း၌ စတိသုတ်လိမ်းသွားပါက
ရရှိအောင်မြင်စေ၏ ။

9.ဖယောင်းတိုင်မှာလိုရာဆန္ဒရေးပြီး ဆေးမှုန့်စတိဖြူးကာဆုတောင်းပါက မိမိလိုရာဆန္ဒသည် မကြာမီအချိန်အတွင်းပင်ပြည့်စေပါသည်။

နေ့စဉ်စွဲမြဲစွာ အသုံးပြုပါက
ဆေးတော်နှင့် မိမိသည် ရင်ပါး ဓာတ်ကူး၍
ကြံသမျှ စိတ်ရှိရာ ပြည့်စုံလာမည် ။

ပင့်ဆောင်ချင်တယ်ဆိုရင် page cb သို့ viber နံပါတ် 09406242315 ကိုအသေးစိတ်ဆက်သွယ်မေးမြန်းလို့ရပါတယ် ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

စေတလုံးပီယလက်ဖွဲ့ feedbackအရင်တစ်ခါ ကိုးစနေတုန်းက Limited edition အနေနဲ့စီရင်ပေးထားတဲ့ စေတလုံးပီယလက်ဖွဲ့ကိုပထမဆုံးလာပင့်...
25/05/2026

စေတလုံးပီယလက်ဖွဲ့ feedback

အရင်တစ်ခါ ကိုးစနေတုန်းက Limited edition အနေနဲ့စီရင်ပေးထားတဲ့ စေတလုံးပီယလက်ဖွဲ့ကိုပထမဆုံးလာပင့်သွားတဲ့တစ်ယောက်ဆီက feebackလေးတစ်ခုဒီနေ့အလုပ်ကိစ္စပြောရင်းပြန်ကြားရတာက ကလေးအမေမှန်းသိရဲ့နဲ့လာကြိုက်ကြသလို ၊ အလုပ်ကိစ္စတွေမှာလဲအဆင်ပြေ ၊ မျက်နှာပွင့်လန်းလာတယ်ဆိုပဲ ။

Limited အနေနဲ့ကိုးစနေမှာစီရင်တဲ့ဒီလိုလက်ဖွဲ့မျိုးကတော့မစွမ်းဘဲ ဘယ်နေပါ့မလဲဗျာ ။ အဲ့တာကိုမှ သဗ္ဗပီယလက်တွေ့နတ်ဆေးပါတွဲသုံးတော့ အတိုင်းထက်အလွန်ပေါ့ဗျာ စွမ်းမစွမ်းကပြောနေစရာကိုမလိုတော့တာ

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီလောကီပညာရှင်)

စမ္ပာနဝ စတုဝီသအင်းဤအင်းသည် (၁၈) ဂဏန်း အလယ်ကွက်၌သေသည် ၊ (၂၁) ဂဏန်း အတွင်းလေးဒေါင့်၌ သေသည် ၊ (၂၄) ဂဏန်း အပြင်ရှိ လေးဒေါင့်...
23/05/2026

စမ္ပာနဝ စတုဝီသအင်း

ဤအင်းသည် (၁၈) ဂဏန်း အလယ်ကွက်၌သေသည် ၊ (၂၁) ဂဏန်း အတွင်းလေးဒေါင့်၌ သေသည် ၊ (၂၄) ဂဏန်း အပြင်ရှိ လေးဒေါင့်၌ သေသည် ၊ အင်းဆံ ဂဏန်းတို့ကို ဒေါင့်တန်းပေါင်းသော် (၁၀၈) ထွက်သည် ၊ ၎င်းဂဏန်းတို့ကိုပေါင်း၍ မိဿကပြုသော် (၉) ရသည် ၊ အင်းဆံဂဏန်းအသီးသီးကို တစ်ခုစီ မိဿကပြု၍ ပေါင်းသော် ၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉ ဟူ၍ ဂဏန်း (၉) လုံးရသည် ။ သို့ဖြစ်၍ ဦးအောင်ကျမ်းတွင် ၎င်းအင်းကို တိုက်ရိုက်မပြပဲ သမ္မာသမ္ဗုဒ္ဓ ဟူ၍ အကျဉ်းပြခဲ့လေသည် ၊ ၎င်းအင်းသည် တြင်းနဝင်းသတ္တဗီသကြေသောအင်းဖြစ်၍ ၎င်းအင်းကိုနက္ခတ်ကောင်းကြုံသည့်အခါ မှိုင်းကိုင်စက္ကူမှာရေး၍ ပြာထသောက်ခြင်း ၊ ရွှေပြား ငွေပြားမှာချ၍ လက်ဖွဲ့ထိုးပြီးလျှင် ဂုဏ်တော် ပရိတ်တော်တို့နှင့် စုတ်၍ဆောင်က ရန်သူအပေါင်းကိုနိုင်ခြင်း ၊ ခပ်သိမ်းသောသူတို့၏ အပူဇော်ခံရခြင်း ၊ စည်းစိမ်ချမ်းသာကိုပေးခြင်း စသောအကျိုးတို့နှင့် ပြည့်စုံ၏ ဟူ၍ အင်း အင်္ဂုတ္ထိုရ်ကျမ်းက ညွှန်းလေသည် ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီလောကီပညာရှင်)

ที่อยู่

Bangkok

เบอร์โทรศัพท์

+959406242315

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tayza Aung Occultistผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Tayza Aung Occultist:

แชร์