24/07/2026
ချစ်ခင်ရပါသော ဆေးရုံမိသားစုဝင်များနှင့် မိတ်ဆွေများအားလုံး မင်္ဂလာပါ ရှင်🏥💙
ဧပြီ၊ မေ၊ ဇွန်၊ နှင့် ဇူလိုင်လများတွင် မွေးဖွားခဲ့ကြသော ကျွန်မတို့ဆေးရုံမှ ကြိုးစားပမ်းစား တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် စုပေါင်းမွေးနေ့အထိမ်းအမှတ်လေးကို နွေးထွေးပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ 🎂✨
ဒီပွဲလေးမှာ ကျွန်မတို့ဆေးရုံရဲ့ တည်ထောင်သူ မိသားစုအထူးကုဆရာဝန်ကြီး ဒေါက်တာယုဝါကိုယ်တိုင် ပါဝင်ဆင်နွှဲပြီး ဝန်ထမ်းတွေကို မွေးနေ့လက်ဆောင်လေးတွေ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ချီးမြှင့်ခဲ့တာဟာ အရမ်းကို ပီတိဖြစ်စရာကောင်းတဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ။ 🎁
လူနာတွေရဲ့ ကျန်းမာရေးအတွက် နေ့ညမပြတ် စေတနာထား ကြိုးစားပေးနေကြတဲ့ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေကို အခုလို အတူတကွ ဂုဏ်ပြုဆင်နွှဲခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။
မွေးနေ့ရှင် ဝန်ထမ်းများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်မတို့ရဲ့ မိတ်ဆွေများကလည်း Comment မှာ မွေးနေ့ဆုတောင်းလေးတွေ ရေးပေးခဲ့ကြပါဦးနော်! 👇🥳