Intrarat Hospital Myanmar

Intrarat Hospital Myanmar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Intrarat Hospital Myanmar, โรงพยาบาล, 555/5 ถ. รามอินทรา แขวงรามอินทรา เขตคันนายาว, Thailand, Bangkok.

နှလုံးသားထဲမှာ တစုံတရာ ခံစားနေရပြီလား? 💔‍🩹 =========================❤️နှလုံးဆိုတာ လူ့ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပ...
19/09/2026

နှလုံးသားထဲမှာ တစုံတရာ ခံစားနေရပြီလား? 💔‍🩹
=========================

❤️နှလုံးဆိုတာ လူ့ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းပါ။ နှလုံးကောင်းမွန်စွာ အလုပ်လုပ်နေလို့ လူတ‌ယောက်ဟာ အသက်ရှင်နေတာ ဖြစ်သလို၊ နှလုံးသားလေး ကျန်းမာနေမှ လူကိုယ်တိုင်လည်း ကျန်းမာပျော်ရွှင်ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်ဖို့ဆိုတာ လူတယောက်ရဲ့ နေ့စဉ်ဘဝမှာ အရေးကြီးဆုံးအရာတွေထဲက တခုလို့လည်း ဆိုနိုင်ပါတယ်။

🩺ဒီလိုကျန်းမာနေဖို့ လိုတဲ့ နှလုံးသားလေးထဲမှာ တစုံတရာ ခံစားနေရပြီ ဆိုရင်တော့ ဒါဟာ အရေးကြီးတဲ့ အခြေအနေတခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ ဖြစ်လာပြီ ဆိုရင် “ဝမ်းနည်းလို့လာ နာကျင်စွာ ရင်မှာ ကြေကွဲ” - စည်သူလွင် ဖြစ်နေမယ့် အစား အင်ထရာရတ်ဆေးရုံကို လာပြီး Heart Check-up လုပ်ဆောင်သင့်ပါတယ်။

✨အင်ထရာရတ်ဆေးရုံရဲ့ Heart Check-up Package မှာ ဆိုရင် -
✔️ ဆရာဝန်နှင့် ကိုယ်ခန္ဓာစစ်ဆေးခြင်း
✔️ BMI နှင့် သွေးဆဲလ်စစ်ဆေးမှုများ
✔️ သွေးတွင်းသကြားဓာတ်၊ အဆီဓာတ်နှင့်၊ အသည်းကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
✔️ သိုင်းရွိုက် လုပ်ဆောင်ချက် စစ်ဆေးခြင်း
✔️ ရင်ဘတ်ဓာတ်မှန် (Chest X-ray)
✔️ နှလုံးအီးစီဂျီစစ်ဆေးမှု (EKG)
✔️ နှလုံးအာထရာဆောင်း (Echocardiography)
✔️ နှလုံးသွေးကြောကျဉ်းရှိမရှိ စစ်ဆေးခြင်း (CT Calcium Score)
✔️ ပြေးစက်ပေါ်တွင် ပြေး၍ နှလုံးစစ်ဆေးခြင်း (Exercise Stress Test)
-စတဲ့ နှလုံးကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စစ်ဆေးမှုတွေ အစုံအလင်ပါဝင်ပါတယ်။

ဒီလို အစုံအလင် စစ်ဆေးပေးတာကြောင့်မလို့ နှလုံးကျန်းမာရေးကို A to Z, ‘က’ ကနေ ‘အ’ အထိ တိတိကျကျ သိခွင့်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေ အသက် (၅၀)ကျော်လာပြီဆိုရင် အသံတိတ် လူသတ်သမားဖြစ်တဲ့ နှလုံးသွေးကြောပိတ်ခြင်းကို အချိန်မီ ကာကွယ်နိုင်ဖို့ အခုလို စုံလင်တဲ့ နှလုံးစစ်ဆေးမှု Heart Check-up Package မျိုးကို ရွေးချယ် စစ်ဆေး သင့်ပါတယ်။

👴🏻သင် အသက် (၅၀) ကျော်ပြီလား။
ကဲ ဒါဆိုရင်တော့ နှလုံးကျန်းမာရေးကို ဂရုစိုက်ဖို့ အချိန်ရောက်ပါပြီ! 💚

💝 မိမိကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးခြင်းပါပဲ။

ယနေ့ပဲ Intrarat ဆေးရုံမှာ နှလုံးကျန်းမာရေးစစ်ဆေးမှုအတွက် ကြိုတင်စာရင်းပေးသွင်းလိုက်ပါ။

📞 အသေးစိတ်စုံစမ်းရန်နှင့် Booking ပြုလုပ်ရန်
024815555, (Viber) +959789596899

📍 Intrarat Hospital
Quality Care You Can Trust

#နှလုံးကျန်းမာရေး #ကျန်းမာရေးစစ်ဆေးမှု

🎉 တစ်ဦးဝယ် တစ်ဦးအခမဲ့ FULL BODY HEALTH CHECK-UP!! 🎉🩺 အမျိုးသားနှင့် အမျိုးသမီးများအတွက် ပြည့်စုံသောကျန်းမာရေးစစ်ဆေးမှုမျ...
10/09/2026

🎉 တစ်ဦးဝယ် တစ်ဦးအခမဲ့ FULL BODY HEALTH CHECK-UP!! 🎉

🩺 အမျိုးသားနှင့် အမျိုးသမီးများအတွက် ပြည့်စုံသောကျန်းမာရေးစစ်ဆေးမှုများ

✔️ အထွေထွေကိုယ်ခန္ဓာစစ်ဆေးခြင်း
✔️ နှလုံးအထူးကုဆရာဝန် စစ်ဆေးခြင်း
✔️ ရင်ဘတ်ဓာတ်မှန် (Chest X-ray) နှင့် နှလုံး (EKG)
✔️ လေ့ကျင့်ခန်းပြုလုပ်စဉ် နှလုံးစစ်ဆေးခြင်း (EST) သို့မဟုတ် နှလုံး Ultrasound (ECHO)
✔️ ဝမ်းဗိုက်အပေါ်ပိုင်း သို့မဟုတ် အောက်ပိုင်း Ultrasound
✔️ သွေးတွင်းသကြားဓာတ်နှင့် HbA1c စစ်ဆေးခြင်း
✔️ ကိုလက်စထရော အမျိုးအစားစုံ စစ်ဆေးခြင်း
✔️ အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
✔️ သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း
✔️ အသည်းရောင်အသားဝါ (Hepatitis) စစ်ဆေးခြင်း
✔️ ကင်ဆာဆိုင်ရာ အမှတ်အသားများ (Tumor Markers) စစ်ဆေးခြင်း
✔️ ဆီးစစ်ဆေးခြင်း
✔️ သွေးပေါင်ချိန်၊ BMI နှင့် မျက်စိအမြင် စစ်ဆေးခြင်း
✔️ …နှင့် အခြားစစ်ဆေးမှုများစွာ ပါဝင်ပါသည်။

🔥 အထူးဈေးနှုန်း — လူ ၂ ဦးအတွက် 15,900 THB
ပုံမှန်ဈေးနှုန်း — 48,422 THB

📌 ပရိုမိုးရှင်းကာလ — 31 December 2026 အထိ

📅 ကြိုတင် Appointment ယူရန် လိုအပ်ပါသည်။

📞 WhatsApp: +66993482849
📱 LINE / Viber: +959789596899
📧 Email: [email protected]
🌐 Website: www.intrarathospital.co.th
Address: 555/5 Ram Inthra Road, Ram Inthra, Khan Na Yao, Bangkok 10230
BTS station - Ram Inthra Kor Mor 9

⚠️ ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်မီ ၈ နာရီမှ ၁၂ နာရီအထိ အစာရှောင်ထားရန် လိုအပ်ပါသည်။
💧 ရိုးရိုးရေကို သောက်သုံးနိုင်ပါသည်။

သင့် ခန္ဓာကိုယ်မှာ စကားပြောနိုင်တဲ့ အစိတ်အပိုင်းလို့ ပြောရင် ဘာကို ပြေးမြင်မလဲ။ သေချာပါတယ်။ လူတိုင်း ပါးစပ်လို့ပဲ ဖြေကြမ...
31/08/2026

သင့် ခန္ဓာကိုယ်မှာ စကားပြောနိုင်တဲ့ အစိတ်အပိုင်းလို့ ပြောရင် ဘာကို ပြေးမြင်မလဲ။ သေချာပါတယ်။ လူတိုင်း ပါးစပ်လို့ပဲ ဖြေကြမယ် ထင်ပါတယ်။🗣️

တကယ်တော့ သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနီးပါးဟာ စကား ပြောနိုင်ကြပါတယ်။ သူတို့ပြောတဲ့စကားကို သင်မကြားတာပဲ ရှိတာပါ။ 👂

သူတို့ ဘာတွေ ပြောနေကြလဲ?

သူတို့က သင့်ကို နေ့စဉ်နဲ့အမျှ သူတို့ရဲ့ အကြောင်းတွေ ပြောပြနေကြတယ်။

အသည်းထဲမှာတော့ ဘာတွေ ဖြစ်နေပြီ။
ကျောက်ကပ်ကတော့ ဘယ်လို အလုပ်လုပ်နေရပြီ။
နှလုံးကတော့ ဘယ်အတိုင်းအတာထိ ကောင်းနေ၊ အလုပ်လုပ်နိုင်နေ သေးတယ် ဆိုတာတွေကို သင့်ကို နေ့စဉ်နဲ့အမျှ ပြောပြနေကြတယ်။

ဒါပေမယ့် သင်ကတော့ ဒါတွေကို ပုံမှန်နားနဲ့ မကြားနိုင်ပါဘူး။
ဒါဆိုရင် သင် ဘယ်လို သိနိုင်မလဲ။

သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနီးပါးက ပြောတဲ့စကားကို သင်ကြားနိုင်ဖို့ လိုအပ်နေတဲ့ ကြားခံနယ်ကတော့ Medical Check-up ပဲ ဖြစ်ပါတယ်။ Medical Check-up လုပ်ခြင်းအားဖြင့် ခေါင်းအစ ခြေအဆုံး သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနီးပါးက ပြောပြနေတဲ့ သူတို့ရဲ့ အကြောင်းတွေ သင် အကုန်သိရှိနားလည်နိုင်မှာ ဖြစ်ပါတယ်။

မျက်လုံးအကြောင်း သိချင်လား။ နှလုံးအကြောင်း သိချင်လား။ 👁️

အစာအိမ်အကြောင်း သိချင်လား။ အဆုတ်အကြောင်း သိချင်လား။ 🫁

အသည်းအကြောင်း သိချင်လား။ အသည်းရဲ့ လုပ်ဆောင်ချက်တွေ အကြောင်း သိချင်လား။

ကျောက်ကပ် အကြောင်း သိချင်လား။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေ အကြောင်း သိချင်လား။

ပန်ကရိယ အကြောင်း သိချင်လား။ ပန်ကရိယရဲ့ လုပ်ဆောင်ချက်တွေ အကြောင်း သိချင်လား။

ဆီးချိုရှိမရှိ သိချင်လား။ လွန်ခဲ့တဲ့ သုံးလအတွင်း ဆီးချိုထိန်းနိုင်မထိန်းနိုင် သိချင်လား။

ယူရစ် အက်ဆစ် ပမာဏ ရော သိချင်သေးလား။ သိုင်းရွိုက် ကောင်းမကောင်းရော မသိချင်ဘူးလား။

သွေးထဲက သွေးဆဲလ်တွေ ကောင်းမကောင်းကိုလည်း ပြောပြဦးမယ်။

သွေးထဲက ကိုလက်စရောနဲ့ တခြား အဆီတွေ နည်းနေလား များနေလားလည်း သိခွင့်ရမယ်။

အသည်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အမျိုးသား ဆီးကျိတ်ကင်ဆာနဲ့ အမျိုးသမီးတွေမှာဆို သားဥအိမ် ကင်ဆာ အကြောင်း သိခွင့်ရမယ်ဗျာ။

နှလုံးနဲ့ ပတ်သတ်ရင်လည်း နှလုံးကျုံ့ညှစ်အားတွေ ကောင်းမကောင်း အဆို့ရှင်တွေ ကောင်းမကောင်း၊ စတာတွေ အကုန် သိခွင့်ရဖို့ ECG, Echocardiogram တွေ ရိုက်ပေးဦးမယ်။ 🫀

အခြေခံ အကျဆုံး ကိုယ်အလေးချိန်၊ အရပ် အမြင့်၊ သွေးပေါင်ချိန်၊ သွေးတွင်း အောက်ဆီဂျင်၊ ဒါတွေလည်း တိုင်းပေးဦးမယ်။

လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလည်း အထွေထွေဆရာဝန်တစ်ဦးနဲ့ နှလုံးအထူးကုဆရာဝန်ကြီးတစ်ဦးတို့က သေချာ စစ်ဆေးပေးဦးမယ်။

ကဲ ဘာလိုသေးလဲ။

ဒီလို စစ်ဆေး စမ်းသပ်မှု အစုံအလင်ကိုမှ ဘတ် (၁၅၉၉၀) ထဲနဲ့ တစ်ဦးစစ်ရင် တစ်ဦးအခမဲ့ Buy 1 Get 1 Package ကို တနေရာထဲ တရက်ထဲ အဖြေပါထွက် အပြီးအစီး စစ်ဆေး သိရှိချင်ရင် ဘန်ကောက်က အင်ထရာရက် ဆေးရုံ (Intrarat Hospital) မှာ လာရောက် စစ်ဆေး နိုင်ပြီ ဖြစ်ပါတယ်။

ဆေးစစ်တာတော့ ဟုတ်ပါပြီ။ ထိုင်းစကားမတတ်ဘူးဗျာ။ ဆရာဝန်တွေ ရှင်းပြတာ နားမလည်မှာ စိုးရိမ်မိတယ်။👂

မပူပါနဲ့။ အင်ထရာရက် ဆေးရုံ (Intrarat Hospital) မှာ မြန်မာ စကားပြန်တွေ အဆင်သင့် ရှိနေတဲ့ အပြင် ဆေးရုံ စပြတာက အစ ဆေးရုံကနေ ပြန်လည် ထွက်ခွာတဲ့အထိ ဆေးခန်းပြသမှု အဆင့်တိုင်းမှာ မြန်မာဝန်ထမ်းတွေက လိုက်ပါ ကူညီပေးမှာ ဖြစ်ပါတယ်။

ဪ ... အရေးကြီးဆုံး တခု ရှိပါသေးတယ်။ တကယ်တော့ တခု မကပါဘူး။ သုံးခုပါ။

ဘန်ကောက်မြို့တွင်းကို အကြိုအပို့ ဝန်ဆောင်မှုလည်း လုပ်ပေးဦးမှာ။
နေ့လည်စာ သုံးဆောင်ဖို့ ကူပွန်လည်း ဆေးစစ်တဲ့ လူအရေအတွက်အတိုင်း ပေးဦးမှာ။ မှတ်တမ်းတွေ အားလုံးကိုလည်း စနစ်တကျ ထုတ်ပေးဦးမယ်။ ကိုယ့်ရဲ့ အာထရာဆောင်း မှတ်တမ်းတွေ၊ Echo မှတ်တမ်းတွေဆို အိမ်မှာ အပျင်းပြေ Video ပြန်ကြည့်ချင်ရင်တောင် ရပါသေးတယ်။

ဒီလိုဆိုရင်တော့ ဘန်ကောက်မှာ ဆေးစစ်ဖို့ အင်ထရာရက် ဆေးရုံ (Intrarat Hospital) ကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုတာ မြင်လောက်ပြီ ထင်ပါတယ်။

ဆေးရုံရဲ့ လိပ်စာလေးကတော့ -
โรงพยาบาลอินทรารัตน์ รามอินทรา กม.9 Intrarat Hospital
555/5, Ram Intra Road, Ram Intra, Khan Na Yao, Bangkok, 10230.
BTS Station - Ram Intra Kor Mor 9
Google Map - https://maps.app.goo.gl/MRBcc4uq9TyjvZtY9 ဖြစ်ပါတယ်။

ဒီထက်ပိုပြီး ဒီဆေးရုံကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုတာ ထပ်သိချင်ရင်တော့ ဒီ လင့်လေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/1CzHaheaCQ/

Buy 1 Get 1 Package လေးရဲ့ အသေးစိတ် အချက်အလက်ကိုလည်း အောက်က comment မှာ ကြည့်ရှု လေ့လာနိုင်ဖို့ ပြထားပေးပါတယ်။

ရက်ချိန်းရယူလိုပါက 024815555, (Viber) +959789596899 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#ကျန်းမာရေးစစ်ဆေးမှု

မျက်မှန်၊ Contact Lens များကို နေ့စဉ်အသုံးပြုနေရတာကနေ လွတ်မြောက်ပြီး ပိုမိုရှင်းလင်းတဲ့ အမြင်အာရုံကို ရရှိချင်ပါသလား? 👓✨...
27/08/2026

မျက်မှန်၊ Contact Lens များကို နေ့စဉ်အသုံးပြုနေရတာကနေ လွတ်မြောက်ပြီး ပိုမိုရှင်းလင်းတဲ့ အမြင်အာရုံကို ရရှိချင်ပါသလား? 👓✨

👁️အင်ထရာရတ်ဆေးရုံ LASIK Center တွင် LASIK ကျွမ်းကျင်ဆရာဝန်ကြီးများမှ စမ်းသပ်စစ်ဆေးခြင်း၊ သင့်တော်သောကုသမှုရွေးချယ်ပေးခြင်းနှင့် လေဆာကုသမှုအပြီး Follow-up စစ်ဆေးခြင်းများကို အစီအစဉ်တကျ ပြုလုပ်ပေးလျက်ရှိပါသည်။

🔹 Follow-up စစ်ဆေးခြင်း ၅ ကြိမ်အထိ ပါဝင်ခြင်း
ကုသမှုအပြီး မျက်စိအခြေအနေကို ရက်ချိန်းများဖြင့် ပြန်လည်စစ်ဆေးပေးပါသည်။

🔹 ခေတ်မီ လေဆာနည်းပညာနှင့် အဆင့်မြင့်စက်ကိရိယာများ
အကောင်းဆုံးအမြင်အာရုံရရှိနိုင်ရန် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြု၍ ကုသပေးပါသည်။

🔹 တိကျမှုမြင့်မားခြင်း၊ နာကျင်မှုနည်းခြင်းနှင့် ပြန်လည်သက်သာချိန်တိုခြင်း

သင့်မျက်စိအခြေအနေအလိုက် သင့်တော်သော လေဆာကုသမှုနည်းလမ်းကို ရွေးချယ်ပေးပါသည်။ ကုသမှုအပြီး နာရီပိုင်းအတွင်း အမြင်အာရုံ ကြည်လင်လာနိုင်သော်လည်း ရလဒ်နှင့် ပြန်လည်သက်သာချိန်မှာ လူတစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်ပါသည်။

**Package price များသည် မျက်လုံး ၂ ဖက်လုံးအတွက်ဖြစ်ပါသည်။**

🎁 FAMTO LASIK နှင့် SMILE PRO ကုသမှုခံယူသူများအတွက် အထူးဝန်ဆောင်မှုများ

🏨 အခမဲ့ ဟိုတယ်တည်းခိုခွင့်
🚗 အခမဲ့ လေဆိပ်ကြိုပို့ / ဟိုတယ်ကြိုပို့ ဝန်ဆောင်မှု
🗣️ မြန်မာဘာသာပြန် ဝန်ဆောင်မှု

⏰ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၅နာရီအထိ ဖွင့်လှစ်ထားပါသည်။

📩 အသေးစိတ်အချက်အလက်များနှင့် စမ်းသပ်စစ်ဆေးရန် ရက်ချိန်းများအတွက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Viber +959789596899
Phone 024815555, +66993482849

📍Intrarat Hospital
555/5 Ram Inthra Road, Ram Inthra, Khan Na Yao, Bangkok 10230
BTS station - Ram Inthra Kor Mor 9

https://maps.app.goo.gl/S3dCY4L67TsKQtuT8?g_st=ic

21/08/2026

💔 "The risk of heart disease" is closer than you think

နှလုံးရောဂါရဲ့ လက္ခဏာတွေကို သတိပြုမိပြီး အချိန်မီစစ်ဆေးခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ❤️

နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးအားနည်းခြင်း စတဲ့ နှလုံးရောဂါများဟာ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်။
ရင်ဘတ်အောင့်ခြင်း၊ လွယ်လွယ်ကူကူ မောပန်းခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်း စတဲ့ လက္ခဏာတွေရှိပါက လျစ်လျူမရှုဘဲ အချိန်မီစစ်ဆေးကုသမှုခံယူပါ။ 🫀

🚨 နှလုံးကျန်းမာရေးကို စောစီးစွာစစ်ဆေးပြီး နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်လိုက်ပါ။

📍 Heart Center, Intrarat Hospital
📞 024815555 Ext. 1700, 1710, Viber +959789596899
🕗 နေ့စဉ် မနက် 08:00 မှ ည 20:00 အထိ

#နှလုံးရောဂါ #နှလုံးကျန်းမာရေး #နှလုံးစစ်ဆေးခြင်း #အင်ထရာရတ်ဆေးရုံ

အင်ထရာရတ် ဆေးရုံ (Intrarat Hospital) ကို မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အလည်အပတ်လာရောက်စဉ် ဆေးစစ်ခ...
20/08/2026

အင်ထရာရတ် ဆေးရုံ (Intrarat Hospital) ကို မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အလည်အပတ်လာရောက်စဉ် ဆေးစစ်ခြင်း (Medical Check-up) နှင့် ပြင်ပလူနာဌာန (OPD) ဝန်ဆောင်မှုများအတွက် ဘာကြောင့် ရွေးချယ်သင့်သလဲ။ 🩺

၁။ မြန်မာဘာသာစကားပြော ဘာသာပြန်များ ရှိခြင်း။ 🗣️

• အင်ထရာရတ် ဆေးရုံတွင် မြန်မာဘာသာစကားပြော ဘာသာပြန်များ ရှိပြီး ဆေးရုံသို့ လာရောက်သော မြန်မာဧည့်သည်တိုင်းကို ဝန်ဆောင်မှုတိုင်းအတွက် နွေးထွေးစွာ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ဆေးစစ်ခြင်းနှင့် OPD တို့အတွက် သင့်တော်သော ဈေးနှုန်းများရှိခြင်း။

• အင်ထရာရတ် ဆေးရုံတွင် ဓာတ်မှန်ရိုက်ခြင်း ဝန်ဆောင်မှုများ (ရင်ဘတ်ဓာတ်မှန်၊ ဝမ်းဗိုက် အာထရာဆောင်း) နှင့် သွေး၊ ဆီး စစ်ဆေးမှုများ ပါဝင်သည့် ကျန်းမာရေးဆေးစစ်မှု ပက်ကေ့ချ်များကို မြန်မာပြည်သူအများစုအတွက် သင့်တော်ပြီး အဆင်ပြေစေမည့် မျှတသော ဈေးနှုန်းများဖြင့် စီစဉ်ပေးထားပါသည်။

၃။ ပွင့်လင်းမြင်သာမှုရှိသော ဈေးနှုန်းသတ်မှတ်ချက်များ။ 💳

• ကျန်းမာရေးဆေးစစ်မှု လုပ်ဆောင်ချက် သို့မဟုတ် ဝန်ဆောင်မှုတိုင်းအတွက် ဆက်လက်မလုပ်ဆောင်မီ ပါဝင်သည့် လုပ်ငန်းစဉ်နှင့် ကျသင့်မည့် ဈေးနှုန်းများကို မြန်မာဘာသာဖြင့် သေချာစွာ ရှင်းလင်းပြောကြားပေးပါသည်။

၄။ သွားလာရေး ပို့ဆောင်ပေးသည့် အကြိုအပို့ ဝန်ဆောင်မှုရှိခြင်း။ 🚗

• ဆေးရုံသို့ လာရောက်ပြသသူများအနေဖြင့် ဆေးရုံသို့ လာရောက်စဉ်နှင့် အိမ်သို့ ပြန်လည်ထွက်ခွာစဉ် နှစ်ချိန်လုံးအတွက် ဆေးရုံ၏ မော်တော်ယာဉ် ပို့ဆောင်ရေး ဝန်ဆောင်မှုကို အသုံးပြု၍ လွယ်ကူအဆင်ပြေစွာ သွားလာနိုင်ပါသည်။

၅။ လွယ်ကူရိုးရှင်းသော ရက်ချိန်းရယူမှု စနစ်။ 📅

• ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ရယူနိုင်ရန်အတွက် ဆေးစစ်ခြင်း သို့မဟုတ် ပြင်ပလူနာဌာန (OPD) ပြသခြင်းများအတွက် ကြိုတင်ရက်ချိန်းကို အလွယ်တကူ ရယူနိုင်ပါသည်။

၆။ ထူးချွန်သော အထူးကုဆရာဝန်ကြီးများ ရှိခြင်း။ 🧑‍⚕️

• အင်ထရာရတ် ဆေးရုံတွင် မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအသီးသီး၌ ထူးချွန်သည့် အထူးကုဆရာဝန်ကြီးများက ကုသပေးလျက်ရှိပါသည်။

၇။ တစ်ဦးချင်းစီအတွက် သီးသန့် ဝန်ဆောင်မှုပေးခြင်း။ 🤝

• ဆေးရုံသို့ လာရောက်သူဧည့်သည်များကို မြန်မာစကားပြော ဘာသာပြန်များက တစ်ဦးချင်းစီအလိုက် သီးသန့် အနီးကပ် လိုက်ပါကူညီပေးပြီး ဝန်ဆောင်မှုများ ချောမွေ့စေရန် ဆောင်ရွက်ပေးပါသည်။

၈။ ကလေးငယ်များအတွက် ကစားကွင်းရှိခြင်း။ 👶

• လာရောက်သူဧည့်သည်များအနေဖြင့် ကလေးငယ်များ ပါလာပါက သို့မဟုတ် လူနာသည် ကလေးငယ်ဖြစ်ပါက ကလေးအထူးကုဌာနရှိ သူနာပြုများ၏ အနီးကပ် စောင့်ရှောက်မှုအောက်တွင် ဆေးရုံ၏ ကစားကွင်း၌ လွတ်လပ်စွာ ကစားနိုင်ပါသည်။

ဒီလိုမျိုး အားသာချက်တွေရှိတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်လာရင်း ဆေးစစ်ချင်တဲ့အခါတိုင်း အင်ထရာရတ် ဆေးရုံကို သတိရလိုက်ပါ။

📞ရက်ချိန်းရယူလိုပါက 024815555, (Viber) +959789596899 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👁️ ဆီးချိုသွေးချိုရှိသူများအတွက် Diabetic Eye Screening Program 🩺ဆီးချိုသွေးချိုရောဂါရှိသူများအနေဖြင့် သွေးတွင်းသကြားဓာတ...
19/08/2026

👁️ ဆီးချိုသွေးချိုရှိသူများအတွက် Diabetic Eye Screening Program 🩺

ဆီးချိုသွေးချိုရောဂါရှိသူများအနေဖြင့် သွေးတွင်းသကြားဓာတ်မြင့်မားမှုကြောင့် မျက်စိအတွင်းရှိ သွေးကြောများထိခိုက်ပြီး Diabetic Retinopathy ဖြစ်နိုင်ပါတယ်။ အစောပိုင်းမှာ သိသာတဲ့လက္ခဏာမပြနိုင်တာကြောင့် မျက်စိကို ပုံမှန်စစ်ဆေးပေးဖို့ အရေးကြီးပါတယ်။ 👁️✨

💚 အထူးအစီအစဉ်ဈေးနှုန်း – 1,900 THB
ပုံမှန်ဈေးနှုန်း 4,500 THB

📩 ရက်ချိန်းရယူလိုပါက 024815555, (Viber) +959789596899 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🌸 Happy Mother’s Day! 🌸မိခင်များအားလုံးကို ချစ်ခြင်း၊ လေးစားခြင်းတို့ဖြင့် ဂုဏ်ပြုအပ်ပါသည်။ 🙏🏻💐
12/08/2026

🌸 Happy Mother’s Day! 🌸
မိခင်များအားလုံးကို ချစ်ခြင်း၊ လေးစားခြင်းတို့ဖြင့် ဂုဏ်ပြုအပ်ပါသည်။ 🙏🏻💐

👁️ အခမဲ့ မျက်စိကျန်းမာရေး စစ်ဆေးမှုအစီအစဉ် 👓အသက် (၆၀)နှစ်နှင့်အထက် လူကြီးများအတွက် Intrarat Hospital မှ မျက်စိကျန်းမာရေး...
02/08/2026

👁️ အခမဲ့ မျက်စိကျန်းမာရေး စစ်ဆေးမှုအစီအစဉ် 👓

အသက် (၆၀)နှစ်နှင့်အထက် လူကြီးများအတွက် Intrarat Hospital မှ မျက်စိကျန်းမာရေး စစ်ဆေးပေးနေပါသည်။

✅ အခမဲ့ စစ်ဆေးပေးမည့် ဝန်ဆောင်မှုများ
👁️ Visual Acuity Test – မျက်စိမြင်အား စစ်ဆေးခြင်း
🔍 Auto Refraction – မျက်စိပါဝါကို အလိုအလျောက် တိုင်းတာပေးခြင်း
💡 Slit Lamp Examination – မျက်စိအရှေ့ပိုင်း အခြေအနေကို အသေးစိတ်စစ်ဆေးခြင်း

📅 Every Monday & Sunday
🗓️ ယနေ့မှ 31 August 2026 အထိ

📩 ရက်ချိန်းရယူလိုပါက 024815555, (Viber) +959789596899 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👁️ Intrarat Hospital တွင် LASIK Center ဖွင့်လှစ်ပြီးဖြစ်ပါသည်! ✨မျက်မှန်နှင့် Contact Lens များကို အမြဲတမ်းအသုံးပြုရခြင်...
31/07/2026

👁️ Intrarat Hospital တွင် LASIK Center ဖွင့်လှစ်ပြီးဖြစ်ပါသည်! ✨

မျက်မှန်နှင့် Contact Lens များကို အမြဲတမ်းအသုံးပြုရခြင်းမှ လွတ်မြောက်လိုပါသလား?
Intrarat Hospital LASIK Center တွင် နောက်ဆုံးပေါ် ZEISS VisuMax 800 – SMILE® Pro နည်းပညာဖြင့် အမြင်အာရုံပြုပြင်ကုသမှုကို ပြုလုပ်နိုင်ပါပြီ။

✅ SMILE® Pro နည်းပညာ
✅ လျင်မြန်သော Laser Treatment (8 Seconds)
✅ အနာသက်သာမြန်
✅ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသော နည်းပညာ

📞 အသေးစိတ်အချက်အလက်များနှင့် ရက်ချိန်းယူရန် ဆက်သွယ်လိုက်ပါ။

ကြည်လင်သော အမြင်အသစ်ကို Intrarat Hospital LASIK Center နှင့်အတူ စတင်လိုက်ပါ။ ✨

ที่อยู่

555/5 ถ. รามอินทรา แขวงรามอินทรา เขตคันนายาว, Thailand
Bangkok
10230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Intrarat Hospital Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท