26/08/2026
ဗုဒ္ဓဘာသာဖြစ်လာလို့ရှိရင် စွယ်စုံရဖို့ တန်ဖိုးရှိဖို့ အချက် (၈) ချက်ရှိရမယ်။
#ကိုယ်တိုင်လည်း_ယုံကြည်ချက်ရှိရမယ်
#ကိုယ်တိုင်လည်းကိုယ်ကျင့်တရား_ကောင်းရမယ်
အများကိုလည်းကိုယ်ကျင့်တရား ကောင်းအောင်
ဟောပြောပေးရမယ်။
#စာဂသမ္မန္ဓ(မိမိရရှိတဲ့ပစ္စည်းကို စနစ်တကျသုံးစွဲရမယ်၊မိဘ၊ ဆွေမျိုး၊မိတ်ဆွေတွေကို မျှဝေသုံးစွဲရမယ်။မိဘကျွေးတာလည်းစာဂပဲ၊အိမ်လာတဲ့ဧည့်သည်တွေကျွေးမွေးတာလည်း စာဂပဲ)
#ရဟန်းသံဃာ တွေနဲ့ တွေ့လိုတဲ့ဆန္ဒရှိရမယ်။
မသိ သေးတာတွေသိဖို့၊မရှင်းတာတွေသိဖို့ မေးမြန်းရမယ်။
#တရားနာလိုတဲ့ဆန္ဒရှိရမယ်။ကျောင်းသွားရင်မြတ်စွာဘုရားတရား တော် တွေဟာ ဘာ ပြောတာလဲ။
#နာကြားထားတဲ့တရားကို မှတ်သားထားရမယ်။
#ကြားနာထားတဲ့တရားတွေကို ဘာပြောတာလဲ
စဉ်းစားရမယ်။
#ကိုယ်နားလည်တဲ့ အတိုင်းလိုက်နာကျင့်သုံးရမယ်။
အခြားသူတွေကိုလည်း တိုက်တွန်းရမယ်။
အဲဒီ့ကျမှ လမ်းဆုံးတယ်။ ဒီ၈ချက်က မြတ်စွာဘုရားကိုယ်တိုင်တိတိကျကျ ဟောကြားထားတာဖြစ်တယ်။
ကိုယ်တိုင်လည်းနာယူမယ်။ကိုယ့်သားသမီး၊ဝန်ထမ်း၊
မိတ်ဆွေတွေကို ပြန် share ပေးရမယ်။ ဒီ၈ချက်ကို
အိမ်ရောက်ရင် စဉ်းစားပြီးလိုက်နာကျင့်သုံးရင်
ဗုဒ္ဓဘာသာဝင်ဖြစ်ပြီ ဆိုပြီး ဝမ်းသာရမှာဖြစ်တယ်။
ပါချုပ်ဆရာတော်ဘုရားကြီး
နေ့စဉ်တရားတော်များ ဂါထာတော်များနာယူရန်🙏
𝐘𝐨𝐮𝐓𝐮𝐛𝐞 - https://www.youtube.com/
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 - https://t.me/dhammabuddhamembers