ပရင်စ် သုဝဏ္ဏဘူမိ ဆေးရုံကြီး - Princ Hospital Suvarnabhumi

ပရင်စ် သုဝဏ္ဏဘူမိ  ဆေးရုံကြီး - Princ Hospital Suvarnabhumi Princ Hospital is allocated in Banga district, Bangkok.

There is a clear need for better healthcare services in the region,Princ Hospital under the management of Principle Healthcare Company

ဒီနေ့​တော့ မြန်မာနိုင်ငံမှာ အများဆုံးဖြစ်တတ်ပေမယ့် လူတော်တော်များများ သတိမထားမိဘဲ ပေါ့ပေါ့ဆဆ နေတတ်ကြတဲ့ ကျန်းမာရေး ပြဿနာ...
12/09/2026

ဒီနေ့​တော့ မြန်မာနိုင်ငံမှာ အများဆုံးဖြစ်တတ်ပေမယ့် လူတော်တော်များများ သတိမထားမိဘဲ ပေါ့ပေါ့ဆဆ နေတတ်ကြတဲ့ ကျန်းမာရေး ပြဿနာလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Thai Expo လေးမှာဆိုရင်လေ... Princ Hospital ရဲ့ နား၊ နှာခေါင်း၊ လည်ချောင်း (ENT) အထူးကုဆရာဝန်ကြီးဆီ လာပြကြတဲ့ လူနာ (၁၀) ယောက်မှာ (၇) ယောက်၊ (၈) ယောက်လောက်က ဒီ "နှာခေါင်းအာလယ်ဂျီ" (Allergic Rhinitis) ပြဿနာတွေ ရှိနေကြတာကို အံ့ဩစရာ တွေ့ခဲ့ရပါတယ်ရှင့်။ တကယ်ကို လူဆယ်ယောက်မှာ ရှစ်ယောက်လောက် ဖြစ်နေတဲ့ ရောဂါလေးပါနော်။
ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သတိထားကြည့်လိုက်ပါဦးရှင့်။ မနက်နိုးတာနဲ့ နှာတွေချေ၊ နှာရည်တွေယို၊ နှာခေါင်းတွေပိတ်နေရင် "အော်... အေးလို့ နှာစေးသွားတာနေမှာပါ" ဆိုပြီး လက္ခဏာသက်သာစေမယ့် ဆေးလေးတွေပဲ သောက်ပြီး ပြီးစလွယ် နေလိုက်ကြတာ များပါတယ်နော်။
တကယ်တော့ Allergic Rhinitis ဆိုတာ နာတာရှည်ရောဂါတစ်မျိုးပါရှင့်။ သူ့ကိုဖြစ်စေတဲ့ အခြေခံအကြောင်းရင်းကို သေချာမထိန်းချုပ်ဘဲ ခဏသက်သာရုံ ဆေးလေးသောက်ပြီး ကြိတ်မှိတ်နေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာနိုင်ပါတယ်ရှင့်။
⚠️ သေချာဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်လဲ?
* နှာခေါင်းတွေ နာတာရှည် ပိတ်နေမယ် 🤧
* ညဘက်ဆို ကောင်းကောင်းအိပ်မပျော်တော့ဘူး၊ ဟောက်တာမျိုးတွေပါ ဖြစ်လာနိုင်တယ် 😴
* အနံ့တွေ ကောင်းကောင်း မရတော့ဘူး 👃❌
* နှာခေါင်းအတွင်းရောင်ရမ်းပြီး ထိပ်ကပ်နာ (Sinusitis) တွေ ဖြစ်လာမယ် 🤕
နားနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဆက်ဖြစ်လာမယ် 👂
ပန်းနာရင်ကျပ် (Asthma) ရှိတဲ့သူတွေဆို ပိုဆိုးလာတတ်ပါတယ်ရှင့် ⚠️
✅ ဒါဆို ဘယ်လို ဂရုစိုက်ရမလဲ?**
* ပထမဆုံးအနေနဲ့ ကိုယ်နဲ့ မတည့်တဲ့ အာလယ်ဂျီဖြစ်စေမယ့် အရာတွေ (ဖုန်မှုန့်၊ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အမွေးအမျှင်၊ ပန်းဝတ်မှုန် စတာတွေ) ကို တတ်နိုင်သမျှ ရှောင်ပေးပါရှင့်။
ဆရာဝန်နဲ့ သေချာပြသပြီး ညွှန်ကြားချက်အတိုင်း ကုသမှုကို စနစ်တကျ ဆက်လက်ခံယူပါ။
လက္ခဏာပျောက်ရုံ ခဏတဖြုတ် ဆေးသောက်တာထက် ရောဂါကို ရေရှည်ထိန်းချုပ်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်ရှင့်။
💡 "နှာချေတယ်၊ နှာရည်ယိုတယ်"ဆိုတာ သေးငယ်တဲ့ ပြဿနာလေး မဟုတ်ဘူးနော်။ စောစောစီးစီး သိပြီး သေချာ ကုသမယ်၊ ရေရှည်ထိန်းချုပ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝ (Quality of Life) လေးက ပိုပြီး သက်တောင့်သက်သာနဲ့ နေလို့ကောင်းလာမှာ သေချာပါတယ်ရှင့် ။
ကိုယ်တိုင်ရော... မနက်ဘက်တွေဆို နှာချေ၊ နှာရည်ယိုတဲ့ ပြဿနာလေးတွေ ခံစားနေရလား? Comment မှာ မျှဝေပေးခဲ့ပါဦးနော်
ဆေးရုံဝန်ဆောင်မှုများ၊ ဆေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန်
📞 09791092563
#နှာခေါင်းအာလယ်ဂျီ #ကျန်းမာရေးဂရုစိုက်ပါ

နှလုံးကျန်းမာရေးသည် သက်ရှည်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။လက်ရှိ မြန်မာနိုင်ငံတွင် နှလုံးရောဂါသည် ဖြစ်ပွားမှုနှုန်း ...
11/09/2026

နှလုံးကျန်းမာရေးသည် သက်ရှည်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နှလုံးရောဂါသည် ဖြစ်ပွားမှုနှုန်း မြင့်မားနေသော မကူးစက်နိုင်သော ရောဂါများ (NCDs) အနက် အဓိက ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါသည်။ နှလုံးနှင့် ပတ်သက်သည့် ရောဂါများကို စောစီးစွာ စစ်ဆေးသိရှိခြင်းဖြင့် ထိရောက်စွာ ကာကွယ်ကုသနိုင်ပါသည်။
နှလုံးကျန်းမာရေး စစ်ဆေးရာတွင် အဓိကအသုံးပြုသည့် စစ်ဆေးမှု (၂) မျိုး၏ ကွဲပြားချက်များမှာ -
* EST (Exercise Stress Test): လမ်းလျှောက်စက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်ရင်း နှလုံးခုန်နှုန်း မြင့်တက်လာချိန်၌ နှလုံး၏ လုပ်ဆောင်ချက်ကို စစ်ဆေးခြင်းဖြစ်ပြီး နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် သွေးရောက်ရှိမှု မလုံလောက်သည့် ရောဂါများကို သိရှိနိုင်ပါသည်။
* Echo (Echocardiogram): ကြိမ်နှုန်းမြင့် အသံလှိုင်းများ (High frequency sound waves) အသုံးပြု၍ နှလုံး၏ တည်ဆောက်ပုံ၊ နှလုံးအဆို့ရှင်နှင့် နှလုံးကြွက်သား အခြေအနေများကို ပုံရိပ်ဖော်ကြည့်ရှု စစ်ဆေးခြင်း ဖြစ်ပါသည်။
Princ Hospital Suvarnabhumi တွင် ခေတ်မီဆန်းသစ်သော နည်းပညာများ၊ အဆင့်မြင့် စက်ပစ္စည်းများနှင့် ကျွမ်းကျင်သော နှလုံးအထူးကု ဆရာဝန်ကြီးများဖြင့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ရောဂါရှာဖွေခြင်းမှစ၍ ထိရောက်စွာ ကုသပေးလျက် ရှိပါသည်။
ထို့အပြင် မြန်မာနိုင်ငံမှ လာရောက်ပြသသော လူနာများအတွက် အဆင်ပြေချောမွေ့စွာ ဆေးကုသမှု ခံယူနိုင်ရန် မြန်မာစကားပြော ဝန်ဆောင်မှုအဖွဲ့ မှ ဆေးရုံရက်ချိန်းယူခြင်း၊ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို အနီးကပ် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။
ဆေးရုံဝန်ဆောင်မှုများ၊ ဆေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန်
📞 09791092563

Princ Suvarnabhumi Hospital သို့ လာရောက်လေ့လာကြည့်ရှုခဲ့ကြသည့် ဒေါက်တာသူရိန်လှိုင်၀င်း နှင့် HEAL U Wellness  အဖွဲ့အား အ...
09/09/2026

Princ Suvarnabhumi Hospital သို့ လာရောက်လေ့လာကြည့်ရှုခဲ့ကြသည့် ဒေါက်တာသူရိန်လှိုင်၀င်း နှင့် HEAL U Wellness အဖွဲ့အား အထူးကျေးဇူးတင်ရှိခြင်း 🙏
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့က Princ Suvarnabhumi Hospital သို့ လေ့လာရေးခရီးစဉ် (Hospital Visit Tour) အဖြစ် လာရောက်ခဲ့ကြသည့် ဒေါက်တာသူရိန် (Dr. Thurein) နှင့် HealU မြန်မာနိုင်ငံဆိုင်ရာ တရားဝင်ကိုယ်စားလှယ် အဖွဲ့သားများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။
မြန်မာနိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများအတွက် ပိုမိုကောင်းမွန် စိတ်ချရသည့် ဆေးကုသမှု ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ယခုလို အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့်ရသည့်အတွက်လည်း များစွာ ဝမ်းမြောက်မိပါသည်။
နောင်တွင်လည်း ပြည်သူများအတွက် အရည်အသွေးမြင့် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများကို အတူတကွ လက်တွဲပြီး အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားပါမည်။ ✨

🇲🇲 Thai Expo Yangon မှာ Princ Hospital ရဲ့ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးနဲ့ မေးမြန်းတိုင်ပင်ခဲ့တုန်းက အတွေ့အကြုံလေး......
04/09/2026

🇲🇲 Thai Expo Yangon မှာ Princ Hospital ရဲ့ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးနဲ့ မေးမြန်းတိုင်ပင်ခဲ့တုန်းက အတွေ့အကြုံလေး...
​ပွဲမှာ ဆရာဝန်ကြီးနဲ့ ဆွေးနွေးကြည့်မှပဲ သိလိုက်ရတာကတော့ — အသက် ၅၀ ကျော်သူ (၁၀) ယောက်မှာ (၅) ယောက်ထက်မနည်း ဟာ အပျော့စားမှ အလတ်စား အရိုးအဆစ်ရောင် ရောဂါ (Osteoarthritis) လက္ခဏာတွေကို သတိမထားမိဘဲ ခံစားနေကြရတာပဲ ဖြစ်ပါတယ်! 🦵
​မိဘတွေ သို့မဟုတ် ကိုယ်တိုင်လည်း "အသက်ကြီးလာရင် ဒီလိုပဲ ဖြစ်မှာပါလေ" ဆိုပြီး အဆစ်အမြစ် နာကျင်တာကို အောင့်အီးသည်းခံနေတတ်ကြပါတယ်။
​ဒါပေမဲ့ ဆရာဝန်ကြီး လမ်းညွှန်ပေးသလိုပဲ... ရောဂါလက္ခဏာတွေကို စောစောစီးစီး သိရှိပြီး စနစ်တကျ ထိန်းသိမ်းကုသမှုယူရင် သက်တောင့်သက်သာနဲ့ လွတ်လပ်စွာ ဆက်လက်လှုပ်ရှားသွားလာနိုင်မှာပါ! 💙
​** သင့်မှာရော ဒီလို စောစီးစွာပြသတဲ့ လက္ခဏာတွေ ရှိနေပြီလား?**
​🔹 မနက်ခင်း အဆစ်တောင့်တင်းခြင်း — မနက်နိုးနိုးချင်း ဒူး သို့မဟုတ် အဆစ်တွေ မိနစ် ၃၀ ခန့် တောင့်နေပြီး လှုပ်ရှားရခက်တာ
🔹 လှုပ်ရှားပြီးနောက် ကိုက်ခဲခြင်း — လမ်းအကြာကြီး လျှောက်ပြီးချိန် သို့မဟုတ် မတ်တပ်ရပ်ပြီးနောက် အဆစ်တွေ ကိုက်ခဲလာတာ
🔹 ဂျိန်းခနဲ/ချိန်းခနဲ အသံမြည်ခြင်း — ဒူးကွေးဆန့်လုပ်တိုင်း အဆစ်ထဲမှ အသံမြည်တာ
🔹 ကွေးဆန့်ရ ခက်ခဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်း — အရင်လို အပြည့်အဝ မကွေးနိုင်တော့ဘဲ အဆစ်ပတ်လည် အနည်းငယ် ရောင်ရမ်းနေတာ
​အရိုးအဆစ် ကျန်းမာရေးအတွက် စောစောစီးစီး ပြသစစ်ဆေးတာဟာ ဘဝအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ပါပဲ။
​မိမိ သို့မဟုတ် မိဘဘိုးဘွားများရဲ့ အရိုးအဆစ် ကျန်းမာရေးအတွက် Princ Hospital မှ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်လိုပါက ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
ဆေးရုံဝန်ဆောင်မှုများ၊ ဆေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန်
📞 09791092563

✈️🏥 MAI x Prince Hospital Suvarnabhumi အထူးပရိုမိုးရှင်း!ဘန်ကောက်တွင် ဆေးကုသမှုခံယူမည့် လူနာများအတွက် MAI လေကြောင်းလိုင်...
03/09/2026

✈️🏥 MAI x Prince Hospital Suvarnabhumi အထူးပရိုမိုးရှင်း!
ဘန်ကောက်တွင် ဆေးကုသမှုခံယူမည့် လူနာများအတွက် MAI လေကြောင်းလိုင်းနှင့် ပရင်စ်သုဝဏ္ဏဘူမိဆေးရုံကြီးတို့ ပူးပေါင်းပြီး အထူးလျှော့ဈေး အစီအစဉ်သစ် ဆောင်ရွက်ပေးထားပါသည်။
အထူးအကျိုးခံစားခွင့်များ
* ✈️ MAI လေယာဉ်လက်မှတ်: ၅% လျှော့ဈေး (ဆေးရုံလူနာဖြစ်ကြောင်း အထောက်အထားပြရုံဖြင့်)
* 🏥 ဆေးရုံအခန်းခ: ၃၀% Discount
* 🏥 ဆေးဝါး၊ ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်စစ်ဆေးခ: ၁၀% Discount (MAI လက်မှတ်ပြရုံဖြင့်)
လိုက်နာရမည့် အချက်များ
* အကျိုးခံစားခွင့်ရယူရန် ဆေးရုံ၏ International Department Counter တွင် (၁ လအတွင်း ဝယ်ယူထားသော) MAI လေယာဉ်လက်မှတ်နှင့် ပတ်စပို့ ကြိုတင်ပြသပါ။
🗓 ပရိုမိုးရှင်းကာလ: ယနေ့မှ ၂၇ စက်တင်ဘာ ၂၀၂၇ အထိ
🎯 တည်နေရာ: သုဝဏ္ဏဘူမိလေဆိပ်မှ ကားဖြင့် မိနစ် ၃၀ သာ ကွာဝေးပါသည်။
ဆေးရုံဝန်ဆောင်မှုများ၊ ဆေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန်
📞 09791092563
* Facebook Chat: https://bit.ly/3oBS3Rl
* Line: https://bit.ly/2WAi5t3
* Google Map: https://goo.gl/maps/2wMZroHy6VFsxUyP6

🫀 နှလုံးကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော စောင့်ရှောက်မှု — PRINC Hospital Suvarnabhumiနှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်း...
02/09/2026

🫀 နှလုံးကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော စောင့်ရှောက်မှု — PRINC Hospital Suvarnabhumi
နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာများအတွက် ခေတ်မီဆေးဘက်ဆိုင်ရာ နည်းပညာများ၊ နိုင်ငံတကာစံချိန်မီ စောင့်ရှောက်မှုများနှင့် ကျွမ်းကျင်သော Cardio Intervention Team တို့ဖြင့် လူနာတစ်ဦးချင်းစီအတွက် သင့်လျော်သော ရောဂါရှာဖွေခြင်းနှင့် ကုသမှုများကို ပေးအပ်လျက်ရှိပါသည်။
👨‍⚕️ နှလုံးနှင့် ရင်ဘတ်ခွဲစိတ် အထူးကုဆရာဝန်ကြီး
Dr. Sira Laohathai, MD
အမေရိကန်နိုင်ငံ Mount Sinai Hospital၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် အဆင့်မြင့် ရင်ဘတ်နှင့် နှလုံးဆိုင်ရာ ခွဲစိတ်ပညာရပ်များကို လေ့လာဆည်းပူးထားသော အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။
✨ အဓိက ဝန်ဆောင်မှုများ
🔹 EST & ECHO
နှလုံး၏ လုပ်ဆောင်ချက်နှင့် နှလုံးအဆို့ရှင်များကို စစ်ဆေးခြင်း
🔹 CTA Coronary Scan
နှလုံးသွေးကြောများ၏ အခြေအနေကို စစ်ဆေးအကဲဖြတ်ခြင်း
🔹 Cardiac Catheterization & Surgery
လိုအပ်ပါက နှလုံးသွေးကြောဆိုင်ရာ ပိုက်ထည့်ကုသမှုနှင့် ခွဲစိတ်ကုသမှုများ
🔹 International Partnership
မလေးရှားနိုင်ငံရှိ National Heart Institute (IJN) နှင့် ပူးပေါင်းဆောင်ရွက်မှုများ
❤️ နှလုံးကျန်းမာရေးကို ပေါ့ဆမထားပါနှင့်။
သင့်ကျန်းမာရေးအခြေအနေကို ကျွမ်းကျင်သော အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး သင့်တော်သော စစ်ဆေးကုသမှုများကို ရယူနိုင်ပါသည်။
ဆေးရုံဝန်ဆောင်မှုများ၊ ဆေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
👤 ဆက်သွယ်ရန်
📞 09791092563

PRINC of BONES — Advanced Orthopedic Care with a One-Stop Solutionအရိုး၊ အကြော၊ အဆစ်၊ ကျောရိုးနှင့် အားကစား ဒဏ်ရာ ဝေဒနာမ...
28/08/2026

PRINC of BONES — Advanced Orthopedic Care with a One-Stop Solution
အရိုး၊ အကြော၊ အဆစ်၊ ကျောရိုးနှင့် အားကစား ဒဏ်ရာ ဝေဒနာများအတွက် PRINC of BONES (ပရင်စ်ဆေးရုံ) တွင် အထူးကု ဆရာဝန်ကြီးများ၊ ကာယကုထုံး ပညာရှင်များနှင့် ခေတ်မီ နည်းပညာများကို ပေါင်းစပ်၍ တစ်နေရာတည်းတွင် ဘက်စုံ ပါ၀င်သော အဆင့်မြင့် ကုသမှုများကို ပေးအပ်လျက်ရှိပါသည်။
🔗 Viber Channel Link: https://invite.viber.com/?g2=AQBM8Co4yNgMnlcMfAZPvjjXzIF82XGP6nhHbILiGLd30c9dCQxUG5uSR4XiMEmj

ဆေးရုံဝန်ဆောင်မှုများ၊ ဆေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
👤 ဆက်သွယ်ရန်
📞 09791092563

🇲🇲 မန္တလေးမြို့သူ၊ မြို့သားများအတွက် သတင်းကောင်းလေးတစ်ခု ရှိပါတယ်ရှင်! ယခင်ကျင်းပခဲ့သည့် ပွဲများတွင် Princ Hospital Suva...
27/08/2026

🇲🇲 မန္တလေးမြို့သူ၊ မြို့သားများအတွက် သတင်းကောင်းလေးတစ်ခု ရှိပါတယ်ရှင်!
ယခင်ကျင်းပခဲ့သည့် ပွဲများတွင် Princ Hospital Suvarnabhumi မှ အရိုးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန် (ENT) နှင့် ဓာတ်မတည့်ရောဂါအထူးကုဆရာဝန် (Allergy Specialist) များနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြသည့် လူနာများထံမှ အပြုသဘောဆောင်သော Feedback များစွာ ရရှိခဲ့ပါတယ်။
ယခုလာမည့် Thai Expo Mandalay 2026 တွင်လည်း Princ Hospital Suvarnabhumi မှ ပြန်လည်ပါဝင်ပြသသွားမှာဖြစ်ပြီး လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် လိုအပ်သည့် အကြံဉာဏ်များကို အထူးကုဆရာဝန်ကြီးများနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
🏥 Princ Hospital Suvarnabhumi ၏ အထူးကုဌာနများ
🦴 Orthopedics – အရိုးအထူးကုဆရာဝန်
❤️ Cardiology – နှလုံးနှင့် သွေးကြောအထူးကုဆရာဝန်
🧠 Neurology – ဦးနှောက်နှင့် နာဗ်ကြောအထူးကုဆရာဝန်
🤰 Obstetrics & Gynecology (OB-GYN) – သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်
🩺 Internal Medicine – ထွေထွေရောဂါအထူးကုဆရာဝန်
👃 ENT & Allergy – နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဓာတ်မတည့်ရောဂါအထူးကုဆရာဝန်
💬 ဘယ်လိုကျန်းမာရေးအကြောင်းအရာကို အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ချင်ပါသလဲရှင်?
တိုင်ပင်လိုသည့် အထူးကုဌာနအမည်ကို Comment တွင် ရေးသားမျှဝေပေးခဲ့နိုင်ပါတယ်ရှင်။
📅 နေ့ရက် – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်မှ ၄ ရက်အထိ
⏰ အချိန် – နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ
📍 နေရာ – Mandalay Convention Center (MCC), Mandalay
🎪 Booth No. – A-8, 9
Princ Hospital Suvarnabhumi ရဲ့ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး ကျန်းမာရေးအတွက် လိုအပ်သည့် အကြံဉာဏ်ကောင်းများ ရယူလိုက်ပါရှင်။

ဆေးရုံဝန်ဆောင်မှုများ၊ ဆေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
👤 ဆက်သွယ်ရန်
📞 09791092563

🎉 Princ Hospital Suvarnabhumi ၏ တရားဝင် Official Viber Channel ကို စတင်ဖွင့်လှစ်လိုက်ပါပြီ! 🎉ကျန်းမာရေးနှင့် ပတ်သက်သော အ...
26/08/2026

🎉 Princ Hospital Suvarnabhumi ၏ တရားဝင် Official Viber Channel ကို စတင်ဖွင့်လှစ်လိုက်ပါပြီ! 🎉
ကျန်းမာရေးနှင့် ပတ်သက်သော အရေးကြီးသတင်းအချက်အလက်များ၊ ဆေးရုံဝန်ဆောင်မှုများနှင့် အထူးအစီအစဉ်များကို ပိုမိုလွယ်ကူမြန်ဆန်စွာ သိရှိနိုင်ရန် Princ Hospital ၏ Official Viber Channel ကို ယခုပဲ Join ထားလိုက်ပါရှင်။ 💙
📌 Viber Channel တွင် မျှဝေပေးသွားမည့် အကြောင်းအရာများ
1.ဆေးစစ်ဆေးမှုနှင့် ကုသမှုဆိုင်ရာ အထူး Promotion Packages များ
2.နေ့စဉ်ဘဝတွင် အသုံးဝင်မည့် ကျန်းမာရေးအသိပညာပေး အကြောင်းအရာများ
3.အထူးကုဆရာဝန်ကြီးများ၏ အချက်အလက်များနှင့် Doctor Profiles
4.Princ Hospital ၏ ဝန်ဆောင်မှုများနှင့် နောက်ဆုံးရသတင်းများ
👇 Princ Hospital Official Viber Channel ကို အခုပဲ Join လိုက်ပါ!
🔗 Viber Channel Link: https://invite.viber.com/?g2=AQBM8Co4yNgMnlcMfAZPvjjXzIF82XGP6nhHbILiGLd30c9dCQxUG5uSR4XiMEmj

ဆေးရုံဝန်ဆောင်မှုများ၊ ဆေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
👤 ဆက်သွယ်ရန်
📞 09791092563
သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် Princ Hospital Suvarnabhumiမှ အစဉ်အမြဲ အသင့်ရှိနေပါသည်။ 💙

IMPORTANT SAFETY NOTICE — PRINC Hospital Suvarnabhumi 🚨Please be aware: all official emails from our hospital come only ...
14/08/2026

IMPORTANT SAFETY NOTICE — PRINC Hospital Suvarnabhumi 🚨

Please be aware: all official emails from our hospital come only from addresses ending in .com

Your safety and privacy matter to us. If anything looks suspicious, please call us directly at 02-080-5999 to verify before taking any action.

Stay safe online. 💙

ที่อยู่

35/2, Moo 12, Bangna-Trad Road, Bangkeaw, Bangphli, Samutprakarn
Bangkok
10540

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ပရင်စ် သုဝဏ္ဏဘူမိ ဆေးရုံကြီး - Princ Hospital Suvarnabhumiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท