Thonburi Bamrungmuang - Myanmar

Thonburi Bamrungmuang - Myanmar "ကျန်းမာရေးအတွက် အပြည့်အဝအားထားရာ — ထွန်ဘူရီ ဘမ်ရွန်မွမ် ဆေးရုံကြီးပါ "

ထွန်ဘူရီဘမ်ရွန်မွမ်တွင် ခေတ်မီအဆင်မြင့် တစ်ဦးချင်းစီအတွက် ကုသမှုများကိုရရှိနိုင်ပါတယ်။ နိုင်ငံတကာထွန်ဘူရီဆေးရုံအုပ်စုကြီးတွင် ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံ အပါအဝင်ထိုင်းနိုင်ငံရှိဆေးရုံ အခွဲ ၁၀ ရုံရှိပြီးတော့ မြန်မာနိုင်ငံတွင်လည်းအာယုဆေးရုံကြီးနှင့်ညီအမ ဆေးရုံဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ ကျော်အတွေ့အကြုံရှိသော ဆေးရုံကြီးတွင် ၉၆၃ ကုတင်နှင့် ပြင်ပလူနာ ၅၈၀၀ ကို ထွန်ဘူရီဆေးရုံ၊ထွန်ဘူရီ ၂ ဆေးရုံ၊ထွန်ဘူရီဘမ်ရွန်

မွမ်ဆေးရုံ၊အူဘွန်ရပ်ထွန်ဘူရီဆေးရုံ၊စီရီဝေ့ဆေးရုံချနိထဘူရီ၊ ထွန်ဘူရီထူဆွမ်ဆေးရုံ၊လရင်ဒီဆေးရုံတို့ဘဲ့ဖြစ်ပါတယ်။
ထွန်ဘူရီဘမ်ရွန်မွမ်ရဲ့ အဓိကစင်တာတွေကတော့
အဆင့်မြင့်ဆီးချိုအနာကုသခြင်းစင်တာ
IVF စင်တာ- ဖန်ပြွန်သန္ဓေသားနည်းပညာ
Digital သွားဘက်ဆိုင်ရာအဆင့်မြင့်သွားကုသခြင်းနှင့်သွားအလှအပစင်တာ
နှလုံး အထူးကုသမှုစင်တာ
အရိုး အထူးကုသမှုစင်တာ
အစာအိမ်အူလမ်းကြောင်းနှင့်အသည်းစင်တာ
အထွေထွေ ရောဂါခွဲစိတ်စင်တာ
ကင်ဆာကီမိုဆေးသွင်းကုသစင်တာ
လေဆာနှင့်မျက်လုံးအထူးကုစင်တာ
ကျန်းမာရေးစစ်ဆေးခြင်းစင်တာ
ကလေးရောဂါအထူးကုစင်တာ

🎉 ထွန်ဘူရီ ဘမ်ရွန်မွမ် ဆေးရုံကြီးရဲ့  ဒူးဆစ်ပြုပြင်ကုသရေးစင်တာ (Knee Repair Center) ၏ မိတ်ဆက်ဖွင့်လှစ်ပွဲ အခမ်းအနားမှ အမ...
10/07/2026

🎉 ထွန်ဘူရီ ဘမ်ရွန်မွမ် ဆေးရုံကြီးရဲ့ ဒူးဆစ်ပြုပြင်ကုသရေးစင်တာ (Knee Repair Center) ၏ မိတ်ဆက်ဖွင့်လှစ်ပွဲ အခမ်းအနားမှ အမှတ်တရပုံရိပ်များ

မျက်စိမှုန်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် "ထွန်ဘူရီ ဘမ်ရွန်မွမ်ဆေးရုံကြီး" ရဲ့ LASIK Center ကနေ မျက်စိလေဆာမပစ်မီ ကြိုတင်ပြ...
06/07/2026

မျက်စိမှုန်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် "ထွန်ဘူရီ ဘမ်ရွန်မွမ်ဆေးရုံကြီး" ရဲ့ LASIK Center ကနေ မျက်စိလေဆာမပစ်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ် 👇

၁။ မျက်စိလေဆာမပစ်မီ အနည်းဆုံး (၇) ရက်အတွင်း မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ကြဉ်ပေးပါ။ 🙅‍♂️🙅‍♀️
၂။ မျက်စိလေဆာအတွက် ကြိုတင်စစ်ဆေးမှုကို နံနက် ၈:၀၀ နာရီ မှ ၉:၃၀ နာရီအတွင်း စစ်ဆေးပေးရပါမယ်။ အကယ်၍ သင်သည် LASIK လေဆာပစ်ရန်အတွက် သင့်တော်ပါက မျက်စိလေဆာပစ်ခြင်းကို နေ့လည် ၂:၀၀ မှ ၃:၀၀ နာရီအတွင်း တစ်ရက်တည်းဖြင့် ချက်ချင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 🕒
၃။ မျက်စိစစ်ဆေးမှုအတွက် လာရောက်ရမည့်ရက်တွင် -

💄 မိတ်ကပ်နှင့် ရေမွှေး လုံးဝမသုံးပါရန်

🧼 ခေါင်းလျှော်ခဲ့ပါရန်

👕 အင်္ကျီအရှေ့ခွဲ (ကြယ်သီးတပ်) ဝတ်ဆင်ခဲ့ပါရန်

👓 ပုံမှန်အတိုင်း မျက်မှန်တပ်ဆင်လာခဲ့ပါရန်

၄။ ရက်ချိန်း (၂) ကြိမ် (Follow up) ပြသရန် လိုအပ်ပါတယ် -

လေဆာပစ်ပြီး နောက်တစ်ရက် (၁ ရက်မြောက်)

လေဆာပစ်ပြီး နောက် (၅) ရက်မှ (၇) ရက်အတွင်း

၅။ ဆေးကုသမှု ခရီးစဉ်အတွက် ထိုင်းနိုင်ငံတွင် အနည်းဆုံး (၇) ရက်ခန့် နေထိုင်သင့်ပါသည်။

🎁 အထူးပရိုမိုရှင်း အစီအစဉ်များ 🎁
ပရိုမိုရှင်းကာလမှာ ၃၀ ရက်နေ့ စက်တင်ဘာလ ၂၀၂၆ အထိ ဖြစ်ပါသည်။

⚠️ မှတ်ချက်။ ။ ထွန်ဘူရီ ဘမ်ရွန်မွမ်ဆေးရုံကြီးမှ စည်းကမ်းချက်နှင့် သတ်မှတ်ချက်များကို ကြိုတင်အကြောင်းမကြားဘဲ အချိန်နှင့်အညီ ပြောင်းလဲခွင့်ရှိပါသည်။

📞 ဆက်သွယ်မေးမြန်းရန်နှင့် ရက်ချိန်းရယူရန်
အသေးစိတ်အချက်အလက်များကို ထပ်မံမေးမြန်းလိုပါက -
💬 ဆေးရုံ၏ Page Chatbox ကနေဖြစ်စေ၊ Patient Care Team (Myanmar) : (+66) 094-213-0830 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

📆 LASIK လုပ်ဖို့ Appointment ယူလိုပါက ကျေးဇူးပြု၍ ဆေးရုံ Page Chatbox မှတစ်ဆင့် အနည်းဆုံး (၁) ရက် သို့မဟုတ် (၂) ရက် ကြိုတင်၍ ရက်ချိန်းရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📍 ဆေးရုံ၏တည်နေရာ :
611 Bamrung Mueang Rd, Khlong Maha Nak, Pom Prap Sattru Phai, Bangkok 10100
🌐 Website : https://www.thonburibamrungmuang.com/

အရိုးအဆစ်ဝေဒနာတွေကြောင့် လမ်းလျှောက်ရခက်ခဲပြီး စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေပါသလား။ 🚶‍♂️💥Thonburi Bamrungmuang ထွန်ဘူရီဘ...
02/07/2026

အရိုးအဆစ်ဝေဒနာတွေကြောင့် လမ်းလျှောက်ရခက်ခဲပြီး စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေပါသလား။ 🚶‍♂️💥

Thonburi Bamrungmuang ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံကြီးရဲ့ အရိုးနှင့်အဆစ်အထူးကုစင်တာ (Orthopedic Center) မှ သင့်ရဲ့ လှုပ်ရှားသွားလာမှုတွေကို အဆင်ပြေချောမွေ့စေပြီး နာကျင်မှုကင်းတဲ့ ဘဝသစ်ကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် ထိရောက်တဲ့ ကုသမှုနှင့် အထူးပရိုမိုးရှင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ 🩺✨

🏥 အရိုးအဆစ် အထူးကုသမှု ပရိုမိုးရှင်းအစီအစဉ်များ (Orthopedic Promotions)

🦵 ဒူးဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ခြင်း (Total Knee Replacement Surgery)
ဒူးဆစ်ပြင်းထန်စွာ ပျက်စီးပြီး နာကျင်နေသူများအတွက် ကမ္ဘာ့အဆင့်မီ စံချိန်စံညွှန်းမီ နည်းပညာများဖြင့် စိတ်ချရစွာ ခွဲစိတ်ကုသပေးခြင်း။

🎯တင်ပါးဆုံရိုးအဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ခြင်း (Total Hip Replacement Surgery)
တင်ပါးဆုံရိုး အဆစ်လွဲခြင်း၊ ပျက်စီးခြင်းများအတွက် သဘာဝအတိုင်း ပြန်လည်လှုပ်ရှားနိုင်အောင် ကျွမ်းကျင်ပညာရှင်များမှ ခွဲစိတ်ကုသပေးခြင်း။

🦵 HA ဒူးဆစ်ချောဆီထိုးခြင်း (Hyaluronic Acid / HA Injection)
ဒူးဆစ်ပွတ်တိုက်ပြီး နာကျင်ခြင်း ဝေဒနာကို သက်သာစေရန်နှင့် အဆစ်အမြစ် လှုပ်ရှားမှု ကောင်းမွန်စေရန် ဒူးဆစ်ချောဆီ ထိုးပေးခြင်း။

🦴အရိုးပွရောဂါ ကာကွယ်ကုသဆေးထိုးခြင်း (Osteoporosis Injection)
အသက်အရွယ်ကြောင့် အရိုးပွခြင်း၊ အရိုးပါးခြင်းနှင့် အရိုးကျိုးလွယ်ခြင်း ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ပေးပြီး အရိုးထုထည်ကို အားကောင်းစေခြင်း။

💡 ဘာကြောင့် Thonburi Bamrungmuang ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံကို ရွေးချယ်သင့်သလဲ။

☑ နိုင်ငံတကာအဆင့်မီ AACI America အသိအမှတ်ပြု လက်မှတ်ရ ဆေးရုံကြီးဖြစ်ခြင်း။
☑ အရိုးနှင့်အဆစ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် အနီးကပ် ကြပ်မတ်ကုသပေးခြင်း။
☑ ခွဲစိတ်မှုအပြီး ပြန်လည်သန်စွမ်းရေးအတွက် အဆင့်မြင့် Physical Therapy (ရုပ်ပိုင်းဆိုင်ရာ ကုထုံး) ဝန်ဆောင်မှုများ ရှိခြင်း။

✔အရိုးအဆစ်နာကျင်မှုတွေကို အောင့်အည်းသည်းခံမနေပါနဲ့တော့။ သင့်ရဲ့ လွတ်လပ်တဲ့ လှုပ်ရှားမှုတွေ ပြန်လည်ရရှိဖို့ ကျွန်တော်တို့နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်လိုက်ပါ။

📞 အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် ရက်ချိန်းယူရန်
Burmese Counter - ဆေးရုံဖုန်းနံပါတ် 094-213-0830 (+66)
နေရာ - Orthopedic Center 3 လွှာ၊ Thonburi Bamrungmuang Hospital
#အရိုးနှင့်အဆစ်ခွဲစိတ်ကုသမှု

30/06/2026

👶✨ စိုးရိမ်ပူပန်မှုတွေကနေ ဝမ်းမြောက်ပျော်ရွှင်မှုဆီသို့ – အောင်မြင်ကျော်ဖြတ်ခဲ့တဲ့ IUI ခရီးစဉ် ❤️

ရာသီသွေးမမှန်တဲ့ ပြဿနာတွေကြောင့် စိုးရိမ်ပူပန်ပြီး သဘာဝအတိုင်း ကလေးရနိုင်ပါ့မလားလို့ တွေးတောပူပန်နေမိပါသလား ?
ကျွန်တော်တို့ ဆေးရုံကို လာရောက်ပြသခဲ့တဲ့ မအေးမြထက် ကလည်း ကလေးရရှိဖို့အတွက် မိမိရဲ့ ရာသီသွေးမမှန်တဲ့ အခြေအနေကြောင့် မိခင်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးကို ထိခိုက်လေမလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ရပါတယ်။ အဖြေရှာဖွေမှုတွေနဲ့ လမ်းညွှန်မှုတွေကို ရရှိနိုင်ဖို့အတွက် သူမဟာ ကျွန်တော်တို့ ဆေးရုံရဲ့ Fertility specialist အထူးကုဆရာဝန်ကြီးတွေနဲ့ လာရောက်တိုင်ပင်ဆွေးနွေးခဲ့ပြီး IUI (သားအိမ်အတွင်းသို့ သုတ်ပိုးထည့်သွင်းခြင်း) နည်းလမ်းနဲ့ ကုသမှုကို ခံယူခဲ့ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ ရင်သွေးလေးကို အောင်မြင်စွာ လွယ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 💙

💡 IUI (Intrauterine Insemination) ဆိုတာ ဘာလဲ။
အမျိုးသားရဲ့ သုတ်ပိုးကို ဓာတ်ခွဲခန်းထဲမှာ အားအကောင်းဆုံးဖြစ်အောင် သန့်စင်ပြီး အမျိုးသမီး မျိုးဥကြွေချိန်မှာ သားအိမ်ထဲကို တိုက်ရိုက် ဂရုတစိုက် ထည့်သွင်းပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

ကုန်ကျစရိတ် သက်သာခြင်း
- နာကျင်မှုမရှိဘဲ ရိုးရှင်းပြီး သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်ခြင်း
- သားအိမ်ခေါင်းကြောင့် ကလေးရရန်ခက်ခဲသူများနှင့် သုတ်ပိုးအားနည်းသူများအတွက် အထူးသင့်လျော်ခြင်း

သင့်အိမ်မက်တွေကို လက်လျှော့မလိုက်ပါနဲ့ဦး။ သားသမီးရတနာ ရရှိဖို့အတွက် ကျွန်တော်တို့ ဆေးရုံက အမြဲတမ်း အသင့်ရှိနေပါတယ်။ 🩺✨

ပြပွဲပထမနေ့၏ ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံပြခန်းက ပုံရိပ်အချို့။ ဆရာဝန်ကြီး Dr. Ekapong ကိုယ်တိုင် Free OPD Consultation ပေး...
27/06/2026

ပြပွဲပထမနေ့၏ ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံပြခန်းက ပုံရိပ်အချို့။
ဆရာဝန်ကြီး Dr. Ekapong ကိုယ်တိုင် Free OPD Consultation ပေးနေတာမို့ လာရောက်သူတွေနဲ့ စည်ကားနေခဲ့ပါတယ်။ 😍

2 ရက်ပဲရှိမဲ့ Thai Fest Expo ကြီးရဲ့ မနက်ဖြန်ဟာ နောက်ဆုံးနေ့ဖြစ်လို့ ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်မခံဘဲ မနက်ဖြန်မှာလည်း Booth number ၄၂ သို့ လာရောက်ခဲ့ဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ရပါတယ်။ 🏥✨

💙 Precious Wellness Duo - ၁ ခုဝယ် ၁ ခုရ ကျန်းမာရေးစစ်ဆေးမှု ပရိုမိုးရှင်း 💙ကိုယ်တိုင်အတွက်ရော ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ ...
25/06/2026

💙 Precious Wellness Duo - ၁ ခုဝယ် ၁ ခုရ ကျန်းမာရေးစစ်ဆေးမှု ပရိုမိုးရှင်း 💙

ကိုယ်တိုင်အတွက်ရော ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ ကျန်းမာရေးကို ကြိုတင် ရင်းနှီးမြှုပ်နှံလိုက်ပါ! Thonburi Bamrungmuang ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံကြီးမှ အထူးအစီအစဉ်အနေနဲ့ ကျန်းမာရေးစစ်ဆေးမှု Package ၁ ခု ဝယ်ယူရုံနဲ့ နောက်ထပ် Package ၁ ခု အခမဲ့ (FREE) ထပ်မံရရှိမယ့် "Buy 1 Get 1" ပရိုမိုးရှင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ရောဂါရှာဖွေမှုများကို စောစီးစွာသိရှိနိုင်ပြီး ရေရှည်ကျန်းမာ ပျော်ရွှင်စေဖို့အတွက် ပြည့်စုံစိတ်ချရတဲ့ ကျန်းမာရေးစစ်ဆေးမှုများကို အခုပဲ ရွေးချယ်လိုက်ပါ။

🔹 အမျိုးသားများအတွက်ပက်ကေ့ (Men's Package)

စျေးနှုန်း - 23,900 THB
အထူးအစီအစဉ် - အမျိုးသား ပက်ကေ့ ၁ ခု ဝယ်ယူပါက အမျိုးသား နောက်တစ်ယောက် အခမဲ့ (FREE) ထပ်မံရရှိပါမည်။
(မှတ်ချက်- အမျိုးသား + အမျိုးသား အတွက်သာ အကျုံးဝင်ပါသည်)*

🔹 အမျိုးသမီးများအတွက်ပက်ကေ့ (Women's Package)

စျေးနှုန်း -28,900 THB
အထူးအစီအစဉ် - အမျိုးသမီး ပက်ကေ့ ၁ ခု ဝယ်ယူပါက နောက်ထပ် တစ်ယောက် အခမဲ့ (FREE) ရရှိပါမည်။
(အခမဲ့ရရှိမယ့်ပက်ကေ့က အမျိုးသမီး သို့မဟုတ် အမျိုးသား တစ်ယောက် စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်)*

📅 ပရိုမိုးရှင်းကာလ (Promotion Period)
ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၂၀၂၆ ခုနှစ်

📝 သတ်မှတ်ချက်နှင့် စည်းကမ်းချက်များ (Terms & Conditions)
-ဖော်ပြပါစျေးနှုန်းတွင် ဆရာဝန်ခ၊ သူနာပြုခနှင့် ဆေးရုံဝန်ဆောင်မှုခများ ပါဝင်ပြီး ဖြစ်သည်။
-စစ်ဆေးမှုတွင် ပုံမှန်မဟုတ်သော တွေ့ရှိချက်များကြောင့် ထပ်မံပြသရမည့် ဆရာဝန်ခများနှင့် -နောက်ဆက်တွဲ ကျန်းမာရေးကုန်ကျစရိတ်များ ပါဝင်ခြင်းမရှိပါ။
-ဆေးစစ်မှုမခံယူမီ အစာနှင့် ရေကို အနည်းဆုံး ၈ နာရီခန့် ကြိုတင်ဖြတ်ထားပေးရပါမည်။
-စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆေးရုံ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

နေရာ - Check Up Center, Floor 2, Thonburi Bamrungmuang Hospital
📞 အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် ရက်ချိန်းယူရန်
ဖုန်းနံပါတ် - 094-213-0830 (+66) Viber

ဒူးနာဝေဒနာရှင်များအတွက် သတင်းကောင်း 📣✨ဇွန်လ (၂၇) ရက်နှင့် (၂၈) ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် Thai Fest Expo 2026 ပြပွ...
23/06/2026

ဒူးနာဝေဒနာရှင်များအတွက် သတင်းကောင်း 📣✨

ဇွန်လ (၂၇) ရက်နှင့် (၂၈) ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် Thai Fest Expo 2026 ပြပွဲကြီးတွင် ထိုင်းနိုင်ငံမှ ဒူးဆစ်ရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Ekapong Komolhiran ကိုယ်တိုင် Thonburi Bamrungmuang Hospital ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံကြီး၏ Booth နံပါတ် ၄၂ တွင် ရှိနေမှာဖြစ်ပြီး ဒူးနာဝေဒနာရှင်များအတွက် အခမဲ့ ဆွေးနွေးတိုင်ပင်မှု (Free OPD Consultation) ပေးသွားမည်ဖြစ်ပါသည်။ 🩺💡

လူဦးရေကန့်သတ်ချက်ရှိပါသဖြင့် အခမဲ့ဆွေးနွေးခွင့်ရရှိရန် အောက်ပါ Link သို့မဟုတ် ဖုန်းနံပါတ်မှတစ်ဆင့် အမြန်ဆုံး ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ 👇

🔗 Google Form မှတစ်ဆင့် စာရင်းပေးသွင်းရန်-
[https://docs.google.com/forms/d/1oYmdOJpfa-OaN80BzGN_z8G4OLEIPhe0KrP2G23G_q8/edit]

📞 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် စာရင်းသွင်းရန်-
09987477206 (ရုံးချိန်အတွင်းသာ)

📍 နေရာ - Novotel Yangon Max at Booth no. 42, Thai Fest Expo
📅 နေ့ရက် - June 27, 28

မိမိတို့၏ ဒူးနာဝေဒနာများအတွက် ထိုင်းနိုင်ငံမှ အထူးကုဆရာဝန်ကြီးနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်မည့် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ စာရင်းပေးသွင်းလိုက်ပါ! 🙏

ဇွန်လ (၂၇) ရက်နေ့နဲ့ (၂၈) ရက်နေ့တွေမှာ Novotel Hotel မှာ ပြုလုပ်မယ့် Thai Fest Expo Yangon 2026 မှာ Thonburi Bamrungmuan...
19/06/2026

ဇွန်လ (၂၇) ရက်နေ့နဲ့ (၂၈) ရက်နေ့တွေမှာ Novotel Hotel မှာ ပြုလုပ်မယ့် Thai Fest Expo Yangon 2026 မှာ Thonburi Bamrungmuang ထွန်ဘူရီဘမ်ရွန်မွမ်ဆေးရုံကြီးရဲ့ ပြခန်းလေး ရှိနေမှာဖြစ်ပါတယ်။ 🏥✨

ကျန်းမာရေးအတွက် အထူးအစီအစဉ်ကောင်းတွေ ရှာဖွေနေသူတွေအတွက်...
✅ Buy 1 Get 1 Check-Up Package များအပြင်
✅ တခြားသော စိတ်ဝင်စားစရာ အထူးလျှော့ဈေးပရိုမိုးရှင်းနဲ့ လက်ဆောင်များလည်း ပြခန်းမှာ စီစဉ်ပေးထားပါတယ်။🎁

ကျန်းမာရေးနဲ့ ပတ်သက်ပြီး လာရောက်ဆွေးနွေးလေ့လာဖို့ Thonburi Bamrungmuang ဆေးရုံကြီးရဲ့ Booth Number 42 မှာ စောင့်ကြိုနေမှာဖြစ်လို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤝💙

📍 နေရာ: Novotel Hotel, Yangon
🔢 ပြခန်းနံပါတ်: Booth 42
📅 ရက်စွဲ: ၂၇၊ ၂၈ ရက် ဇွန်လ ၂၀၂၆

🔥 သတင်းကောင်း! လူနာအများအပြား၏  စိတ်ဝင်စားမှုများပြားခြင်းကြောင့် ကျွန်ုပ်တို့၏ အထူးပရိုမိုးရှင်းအစီအစဉ်ကို ယခုနှစ်ကုန် ...
12/06/2026

🔥 သတင်းကောင်း!
လူနာအများအပြား၏ စိတ်ဝင်စားမှုများပြားခြင်းကြောင့် ကျွန်ုပ်တို့၏ အထူးပရိုမိုးရှင်းအစီအစဉ်ကို ယခုနှစ်ကုန် (၃၁ ဒီဇင်ဘာ ၂၀၂၆) အထိ ထပ်မံသက်တမ်းတိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

🔍 အူမကြီးမှန်ပြောင်းမကြည့်မီနှင့် ကြည့်နေစဉ် လုပ်ဆောင်ချက်အဆင့်ဆင့်

အူလမ်းကြောင်းမှန်ပြောင်းမကြည့်ခင်မှာ လူနာများ အနေဖြင့် စိတ်အေးလက်အေးဖြစ်ဖို့ အောက်ပါအဆင့်ဆင့်ကို သိထားသင့်ပါတယ်။

၁။ ဆေးရုံမှပေးသော အဝတ်အစားကို လဲရပါမည်။ မိမိ၏ အဝတ်အစားနှင့် ဖိနပ်များကို သတ်မှတ်ထားသော ဗီဒိုအတွင်း စနစ်တကျ သိမ်းဆည်းရပါမည်။

၂။ လိုအပ်ပါက (အူမကြီးအတွင်း ဝမ်းများကျန်နေပါက) မှန်ပြောင်းမကြည့်မီ ဝမ်းချူခြင်း ပြုလုပ်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။

၃။ လူနာကို ဘယ်ဘက်သို့ စောင်းအိပ်စေပြီး တင်ပါးကို ခုတင်အစွန်းသို့ တိုးကပ်ထားရပါမည်။

၄။ ဆရာဝန်က အိပ်ဆေးပေးပြီးနောက် မှန်ပြောင်းကို အူမကြီးအတွင်းသို့ ထည့်သွင်းပါမည်။ အူလမ်းကြောင်းကို ရှင်းလင်းစွာ မြင်ရစေရန် လေအနည်းငယ် ထည့်သွင်းပါမည်။ ထိုအခါ လူနာအနေဖြင့် ဝမ်းသွားချင်သကဲ့သို့ မအီမသာဖြစ်နိုင်ပါသည်။ အသက်ပြင်းပြင်းရှူ၍ စိတ်လျှော့ထားပါ။ စစ်ဆေးမှုပြီးပါက ဆရာဝန်က လေကို ပြန်လည်စုပ်ထုတ်ပေးပါမည်။

၅။ အကယ်၍ ပုံမှန်မဟုတ်သော အသားပိုများ တွေ့ရှိပါက ဆရာဝန်က လိုအပ်သလို ချက်ချင်းကုသခြင်း (သို့မဟုတ်) အသားစယူခြင်းများကို ဆက်လက်ဆောင်ရွက်ပါမည်။

၆။ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းမှာ မိနစ် ၃၀ ခန့်သာ ကြာမြင့်နိုင်ပါသည်။ ပြီးဆုံးပါက လူနာနိုးလာပြီး အခြေအနေ တည်ငြိမ်သည်အထိ အနားယူခန်းတွင် ဂရုတစိုက် စောင့်ကြည့်ပေးပါမည်။

🏡 အူလမ်းကြောင်းမှန်ပြောင်းကြည့်ပြီးနောက် မိမိကိုယ်ကိုယ်ဂရုစိုက်ရန်

🍏 အစားအသောက် - အစာကြေလွယ်သော အစားအစာများကို စားပါ။ အပူအစပ် ရှောင်ပါ။ အမျှင်ဓာတ်ပါသော အစားအစာနှင့် ရေကို တစ်နေ့လျှင် (၆) ခွက်မှ (၈) ခွက်အထိ သောက်ပေးပါ။

🚗 အနားယူခြင်း - ၂၄ နာရီအတွင်း ကားမောင်းခြင်း၊ စက်ပစ္စည်းများ ကိုင်တွယ်မောင်းနှင်ရခြင်းနှင့် ပင်ပန်းစေနိုင်မည့်အလုပ်များကို ရှောင်ကြဉ်ပါ။ လုပ်ငန်းခွင်မဝင်သေးဘဲ ပြည့်ပြည့်ဝဝ အနားယူပါ။

📅 ရက်ချိန်းပြသခြင်း - Follow up ရက်ချိန်းများအတိုင်း ပြန်လည်ပြသပါ။ အထူးသဖြင့် အသားစ စစ်ဆေးထားသူများ အဖြေနားထောင်ရန် မမေ့ပါနှင့်။

⚠️ သတိထားရမည့် လက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများ

အူမကြီးမှန်ပြောင်းကြည့်ရာတွင် မေ့ဆေးကြောင့်ဖြစ်စေ၊ အူလမ်းကြောင်း လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း သို့မဟုတ် အသားစယူရာမှ သွေးထွက်ခြင်း၊ အူလမ်းကြောင်း ပေါက်ခြင်း (အလွန်ရှားပါးပါသည်) စသည့် နောက်ဆက်တွဲ ပြဿနာများ ရှိနိုင်ပါသည်။

ထို့ကြောင့် မှန်ပြောင်းကြည့်ပြီးနောက် အော့အန်ခြင်း၊ ဗိုက်ပြင်းထန်စွာအောင့်ခြင်း၊ ဝမ်းဗိုက်တင်းမာခြင်း၊ အဖျားတက်ခြင်း၊ စအိုမှသွေးထွက်ခြင်း (သို့မဟုတ်) ဝမ်းတွင်သွေးပါခြင်းနှင့် ဆေးထိုးသည့်နေရာ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ချက်ချင်း ပြန်လည်ပြသရပါမည်။

📍 Thonburi Bamrungmuang Hospital (Gastroenterology & Hepatology Center, Floor 3)
611 Bamrung Mueang Rd, Khlong Maha Nak, Pom Prap Sattru Phai, Bangkok 10100

🦷 သွားတိုက်ရင်း သွားဖုံးသွေးယိုတာဟာ သာမန်ပဲလို့ ထင်နေပါသလား။သွားတိုက်တဲ့အခါတိုင်း သွားဖုံးက သွေးခဏခဏထွက်တာဟာ သွားတိုက်တာ...
11/06/2026

🦷 သွားတိုက်ရင်း သွားဖုံးသွေးယိုတာဟာ သာမန်ပဲလို့ ထင်နေပါသလား။

သွားတိုက်တဲ့အခါတိုင်း သွားဖုံးက သွေးခဏခဏထွက်တာဟာ သွားတိုက်တာ ပြင်းထန်လွန်းလို့တင် မဟုတ်ပါဘူး။ ဒါဟာ သွားဂျိုး (Plaque) နဲ့ သွားကျောက်တည်ခြင်း (Tartar) ကြောင့် ဖြစ်တတ်တဲ့ သွားဖုံးရောင်ရောဂါ (Gingivitis) ရဲ့ အစောပိုင်း သတိပေးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ⚠️

အကယ်၍ စောစီးစွာ မကာကွယ်ဘဲ ဒီအတိုင်း ပစ်ထားမယ်ဆိုရင်...
ဗက်တီးရီးယားတွေဟာ သွားဖုံးအတွင်းပိုင်းအထိ ပျံ့နှံ့သွားပြီး သွားကို ထောက်ပံ့ပေးထားတဲ့ ပတ်ဝန်းကျင်တစ်ရှူးတွေနဲ့ အရိုးတွေကိုပါ တဖြည်းဖြည်း ပျက်စီးစေကာ ပိုမိုပြင်းထန်တဲ့ သွားဖုံးအမြစ်တွယ်ရောဂါ (Periodontal Disease) အထိ ဖြစ်ပွားသွားနိုင်ပါတယ်။

ပုံမှန် သွားကျောက်ခြစ်ခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးခြင်းက ဗက်တီးရီးယား စုပုံလာမှုကို လျှော့ချပေးပြီး ကျန်းမာကြံ့ခိုင်တဲ့ သွားဖုံးတွေကို ပိုင်ဆိုင်စေနိုင်ပါတယ်။ ✨

💬 အသေးစိတ် သိရှိလိုပါက သို့မဟုတ် ကျွမ်းကျင်သည့် သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးရန် ရက်ချိန်းယူလိုပါက

📍 Digital Dental Center, 2nd Floor, Thonburi Bamrungmuang Hospital
📱 Hotline: +66 94 213 0726 /
+66 94-213-0830 (Myanmar)
🌐 LINE: https://page.line.me/digitaldental

ที่อยู่

611 Bamrung Mueang Road, Khwaeng Khlong Maha Nak, Khet Pom Prap Sattru Phai
Bangkok
10100

เบอร์โทรศัพท์

+6622207999

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thonburi Bamrungmuang - Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Thonburi Bamrungmuang - Myanmar:

ทางลัด

แชร์