08/09/2026
(၇) နှစ်ကြာ ခံစားခဲ့ရတဲ့ ဇာတ်ကြောတက်/လည်ပင်းနာ ဝေဒနာမှသည် လက်မောင်းနှင့် လက်ချောင်းများအထိ ထုံကျင်ကိုက်ခဲလာသည့် ဝေဒနာ...
Mrs. Aye Aye Moe ဟာ ဆေးဝါးများဖြင့် ကုသခြင်း၊ ဆေးထိုးခြင်းများ ပြုလုပ်ခဲ့သော်လည်း ရောဂါလက္ခဏာများ မသက်သာဘဲ ပိုမိုဆိုးရွားလာခဲ့တာကြောင့် ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးသို့ လာရောက်ပြသခဲ့ပါတယ်။
ဝေ့ဌာနီဆေးရုံကြီးမှ ကျောရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Kitidate Boonchai နှင့် တိုင်ပင်ဆွေးနွေးပြီး လည်ပင်းကျောရိုး MRI ဓာတ်မှန်ရိုက်ကူး စစ်ဆေးခဲ့ရာ C4–C5 နှင့် C5–C6 အဆစ်နေရာများတွင် အဆစ်ပြားနှင့် အရိုးအတက်များကြောင့် အာရုံကြော ညှပ်နေသည်ကို တိကျစွာ တွေ့ရှိခဲ့ရပါတယ်။
ဤသို့ လည်ပင်းအာရုံကြော ဖိညှပ်ခံရခြင်းကြောင့် လည်ပင်းနာခြင်း၊ ဘယ်ဘက်လက်မောင်းနှင့် လက်ချောင်းများအထိ ထုံကျင်ပြီး ကိုက်ခဲသည့် ဝေဒနာများကို ဆက်တိုက် ခံစားခဲ့ရခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ဆရာဝန်ကြီးမှ အာရုံကြောပေါ် ကျရောက်နေသော ဖိအားများကို လျှော့ချပေးရန် ခွဲစိတ်ကုသမှုကို အကြံပြုခဲ့ပါတယ်။
သူမသည် နောက်ဘက်မှ လည်ပင်းကျောရိုး ခွဲစိတ်မှု (Posterior cervical decompressive laminotomy and lateral mass screw fixation) ကို ခံယူခဲ့ပြီး ကျောရိုးတည်ငြိမ်မှု ရရှိအောင် အောင်မြင်စွာ ကုသနိုင်ခဲ့ပါတယ်။
ခွဲစိတ်ကုသမှုအပြီးတွင် အာရုံကြောကြောင့် ဖြစ်ပေါ်ခဲ့သည့် ကိုက်ခဲထုံကျင်မှုများ သိသာစွာ သက်သာပျောက်ကင်းသွားခဲ့ပြီး (၁) လအတွင်းမှာပင် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်ကာ နေ့စဉ်ဘဝကို မိမိဘာသာ လွတ်လပ်စွာ ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပါပြီ။
📌 ကျောရိုးနှင့် အာရုံကြောဆိုင်ရာ ဝေဒနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက -
ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးသို့ ယနေ့ပင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး အကူအညီရယူလိုက်ပါ။
ဆက်သွယ်ရန်:
📱Myanmar Hotline Viber: +66638532447
📞Thai Number: +66(0)81-984-5111
💬LINE: +66819845111/ ID-vejthanimm
📧Email: [email protected]
🏢Vejthani Yangon Office: +959885059818
ယခုဖေ့ဘုတ်ပေ့ချ်မှာ ထိုင်းနိုင်ငံဘန်ကောက်ရှိ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးနှင့် လူနာများတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်စေရန်/ အချက်အလက်များဖွင့်ထားသော တစ်ခုတည်းသော တရား၀င်ဖေ့ဘုတ်ပေ့ချ်ဖြစ်ပါသည်။
#ကျန်းမာရေးဗဟုသုတ #ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး #လည်ပင်းကျောရိုးခွဲစိတ်ကုသခြင်း
Viber Channel: https://invite.viber.com/?g2=AQA1g83rzk4jt1EA9MpQXITGdh%2BCvkR2b0RhwWcFVD7Apxv4%2BNebYlN0qgRQVoER
Telegram Channel: https://t.me/MyanmarVejthani
IG: https://www.instagram.com/vejthani.hospital/
Twitter: https://twitter.com/Vejthani
YouTube: https://vejthani.s.gy/ELN5iV
ဆရာဝန်ရှာဖွေရန်: https://vejthani.s.gy/UykFNa
ကြိုတင်ဘိုကင်တင်ရန်: https://vejthani.s.gy/ih1hMP
Website: https://vejthani.s.gy/CGvOGC