Theia For You ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်နဲ့ခန္ဓာကို ပြန်လည်လန်းဆန်းစေဖို့ Reiki Healing ရဲ့ နူးညံ့တဲ့ စွမ်းအင်ကုထုံးနဲ့အတူတူ အနားယူလိုက်ပါ🤍

အလုပ်တွေ ဘယ်လောက် ရှုပ်နေလဲဆိုတော့ Healing session ကြေငြာထားတာလဲ မေ့နေတာပဲ ဒီနေ့စမယ်ဆိုတာပါ မေ့နေတာဒီဖက် အိမ်ပြောင်းပြီး...
30/03/2026

အလုပ်တွေ ဘယ်လောက် ရှုပ်နေလဲဆိုတော့ Healing session ကြေငြာထားတာလဲ မေ့နေတာပဲ
ဒီနေ့စမယ်ဆိုတာပါ မေ့နေတာ
ဒီဖက် အိမ်ပြောင်းပြီးတော့မှ ညဖက်တွေinternet လိုင်းကလည်း မကောင်းနေတော့ ကြေငြာထားပေမဲ့ မလုပ်တော့ဘူးလို့ နေနေပြီး ခါတိုင်းလို့ တောက်လျှောက်လည်း မကြေငြာတော့ပဲ နေနေလိုက်တော့ ပိုမေ့နေတာလဲ ပါတယ်
ကိုယ့် session တွေ joinနေကြ ညီမလေးက session joinမယ်နော် လာပြောတော့မှ ပြန်ကြည့်တော့ ဒီနေ့ စရမှာပဲဆိုတာ သတိရတော့တယ်

အဲတော့ ဒီနေ့ည(၈)နာရီ- (၁၀)နာရီထိ session လေးရှိပါမယ်
Healing session လေးကို Joinချင်တဲ့သူအတွက်
ငွေကြေး မလိုပါဘူး (၃)ရက်တော့ အပြည့်အဝပါဝင်ပေးရပါမယ်
(၃)ရက် အပြည့်မပါဝင်နိုင်ရင် မjoinပါနဲ့
အထူးတလည်လည်း မကြေငြာထားလို့ လူကလည်း ရှိသလောက် လူနဲ့ လုပ်ပေးမှာပါ

Zoom link ကို first commentမှာ ပေးထားပါမယ်

ဒါကတော့ မူရင်းpost linkပါ https://www.facebook.com/share/p/17ar7HWtAr/?mibextid=wwXIfr

Retrograde ကာလရဲ့ လေးလံမှုတွေကို ချန်ထားခဲ့ပြီး... လပြည့်ညရဲ့ စွမ်းအင်သစ်နဲ့အတူ စိတ်သစ်လူသစ် ပြန်လည်နိုးထကြရအောင်" ✨

မတ်လကုန်ပိုင်းဟာ Mercury Retrograde ကာလ ပြီးဆုံးသွားတာကြောင့် ကျွန်မတို့ရဲ့ စိတ်အာရုံတွေ ပိုမိုကြည်လင်လာမယ့် အချိန်အခါကောင်းတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် ဧပရယ် (၁) ရက်နေ့မှာ ကျရောက်မယ့် Pink Moon (လပြည့်ည) ဟာလည်း "နိုးထခြင်း" နဲ့ "ပြန်လည်စတင်ခြင်း" ကို ကိုယ်စားပြုတဲ့ အစွမ်းထက်စွမ်းအင်တွေ ပိုင်ဆိုင်ထားပါတယ်။

ဒီထူးခြားတဲ့ အချိန်အခါလေးမှာ သင့်ရဲ့ Inner Peace ကို ပြန်လည်ရှာဖွေဖို့နဲ့ စိတ်ဝိညာဉ်ကို နူးညံ့စွာ ကုစားပေးဖို့အတွက် 'Pink Moon Awakening: Inner Peace & Healing Journey' အစီအစဉ်လေးကို ဖိတ်ခေါ်ချင်ပါတယ်။ 🌙💖

✨ ဒီ ၃ ရက်တာ ခရီးစဉ်မှာ ဘာတွေ ရရှိမလဲ?

• Day 1 (Mar 30): Retrograde အပြီး စိတ်ထဲက အဆိပ်အတောက် (Emotional Detox) များကို စွန့်ထုတ်ခြင်း။
• Day 2 (Mar 31): အတွင်းစိတ်ငြိမ်းချမ်းမှု (Inner Peace) ကို ပြန်လည်တည်ဆောက်ခြင်း။
• Day 3 (Apr 1): Pink Moon စွမ်းအင်နဲ့အတူ ဆုတောင်းခြင်းနှင့် Manifestation ပြုလုပ်ခြင်း။

🗓️ အသေးစိတ် အစီအစဉ်
• နေ့ရက်: March 30, 31 & April 1
• အချိန်: ည 8:00-10:00 (တစ်ရက် ၂ နာရီ - Online Session)
• နေရာ: Zoom
• Fees : Happy Money( မိမိတို့ တက်နိုင်သည့်ပမာဏပေးသွင်းနိုင်)

တစ်ခါတလေ စိတ်ထဲမှာ လေးလံနေသလို ခံစားနေရတယ်ဆိုရင် ဒါဟာ သင့်အတွက် အကောင်းဆုံး ကုစားမှုခရီးစဉ်တစ်ခု ဖြစ်လာမှာပါ။
ပိုမိုကြည်လင်ပြီး အင်အားပြည့်ဝတဲ့ စိတ်ဓာတ်တွေနဲ့ ဧပရယ်လသစ်ကို အတူတူ ဖြတ်သန်းကြရအောင်။ 🌿✨
📩 စာရင်းပေးသွင်းရန် သို့မဟုတ် အသေးစိတ်သိလိုပါက Messenger သို့မဟုတ် Comment မှာ "Pink Moon" လို့ ရေးပေးခဲ့ပါရှင်။

Retrograde ကာလရဲ့ လေးလံမှုတွေကို ချန်ထားခဲ့ပြီး... လပြည့်ညရဲ့ စွမ်းအင်သစ်နဲ့အတူ စိတ်သစ်လူသစ် ပြန်လည်နိုးထကြရအောင်" ✨မတ်လ...
19/03/2026

February ရဲ့ 28Days Journey Session ပြီးကတည်းက အိမ်အရွေ့အပြောင်းနဲ့ နေရာအသစ်ရောက်တော့ အသားမကျသေးတာနဲ့ရော ကိုယ့်အတွက် အချ...
14/03/2026

February ရဲ့ 28Days Journey Session ပြီးကတည်းက အိမ်အရွေ့အပြောင်းနဲ့ နေရာအသစ်ရောက်တော့ အသားမကျသေးတာနဲ့ရော
ကိုယ့်အတွက် အချိန်ပိုပေးပြီး ဘုရားတရားလေး လုပ်ချင်တာရောတွေကြောင့် နောက်ထပ် Healing session တွေ ထပ်မဖွင့်ဖြစ်ဘူးဖြစ်နေတာ
ဒီနေ့ ကိုယ့် Healing session တွေ joinနေကြ ညီမလေးတစ်ယောက်က နောက်ထပ်Healing session တွေ မဖွင့်သေးဘူးလား မေးလာတယ်
တစ်လတစ်ကြိမ်တော့ ရက်တို session လေးတွေ
ဖွင့်နိုင်ဖို့ ကြိုးစားပါမယ်
ဒီလက ကိုယ်ကိုယ်တိုင်Universeရဲ့ စာမေးပွဲတွေဖြစ်တဲ့ လောကဓံတွေကိုဖြေနေရလို့
ကိုယ့်အတွက်လည်း ကိုယ် အချိန်ပိုပေးနေတာမို့ နောက်ကျနေတာပါ
Retrograde ကာလမှာ အားလုံးပဲ စိတ်ရောကိုယ်ပါအေးအေးချမ်းချမ်းနဲ့ အကောင်းဆုံးကျော်ဖြတ်
နိုင်ကြပါစေလို့လည်း
နေ့တိုင် မေတ္တာပို့ ဆုတောင်းပေးပါတယ်
မတ်လရဲ့ နောက်ဆုံးအပတ်ထဲမှာ Healing session လေး လုပ်နိုင်ဖို့ ကြိုးစားပေးပါမယ်နော်

01/02/2026

Hello Soul Familyတို့ရေ ဒီနေ့ ကျွန်မတို့ရဲ့28 Days Journey စတင်ပါပြီးနော်
ဒီကနေ့ည ၇ နာရီ Zoom Chunnelကနေ စတင်မှာမို့ စာရင်းပေးထားပြီး ဝင်ရမဲ့ Zoom link မရသေးတဲ့သူတွေ Chat boxမှာ လာတောင်းပါနော်

ဒီကနေည ၇ နာရီမှာ Zoomမှာ ဆုံကြပါမယ်ရှင့်

Ritual လုပ်ရင်  #ကရဝေးရွက် မရှာရအောင်နဲ့ တခြားသူတွေကို မျှဝေရအောင် 🤍အိမ်မှာ ဝယ်စိုက်ထားလိုက်တယ်😊
29/01/2026

Ritual လုပ်ရင် #ကရဝေးရွက် မရှာရအောင်နဲ့ တခြားသူတွေကို မျှဝေရအောင် 🤍အိမ်မှာ ဝယ်စိုက်ထားလိုက်တယ်😊

✨”သင့်ရဲ့ မနက်ဖြန်တွေက နေမြဲအတိုင်းပဲလား? ဒါမှမဟုတ် အသစ်ဖြစ်နေပြီလား?" ✨နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝထဲမှာ ကိုယ့်ကိုယ်ကိုယ် မေ...
23/01/2026

✨”သင့်ရဲ့ မနက်ဖြန်တွေက နေမြဲအတိုင်းပဲလား? ဒါမှမဟုတ် အသစ်ဖြစ်နေပြီလား?" ✨
နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝထဲမှာ ကိုယ့်ကိုယ်ကိုယ် မေ့နေတတ်ကြပါတယ်။ စိတ်ရှုပ်ထွေးတာတွေ၊ စိုးရိမ်ပူပန်တာတွေကို ရင်ထဲမှာပဲ သိမ်းထားမယ့်အစား စာရွက်ပေါ်မှာ ချရေးကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ကျွန်မတို့ရဲ့ "28 Days Journaling Journey" မှာ ပါဝင်လိုက်တာနဲ့ ...
✅ စိတ်ထဲက အညစ်အကြေးတွေကို ဆေးကြောနိုင်မယ် (Mental Decluttering)
✅ ကိုယ့်ရဲ့ တန်ဖိုးနဲ့ ပန်းတိုင်တွေကို ပိုမြင်သာလာမယ် (Self-Discovery)
✅ သေးငယ်တဲ့အရာလေးတွေအပေါ် ကျေးဇူးတင်တတ်လာပြီး ပျော်ရွှင်မှု ရှာတွေ့လာမယ် (Gratitude)
✅ အတိတ်က နာကျင်မှု ဒါမှမဟုတ် အဆင်မပြေမှုတွေကို စာနဲ့ ကုစားတတ်လာမယ်(Emotional Healing)
✅ ကိုယ့်ရဲ့ နေ့စဉ်ဦးတည်ချက်တွေကို ပိုပြီး အာရုံစိုက်နိုင်လာမယ်(Better Focus)
တခြားအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါသေးတယ်
၂၈ ရက်ဆိုတာ အကျင့်သစ်တစ်ခု စတင်ဖို့
အကောင်းဆုံး အချိန်ကာလတစ်ခုပါ။

ညမအိပ်ခင်လေး Meditation လေး အနည်းဆုံးမိနစ်(၂၀)လောက် ထိုင်ပြီးမှ အိပ်ကြမယ်နော်
21/01/2026

ညမအိပ်ခင်လေး Meditation လေး အနည်းဆုံးမိနစ်(၂၀)လောက် ထိုင်ပြီးမှ အိပ်ကြမယ်နော်

ဒီနေ့ဟာ ၂၀၂၆နှစ်သစ်ရဲ့ ပထမဆုံး လဆန်းရက်ဖြစ်ပါတယ်✨🌑နှစ်တစ်နှစ်ရဲ့ အစ၊ လဆန်းရက် (New Moon) ဆိုတာ အသစ်တဖန် ပြန်လည်စတင်ခြင်း...
18/01/2026

ဒီနေ့ဟာ ၂၀၂၆နှစ်သစ်ရဲ့ ပထမဆုံး လဆန်းရက်ဖြစ်ပါတယ်✨🌑

နှစ်တစ်နှစ်ရဲ့ အစ၊ လဆန်းရက် (New Moon) ဆိုတာ အသစ်တဖန် ပြန်လည်စတင်ခြင်းနဲ့ မိမိရဲ့ ရည်မှန်းချက်တွေကို မျိုးစေ့ချဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။
🤍ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ Spiritual အလေ့အကျင့်ကောင်း (၅) ခုကို မျှဝေပေးချင်ပါတယ် -
🧹 ၁။ ပတ်ဝန်းကျင်နဲ့ စိတ်ကို ရှင်းလင်းပါ (Cleansing)
အသစ်တွေကို လက်ခံဖို့ အဟောင်းတွေကို အရင်ရှင်းထုတ်ပါ။ မိမိအိမ်နဲ့ အလုပ်ခွင်ကို သန့်ရှင်းရေးလုပ်ပါ၊ အမွှေးတိုင်ထွန်းပါ။ စိတ်ထဲက မကောင်းတဲ့ စွမ်းအင်ဟောင်းတွေကို စွန့်လွှတ်ကြောင်း တရားထိုင်ရင်း အာရုံပြုပါ။
📝 ၂။ ရည်မှန်းချက်ကို ခိုင်မာစွာ ချမှတ်ပါ (Setting Intentions)
ဒီနှစ်ထဲမှာ သင်တကယ် ဖြစ်ချင်တဲ့အရာတွေကို စာအုပ်ထဲမှာ ချရေးပါ။ "ငါဖြစ်ချင်တယ်" ဆိုတာထက် "ငါဖြစ်နေပြီ" ဆိုတဲ့ လက်ရှိကာလ (Present Tense) နဲ့ ရေးသားတာက ပိုပြီး စွမ်းအင်ရှိစေပါတယ်။
🕯️ ၃။ အလင်းတိုင် ထွန်းညှိပါ (Lighting the Way)
ဖယောင်းတိုင် သို့မဟုတ် ဆီမီး ထွန်းညှိပြီး မိမိရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ လမ်းပြပေးပါရန် ဆုတောင်းပါ။ အလင်းတိုင်ဟာ ဉာဏ်ပညာနဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုပါတယ်။
🗣️ ၄။ အပြုသဘောဆောင်သော စကားများ ပြောပါ (Affirmations)
"ငါ့ဘဝက အဆင်ပြေချောမွေ့နေပြီ"၊ "ငါ့ဆီကို အခွင့်အလမ်းကောင်းတွေ ရောက်လာတော့မယ်" ဆိုတဲ့ စကားလုံးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ရွတ်ဆိုပါ။
🙏 ၅။ ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူပါ (Gratitude)
ရရှိထားပြီးသား အရာတွေအပေါ် ကျေးဇူးတင်တတ်မှသာ အသစ်အသစ်သော ကောင်းခြင်းတွေ ထပ်မံရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဒီနေ့မှာ စိတ်အေးချမ်းမှုနဲ့အတူ သင့်ရဲ့ အိပ်မက်တွေကို စတင်အသက်သွင်းလိုက်ပါ။ အားလုံးပဲ ကောင်းမွန်တဲ့ အစပြုခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 🌟

🌔 လကွယ်နေ့ (New Moon) ဟာ စကြဝဠာရဲ့ စွမ်းအင်သစ်တွေ စတင်တဲ့ အချိန်ဖြစ်သလို၊ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး အသစ်တစ်ဖန် မ...
17/01/2026

🌔 လကွယ်နေ့ (New Moon) ဟာ စကြဝဠာရဲ့ စွမ်းအင်သစ်တွေ စတင်တဲ့ အချိန်ဖြစ်သလို၊
မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး အသစ်တစ်ဖန် မွေးဖွားဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။

🎑ဒီနေ့မှာ Spiritual workတွေဖြစ်တဲ့ ဒါလေး(၂)ခုလုပ်ဆောင်ကြည့်ဖို့ အကြံပြုလိုပါတယ် 👇👇👇

🧘‍♀️စိတ်နှင့် ဝန်းကျင်ကို သန့်စင်ခြင်း (Cleansing)
အညစ်အကြေးတွေနဲ့ စွမ်းအင်ဟောင်းတွေကို ဖယ်ရှားဖို့ အချိန်ဖြစ်ပါတယ်။

• စိတ်ပိုင်းဆိုင်ရာ: တရားထိုင်ခြင်း (Meditation) လုပ်ပါ။ အထူးသဖြင့် မိမိထဲမှာရှိတဲ့ စိတ်ညစ်ညူးမှုတွေကို ရှူထုတ်လိုက်ပြီး အလင်းရောင်တွေကို ရှူသွင်းနေတယ်လို့ စိတ်ကူးပါ။

• ရုပ်ပိုင်းဆိုင်ရာ: မိမိနေထိုင်တဲ့ အခန်းကို သန့်ရှင်းရေးလုပ်ပါ။ ဆားရည်နဲ့ ကြမ်းတိုက်ခြင်း၊အမွှေးတိုင် ထွန်းခြင်း လုပ်ပေးပါ။

Hello Soul Family တို့ရေ🤍🤍🤍ကျွန်မကတော့ 28 days Journey ကို အတူတူသွားဖို့ Ready ဖြစ်နေပါပြီးနော် 🥰
11/01/2026

Hello Soul Family တို့ရေ🤍🤍🤍
ကျွန်မကတော့ 28 days Journey ကို အတူတူသွားဖို့ Ready ဖြစ်နေပါပြီးနော် 🥰

ที่อยู่

Chiang Mai
5000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Theia For Youผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์