Tarot Insights: straight from the deck

Tarot Insights: straight from the deck This too shall pass

Daily tarot insight for 24/6/26 Five of pentacles Nine of cups 🌺 စိတ်ထဲမှာ အင်အားမရှိ မျှော်လင့်ချက်မရှိ သလို ခံစားနေရပါ...
24/06/2026

Daily tarot insight for 24/6/26
Five of pentacles
Nine of cups
🌺 စိတ်ထဲမှာ အင်အားမရှိ မျှော်လင့်ချက်မရှိ သလို ခံစားနေရပါသလား အဲ့တာအမှန်မဟုတ်ပါဘူးနော်
🌻ကျေးဇူးတင်တတ်တဲ့စိတ် နည်းနေတာပါ
🪷လက်ရှိအချိန်မှာ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ ပိုင်ဆိုင်မှုဟာဘာလဲ ကျန်းမာရေးလား မိသားစုလား ပညာတတ်တာလား သူငယ်ချင်းကောင်းတွေလား စသဖြင့်ပေါ့
🌹ဒါလေးတွေးမိသွားတာနဲ့လေ မိမိလိုချင်တဲ့ဆန္ဒတွေ တခုပြီးတစ်ခု ပြည့်လာမှာမို့လို့ပါ
🦋အွန်စောလိုပဲ ကျေးဇူးတင်စရာလေးတွေ ချရေးကြည့်ဖို့ အကြံပေးပါရစေနော် ဒါဟာငါ့ဆန္ဒတွေပြည့်ဖို့ပဲလို့သာယုံယုံကြည်ကြည်လုပ်ပေးပါ
Ta**us Virgo Capricorn cancer Pisces Scorpio တွေမှာ ပိုသိသာနိုင်ပါတယ်
အားလုံးပဲ အေးချမ်းသာယာသောနေ့လေးဖြစ်ကြပါစေ

Daily tarot insight for 23/6/26The moon Six of cups 🌙Cancer season ရောက်ပြီမို့ Cancer တွေရဲ့ကတ်ကျတာကလည်း တိုက်ဆိုင်မှုပ...
23/06/2026

Daily tarot insight for 23/6/26
The moon
Six of cups
🌙Cancer season ရောက်ပြီမို့ Cancer တွေရဲ့ကတ်ကျတာကလည်း တိုက်ဆိုင်မှုပါပဲ
🦋ဒီနေ့မှာ mental clarity နည်းနေတတ်ပါတယ်
🪴ဘာဆက်လုပ်ရမလဲမသေချာနေတတ်ပဲ လမ်းပဲပျောက်သလိုလိုခံစားနေရတတ်ပါလိမ့်မယ်
🌻မပူပါနဲ့ မိမိရဲ့ ချစ်ရခင်ရသူမိသားစု သူငယ်ချင်းမိတိဆွေတွေကြောင့် ပြန်လည်အဆင်ပြေလာဖို့ရှိနေပါတယ်နော်
🪷စကားခနလေး ပြောလိုက်တဲ့ လုပ်ရပ်သေးသေးလေးကအစ ပျော်ရွှင်မှုနဲ့ စိတ်လက်ပေါ့ပါးမှုကို ပြန်လည်ရရှိစေနိုင်ပါလိမ့်မယ်
အားလုံးပဲ စိတ်အေးချမ်းကြည်လင်ပြီး လုပ်ကိုင်သမျှချောမွေ့အောင်မြင်ကြပါစေ
Cancer Pisces Scorpio တွေမှာ ပိုသိသာနိုင်ပါမယ်

Daily tarot insight for 22/6/26The emperor Four of swords Ace of cups🎍ဒီနေ့မှာ ပြန်လည်သုံးသပ်ပါ 👒အရင်က လုပ်ခဲ့တာ လုပ်ရပ်...
22/06/2026

Daily tarot insight for 22/6/26
The emperor
Four of swords
Ace of cups
🎍ဒီနေ့မှာ ပြန်လည်သုံးသပ်ပါ
👒အရင်က လုပ်ခဲ့တာ လုပ်ရပ်တွေ ရင်းနှီးမြုပ်နှံတာတွေ ပြောခဲ့တဲ့စကားတွေစသဖြင့်ပေါ့နော်
🌷ဒါမှသာ အမြင်အသစ် ရှုဒေါင့်အသစ်ကနေ ရှေ့တိုးလုပ်ဆောင်ပြီး အောင်မြင်နိုင်မှာပါ
Aries Gemini Libra Aquarius Cancer Pisces Scorpio တွေမှာ ပိုသိသာနိုင်ပါမယ်နော်

Daily tarot insight for 21/6/26King of swords The emperor 🛩️ဒီနေ့က masculine energy တွေများနေတယ် 🪷Sunday မှာ မနားနိုင်ပဲ...
21/06/2026

Daily tarot insight for 21/6/26
King of swords
The emperor
🛩️ဒီနေ့က masculine energy တွေများနေတယ်
🪷Sunday မှာ မနားနိုင်ပဲ သွားနေ လာနေ တည်ဆောက်အကောင်အထည်ဖေါ်နေတာတွေရှိမယ်
🌻လုပ်နိုင်ရင်ကောင်းပါတယ် စိတ်မှာလည်း ကြည်လင်ပြီး ဆုံးဖြတ်ချက်ပြတ်သားတာကော ရှေ့တိုးလုပ်ဆောင်တတ်တဲ့ energy ပါမြင့်နေတာတွေ့ရတယ်
🪴စိတ်ဆိုးဒေါသထွက်တာကိုရှောင်နိုင်သမျှရှောင်စေချင်ပါတယ်
🎍ဒီနေ့လုပ်ဆောင်သမျှ အဆင်ပြေအောင်မြင်နိုင်မယ်
🎋အမျိုးသားတွေမှာ ပိုသိသာမယ်
🌷Aries Aquarius Libra Gemini တွေမှာ ပိုသိသာနိုင်ပါမယ်

Daily tarot insight for 20/6/26Five of cups Seven of cups Ten of pentacles 🎋ဒီနေ့မှာ အရေးကြီးတာက Gratitude ပါ မိမိမှာရှိ...
20/06/2026

Daily tarot insight for 20/6/26
Five of cups
Seven of cups
Ten of pentacles
🎋ဒီနေ့မှာ အရေးကြီးတာက Gratitude ပါ မိမိမှာရှိတဲ့ ကျေးဇူးတင်ထိုက်သောအရာများကို သတိတရကျေးဇူးတင်တတ်ခြင်းဟာ ရှေ့ဆက်ဖို့ခွန်အားတစ်ခုရလာပါလိမ့်မယ်
❤️ဒီကမှတဆင့် မိမိရဲ့ ရှေ့ဆက်ရမယ် ရွေးချယ်မှုတွေကို မှန်မှန်ကန်ကန်မြင်တတ်လာပါလိမ့်မယ်
🪷မိမိရဲ့ မိဘဘိုးဘေး များ Ansteral Gifts များရရှိနိုင်ပါလိမ့်မယ် အရေးအကြီးဆုံး အခြေခံက ကျေးဇူးတရားကိုသိတတ်ခြင်း နားလည်ခြင်း တတ်နိုင်သရွေ့ပြန်လည် ပေးကမ်းတတ်ခြင်းများမှသာ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝခြင်းသို့ရောက်ရှိအောင်ပို့ဆောင်နိုင်ပါလိမ့်မယ်နော် 💵💵💵💵💵💵💵💵💵

Daily tarot insight for 19/6/26Ace of wands Four of wands မင်္ဂလာရှိတဲ့နေ့ပါ 😇ဒီနေ့မှာ Idea inspiration စတဲ့အရာတွေ ထက်မြ...
19/06/2026

Daily tarot insight for 19/6/26
Ace of wands
Four of wands
မင်္ဂလာရှိတဲ့နေ့ပါ
😇ဒီနေ့မှာ Idea inspiration စတဲ့အရာတွေ ထက်မြက်ကောင်းမွန်နေပါလိမ့်မယ်
🌷ပိုကောင်းအောင် ဝင်လေထွက်လေမှတ်တာ အသက်ရှူတာ စတဲ့ breathing grounding techniques များ ကို လည်း လုပ်သင့်ပါတယ်
🪷 မိမိ ဆောင်ရွက်ထားတဲ့ အရာတွေ အိမ် မိသားစု စတဲ့ ကိစ္စတွေမှာ ပျော်စရာ အခမ်းအနား ပွဲ စသဖြင့် ကြံုနိုင်ပါတယ်
🍀ကိုယ်ဝန်ဆောင်တဲ့သတင်းစသည်များလည်း ကြားရနိုင်ပါတယ်နော်
🌷မေးခွန်းရှိခဲ့ရင်အဖြေက YES ပါ
Aries Leo Sagittarius များမှာ ပိုသိသာနိုင်ပါလိမ့်မယ်
အေးချမ်းပြီး ဘေးကင်းပါစေ မိသားစုတွေ စုစည်းပျော်ရွှင်နိုင်ကြပါစေ 🌹

Daily tarot insight for 18/6/26The emperor Eight of swords 🍀ကိုယ့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတေကို လျှော့တွက်မိနေတဲ့နေ့...
18/06/2026

Daily tarot insight for 18/6/26
The emperor
Eight of swords
🍀ကိုယ့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတေကို လျှော့တွက်မိနေတဲ့နေ့ပါ
🪷ယုံကြည်မှုတွေပျောက်ဆုံးနေတတ်တယ် စိတ်ပူဖို့မလိုတာတွေကိုပူပင်နေမိတတ်တယ်
🌷သိရမှာကဒါတွေဟာကိုယ့်ရဲ့ စိတ်ကူးထဲကဟာတွေတကယ်မဟုတ်ပါဘူးဆိုတာပါပဲ
😇ကအသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
👒ကိုယ်လုပ်နိုင်တာတွေသေးသေးကနေပဲစလုပ်ပါ
🦋လုပ်စရာရှိတာတွေကိုရှေ့တိုးပြီးလုပ်ပါ
အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

Daily tarot insight for 17/6/26Nine of pentacles The emperor 🎋ပြည့်စုံကုံလုံကြွယ်ဝတဲ့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် ကိုယ...
17/06/2026

Daily tarot insight for 17/6/26
Nine of pentacles
The emperor
🎋ပြည့်စုံကုံလုံကြွယ်ဝတဲ့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် ကိုယ် စိုက်ပျိုးထားတဲ့ အသီးအပွင့်ကို ခံစားပြီး သက်တောင့်သက်သာရှိနေခြင်းကိုပြပါတယ်
🎋ဒီအရာတွေဟာနှစ်ရှည်လများ စည်းကမ်းစနစ်နဲ့ အခြေခံကစပြီး ကြိုးစားခဲ့မှုကြောင့်ဖြစ်ပါတယ်
🎋မိမိရဲ့ ဘဝမှာရှိတဲ့ ကျေးဇူးတင်ထိုက်တဲ့အရာ များကို ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်ပြီး ရှေ့ဆက်မယ့်နေ့တွေမှာစည်းကမ်းတကျနဲ့ ရှေ့တိုးအနိုင်ယူလုပ်ကိုင်နိုင်မယ့် Energy မျိုးတွေ့ရပါတယ်
Aries Virgo Ta**us Capricorn တွေမှာပိုသိသာနိုင်ပါတယ်
အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

Daily tarot insight for 16/6/26Eight of cups Eight of pentacles 🌷 အရာအားလုံးကို ထားခဲ့ချင်စိတ်ပြင်းပြနေပေမယ့် အလုပ်တေဆက်...
16/06/2026

Daily tarot insight for 16/6/26
Eight of cups
Eight of pentacles
🌷 အရာအားလုံးကို ထားခဲ့ချင်စိတ်ပြင်းပြနေပေမယ့် အလုပ်တေဆက်လုပ်နေရတဲ့သဘောတွေ့ရပါတယ်
🎋 အားလုံးကိုထားခဲ့ပြီး တခါထည်းထွက်သွားတာထက် နေ့စဉ်နေ့တိုင်း မိမိ လုပ်နေကျအမူအကျင့်တွေကို ပြန်လည် ဆင်ခြင် စဉ်းစားပြီး ဒါငါလုပ်ချင်တဲ့အရာဟုတ်ရဲ့လား ဒီအလုပ်တွေက ငါဘာလို့များ လုပ်မိတာလဲစသဖြင့် အဖြေရှာကြည့်စေချင်ပါတယ်
🌷အဖြေလည်းရှာတွေ့ပါလိမ့်မယ်
🌷ငွေကြေးအလုပ်အကိုင်ကတော့ အဆင်ပြေမယ့်နေ့ပါ စိတ်ကတော့ပိုကောင်းတာကို ရှာဖွေချင်နေပါလိမ့်မယ်
အားလုံးပဲ သာယာတဲ့နေ့လေးဖြစ်ကြပါစေ

Daily tarot insight for 15/6/26Ten of swords The towerKing of cups 🎋ဒီနေ့မှာတော့ ကိုယ့်ရဲ့ emotional resilience ကိုစမ်းသ...
15/06/2026

Daily tarot insight for 15/6/26
Ten of swords
The tower
King of cups
🎋ဒီနေ့မှာတော့ ကိုယ့်ရဲ့ emotional resilience ကိုစမ်းသပ်မယ့်နေ့ဖြစ်ပါတယ်
🎋 စိတ်ညစ်ရသည်ဖြစ်စေ ဝမ်းနည်းရသည်ဖြစ်စေ တစ်ရက်တာပါပဲ
🎋ဘယ်လောက်ပဲ အဖြစ်အပျက်တွေက ကိုယ့်ရဲ့စိတ်အေးချမ်းမှုကို ခြိမ်းခြောက်ပါပစေ ရွှံ့နွံမှာ ပေါက်တဲ့ကြာပမာ စိတ်မှာ အေးချမ်းအောင် ငြိမ်းချမ်းအောင် ထိန်းသိမ်းနိုင်ခဲ့ရင်ဒီနေ့အတွက် အောင်မြင်ပါပြီ
🎋တစ်ယောက်တည်းမဟုတ်ပါဘူးတဲ့ ကူညီမယ့်သူမှီရာတည်ရာအနေနဲ့ ပေါ်လာပါလိမ့်မယ်နော်
အားလုံးပဲအေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ 🦋🪷

ที่อยู่

Chiang Mai
50300

เวลาทำการ

จันทร์ 11:00 - 20:00
อังคาร 11:00 - 20:00
พุธ 11:00 - 20:00
พฤหัสบดี 11:00 - 20:00
ศุกร์ 11:00 - 20:00
เสาร์ 11:00 - 20:00
อาทิตย์ 11:00 - 20:00

เบอร์โทรศัพท์

+959755808107

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tarot Insights: straight from the deckผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แนะนำ

แชร์