Min's Beauty Book Certified Counseling,Well Being,Parenting/Family Relationships,Domestic Violence Awareness. Youtube
https://youtube.com/
(2)

ဆရာပေါက်စန ဘဝတုန်းကCounseling/Coaching sessionတွေကို2019 လောက်တည်းက စတင်Create လုပ်ခဲ့တာပါ
18/08/2026

ဆရာပေါက်စန ဘဝတုန်းက
Counseling/Coaching sessionတွေကို
2019 လောက်တည်းက စတင်
Create လုပ်ခဲ့တာပါ

လိုအပ်နေတဲ့ နားတစ်စုံနဲ့ နှလုံးသားတစ်စုံ

ကျွန်တော်တို့ လူနေမှုပုံစံတွေ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ
ကျွန်တော်တို့ရဲ့ တစ်နေ့တာမွန်းကြပ်မှုတွေ
အဆင်မပြေမှုတွေ အခက်အခဲတွေ
Stressတွေ စီးပွားရေး လူမှုရေး အိမ်ထောင်ရေး
စိတ်ပိုင်းဆိုင်ရာ စတဲ့ အဆင်ပြေမှုတွေက
များလာသလို အဲ့အဆင်​မပြေမှုတွေကို
ပြောပြချင်ပေမယ့် စိတ်လိုလက်ရ နားထောင်ပေးမယ့်
သူတွေကလည်း ကျွန်တော်တို့ရဲ့ဘဝတွေမှာ
ရှားပါလာပါတယ် ရှိခဲ့ရင်တောင်ကိုယ့်ရဲ့
အတွင်းရေးတွေကို အကုန်ဖွင့်ချ တိုင်ပင်လို့ရပါ့မလားဆိုပြီး
ယုံရခက်ခက်လူတွေပဲ ကျွန်တော်တို့ ဘေးနားမှာ
ရှိနေခဲ့တာပါ

ကျွန်တော်ရဲ့ ငယ်ငယ်တည်းက ဝါသနာက
သူများပြဿနာကို ကိုယ်ပြဿနာလို နားထောင်ခံစားပေးပြီး
လမ်းညွှန်အကြံပေးရတာကို အင်မတန်ဝါသနာပါခဲ့သူပါ
ငယ်ငယ်ကတော့ သူငယ်ချင်းတွေ အပေါင်းအသင်းတွေရဲ့
အခက်အခဲလေးတွေ မပြေလည်မှုလေးတွေကို
သူတို့လာပြောသမျှကို စိတ်လိုလက်ရ နားထောင်ပေးပြီး
ဖြေရှင်းအကြံဉာဏ်ပေးဖြစ်ခဲ့ပါတယ်
သူတို့ကလည်း သူတို့ရဲ့ confidentialကိစ္စတွေဆို
ကိုယ့်ကိုပဲ ယုံကြည်စွာ လာပြောလေ့ရှိပါတယ်

အခု ကျွန်တော် အသက်အရွယ်တစ်ခုရလာတော့
စာတွေလည်း အတော်များများ ရေးပြီးတဲ့နောက်ပိုင်းမှာ
စာတွေ့ အတွေ့အကြုံအရရော
ကိုယ်တွေ့ အတွေ့အကြုံအရရော
ကျွန်တော် Relationship Coachတစ်ယောက်အနေနဲ့
မိသားစုရေး အိမ်ထောင်ရေး အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေး
ဆရာနဲ့တပည့်ဆက်ဆံရေး သမီးရည်းစားရေး
စတဲ့ Relatioshipပေါင်းစုံမှာ ဖြစ်တတ်တဲ့
ပြဿနာတွေ စိတ်ခံစားမှုတွေကို
ကျွန်တော်ရဲ့ နားတစ်စုံရယ် နှလုံးသားတစ်စုံရယ်
အသုံးပြုပြီး လူတွေကို serviceပေးနေတာ
အခုလို ၁နှစ်နီးပါးရှိနေပါပြီ
ကျွန်တော်နဲ့ဆွေးနွေးတိုင်ပင်တဲ့လူပေါင်းကလည်း
အယောက်၂၅၀ ဝန်းကျင်လောက်ရှိနေပါပြီ

တခြားနိုင်ငံတွေမှာတော့ ဒါမျိုးserviceပေးတဲ့သူတွေ
အများကြီးရှိပါတယ် ကျွန်တော်တို့နိုင်ငံမှာတော့
ရှားပါသေးတယ် အမျိုးသမီး စာရေးဆရာမကြီး
တစ်ယောက် နှစ်ယောက်လောက်ပဲရှိပါတယ်
အမျိုးသားထဲမှာတော့ ကျွန်တော့်အရှေ့မှာ
ဘယ်သူမှ မရှိသေးပါဘူး
ဒီအလုပ်ကို အခကြေးငွေ ယူပြီးလုပ်တယ်ဆိုတာကလည်း
ကိုယ့်ရဲ့carrerကို professionalဆန်ဆန်လုပ်ချင်လို့ပါ
အရင်က အလကားfreeတွေလုပ်ပေးဖူးပါတယ်
အလကားရတယ်ဆိုတော့ သမီးရည်းစားစိတ်ကောက်တာ
အိမ်ကမုန့်ဖိုးမပေးတဲ့ ကိစ္စတွေကအစ
လာပြောတော့ ကျွန်တော်ပေးရတဲ့ အချိန်တွေ
အဓိပ္ပာယ်မဲ့တင်ထင်လို့ ၂၀၁၉နှစ်ကုန်းခံနီးလောက်ကစပြီး
ကျွန်တော့်ဘက် Coaching feeတွေကို
ဆွေးနွေးတဲ့ အကြောင်းအရာတွေအပေါ်လိုက်ပြီး
သတ်မှတ်လိုက်တာပါ လူတွေစစ်ထုတ်လိုက်သလိုလဲ
ဖြစ်သွားပါတယ် တကယ်ကိုလိုအပ်နေတဲ့
လူတွေပဲ ရောက်လာပါတော့တယ်
ဒါပေမယ့် ကျွန်တော်တတ်တဲ့ပညာနဲ့ လူတွေကို
အကျိုးပြုချင်စိတ်က ကျန်နေသေးတော့
လစဥ်လတိုင်းရဲ့ ပထမဦးဆုံး sundayတစ်ရက်မှာတော့
လူဦးရေအကန့်အသတ်နဲ့ Free coaching sessionလေးတွေ
လုပ်ပေးဖြစ်နေတာဆို ၃လတိတိရှိသွားပြီး

ကျွန်တော်Serviceပေးနေတဲ့ Relationship Coaching serviceတွေFeeတွေကို အသေးစိတ်သိချင်ရင်တော့
Message box သို့မဟုတ် 09420075150မှာ
အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်
ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်လည်း
အချိန်Bookingလုပ်ခဲ့လို့ရပါတယ်

ငွေရေးကြေးရေးဆိုတာထက် ကျွန်တော့်ကို
လာဆက်သွယ်တဲ့ Clientကို ကျွန်တော့်ရဲ့
နားတစ်စုံနဲ့နှလုံးသားတစ်စုံနဲ့ ကူညီပေးတယ်ဆိုလည်း
မမှားပါဘူး ကျွန်တော့်Clientရဲ့ Privicyကလည်း
ကျွန်တော့်အတွက် First Priorityပါပဲ
ဒီနေ့ဒီချိန်ထိ ကျွန်တော့်ကို ယုံကြည်စွာ
လာရောက်ဆက်သွယ်ကြတဲ့ clientအားလုံးကိုလည်း
ကျေးဇူးအထူးတင်ပါတယ်ဗျ

ကျွန်တော်ရဲ့ စာတွေကို အမြဲဖတ်ချင်ရင်တော့
အခု pageလေးကို Follow&See firstလုပ်ထားနိုင်ပါတယ်ဗျ
ကျွန်တော့်စာတွေကို ဖတ်ပြီး အသိဉာဏ်လေးတစ်ခု
အားလေးတစ်ခု ရသွားတယ်ဆိုရင်ပဲ
ရေးရကျိုးနပ်ပါပြီဗျ

အားလုံးကိုကျေးဇူးအထူးပါ

ချစ်တဲ့

(Min's Beauty Book)🖤



ကိုယ့်ပါတနာကို Stress ball လိုဆက်ဆံတတ်တဲ့လူတွေအကြောင်းဆက်ပြောရရင်သူတို့က Narcissistic Personality Disorder (NLP)နဲ့ဆက်စပ...
18/08/2026

ကိုယ့်ပါတနာကို Stress ball လိုဆက်ဆံတတ်တဲ့
လူတွေအကြောင်းဆက်ပြောရရင်
သူတို့က Narcissistic Personality Disorder (NLP)
နဲ့ဆက်စပ်နေကြတာမျိုးပါ။
တထစ်ချ ဒီရောဂါရှိတယ်လို့ မသတ်မှတ်နိုင်ပေမယ့်
များသောအားဖြင့် Narcissist တွေက
ဒီလို အပြုအမူတွေ ပါတနာအပေါ်ကို
ပြုမူတတ်ကြပါတယ်။

Narcissist တွေရဲ့ အဓိကပြဿနာက
သူတို့ Narcissistic ဖြစ်နေတာကို
လက်မခံချင်ကြပါဘူး။
ဘုန်ကြီး တစ္ဆေတွေပေါ့။
မြင်သာတဲ့ ဥပမာတစ်ခုပေးရရင်
မခိုင်ကြီးရဲ့ "မှားနေတာက ငါမဟုတ်ဘူး
မင်းတို့ " ဆိုတဲ့ vd ထဲကလိုပေါ့
သူတို့သည် ဘယ်တော့မှမမှားဘူး
မှားလည်း ဝန်မခံကြပါဘူး
သူတို့အမှားကို တောင်းပန်ဖို့လည်းဝန်လေးတတ်ကြတယ်

ပါတနာကိုလည်း လူတစ်ယောက်ဆိုတာထက်
Object တစ်ခုအနေနဲ့ပဲမြင်ထားတာပါ
Stress ball တစ်ခုလိုပေါ့
ဖိညှစ်ချင်တဲ့ အချိန် ဖိညှစ်မယ်
‌ပီးရင်ဘေးဖယ်ထားလိုက်ပါတယ်
Narcissist တွေက ချစ်စကြိုက်စမှာတော့
အရမ်းကို Love bombing ဖြစ်ကြပါတယ်
ကိုယ်မှမရှိရင် သူတို့သေသွားတော့မလိုကို
သည်းသည်းလှုပ်ချစ်ပြတတ်ပါတယ်

အချိန်ကြာလာတဲ့အခါ Narcissist တွေရဲ့အချိုးက
Love bombing ကနေ Gaslighting ကို
ပြောင်းလာပါတယ် တစိတ်ရှိအပြစ်တင်မယ်။
အပြစ်ရှိတဲ့စိတ် ဝင်အောင်လုပ်မယ်။
ကိုယ်က သူ့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်လာသလို
ခံစားရအောင် ပြောမယ်။
ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာအောင်
အပြောအဆိုအပြုအမူတွေဆက်ဆံမယ်။
ကိုယ်ကသာ ဒီ relationship မှာ
လိုအပ်ချက်ရှိနေတဲ့ လူဖြစ်အောင်
အဲ့သလို ခံစားရအောင် Gaslighting
မကြာခဏဆိုသလိုလုပ်လာပါမယ်။

ပြီးရင် သူတို့ကိုယ်သူတို့က
Empathy ရှိသယောင်ပုံဖမ်းထားပြီး
အမှန်က သူတို့က Lack of empathy ပါ။
တနေ့ တနေ့ ဒီလို စိတ်ပိုင်းဆိုင်ရာအတက်အကျများတဲ့
Relationship ဖြတ်သန်းနေရတာက
ကိုယ့်ကိုယ်ကိုယ် တကယ်ပိတ်မိလာစေပါတယ်။

ဒီအချက်တွေနဲ့ညီနေရင် ကိုယ်က
Narcissistic Relationship တစ်ခုထဲမှာရောက်နေပါပြီ။
Narcissistic Relationship မှာ
ရောက်နေရင် ကိုယ့်ကိုယ်ကိုယ်
ဘယ်လိုကာကွယ်ရမလဲဆိုတာ
နောက်ပို့စ်တွေမှာ ဆက်ရေးပေးပါမယ်။






တချို့ Product တွေက သုံးရတာသိပ်ပျင်းစရာကောင်းတယ်။ထုတ်တဲ့ ml တွေကလည်းSize အသေးမလာသလိုအထဲက ပစ္စည်းကလည်း Quality ကောင်းပြီး...
17/08/2026

တချို့ Product တွေက သုံးရတာ
သိပ်ပျင်းစရာကောင်းတယ်။
ထုတ်တဲ့ ml တွေကလည်း
Size အသေးမလာသလို
အထဲက ပစ္စည်းကလည်း
Quality ကောင်းပြီး ကိုယ့်skin အတွက်ထိရောက်တော့
သိပ်များများစားစား သုံးစရာမလိုပဲ
တော်တော်နဲ့မကုန်ဘူး။

အဲ့ထဲမှာ ကိုစစ်နိုင်ထုတ်တဲ့
Soul Skin Solution က Relief Toner နဲ့
Rovectin က Pore Care Tightening Cleansing Foamပါတယ်။

Rovectin ကို လွန်ခဲ့တဲ့ တနှစ်‌ေကျာ်လောက်စသုံးဖူးတာပါ။
အဲ့ရှေ့နှစ်တွေမှာ လူက အလဲလဲအကွဲကွဲတွေ
ဖြစ်နေတော့ Skincare ကို လုံးဝကိုမလုပ်ပဲ
ပစ်ထားလိုက်တာ မျက်နှာကြီးက
ညစ်‌ေထးပြီး တကယ်ဗျစ်စိကြီးနဲ့ အော့အော့ပါ။
Skincare ပြန်စလုပ်မယ်ဆိုတော့
မျက်နှာသစ်ဆေးက အဓိကပဲလေ။
ဆိုင်မှာ သွားဝယ်တော့ ဆိုင်က
အစ်မက ကိုယ့်မျက်နှာကိုကြည့်ပြီး
ဒီ Rovectin ညွှန်းပေးလိုက်တာ
ကိုယ်ကကြိုက်တယ်ရယ် မကြိုက်တယ်ရယ်မရှိဘူး
ဝယ်လာလိုက်တယ်ပေါ့။

Pore Care ဆိုတဲ့ အတိုင်း
ချွေးပေါက်တွေကို သုံးပြီး ဆယ်ရက် နှစ်ပတ်လောက်မှာ
တော်တော်လေး သိသာလာစေတယ်။
ချွေးပေါက်ရဲ့ သဘောတရားကတော့
ကျယ်ပြီးရင် ပြန်ကျဉ်းသွားရိုးထုံးစံမရှိဘူး။
Clinic တွေက Treatment တွေယူမှသာ
ချွေးပေါက်ကျယ်တဲ့ပြဿနာကို ဖြေရှင်းလို့ရတာပါ။
ဒါပေမယ့် ဒီ့ထက် ပိုမကျယ်လာအောင်
ကျယ်နေတဲ့ ချွေးပေါက်တွေထဲက
အညစ်အကြေးတွေကို သန့်စင်ဖို့က
အခုလို Facial Foam အမျိုးအစားတွေနဲ့
ထိန်းထားလို့ရပါတယ်။

ဆားဝက်ခြံ Black head သမားတွေ
ဒီ Pore Care ကို must buy နော်။
အရင်က ကျွန်တော့်နှာခေါင်းမှာ
ဆားဝက်ခြံတွေ တစီစီ ရှိနေတာ
အခုဆို နှာခေါင်းလေးက ပြောင်တင်းနေရောပဲ
အနံ့လည်းမပြင်းဘူး။ လိုတာထက်ပိုတဲ့
Foamတွေလည်း အများကြီးမထွက်ဘူး
တစ်ဘူးဆို သုံးလအသာလေးအသုံးခံတယ်။

Toner ကိုက သုံးလေ့မရှိတဲ့ထဲမှာပါတယ်။
ပျင်းတာပေါ့ ဒါပေမယ့် Step by step
ပြန် careမယ်ဆိုပြီး Toner တွေလျှောက်ရှာတော့
ဒီ Relief Toner ကိုသွားတွေ့ပါတယ်။
သူက Ceramide နဲ့ Collagen ပါဝင်တဲ့
Toner မျိုးပါ။ တချို့ Toner တွေက
Alcohol ပါတာများတော့
လိမ်းလိုက်ရင် စပ်ဖျင်းဖျင်းကြီးရယ်
အရက်ပျံ အနံ့ကြီးရယ်က
လိမ်းရတဲ့ သူအဖို့ ဖီလင်မကောင်းစေပါဘူး။
ဒီကောင်က အနံ့‌လည်းပါးပါးလေးပဲပါတယ်။
ပြီးရင် watery texture မို့ စိမ့်ဝင်လွယ်တယ်။

ပြီးတော့ Sensitive ဖြစ်လွန်းတဲ့ skin type တွေ
Skin barrier ထိထားတဲ့သူတွေအတွက်
ရေရှည်စွဲသုံးလေ ထိရောက်လေပါပဲ
မျက်နှာသစ်ပြီးပြီးချင်းမှာ
တခြားဟာတွေကို မျက်နှာပေါ်တန်းတင်တာထက်
ဒီလို Tonerမျိုးကို အခြေခံအဆင့်အနေနဲ့
သုံးသင့်ပါတယ်။
ဒါမှ နောက်ထပ် ထပ်သုံးမယ့်
Skin care product တွေက
ပိုပြီး ကိုယ့် skin ကို ထိရောက်စေမှာပါ။

ဒီနှစ်ခုကို တွဲသုံးတဲ့ တနှစ်ကျော်ကျော်မှာ
မျက်နှာက ချွေးပေါက်နဲ့ဆားဝက်ခြံတွေ
အတော်လေး သိသိသာသာကို
ပါးသွားပြီး ကြည်ကြည်လင်လင်ဖြစ်လာပါတယ်။
တခြား Moisturizer တွေ Serum တွေကို
ပြောင်းသုံးပေမယ့် ဒီနှစ်ခုကိုတော့
မပြောင်းဖြစ်ပဲ ရေရှည် စွဲသုံးနေတာပါ။

ချွေးပေါက်နဲ့ဆားဝက်ခြံသမားတွေအတွက်
အများကြီး ထိရောက်ပါတယ်။








အိမ်တွင်းအကြမ်းဖက်မှုဒီစာတွေဆိုရင် ရေးထားတာ တော်တော်ကြာနေပြီဒါပေမယ့် အခုတွေ့လို့ဖတ်လည်း အခုအသုံးဝင်ပါတယ်စာဖတ်သူတို့ရေ အဲ...
17/08/2026

အိမ်တွင်းအကြမ်းဖက်မှု

ဒီစာတွေဆိုရင် ရေးထားတာ တော်တော်ကြာနေပြီ
ဒါပေမယ့် အခုတွေ့လို့ဖတ်လည်း အခုအသုံးဝင်ပါတယ်
စာဖတ်သူတို့ရေ အဲ့တုန်းက
မုန်း၍မဟူကို ဖတ်ပြီးတဲ့အချိန်
ဒီစာကို ရေးခဲ့တာပါ

အိမ်​တွင်းအကြမ်းဖက်​မှု (Domestic violence)ဆိုတာဘာလဲ?

ဒီ​ဆောင်းပါးကို ​ရေးဖို့အတွက်​
ကျွန်​​တော်​စာ​တွေအမျာကြီးဖတ်​ခဲ့ရပါတယ်​
ကိုယ့်​တွေ့အ​တွေ့အကြုံလည်းကျွန့်​တော့်မှာရှိပါတယ်​
အိမ်​တွင်းအကြမ်းဖက်​မှုဆိုတာ
အသက်​အရွယ်​မ​ရွေးကျားမ မ​ရွေး
လူမျိုးဘာသာမ​ရွေးမှာခံစား​နေရတဲ့အ​ကြောင်းကို
ပြောပြရှင်းပြပေးသွားချင်ပါတယ်
အိမ်​တွင်းအကြမ်းဖက်​မှုလို့ဆိုကတည်းက
အိမ်​တွင်းမှာဖြစ်​တဲ့အကြမ်းဖက်​မှုမျိုး​ပေါ့
မိဘကသားသမီးကို​သော်​လည်း​ကောင်း
လင်​​ယောက်ျားကမိန်းမကို​သော်​လည်း​ကောင်း
စိတ်​ပိုင်းဆိုင်​ရာအရရုပ်​ပိုင်းဆိုင်​ရာအရ
လိင်​ပိုင်းဆိုင်​အရအကြမ်းဖက်​
နှိပ်​စက်​မှုမျိုးကို​ခေါ်ခြင်းဖြစ်​ပါတယ်​
အိမ်​တွင်းအကြမ်းဖက်​မှုဆိုတာကိုခံရတဲ့သူ​ရော
အကြမ်းဖက်​တဲ့သူ​ရောကမသိလိုက်​မသိဖာသာနဲ့
လုပ်နေကြတဲ့ကိစ္စတစ်ရပ်ပါ
သိသိခြင်းနဲ့ အပြုခံ ပြုလုပ်နေသူတွေလည်းရှိပါတယ်

သားသမီးနဲ့မိဘကြားက
အိမ်​တွင်းအကြမ်းဖက်​မှုမျိုးဆိုတာဘာလဲ

သားသမီးနဲ့မိဘကြားကို
ရန်​တိုက်​​ပေးတဲ့သ​ဘောမျိုးဖြစ်​သွားသလို
ထင်ချင်ထင်ကြပါလိမ့်မယ်
​ပြောပြသင့်တာ​တော့​ပြောပြရမယ်​ထင်လို့ပါ
ဖ​အေဖြစ်​သူက အလုပ်​အကိုင်​အဆင်​မ​ပြေလာ
မ​အေဖြစ်​သူနဲ့ရန်​ဖြစ်​စကားများ
အဲ့မှာမိဘ​တွေနိုင်​လို့မဲလို့ရတာက
သားသမီး​တွေပဲရှိ​တော့
နင်​တို့​တွေ​ကြောင့်ငါအခုလိုဖြစ်​​နေတာ
နင်​တို့​တွေသာမရှိရင်​ငါတစ်​​ယောက်​တည်း
ဘယ်​သွား​နေ​နေရတယ်​
နင်​တို့ နင်​တို့မျက်​နှာ​တွေ​ကြောင့်
ငါဒီယောကျာ်းနဲ့ဆက်​​ပေါင်း​နေရတာဆိုတာမျိုး
ဖခင်​ဖြစ်​သူကလည်း
မင်းတို့လည်းမင်းတို့အ​မေ​စောက်​ချိုးလိုပဲ
​ပြောလိုက်​ရင်​ပြန်​မ​ပြောနားမ​ထောင်​
​ခွေးဖြစ်​မယ့်ဟာ​တွေ​ပေကပ်​ကပ်​နဲ့
စတာမျိုး​တွေ​ပေါ့

​နောက်​တစ်​မျိုးရှိ​သေးတယ်​
ဆယ်​တန်းကို ဂုဏ်​ထူးဘယ်​နှဘာသာပါ​အောင်​
​ဖြေရမယ်​​နော်​
နင်​​ဆေး​ကျောင်းပဲတက်​ကိုတက်​ရမယ်​​နော်​
ဧည့်သည်​​တွေ​ရှေ့လူထူပီဆိုရင်​
ဒီ​ကောင်​ဘယ်​လိုအပျင်းထူတာ
ဘယ်​လိုညစ်​ပတ်​တာ
အဲ့ဟာမ​လေး​လေရည်းစားရ​နေပီနဲ့တူတယ်​
တစ်​​နေ့တစ်​​နေ့ပြင်​လိုက်​ရတဲ့အလှ
အလှသာပြင်​တာ
အခန်းထဲသွားကြည့်ကြပါဦးအရပ်​ကတို့​ရေ
မျက်​နှာသနပ်​ခါး​ပေါင်​​သေး​ကြောင်းပါ​အေ
စသည်​ဖြင့်​တွေနဲ့မှားယွင်းတဲ့အ​တွေးအ​ခေါ်
မှားယွင်းတဲ့parenting​တွေနဲ့
က​လေး​တွေကိုစိတ်​ပိုင်းဆိုင်​ရာ
အိမ်​တွင်းအကြမ်းဖက်​မှုလုပ်​​နေတဲ့
မိဘမျိုး​တွေရှိပါတယ်​

ကျွန်​​တော်​ကိုယ်​တိုင်​လည်း
အဲ့လိုခံခဲ့ရဖူး​တော့
အဲ့လိုဖြစ်​​နေတဲ့က​လေး​တွေရဲ့
ခံစားချက်​ကိုအပြည့်အဝနားလည်​​ပေးလို့ရပါတယ်​

ကျွန်​​တော်​တို့သားသမီး​တွေမှာ
ဘယ်​မိဘဆီမှာလူဖြစ်​ချင်​ပါဆိုတဲ့
​ရွေးချယ်​မှုမရခဲ့ပါဘူး
မိဘ​တွေကိုလည်းအပြစ်​တင်​လိုစိတ်​မရှိပါဘူး
ကျွန်​​တော်​တို့​ရွေးချယ်​ခွင့်မရတဲ့အရွယ်​မှာ
မိဘ​တွေဆီကစိတ်​ပိုင်းဆိုင်​ရာ
အကြမ်းဖက်​မှုမျိုး​တွေကို
မသိလိုက်​မသိဖာသာနဲ့ခံခဲ့ရ​ပေမယ့်
ကျွန်​​တော်​တို့​ရွေးချယ်​ခွင့်ရလာတဲ့အရွယ်​မှာ
ကိုယ့်ပတ်​ဝန်းကျင်​ကက​လေး​တွေ
ဒါမှမဟုတ်​ကိုယ်​ကိုတိုင်​က​မွေးလာတဲ့
သားသမီး​တွေကို
ဒါမျိုးစီးပွား​ရေးအဆင်​မ​ပြေတိုင်း
အိမ်​​ထောင်​​ရေးအဆင်​မ​ပြေတိုင်း
လူ​ရှေ့သူ​ရှေ့မ​ရှောင်​ဆဲဆို
အပြစ်​​ပြောမှ​ကောင်းမယ်​လို့ထင်​တဲ့အ​တွေး​တွေ
သားသမီးရဲ့​ရွေးချယ်​မှုကိုဦးစားမ​ပေးပဲ
ကိုယ့်အတ္တကိုပဲ​ရှေ့တန်းတင်​ပီးမှားယွင်းတဲ့အုပ်​ချုပ်​မှုမျိုး​တွေနဲ့သားသမီးအ​ပေါ်စိတ်​ပိုင်းဆိုင်​ရာ
အကြမ်းဖက်​မှုမျိုးပြုလုပ်​တဲ့မိဘမျိုး​တွေမဖြစ်​​အောင်​
အသိရှိရပါမယ်​​ရှောင်​ကျဉ်​ရပါမယ်​
မသိ​သေးတဲ့သူ​တွေကိုမျှ​ဝေ​ပေးရပါမယ်​
လက်​ဆင့်ကမ်း​ပေးရပါမယ်​

လင်​နဲ့မယားကြားက
အိမ်​တွင်းအကြမ်းဖက်​မှုမျိုးဆိုတာဘာဘဲ
(သမီးရည်းစားချစ်​သူ​တွေလည်းပါဝင်​ပါတယ်​)

လင်​နဲ့မယားကြားက အိမ်​တွင်းအကြမ်းဖက်​မှုဆိုတာက
မကြားချင်​မှအဆုံးမမြင်​ချင်​မှအဆုံးပါပဲ
ထင်​ထင်​ရှားရှာဥပမာ​ပြောရရင်​
၂၀၀၉ခုနှစ်​တုန်းက
ကမ္ဘာ​ကျော်​အဆို​တော်​Rihhanaကို
သူမရဲ့ချစ်​သူဖြစ်​သူ
Chris Brownက
ထိုးကြိတ်​ရိုက်​နှက်​အိမ်​တွင်းအကြမ်းဖက်​မှုမျိုး
သူ့လိုမျိုးကမ္ဘာ​ကျော်​အဆို​တော်​ဝင်​​ငွေ​ဒေါ်လာသန်းနဲ့ချီရှိ​နေတဲ့မိန်းမတစ်​​ယောက်​ကို
ဒါမျိုးအလုပ်​ခံရလိမ့်မယ်​လို့ဘယ်​သူကထင်​မှာလဲ


ဒါမျိုးအလားတူcase​တွေဆိုတာ​နေရာအနှံ့အပြား
ကမ္ဘာနဲ့အဝန်းမှာခံ​နေရပါတယ်​​နေ့စဉ်​
အမျိုးအ​ယောက်​ ၁၀၀မှာ​လေး​ယောက်​နှုန်းဟာ
အိမ်​တွင်းအကြမ်းဖက်​ခံ​နေရပါတယ်​လို့
စစ်​တမ်း​ကောက်​မှု​တွေအရသိရပါတယ်​

အိမ်​တွင်းအကြမ်းဖက်​မှုကို
ကမ္ဘာ​ကျော်​အဆို​တော်​မ​လေးလည်းခံရနိုင်​သလို
နာမည်​မကြီးတကြီး​မော်​ဒယ်​မ​လေးလည်းခံရနိုင်​ပါတယ်​မြန်​မာဝတ်​စုံဝတ်​တဲ့မိန်းက​လေးဖြစ်​သွားနိုင်​သလို
​ဟော့​ဟော့ရမ်းရမ်းဝတ်​တဲ့မိန်းက​လေးလည်းခံရနိုင်​ပါတယ်​​နောက်​ဆုံးကိုယ့်အိမ်​က ကိုယ့်အ​မေ
ကိုယ့်နှမ ကိုယ့်အစ်​မ​တွေလည်းခံရနိုင်​ပါတယ်​

လင်​မယားကြားချစ်​သူသမီးရည်းစားကြားဖြစ်​တဲ့
အိမ်​တွင်းအကြမ်းဖက်​မှုမျိုးကျ​တော့
အမျိုးသား​တွေနဲ့တိုက်​ရိုက်​အချိုးကျ​နေပါတယ်​
အဆိုးဆုံးကအရက်​​သောက်(မူယစ်​​ဆေးဝါးသုံး)​တတ်​တဲ့အမျိုးသား​တွေနဲ့ပိုပီးဆက်​စပ်​​နေပါတယ်​
ဒါဟာအမျိုးသား​တွေကို ထိခိုက်​​စော်​ကား
​ပြောဆိုခြင်းမျိုးမဟုတ်​ပါဘူး
ဖွစျနတေဲ့အခွအေနတေစျရပျကို
မြင်​သာ​အောင်​တင်​ပြခြင်းမျိုးဖြစ်​ပါတယ်​
အရက်​မ​သောက်​မူး​ဆေးဝါးမသုံးပဲ
အိမ်​တွင်းအကြမ်းဖက်​​နေတဲ့အမျိုးသား​တွေလည်း
ရှိပါတယ်​ ဒါ​ပေမယ့်အ​တော့်ကိုနည်းပါတယ်​

လင်​မယားကြားမှာဖြစ်​​လေ့ဖြစ်​ထရှိတဲ့
အိမ်​တွင်းအကြမ်းဖက်​မှုမျိုး​တွေက
စိတ်​ပိုင်းဆိုင်​ရာအရ
မင်းက​လေဘာလုပ်​လုပ်​​အချိုးမ​ပြေဘူး
ဝင်​​ငွေလည်းမရှာနိုင်​ပညာလည်းမတတ်​တဲ့
ဘယ်​အရာမှ ဖြစ်​ဖြစ်​​မြောက်​​မြောက်​မရှိဘူးဆိုတဲ့
ဇနီးမယားဖြစ်​သူကိုနှိမ်​ချဆက်​ဆံတဲ့
စကားမျိုး​တွေကိုလူ​ရှေ့မ​ရှောင်​
သူ့​ရှေ့မ​ရှောင်​​အော်​ဟစ်​ဆဲဆို​ပြောတာမျိုး​တွေ​ပေါ့

စိတ်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှုမျိုးမှာ
​နောက်​တစ်​မျိုးရှိ​သေးတယ်​
ဆရာမကြီးဂျာနယ်​​ကျော်​မမ​လေးရဲ့
မုန်း၍မဟူဆိုတဲ့ဝတ္ထုကို
ဖတ်​ဖူးတဲ့သူ​တွေဆိုရင်​သိလိမ့်မယ်​

အဲ့ထဲမှာ​ဝေ​ဝေဆိုတဲ့​ကောင်​မ​လေးက
သူ့ထက်​အသက်​ကြီးတဲ့ ဦး​စောဟန်​ဆိုတဲ့
အမျိုးသားနဲ့အိမ်​​ထောင်​ကျပီး
ဒါ​တောင်​ချစ်​လို့နှစ်​ဦးသ​ဘောတူ​မေတ္တာမျှလို့ယူခဲ့ကြတာ​နော်​
အစပိုင်းမှာ​တော့ဦး​စောဟန်​ရဲ့
အချစ်​​တွေကို​ဝေ​ဝေခံနိုင်​ရည်​ရှိ​ပေမယ့်
​နောက်​ပိုင်းမှာ
အိမ်​ချင်းကပ်​ရပ်​ရှိ​နေတဲ့
အ​ဖေ​ရောဂါသည်​လူမမာကြီးကိုသွားမကြည့်ခိုင်းတာမျိုး​တွေ
ငါးပိရည်​ ငရုပ်​သီးမှုန့်​တွေမစားရဘူးဆိုတာမျိုး​တွေ
တစ်​​နေ့နွားနို့ဘယ်​နှခွက်​​သောက်​ရမယ်​ဆိုတာမျိုး​တွေ
မနက်​ခင်းbreakfastစားရင်​
ဘယ်​လိုဝတ်​စုံဝတ်​ပီးစားရမယ်​ဆိုတာမျိုး​တွေ
ဖ​အေကြီး​သေ လုဆဲဆဲဖစ်​​နေတဲ့အချိန်​မှာ​တောင်​
သူ့မိန်းမကို​ရောဂါကူးမှာဆိုးလို့ဆိုပီး
​ဆေးရုံကိုလိုက်​မသွားခိုင်းတာ​တွေ
​နောက်​ဆုံးက​လေးရတဲ့အထိ
အား​ဆေးကိုမှန်​မှန်​ထိုးရမယ်​
​နေ့ခင်းတ​ရေးအိပ်​ကိုအိပ်ရမယ်​
​ဝေ​ဝေ​ချောင်းဆိုး​သွေးပါလာ​တော့
ပန်းကန်​ခွက်​​ယောက်​​တွေခွဲပီးစားလိုက်​တာ​တွေ
ဒါ​တွေဟာသူကချစ်​လို့လုပ်​တယ်​ဆို​ပေမယ့်
တဖက်​ကအချစ်​ခံရတဲ့လူမှာ
တစ်​​နေ့တစ်​ခြားစိတ်​ဒဏ်​ရာ​တွေရလာပီး
မွန်းကျပ်​လာပီး
​နောက်​ဆုံးအကျိုးနည်းရတဲ့အဖြစ်​မျိုး​တွေထိဖြစ်​သွားပါတယ်​ မရိုက်​မပုတ်​ပဲနဲ့
ဒါမျိုး​တွေနဲ့ကန့်သတ်​ချုပ်​​နှောင်​ထားခြင်းဟာလည်း
စိတ်​ပိုင်းဆိုင်​ရာအိမ်​တွင်းအကြမ်းဖက်​မှုတစ်​မျိုးပါပဲ

ရုပ်​ပိုင်းဆိုင်​ရာ အကြမ်းမှုမျိုးက​တော့
အားလုံးလည်းအသိပါ
​ဒေါသဖြစ်​တဲ့အ​လျောက်​မှာ
အရက်​မူးလာတဲ့ဆိုတဲ့အ​လျောက်​မှာ
ကိုယ့်ဇနီးမယားချစ်​သူမိန်က​လေးကို
လက်​ပါ​ခြေပါပီးထိုးကြိတ်​ရိုက်​ပုတ်​တာမျိုး​တွေပါ
ဆရာမနုနုရည်​လအင်းဝရဲ့
လဝန်းစက်​ဝိုင်း ထက်​ပိုင်းပြန်​​ကြွေဆိုတဲ့
စာအုပ်​မှာ
က​လေးဘဝ​ခွေးနီးမတစ်​ဖြစ်​လဲ
မြီး​ကောင်​​ပေါက်​ခင်​​ကျော်​​လေးတစ်​ဖြစ်​လဲ
အိမ်​​ထောင်​သည်​ခင်​ငြိမ်း​အေးတစ်​ဖြစ်​လဲ
သားသမီးဘဝမှာ​ရော
အိမ်​​ထောင်​ရှင်​မတစ်​​ယောက်​ဖြစ်​သွားတဲ့ဘဝမှာ​ရော
မိဘ​တွေရဲ့အိမ်​တွင်းကြမ်းဖက်​မှု
လင်​​ယောက်ျားရဲ့အိမ်​တွင်​အကြမ်းဖက်​မှု​တွေကို
ဆရာမက​ရေးပြထားတာ
ဖတ်​ရင်းနဲ့ဖတ်​တဲ့လူ​တောင်​နုံးချိလာတယ်​

ဆရာမတင်​ပြချင်​တဲ့
Domestic violenceမျိုး
အမျိုးသမီးတစ်​​ယောက်​ရဲ့ခွဲခြားဆက်​ဆံခံရမှုမျိုး
အိမ်​​ထောင်​သည်​အမျိုးသမီးတစ်​​ယောက်​ရဲ့
ချုပ်​​နှောင်​ခံရမှုမျိုး
လင်​​ယောက်ျားရဲ့စိတ်​မထင်​တိုင်းအကြမ်းဖက်​ခံရမှုမျိုး​တွေကို
ဆရာမ​ရေးအ​ရေးအသားနဲ့​ပေါင်းလိုက်​​တော့
အိမ်​တွင်းအကြမ်းဖက်​မှုဆိုတာ
ဘယ်​လိုမျိုးလဲဆိုတာကို
ဒီစာအုပ်​တစ်​အုပ်​တည်းနဲ့တင်​
အလုံးစုံသိသွားရပါတယ်​

ဖတ်​ခွင့်ရတဲ့အတွက်​လည်း
ဆရာမတို့ကိုအထူး​ကျေးဇူးတင်​ပါတယ်​
အမျိုးသမီးတိုင်းဖတ်​သင့်တဲ့
စာအုပ်​နှစ်​အုပ်​ပါ
ဖတ်​ဖို့လည်းကျွန်​​တောက်​ကrecommend​ပေးပါတယ်​

​နောက်​ဆုံးတစ်​မျိုးက​တော့
လိင်​ပိုင်းဆိုင်​ရာ အကြမ်းဖက်​မှုမျိုး​ပေါ့
လင်​နဲ့မယားမှာဖြစ်​​စေ
ချစ်​သူသမီးရည်းစားမှာဖြစ်​​စေ
အလိုမတူပဲအမျိုးသမီးရဲ့ဆန္ဒမပါပဲ
အတင်းအကျပ်​သဘာဝမကျတဲ့
လိင်​ဆက်​ဆံ​စေခိုင်းခြင်း​တွေဟာ
လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှု​မြောက်​ပါတယ်​

အမျိုးသမီးတစ်​​ယောက်​ရဲ့ခန္ဓာကိုယ်​ကိုကြည့်ပီး
အကိတ်​ကြီးကွာအယ်​​နေတာပဲ
ဘာဖြစ်​ချင်​လိုက်​တာညာဖြစ်​ချင်​လိုက်​တာဆိုတာမျိုး​တွေကို
လူကြားထဲမှာမကြားဝံ့မနာသာ​ပြောဆိုခြင်းဟာလည်း
လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှု​မြောက်​ပါတယ်​

Busကား​ပေါ်မှာရုံးမှာ​ကျောင်းမှာ
Public area​တွေမှာ
အမျိုးသမီးတစ်​​ယောက်​ရဲ့
ခန္ဓာကိုယ်​အစိတ်​အပိုင်း​တွေကို
အသားယူကိုင်​တွင်​ခြင်းမျိုးဟာလည်း
လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှုမျိုးထဲမှာပါဝင်​ပါတယ်​

အိမ်​တွင်းအကြမ်းဖက်​မှုခံ​နေရတဲ့
အမျိုးသမီးတစ်​​ယောက်​အ​နေနဲ့ ဘာ​တွေလုပ်​သင့်လဲ

1) အရင်​ဆုံးကိုယ့်ကိုကိုယ်​
အိမ်​တွင်းအကြမ်းဖက်​ခံ​နေရတယ်​ဆိုတာကို
သိပါ​စေ...
(သူကငါ့ကိုချစ်​လို့လုပ်​​နေတာမျိုး​တွေဘာ​တွေနဲ့
ကိုယ့်ပိုကိုယ်​အနစ်​မွန်းမခံပါနဲ့)

2.) နားလည်​တတ်​ကျွမ်းတဲ့သူ​တွေဆီမှာ
ဘာလုပ်​သင့်တယ်​ဆိုတာကို​ဆွေး​နွေးတိုင်​ပင်​ပါ
(အခု​ခေတ်​မှာ​ဆွေး​နွေးတိုင်​ပင်​လို့ရတဲ့
ဖုန်းနံပါတ်​​တွေ
အမျိုးသမီး​ဖောင်​​ဒေရှင်း​တွေအများကြီးရှိ​နေပါပြီ)

3) လုပ်​သင့်တာကို​ရှေ့ဆက်​လုပ်​ပါ
(သားသမီးမျက်​နှာ မိဘမျက်​နှာ ပတ်​ဝန်းကျင်​ဆိုတဲ့အရာ​တွေ​ကြောင့် မိမိဘဝကိုဆက်​ပီးအကြမ်းဖက်​ခံမ​နေပါနဲ့)

4) အိမ်​တွင်းအကြမ်းဖက်​​နေတဲ့သူရဲ့
​လောင်းရိပ်​​အောက်​ကရ​အောင်​ရုန်းထွက်​ပါ
(ဥပမာ ကိုယ်​ကကိုယ့်ရဲ့လင်​​ယောက်ျားအ​ပေါ်မှာ​ငွေ​ကြေးမပြည့်စုံမှုအရမှီခို​နေရတယ်​သူ့ရဲ့အိမ်​တွင်းအကြမ်းဖက်​မှုခံ​နေရတယ်​ဆိုရင်​
ကိုယ့်ဝင်​​ငွေကိုယ်​ရှာနိုင်​ပီးသူ့​လောင်းရိပ်​​အောက်​ကရ​အောင်​ရုန်းထွက်​ပါ)

5). တစ်​​ယောက်​တည်းကြိတ်​မ​ဖြေရှင်းပါနဲ့
(မူးလာတိုင်း​နေ့စဉ်​ရက်​ဆက်​နှိပ်​စက်​ခံ​နေရ​သော်​လည်း
ပတ်​ဝန်းကျင်​သိမှာ အိမ်​​ထောင်​ကွဲမှာဆိုတဲ့
မှားယွင်းတဲ့အသိ​တွေနဲ့တစ်​​ယောက်​တည်းကြိတ်​မ​ဖြေရှင်းပါနဲ့)

6). ခြိမ်း​ခြောက်​မခံပါနဲ့
(နင်​ ငါနဲ့ဆက်​မ​ပေါင်းရင်​နင့်ကိုသတ်​ပြစ်​မှာ​နော်​
နင့်ကိုလူကြားထဲအရှက်​ခွဲပစ်​မှာ​နော်​
နင့်အ​ဖေအ​မေ​တွေကိုဒုက္ခ​ပေးမှာ​နော်​
ဒါမျိုးစတာ​တွေနဲ့ခြိမ်း​ခြောက်​တိုင်းမ​ကြောက်​ပါနဲ့)

7) နီးစပ်​ရာကိုတိုင်​တန်းပါ
(ကိုယ်​ဒီလိုမျိုးအိမ်​တွင်းအကြမ်းဖက်​မှုမျိုး​တွေခံ​နေရပီဆိုတာနဲ့
အနီးစပ်​ဆုံးရဲစခန်းဖြစ်​ဖြစ်​တိုင်​ပါ
အမျိုးသမီး​ရေးရာတို့
လူမှုဝန်​ထမ်းဦးစီဋ္ဌာနရဲ့
Help line number​တွေကိုဆက်​သွယ်​တိုင်​ကြား
​ဆွေး​နွေးတိုင်​ပင်​လို့ရပါတယ်​ အရှက်ကွဲမှာထက်​တစ်​ဘဝလုံးရှင်​လျက်​နဲ့​သေသွားမှာကို​တွေး​ကြောက်​ပါ​)

8). ကိုယ့်ကိုကိုယ်​အားတင်းပါထူမတ်​ပါ

(ဒီအ​ခြေအ​နေဆိုးကြီးက​နေ ဘယ်​လိုပဲဖစ်​​နေဖြစ်​​နေရ​အောင်​ရုန်းထွက်​ပီး
Girl powerဆိုတာ​ကောင်း​ကောင်းအသုံးချပီး
ကိုယ့်မှာရှိတဲ့talentနဲ့ရ​အောင်​
ထူမတ်​ပါ အသစ်​တစ်​ဖန်​ပြန်​ကြိုးစားပါ)

ကျွန်​​တော်​​ရေးပြ​ပြောပြရတာလည်းမလွယ်​ကူသလို
အိမ်​တွင်းအကြမ်းဖက်​ခံ​နေရတဲ့အမျိုးသမီး
တစ်​​ယောက်​အ​နေနဲ့လည်းဒီအချက်​​တွေကို
လိုက်​လုပ်​ဖို့ခက်​ခဲ​ကောင်းခက်​ခဲ​နေပါလိမ့်မယ်​
ဒါ​ပေမယ့်ငြိမ်​ခံပီးဘဝ​တော့အဆုံးမခံပါနဲ့
ကိုယ်​က​ရှေ့ဆုံးက​နေမားမားမတ်​မတ်​နဲ့
ထုတ်​​ဖော်​ရဲတယ်​ဆိုရင်​
​နောက်​အမျိုးသမီး​တွေလည်းထုတ်​​ဖော်​ရဲလာမှာပါ

သားသမီးတစ်​​ယောက်​ရဲ့ဘဝမှာ​ရော
အမျိုးသမီးတစ်​​ယောက်​ရဲ့ဘဝမှာ​ရော
အိမ်​တွင်းအကြမ်းဖက်​မှုခံရခြင်းဟာ
​တော့်​တော့်ကိုဆိုးရွားပီး
စိတ်​ဒဏ်​ရာရတဲ့အ​မှောင်​​နေ့ရက်​​တွေပါ

က​လေးငယ်​​တွေ​ရောအမျိုးသမီး​တွေကို​ရော
အိမ်​တွင်းအကြမ်းဖက်​မှုဒဏ်​က​နေ
လွတ်​​မြောက်​နိုင်​​အောင်​
သားသမီး​တွေရဲ့ကိုယ်​စား​ရော
အမျိုးသမီး​တွေရဲ့ကိုယ်​စားအ​နေနဲ့​ရော
ဒီအိမ်​တွင်းအကြမ်းဖက်​မှုပ​ပျောက်​​ရေး​ဆောင်းပါး​လေးနဲ့အသိပညာ​ပေးမျှ​ဝေလိုက်​ရပါတယ်​

အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ သူတွေအတွက်လည်း
ကျွန်တော့်ရဲ့ သီးသန့်Coaching sessionတွေရှိပါတယ်
အသေးစိတ်နဲ့Paymentကိုတော့
message box သို့မဟုတ် 09420075150မှာ
ဆက်သွယ်မေးမြန်းပါတယ်

ကိုယ့်ပတ်​ဝန်းကျင်​က
က​လေး​တွေနဲ့အမျိုးသမီး​တွေကို
အိမ်​တွင်းအကြမ်းဖက်​မှုဒဏ်​ကလွတ်​​မြောက်​နိုင်​​အောင်​
ကျွန်​​တော့်ရဲ့ဒီ​ဆောင်းပါ​လေးမှာ
Mentionဖြစ်​​စေ
Shareဖြစ်​​စေ
လုပ်​​ပေးသွားခြင်းဖြင့်ကူညီသွားနိုင်​ပါတယ်​

ကိုယ့်မှာအိမ်​တွင်းအကြမ်းဖက်​မှုအ​တွေ့အကြုံရှိတာဖြစ်​ဖြစ်​
ဒီ​ဆောင်းပါးနဲ့ပက်​သက်​လို့
က​လေး​တွေ မိဘ​တွေနဲ့အမျိုးသမီး​တွေအ​ပေါ်မှာ
​ဝေဖန်​အကြံပြုချင်​တာမျိုးဖြစ်​ဖြစ်​ရှိခဲ့ရင်​
Comment​ရေးခဲ့လို့ရပါတယ်​ဗျ
အသိပညာဖလှယ်​ပီးဗဟုသုတလည်းတိုး​စေပါတယ်​

က​လေး​တွေနဲ့အမျိုးသမီးတို့ဘဝလှပဖို့
ကျွန်​​တော်​တို့လူသားတိုင်းမှာတာဝန်​ရှိပါတယ်​
ဒါ​ကြောင့်
က​လေးငယ်​​တွေနဲ့အမျိုးသမီးတို့ဘဝလှပဖို့
#အိမ်​တွင်းအကြမ်းဖက်​မှုတိုက်​ဖျက်​စို့

ချစ်တဲ့

(Min's Beauty Book)🖤

#အိမ်​တွင်းအကြမ်းဖက်​မှုတိုက်​ဖျက်​စို့

May/2/2019

ကိုယ့်ရဲ့ပါတနာက ကိုယ့်ရဲ့stress ballမဟုတ်ပါဘူးRelationship တစ်ခုမှာ ကိုယ်က တဖက်လူရဲ့Stress ball ဖြစ်နေလားဆိုတာကိုကိုယ်ကိ...
17/08/2026

ကိုယ့်ရဲ့ပါတနာက ကိုယ့်ရဲ့stress ballမဟုတ်ပါဘူး

Relationship တစ်ခုမှာ ကိုယ်က တဖက်လူရဲ့
Stress ball ဖြစ်နေလားဆိုတာကို
ကိုယ်ကိုယ်တိုင်က သိပါတယ်။
မသိဘူးဆိုတာမရှိပါဘူး။
တဖက်လူရဲ့ စိတ်မထင်တိုင်း
စိတ်အလိုမကျတိုင်း ကိုယ့်ကို
Stress ball တစ်ခုလို သဘောထားပြီး
လာလာ vent လုပ်နေတာတွေကို
ကိုယ်တိုင်က သိကြပါတယ်။

သိကြပေမယ့် ဒါကို တုံ့ပြန်ဖို့က နည်းလမ်းမရှိဘူး။
ဖြစ်နေတတ်ပါတယ် ကိုယ့်ရဲ့အပြစ်တစ်ခုကြောင့်ဖြစ်စေ၊
ကိုယ့်ရဲ့ အခြေအနေတစ်ခုကြောင့်ဖြစ်စေ၊
သူတို့ကို ချစ်တဲ့စိတ်ကြောင့်ဖြစ်စေ၊
ကိုယ်က သူတို့ stress ball တစ်ခုလို
ဆက်ဆံသမျှကို ငြိမ်ခံနေရတာမျိုးပါ။
သူ့ဟာသူ အလုပ်မှာအဆင်မပြေလည်း
ကိုယ့်က်ုလာမဲ၊ သူ့မိသားစုနဲ့အဆင်မပြေလည်း
ကိုယ့်ကိုလာမဲ၊ သူ့သူငယ်ချင်းနဲ့ရန်ဖြစ်လည်း
ကိုယ့်ကိုလာမဲနဲ့ တဖြည်းဖြည်းကိုယ်က
သူ့ဘေးမှာရှိနေရတာက stress ball တစ်ခုလိုပဲ။
ကိုယ့်ခံစားချက် ကိုယ်ရဲ့ အတွေးအမြင်တွေကို
လုံးချေခံရသလိုဖြစ်လာပါတယ်။

သူတို့ရဲ့ လက်သုံးစကားက
လုပ်လို့ရတဲ့ သူမို့လို့ လုပ်တာလေ
အပြင်လူကိုဆို လုပ်ပါ့မလားဆိုတာမျိုးပေါ့။
သဘောက နင်က ငါ့ရဲ့ အနီးဆုံးကလူမို့လို့ဆိုတဲ့
အဓိပ္ပာယ်နဲ့ manipulate ပါလုပ်ထားတာပါ။
လုပ်လို့ရတိုင်း လုပ်ခွင့်မရှိပါဘူး။
ကိုယ့်ရဲ့တခြားဆီက ရလာတဲ့မကျေနပ်ချက်တွေကို
ဘာမှမဆိုင်တဲ့ ကိုယ့်ပါတနာပေါ် ပုံချတာ
စိတ်ဖြေတာဟာ Relationship တစ်ခုမှာ
အင်မတန် ရုပ်ဆိုး အကျည်းတန်ပါတယ်။

ကိုယ့်ဘေးနားမှာရှိနေတဲ့ ပါတနာကို
ရင်ဖွင့်လို့ရတယ် အပူတွေလည်းဝေမျှလို့ရတယ်
တဖက်ကလည်း အကျိုးသင့်အကြောင်းသင့်
နားထောင်ပေး ပြေရာပြေကြောင်း အကြံပေး
ဒီလိုမျိုးပဲ ဖြစ်သင့်ပါတယ် ။
ငါလုပ်လို့ရတာပဲဆိုပြီး
လုပ်နေတာက တဖက်လူရဲ့
Self esteem ကို တဖြည်းဖြည်းနဲ့ပြုတ်ကျလာအောင်
Mental abuse လုပ်နေတာနဲ့အတူတူပါပဲ။

Mental abuse က Physical abuse ထက်
ပိုကြောက်ဖို့ကောင်းပါတယ်။
ကိုယ့်ပါတနာကို Stress ball လိုဆက်ဆံတာတွေ၊
အမြဲတမ်းလိုလို အပြစ်ပုံချတာတွေ၊
တဖက်လူတွေဆီမှာ မကောင်းကြောင်းလိုက်ပြောတာတွေ
ဒါတွေအားလုံးက Relationship မှာ
Mental abuse လုပ်ခံနေရခြင်းတွေပါ။

ဒီအခြေအနေတွေကနေ ရုန်းထွက်နိုင်ဖို့ဆိုတာ
ကိုယ့်ကိုယ်ကိုယ် ပြန်ရပ်တည်ခွင့်ပေးရမှာပါ။
သူတို့မရှိလည်း ဘဝကနေပျော်တယ်။
သူတို့ရှိနေခြင်းက ဘဝကို ပိုပြီးပြည့်စုံစေရမှာပါ
သူတို့ရှိနေခြင်းက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို
ဆွဲချနေတာမျိုးဆိုရင် ဒီအခြေအနေကို
ပြန်သုံးသပ်ဖို့လိုလာပါပြီ။

နောက်ထပ်ပို့စ်တစ်ခုမှာ ဆက်ရေးပေးပါဦးမယ်။





အခုလည်း တကယ်မမှတ်မိ စာတွေသာမမှတ်မိတာ clientတွေစာဖတ်သူတွေကိုတော့ မှတ်မိပါတယ်နော်
16/08/2026

အခုလည်း တကယ်မမှတ်မိ
စာတွေသာမမှတ်မိတာ clientတွေ
စာဖတ်သူတွေကိုတော့ မှတ်မိပါတယ်နော်

အလုပ်အကိုင် - စာရေးဆရာ
အားနည်းချက် - စာတွေရေးပြီးရင် ဘာမှမမှတ်မိ
(ဟင် ဒါ ငါရေးထားတဲ့ဟာတွေလားဆိုပြီးဖြစ်သေး)

ဖြစ်ရပ်တစ်ခု အကြောင်းကိစ္စတစ်ခုမှာအမှားလုပ်တဲ့သူကို ကျွန်တော်တို့ကအခွင့်ရေးပေးမယ်နဲ့မပေးဘူးဆိုတာကိုပဲခေါင်းတည်ကြပါတယ်။ အ...
16/08/2026

ဖြစ်ရပ်တစ်ခု အကြောင်းကိစ္စတစ်ခုမှာ
အမှားလုပ်တဲ့သူကို ကျွန်တော်တို့က
အခွင့်ရေးပေးမယ်နဲ့မပေးဘူးဆိုတာကိုပဲ
ခေါင်းတည်ကြပါတယ်။
အခွင့်ရေးပေးတာမပေးတာအပြင်
တခြား option ဘာထပ်ရှိသေးလဲဆိုတာကို
ဘယ်သူမှ စဉ်‌စားလေ့မရှိကြသလို၊
အဲ့လို နောက်ထပ် Pov ကနေကြည့်တဲ့သူလည်း
သိပ်မရှိကြပါဘူး။

တချို့ဖြစ်ရပ်တွေက အမှားလုပ်တဲ့သူကို
အခွင့်ရေးပေးမယ် မပေးဘူးဆိုတာမျိုး
သွားလို့မရပါဘူး အခွင့်ရေးပေးမယ်
မပေးဘူးဆိုတာကို ဦးနှောက်ကနေ
ခဏ shut down လုပ်ထားလိုက်ပါ။
ဒီဖြစ်ရပ်မှာ သူ့အတွက် အခွင့်ရေးပေးလိုက်ခြင်း
မပေးလိုက်ခြင်းက သက်ရောက်မှုရှိ‌မနေတာမျိုး
ဖြစ်နေတတ်ပါတယ် သဘောက အခွင့်အရေးပေးလိုက်လည်း သူ့အမှားကို ပြင်ဆင်ဖို့ ခက်ခဲနေသလို
အခွင့်အရေးမပေးလည်း သူ့အမှားကို
ပြင်ဆင်ဖို့ အခြေအနေရှိမနေတတ်ဘူး။
အခွင့်အရေးဆိုတဲ့ ဟာက
သူ့အမှား သူ့ဖြစ်ရပ်အတွက် အသုံးဝင်မနေတာမျိုးပါ။

ဒါဆိုလူတွေက အခွင့်ရေးပေးခြင်းနဲ့မပေးခြင်းမှာ
လွန်ဆွဲနေတာလဲဆိုရင် အမှားလုပ်တဲ့သူကို
အခွင့်ရေးပေးပြီး ပြင်ဆင်စေချင်တယ်။
အခွင့်အရေးမပေးပဲနဲ့ နောင်တရစေချင်တယ်။
တကယ်တမ်းက root cause ကိုရှာရတာပါ။
သူဘာလို့ ဒီအမှားကို ထပ်ခါထပ်ခါ လုပ်နေလဲ
ဒီ loop ဘာလို့ ပြန်ပြန်ပြီး လည်နေတာလဲဆိုတဲ့
Root cause ကို လိုက်ရှာရပါတယ်။

လူတော်တော်များများ ထင်ကြ တွေးကြတာတွေသည်
လူတစ်ယောက်အမှားလုပ်နေတာတွေက၊
အခုလက်ရှိ လောလောလတ်လတ်
ဖြတ်သန်းပုံနဲ့ပဲ ဆက်စပ်တွေးမြင်ကြတာပါ။
တကယ့်တကယ်တမ်းမှာ လက်ရှိ သူဖြတ်သန်းနေရတာတွေထက် အတိတ်က ငယ်ဘဝအကြောင်းအရာတွေ
မိသားစုအကြောင်းအရာတွေနဲ့ အများကြီးဆက်စပ်နေတတ်ပါတယ် ငယ်ဘဝအကြောင်းအရာတွေကို
မေ့ပစ်လိုက်ပြီး အခုလက်ရှိရောက်နေတဲ့
အသက်အရွယ်တစ်ခုမှာ ခပ်တည်တည်နေနေတဲ့
လူတွေရှိပါတယ် ဥပမာ ကျွန်တော်အပါအဝင်ပါပဲ။

ငယ်ဘဝအကြောင်းအရာတွေကို
ကြေလည်အောင် လုပ်ဖို့ အချိန်နဲ့အခြေအနေမပေးတဲ့အခါ
ကျွန်တော်တို့က ဇွတ်မှိတ်ပြီး မေ့ချင်ယောင်ဆောင်လိုက်ပါတယ်။ မေ့သွားပြီး ဘာမှမဖြစ်ခဲ့သလို နေလိုက်ကြပါတယ်
ဒါပေမယ့်မေ့ချင်ယောင်ဆောင်လိုက်ခြင်းတွေမှာက
တကယ်မေ့လိုက်တာမဟုတ်တဲ့အတွက်
ငယ်ဘဝမှာ ကြုံခဲ့ရတဲ့ traumatic event တွေက
လူကြီး ဘဝထိ တရွတ်တိုက် ပါလာနေပါတယ်။
ဒါကိုလည်း သတိမထားကြပါဘူး။

အဲ့ဒီမှာ လူကြီးဘဝမှာ အဆင်မပြေမှုတွေများတယ်။
အမှားတွေ ထပ်ခါထပ်ခါလုပ်မိနေတယ်။
မကောင်းမှန်းသိတယ် ရုန်းထွက်ဖို့ခက်နေတယ်။
ဒါတွေကိုအခုကိုယ်လောလောလတ်လတ်
လုပ်နေတဲ့ အရာတွေကြောင့်ဖြစ်လာတယ်လို့
ထင်ကြပါတယ် အမှန်တော့ ခုနက မေ့ချင်ယောင်ဆောင်ထားပြီး တရွတ်တိုက်ဆွဲပါလာတဲ့
ငယ်ဘဝအကြောင်းအရာတွေကြောင့်ဖြစ်နေတာပါ
ငယ်ဘဝအကြောင်းအရာတွေကို ပြန်လှည့်ကြည့်တဲ့အခါမှာ
ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်းမသိ
ဖြစ်နေတတ်တာတွေရှိပါတယ်။
နောက်ဆုံးကျ ကိုယ့်ကြောင့်ဆိုပြီးပဲ
ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ပြီးပဲနေလိုက်ကြပါတယ်။

ဒါတွေကမဖြေရှင်းပဲ မေ့ချင်ယောင်ဆောင်ပြီးနေလေလေ
လူကြီးဘဝမှာ ပိုခက်ခဲ ပြဿနာပေါင်းစုံကြုံရလေပါပဲ။
အမှားထပ်ခါ ထပ်ခါ လုပ်နေတဲ့ လူတွေကိုက
အခွင့်အရေးပေးခြင်း မပေးခြင်းက
သူတို့အမှားတွေအတွက်သက်ရောက်မှုမရှိနိုင်ပါဘူး။
အခွင့်ရေးဆိုတာထက် root cause ကိုလိုက်ရှာပြီး
ကိုယ် လုပ်ပေးနိုင်တာ ဘာရှိလဲဆိုပြီး စဉ်းစားပေးရတာပါ။
လုပ်ပေးနိုင်တာ ဘာမှမရှိလည်း ဒါဟာကိုယ့်အပြစ်မဟုတ်ပါဘူး။ ကိုယ်နဲ့မတွေ့ခင် မဆုံခင် မသိခင် မှာဖြစ်ထားတဲ့
အကြောင်းအရာတွေအတွက် ကိုယ့်မှာတာဝန်ရှိမနေပါဘူး။
ချစ်တဲ့စိတ်နဲ့ မေတ္တာစိတ် တစ်ခုကြောင့်သာ
အခွင့်ရေးပေးမယ် မပေးမယ်တွေကြားမှာလွန်ဆွဲကြပါတယ်။

ပုစ္ဆာတိုင်းမှာ အဖြေရှိပေမယ့်
တွက်နည်းမတူကြပါဘူး။
တွက်နည်း တမျိုးတည်းတဲ့
လာသမျှပုစ္ဆာကို ထိုင်တွက်နေလို့မရပါဘူး။
ပြေလည်သွားတဲ့ ပုစ္တာတွေမှာ သုံးခဲ့တဲ့
တွက်နည်းတွေကလည်း ကိုယ့်အတွက်
အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
လူတွေဖြစ်တဲ့အတွက် ခံစားချက်တွေ
ဖြစ်ရပ်တွေကို တပုံစံတည်းနဲ့ဖြေရှင်းဖို့မစဉ်းစားပါနဲ့။

Root causeကိုရှာပြီး ဖြေရှင်းမှသာ
ရုန်းမထွက်နိုင်တဲ့ loop တွေကနေ
လွတ်မြောက်လာပါ လိမ့်မယ်နော်။



#အခွင့်ရေး

တချို့ရက်တွေက မော်စကော်က အွန်မှရတယ်။‌Skin ဘယ်လောက်ကောင်းကောင်းကွာဓာတ်ပုံရိုက်ရင်က မော်စကွန်အွန်ထားတဲ့ရုပ်နဲ့၊မအွန်ထားတဲ့...
15/08/2026

တချို့ရက်တွေက မော်စကော်က အွန်မှရတယ်။
‌Skin ဘယ်လောက်ကောင်းကောင်းကွာ
ဓာတ်ပုံရိုက်ရင်က မော်စကွန်အွန်ထားတဲ့ရုပ်နဲ့၊
မအွန်ထားတဲ့ ရုပ်က အသိသာကြီး ကွာကိုကွာတယ်။
ယောကျာ်းလေးတွေလည်း မော်စကော်ကအွန်ရတယ်။
ယောကျာ်းလေးဖြစ်ပြီး မော်စကော် အွန်တယ်
ဘာညာ လာပြောရင် လှန်သာပြလိုက် (ပိုက်ဆံအိတ်)
ကိုယ့်ပိုက်ဆံနဲ့ကိုယ် အွန်တာလေ
သူတို့အကြောင်းမှ မဟုတ်တာ။
ပြီးရင် မော်စကော်အွန် တယ်ဆိုတာက
Personal grooming တစ်ခုပဲ။
ဘာမှ Gender Shaming လုပ်စရာမလိုဘူး။

But အချိန်တိုင်းတော့ မိန်းကလေးတွေလို
အွန်စရာမလိုဘူးပေါ့ ကျွန်တော်လည်း အချိန်တိုင်း
မအွန်ဖြစ်ဘူး။ အဲ့အတွက် Foundation ဆို
ပုလင်းတွေ မဝယ်ထားဖြစ်ဘူး။
Foundation တပုလင်းက အမြဲလိမ်းတဲ့
သူအတွက်ဆိုရင်တော့ ၆လလောက်နဲ့ကုန်တယ်
ကိုယ့်လို တလမှ သုံးလေးခါလောက် လိမ်းတဲ့
သူတွေအတွက်ကျ ပုလင်းတွေက
Invest လုပ်ရာကျတယ်။

Hearty Heart ရဲ့ BB cream ကိုလိမ်းတာက
၂နှစ်လောက်တောင် ရှိနေပြီ။
Glad To Glow ရဲ့ Skin Tint က
သိပ်မကြာသေးဘူး နှခါသုံးခါပဲလိမ်းရသေးတယ်။
ကြားထဲမှာ တခြား BB creamတခု
စမ်းကြည့်လိုက်သေးတယ်။
ဘယ်လိုမှအဆင်မပြေဘူး။
လည်းပင်လိမ်းရင်တောင် လည်ပင်းကြီး
ပြာဟောက်နေတာပဲ။ ရွေးစရာအရောင်ရှိလားဆိုတော့
All skin tone အဆင်ပြေတယ်တဲ့
ကျွန်တော်ဆို အရမ်းဖြူတဲ့ထဲမပါဘူး။
မြန်မာအသားရေအဝါဖောက်ထဲပါတယ်။
အဲ့တစ်ခုက တော်တော်ပြာပြာကြီး
အဆင်မပြေဘူး။ Blogger တော်တော်များများတော့
ညွှန်းထားကြတယ် ကျွန်တော်ကတော့မညွှန်းဘူး
ဈေးအားဖြင့်လည်း အခု နှစ်မျိုးထက်ကြီးတယ်။
Performance လည်းမကောင်းဘူး။

Hearty Heart ရဲ့ BB cream က
Bb cream texture လိုတော့မဟုတ်ဘူး
Liquid Foundation နဲ့တူတယ်။
02 အရောင်က ကျွန်တော်မျက်နှာနဲ့တကယ်ကွက်တိမတ်စိပဲ
ကျွန်တော်အမြဲပြောတာက Foundation လိမ်းတယ်
မိတ်ကပ်လိမ်းတယ်ဆိုတာက မျက်နှာကြီးကို
ဖြူဖြူကြီးလိုချင်တာမဟုတ်ဘူး
Healthy Skin Look ကို
ရချင်ကြတဲ့သဘောပေါ့။
ဒီကောင်က အဲ့လိုမျိုး Look ကိုရစေတယ်။
SPF ပါပေမယ့်လည်း Sunscreen သီးသန့်လိမ်းပါတယ်။

အဆီအရမ်းပြန်တတ်ရင်တော့အဆင်မပြေဘူး။
သူက matte type မဟုတ်တော့
အဆီပြန်လေ မိတ်ကပ်သားတက်လာလေနဲ့
တနေကုန် မိတ်ကပ်သားက မျက်နှာပေါ်မှာ
ရှိနေတယ်။ ကျွန်တော်က အဆီပြန်တယ်။
မျက်နှာလည်း ချွေးထွက်လွယ်တယ်။
အဲ့လိုလူနဲ့တောင် အဆင်ပြေတယ်
အဆီပြန်လာရင် မည်းလာ ပြာလာတာမဖြစ်သွားဘူး
သူ့ဟာသူလေး ပြောင်ပြောင်လေးဖြစ်နေတယ်။

လိမ်းရတာ တအားအဆင်ပြေတယ်
ကျွန်တော်က လက်နဲ့ပဲလိမ်းတာ
လက်ညှိုးလေးနဲ့ပဲ blend လုပ်ပြီးလိမ်းတယ်
Setting powder သုံးရင်ပိုအဆင်ပြေတယ်။
မျက်နှာကြီးက cakey ဖြစ်နေတာမျိုးမဟုတ်ဘူး
မိတ်ကပ်လိမ်းထားပေမယ့် ဝင်းဝင်းပြောင်ပြောင်လေးနဲ့
Glow look လေးကိုရတယ်။
မွေးနေ့တုန်းက ပုံတွေဆို အဲ့တာလိမ်းပြီး
ရိုက်ထားတာပါ ။
ဈေးနှုန်းအားဖြင့် တသောင်းတောင်မပြည့်ဘူး။

Glad to Glow က သူနဲ့ယှဉ်ရင်
Local brand လည်းမဟုတ်တော့
နည်းနည်း ဈေးပိုကြီးတယ်။
တသောင်းကျော်တယ် ပြီးတော့
သူက skin tint လို့ ပြောထားတဲ့ အတွက်
Texture က ပိုကျဲတယ်။
မျက်နှာပေါ် တင်လိုက်ရင် စီးကျသွားတဲ့
Texture မျိုးပေါ့။ ပိုပြီး Light weightဖြစ်တယ်။
အဲ့တာကြောင့် Hearty Heart လို
Medium coverage လောက်ထိမရနိုင်ဘူး။

သူလည်း Glow look ပဲထွက်စေတယ်။
သူက ပိုလို့တောင်အဆီပြန်သမားတွေနဲ့အဆင်မပြေပါဘူး။
သူက Hearty Heart ထက် ပိုပြီး ခပ်ပြောင်ပြောင်
Look ကို ထွက်စေပါတယ်။
ကျွန်တော် try ကြည့်တာ ဒုတိယတစ်ရောင်ပါ
အဲ့ထက် ဖြူတဲ့ အပေါ်မှာတရောင်ရှိသေးတယ်
ဒုတိယတရောင်တောင် နည်းနည်းပြာချင်တဲ့ဘက်
သွားတော့ သူ့အရောင်က မြန်မာအသား‌အရည်တွေနဲ့
အဆင်မပြေဘူးညိုတဲ့ဟာကျတော့လည်း ညိုကျသွားမှာမျိုးပေါ့ ဆိုးဆိုးရွားရွားတော့ပြာတာမျိုးမဟုတ်ပေမယ်
သူ့ထက် တtone လောက်မြင့်တဲ့ powderနဲ့တွဲ
သုံးရင်တော့ အဆင်ပြေလောက်တယ်။

တသောင်းမပြည့်တပြည့်ဈေးရယ်
တသောင်းကျော်ကျော်လေးရယ်ဆိုတော့
ကောင်မလေး‌ေတွအတွက် နှစ်ခုလုံးက
affordable ဖြစ်တယ်။
တစ်ခုပဲ recommend ပေးပါဆိုရင်
ကျွန်တော်ကတော့ Hearty Heart ပဲ။
သူ့ဈေးနဲ့ သူ့ performance ကတန်တယ်ပဲပြောရမယ်။
ဒီဈေးနဲ့ ကမ္ဘာကျော် Chanel တို့
Estee lauder တို့လို
Performance တော့မရနိုင်ဘူးပေါ့

အပေါ်မှာပြောသလိုပဲ
ပုလင်းလိုက်ကြီးတွေဝယ်ပြီး
Invest မလုပ်ချင်ပဲ မော်စကော်အွန်ချင်တဲ့
အမျိုးသားတို့အတွက်လည်း အဆင်ပြေစေတယ်။

မှတ်ထားနော် မော်စကွန် အွန်တာ
Personal grooming တစ်ခုပဲ
လာပြီး gender discrimination လုပ်ရင်
တို့ပြောထားသလို လှန်သာ ပြလိုက်။




#မော်စကော်

ဒါမျိုးလေးတွေဆို တကယ်ဖတ်စေချင်ပါတယ်စာဖတ်သူတို့ရေစာဖတ်သူတို့အတွက် ဒါမျိုးလေးတွေကအကျိုးရှိပါတယ်နော်
14/08/2026

ဒါမျိုးလေးတွေဆို တကယ်ဖတ်စေချင်ပါတယ်
စာဖတ်သူတို့ရေ
စာဖတ်သူတို့အတွက် ဒါမျိုးလေးတွေက
အကျိုးရှိပါတယ်နော်

Self-love နှင့် Self-delusion ကွဲပြားခြားနားပုံ

Self-love ကတော့ ထွေထူးပြောပြနေစရာတောင်
မလိုဘူးထင်ပါတယ် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ခြင်းပေါ့
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ခြင်းပေါ့
ကိုယ့်ကိုယ်ကိုယ် ပျက်ရာ ပျက်စီးကြောင်းဖြစ်မယ့်
အရာမှန်သမျှကနေ ကယ်ထုတ်ပေးတာတွေကို
Self-love လို့ခေါ်ပါတယ်
Self-love ကလေရိုးရှင်းတယ်
သူ့မှာ ပုံကြီးချဲ့နေတာတွေမပါဘူး
အိပ်ရေးဝဝအိပ်တယ် ရေများများသောက်တယ်
ကိုယ်ကြိုက်တဲ့ အရာလေးတွေလုပ်တယ်
သူများကို ဒုက္ခမပေးဘူး
သူများက ဒုက္ခလာပေးလည်း မယူဘူး
ဒါက Self-love ပဲ ဒါကြောင့်ရိုးရှင်းတယ်လို့ပြောတာပါ

Self-delusion သမားတွေကျတော့
မရိုးရှင်းတော့ဘူး သူတို့ဟာ သူတို့ ရှုပ်ထွေးပြီး
Complicated ဖြစ်နေတာမျိုးပါ
Self-love သမားတွေက ကိုယ်ကြိုက်တာလေးတွေ
ကိုယ်လုပ်သလို Self-delusionသမားတွေကလည်း
ကိုယ်ကြိုက်တာလေးတွေ ကိုယ်လုပ်လေ့ရှိကြပါတယ်
ဒါပေမယ့် သူတို့က သူများရဲ့ အမြင်မလိုတော့ဘူး
သူတို့ဟာသူတို့ အရမ်းလှနေတယ် အရမ်းမိမိုက်နေတယ်လို့
ထင်နေတတ်ကြတာမျိုး delusionဖြစ်နေတာမျိုးပါ
ဥပမာ လှည်းတန်းလို နေရာမျိုးပဲထားပါစို့
အခုခေတ် Street fashionတွေ အရမ်းမိမိုက်ပါတယ်
ကလေးတွေလည်း သူ့ဟာနဲ့သူဝတ်တတ်စားကြပါတယ်
ကိုယ်တွေတောင် ပြန်အတုယူရတာမျိုးတွေရှိပါတယ်
ဒါပေမယ့် နေရာဒေသနဲ့ အရမ်း offဖြစ်နေတာဟာမျိုးတွေ
ဝတ်ထားပြီး ကိုယ့်ကိုယ်ကိုယ် Paris fashion weekက
Runway Modelတွေလို အထင်ရောက်နေတာမျိုးရှိ‌တတ်တယ်

ကိုယ့်ဟာကိုယ် ကိုယ်ကြိုက်လို့ ကိုယ်ဝတ်တာပဲ
ဘယ်သူ့ ဂရုစိုက်ရမှာလဲ I don't careလေဆိုတာ
မှန်သင့်သလောက်မှန်ပါတယ် ဒါပေမယ့်
ကိုယ်က ပတ်ဝန်းကျင် အခြေအနေနဲ့
အရမ်း off ဖြစ်နေတယ်ဆိုရင်
ဒါဟာ တစ်ခုခုတော့ လွဲမှားနေတယ်ဆိုတာ
သတိပြုမိရပါမယ် တစ်ခါ နှစ်ခါမဟုတ်ပဲ
အခါခါဆိုရင် ကိုယ်က errorဖြစ်နေတယ်ဆိုတာကို
သိရပါတော့မယ် တချို့တွေကျတော့ အကျင့်မကောင်းဘူး
ကိုယ့်သူငယ်ချင်းက အဲ့လိုမထော်မနန်းနဲ့
Self-delusion ဖြစ်နေပေမယ့်လည်း
သူ့ကို မထိခိုက်စေတဲ့ စကားလုံးမျိုးနဲ့ရွေးပြီး
မပြုပြင်ပေးပဲ အဆင်း ဘီးတတ်ဆိုသလို
လျှောက်မြောက်ပေးကြပါတယ်
ဟာ နင်ဒီနေ့ အရမ်းမိုက်နေတာ
တကယ်ကို အမိုက်စားပဲ
အမိုက်စားလို့ ပြောနေပေမယ့်
ဟိုမှာက သံကြိုးတွေရော ပုဝါတွေရော
အိတ်တွေရော မျက်မှန်တွေရော ရှုပ်ယှက်ခတ်ပြီး
ဘာကြီးမှန်းမသိဖြစ်နေတယ်
ဒါကို မပြင်ပေးပဲ မြောက်ပေးတော့
သူ့ရဲ့ Self-delusion အရှိန်က ပိုမြင့်သွားပြီး
သူ့ကိုယ်သူ တကယ်မိုက်တယ်လို့ ပိုထင်သွားပြီး
ပေါက်ကရတွေ ဆက်ပြီးလုပ်တော့တာပါပဲ
Fashion ဆိုတာ ကန့်သတ်ထားတာမရှိဘူးမှန်ပေမယ့်
သူ့ဟာနဲ့သူ Assessories တွေကို
ဆင်တတ်ရတာမျိုးတော့ရှိပါတယ်

ပတ်ဝန်းကျင်ရယ် အခြေအနေရယ် cultureရယ်နဲ့
သူ့ moodရယ် tone ရယ် ဘယ်လိုမှဆက်စပ်လို့မရပဲ
သူ့ကိုယ်သူ အထင်တစ်ခုရောက်နေတယ်ဆိုရင်
ဒါဟာ Self-delusion ဖြစ်နေတယ်လို့ပဲသတ်မှတ်ရပါမယ်
Realityနဲ့ disconnectဖြစ်နေတာမျိုးပေါ့
အဲ့လိုလူတွေက တကယ်သနားဖို့ကောင်းပါတယ်
မဟုတ်တာကြီးကို အဟုတ်ထင်ပြီး
နောက်ကွယ်မှာ သူများတွေလှောင်ရယ်တာကို
ခံနေရတာမျိုးပါ သူ့ဟာသူလည်း
Self-trap ထဲပိတ်မိနေတတ်ပါတယ်
သူ့အထင်နဲ့သူပေါ့

အဲဒီလိုလူတွေကို ကူညီချင်တယ်ဆိုရင်
ကိုယ့်သူငယ်ချင်းထဲမှာ အဲ့လိုလူတစ်ယောက်ရှိတယ်ဆိုရင်
ပထမဦးဆုံးက သူတို့ရဲ့ motive ကို နားလည်ဖို့လိုပါတယ်
သူတို့က တကယ်ပဲ attention လိုချင်လို့လုပ်နေတာလား
သူ့မှာ ခံစားချက်တစ်ခုခု ရှိနေတာလား
ဒါမှမဟုတ် သူ လူချစ်လူခင် ပေါချင်တာလား
ဒီလို သူတို့ရဲ့ အခြေခံ motive တွေအပေါ်မူတည်ပြီး
ကိုယ်က ကူညီပေးရပါမယ်

ဒဲ့ထိုးကြီး နင်နဲ့မလိုက်ဘူးလို့ ဝေဖန်တာထက်
သွယ်ဝိုက်တဲ့ try on vdလေးတွေကို
ပို့ပေးတာမျိုး fashion tips တွေပြောပြတဲ့
Vd လေးတွေ ပို့ပေးတာမျိုး လုပ်ပေးလို့ရပါတယ်
ပြီးရင် feedback ပေးတာထက်
Positive reinforcement လုပ်ပေးပါ
တကယ် အမှန်တကယ် တည့်တည့်မတ်မတ်
သူနဲ့လိုက်ဖက်တာမျိုး ဝတ်လာတဲ့နေ့ကျရင်
ချီးကျူးပေးပါ ဒါဆိုရင် သူ့နဲ့လိုက်ဖက်တာကို
သူပို သတိထားမိသွားပါလိမ့်မယ်

နင့်ကို မနေ့က လူတွေ အရမ်းဝိုင်းကြည့်နေကြတယ်
ငါတော့ အဲ့လို မဖြစ်စေချင်ဘူး
နင်က သေသေချာချာလေး
ကိုယ်နဲ့ လိုက်ဖတ်တာလေးဝတ်လိုက်ရင်
တကယ်ကြည့်ကောင်းသွားမှာ ဟ ဆိုတဲ့
Mild empathy basedဖြစ်တဲ့ စကားမျိုး
ပြောပေးတာတွေက သူ့အတွက် အကူအညီဖြစ်စေပါတယ်
ဥပမာ ဂျိုင်းချွေးနံ့နံတဲ့သူကို
နင့်ချွေးစော်က နံလိုက်တာ
Roll on သုံးစမ်းပါဟာ ဈေးကြီးတာလည်း
မဟုတ်ပဲနဲ့လို့ ပြောမယ့်အစား
သူငယ်ချင်း ငါမနေ့က ဆိုင်ရောက်တုန်း
ငါ့အတွက် Roll onဝယ်ရင်းနဲ့ အနံ့လေးကောင်းလို့
နင့်အတွက်လည်း တစ်ပုလင်းဝယ်ခဲ့တယ်
စမ်းကြည့်ပါလား ဆိုတာမျိုးပေါ့
ဒါဆို တစ်ဖက်သူက အရှက်လည်း မရဘူး
သိမ်ငယ်စရာလည်း မဖြစ်တော့ပဲ အမြင်မှန်လည်းရသွားတယ်ပေါ့

Self-love နဲ့ ရောထွေးတတ်တဲ့ Self-delusion ဆိုတာကဒါပါပဲ
ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတာကို
"ငါနေချင်သလိုနေမယ် ငါလှတာငါသိတယ်
ငါမိုက်တာ ငါသိတယ်ဆိုပြီး" ရောထွေးခြင်းပါ
တကယ် ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူဆိုတာ
ကိုယ့်ကိုယ်ကိုယ် မြင်ကြည့်ဖို့ မြင်နိုင်ဖို့
ကြိုစားလေ့ရှိကြပါတယ်
ကိုယ်နဲ့မလိုက်မဖက် ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တာတွေကို
အရမ်းလှ အရမ်းမိုက် တခြားသူအကြံပေးတာတွေကိုလည်း
နားမဝင်တော့ရင် ဒါဟာ
Self-love မဟုတ်ပဲ Self-delusionဆိုတာကို
သိထားပေးပါ

နောက်ထပ် စိတ်ဝင်စားစရာ Articleတွေနဲ့ ပြန်လာခဲ့ပါမယ်





ที่อยู่

Chiang Mai

เบอร์โทรศัพท์

+959756100371

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Min's Beauty Bookผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Min's Beauty Book:

ทางลัด

แนะนำ

แชร์