Chiangmai Ram Hospital Myanmar ချင်းမိုင်ရမ်ဆေးရုံ

Chiangmai Ram Hospital Myanmar  ချင်းမိုင်ရမ်ဆေးရုံ Chiangmai Ram Hospital Myanmar ချင်းမိုင်ရမ်ဆေးရုံ (+66)052 004 699

🎒 ကျောင်းမဖွင့်မီ ကလေးငယ်များအတွက် ကျန်းမာရေးစစ်ဆေးချက် Checklistကလေးငယ်တွေကို ကျောင်းမသွားခင် အစစအရာရာ အဆင်သင့်ဖြစ်အောင...
13/05/2026

🎒 ကျောင်းမဖွင့်မီ ကလေးငယ်များအတွက် ကျန်းမာရေးစစ်ဆေးချက် Checklist
ကလေးငယ်တွေကို ကျောင်းမသွားခင် အစစအရာရာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးကြပါစို့ 💙
ကျောင်းဖွင့်ရာသီသစ်မှာ ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာတွေ ပြင်ဆင်ရုံတင်မကဘဲ ကလေးငယ်တွေရဲ့ "ကျန်းမာရေး" ကိုလည်း မမေ့မလျော့ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးဟာ သင်ယူမှု၊ အာရုံစူးစိုက်မှုနဲ့ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလို့ပါပဲ။

✅ ကျောင်းမဖွင့်မီ စစ်ဆေးသင့်သည့် အချက်များ

👀 1.အမြင်အာရုံ စစ်ဆေးခြင်း
ကလေးအတော်များများဟာ အမြင်အာရုံ မကြည်လင်ပေမဲ့ မိမိကိုယ်တိုင် ပြဿနာရှိနေမှန်း မသိကြပါဘူး။ ဒါဟာ စာလိုက်မမီတာ၊ အာရုံမစိုက်နိုင်တာနဲ့ ခေါင်းခဏခဏ ကိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
သတိပြုရမည့် လက္ခဏာများ -
• မျက်စိမှေးကြည့်ခြင်း
• တီဗီ သို့မဟုတ် ဖုန်းကို အနီးကပ်ကြည့်ခြင်း
• ခေါင်းခဏခဏ ကိုက်ခြင်း
• စာဖတ်လျှင် ပုံမှန်ထက် ပိုနီးကပ်စွာ ဖတ်ခြင်း
• ကျောင်းသင်ပုန်းကို ရှင်းလင်းစွာ မမြင်ရခြင်း
• မျက်စိကို ခဏခဏ ပွတ်ခြင်း

🦷 2.သွားနှင့် ခံတွင်းကျန်းမာရေး စစ်ဆေးခြင်း
ကလေးတွေမှာ သွားပိုးစားခြင်းဟာ အဖြစ်များပြီး သွားကိုက်ခြင်း၊ အစားကောင်းကောင်း မစားနိုင်ခြင်းနဲ့ စာသင်ခန်းထဲမှာ အာရုံမရခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
သတိပေးလက္ခဏာများ -
• ခံတွင်းနံ့ နံခြင်း
• အစာကို တစ်ဖက်တည်းဖြင့်သာ ဝါးခြင်း
• သွားတွင် အမည်းစက် သို့မဟုတ် အပေါက်များရှိခြင်း
• သွားကျဉ်ခြင်း
• သွားဖုံးရောင်ခြင်း
✨ သွားကျန်းမာမှ = ယုံကြည်မှုရှိရှိ ပြုံးနိုင်မယ် + အစားဝင်မယ် + စာသင်ဖို့ အဆင်သင့်ဖြစ်မယ်

💉 3.အရွယ်အလိုက် ကာကွယ်ဆေးများ စစ်ဆေးခြင်း
ကျောင်းဖွင့်ချိန်ဟာ သူငယ်ချင်းများစွာနဲ့ ထိတွေ့ရတဲ့အချိန်ဖြစ်လို့ ကူးစက်ရောဂါများ (အထူးသဖြင့် တုပ်ကွေး၊ RSV၊ လက်ခြေခံတွင်းရောဂါ) ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။
စစ်ဆေးသင့်သည့် ကာကွယ်ဆေးများ -
• နှစ်စဉ်ထိုးရမည့် တုပ်ကွေးကာကွယ်ဆေး
• အရွယ်အလိုက် ထိုးရမည့် အခြေခံကာကွယ်ဆေးများ
• ထပ်ဆောင်းကာကွယ်ဆေးများ (Booster shots)

😴 4.ကျောင်းမဖွင့်မီ အိပ်ချိန်ညှိပေးခြင်း
ကျောင်းပိတ်ရက်မှာ နောက်ကျမှ အိပ်လေ့ရှိတဲ့အတွက် ကျောင်းစဖွင့်တဲ့အခါ "မထနိုင်ခြင်း၊ စာသင်ခန်းထဲတွင် ငိုက်မြည်းခြင်း" များ ဖြစ်တတ်ပါတယ်။
အကြံပြုချက် -
• ကျောင်းမဖွင့်မီ 1 ပတ် သို့မဟုတ် 2 ပတ်အလိုကတည်းက အိပ်ချိန်ညှိပေးပါ
• အိပ်ရာမဝင်မီ 1 နာရီအလိုတွင် ဖုန်း/တီဗီ ကြည့်ခြင်းကို ရပ်နားပါ
• အရွယ်အလိုက် လုံလောက်စွာ အိပ်စက်ပါစေ

📱 5.Screen Time (ဖုန်း/တီဗီကြည့်ချိန်) ကန့်သတ်ခြင်း
ဖုန်း သို့မဟုတ် တက်ဘလက် အလွန်အကျွံသုံးခြင်းဟာ အောက်ပါတို့ကို ထိခိုက်စေနိုင်ပါတယ်။
• အမြင်အာရုံ
• အိပ်စက်မှု
• အာရုံစူးစိုက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု
အကြံပြုချက် -
• မိနစ် 20 တိုင်း မျက်စိကို အနားပေးပါ
• ဖုန်း/တက်ဘလက် သုံးချိန်ကို ကန့်သတ်ပါ
• အပြင်ထွက် ဆော့ကစားချိန်ကို တိုးမြှင့်ပေးပါ (အဝေးကြည့်ခြင်းက မျက်စိအတွက် ကောင်းမွန်စေသည်)

🧠 6.ဖွံ့ဖြိုးတိုးတက်မှုနှင့် အာရုံစူးစိုက်မှု စစ်ဆေးခြင်း
တခါတရံ ကလေးတွေဟာ "ဆိုး" နေတာမဟုတ်ဘဲ သင်ယူမှု သို့မဟုတ် အာရုံစူးစိုက်မှုဆိုင်ရာ အခက်အခဲရှိနေတာ ဖြစ်နိုင်ပါတယ်။
လက္ခဏာများကို သတိပြုပါ -
• ငြိမ်ငြိမ်မနေခြင်း
• အာရုံစူးစိုက်မှု မရှိခြင်း
• စာဖတ်နှေးခြင်း
• စာလုံးများကို ပြောင်းပြန်ရေးခြင်း
• လူမှုဆက်ဆံရေးတွင် မရဲတင်းခြင်း
✨ ပုံမှန်မဟုတ်တာတွေ့ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

📏 7.အရပ်နှင့် ကိုယ်အလေးချိန် စစ်ဆေးခြင်း
ကျောင်းနေအရွယ်ဟာ ကြီးထွားမှုအတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။
စောင့်ကြည့်ရမည့်အချက်များ -
• ကိုယ်အလေးချိန် သတ်မှတ်ချက်အတိုင်း တက်ခြင်းရှိမရှိ
• အရပ်အမောင်း အရွယ်နှင့် ကိုက်ညီမှုရှိမရှိ
• အရွယ်မတိုင်မီ အပျို/လူပျို ဖော်ဝင်ခြင်း ရှိမရှိ

💙 ဘာကြောင့်လဲဆိုတော့... ကောင်းမွန်တဲ့ ကျန်းမာရေးဟာ သင်ယူမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲ။
ဒီကျောင်းဖွင့်ရာသီမှာ ကလေးငယ်တွေကို ကျန်းမာရေး အကာအကွယ်တွေ ကြိုတင်ပြင်ဆင်ပေးပြီး၊ ယုံကြည်မှုအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်နိုင်အောင် လုပ်ဆောင်ပေးကြပါစို့။
📍 အသေးစိတ် ထပ်မံသိရှိလိုပါက -
Chiang Mai Ram ဆေးရုံ (ပြင်ပလူနာ ကလေးဌာန)
ဖုန်း - 052-004699

#ကျောင်းဖွင့်ရန်ပြင်ဆင်ခြင်း

#ချင်းမိုင်ရမ်ဆေးရုံ

🦒 “ခဏနေရင် ကလေးက အလိုလို အရပ်ရှည်လာမှာပါ” – ကလေးတစ်ယောက်ရဲ့ အရပ်အမောင်းအတွက် စောစောစီးစီး ကြိုတင်ပြင်ဆင်မှုမရှိရင် မသိလိ...
24/04/2026

🦒 “ခဏနေရင် ကလေးက အလိုလို အရပ်ရှည်လာမှာပါ” – ကလေးတစ်ယောက်ရဲ့ အရပ်အမောင်းအတွက် စောစောစီးစီး ကြိုတင်ပြင်ဆင်မှုမရှိရင် မသိလိုက်ဘဲ နောက်ကျသွားနိုင်ပါတယ်။

မိဘအတော်များများက “ခဏနေရင် ကလေးက အလိုလို အရပ်ရှည်လာမှာပါ” ဒါမှမဟုတ် “အခုနည်းနည်း ကြီးထွားမှု နှေးနေပေမဲ့ နောက်မှ သူငယ်ချင်းတွေကို မှီသွားမှာပါ” လို့ ထင်တတ်ကြပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ အချိန်ကာလ အကန့်အသတ်ရှိပါတယ်။ အချိန်မီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးအကဲဖြတ်မှု မလုပ်ဘဲ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် အစောပိုင်းကတည်းက ပြုပြင်ထိန်းညောင်းပေးနိုင်မယ့် အခွင့်အရေးတွေကို ဆုံးရှုံးသွားစေနိုင်ပါတယ်။

📏 အရပ်အမောင်းဟာ သင်ထင်တာထက် ပိုမိုအရေးကြီးပါတယ်။

အရပ်အမောင်းဟာ မျိုးရိုးဗီဇတစ်ခုတည်းပေါ်မှာတင် မမူတည်ဘဲ အခြားသောအချက်အလက်များစွာနဲ့လည်း သက်ဆိုင်နေပါတယ်။ ဥပမာ -
• ကြီးထွားမှုဟော်မုန်း နှင့် အခြားဟော်မုန်းများ
• ကျောက်ကပ်၊ အသည်းနှင့် အရိုးများကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်
• စားသောက်သော အာဟာရ
• အရိုးများ သန်စွမ်းစေရန် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ

အချို့ကလေးငယ်တွေဟာ “ကိုယ်ခန္ဓာသေးငယ်” နေရုံသာမကဘဲ နောက်ကွယ်မှာ ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းများလည်း ရှိနေနိုင်ပါတယ်။

⏰ အရပ်အမောင်း စစ်ဆေးမှုကို ဘာကြောင့် မစောင့်သင့်တာလဲ?

အရိုးများ၏ ကြီးထွားမှုဟာ အချိန်ကာလ အကန့်အသတ်ရှိပြီး အရိုးအဆက်များ ပိတ်သွားတဲ့အခါ အရပ်ထပ်ရှည်ဖို့ အခွင့်အလမ်းဟာ အလွန်နည်းသွားပါတယ်။ စောစောစီးစီး အကဲဖြတ်စစ်ဆေးခြင်းက မိဘများအနေနဲ့ မိမိတို့ကလေးရဲ့ အရွယ်အစားနဲ့ လိုက်လျော်ညီထွေဖြစ်မယ့် စောင့်ရှောက်မှု အစီအစဉ်တွေကို စနစ်တကျ ချမှတ်နိုင်စေမှာ ဖြစ်ပါတယ်။

👶 ဘယ်လိုကလေးမျိုးတွေ အရပ်အမောင်း စစ်ဆေးသင့်သလဲ?

• ရွယ်တူသူငယ်ချင်းတွေထက် ကိုယ်လုံးကိုယ်ထည် ပိုသေးနေရင် ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ ယှဉ်ရင် အရပ်ပုနေရင်
• အသက်အရွယ်အလိုက် ရှိရမယ့် အရပ်အမောင်း စံနှုန်းအတိုင်း တိုးမလာရင်
• ပျိုဖော်ဝင်ချိန် (လူပျို၊ အပျို ဖြစ်ချိန်) အရမ်းစောလွန်းခြင်း သို့မဟုတ် အရမ်းနောက်ကျလွန်းခြင်း
• မိသားစုဝင်များထဲတွင် အရပ်ပုသူရှိခြင်း သို့မဟုတ် နာတာရှည်ရောဂါ အခံရှိခြင်း
• မွေးဖွားစဉ်ကတည်းက ကိုယ်အလေးချိန် သို့မဟုတ် ကိုယ်လုံးကိုယ်ထည် သေးလွန်းခြင်း

🔍 အရပ်အမောင်း စစ်ဆေးအကဲဖြတ်ခြင်းက ဘာတွေ ကူညီပေးနိုင်သလဲ?

ဒါဟာ အရပ်ကို ပေကြိုးနဲ့ တိုင်းတာရုံတင် မဟုတ်ဘဲ ကလေးရဲ့ ကြီးထွားမှု အခြေအနေတစ်ခုလုံးကို ဘက်စုံကနေ ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါတယ်။ ဥပမာ -
• အရိုးရဲ့ သက်တမ်း (Bone Age) ကို စစ်ဆေးခြင်း
• လိုအပ်သော ဟော်မုန်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို သွေးစစ်ဆေးခြင်း
• ကလေးအထူးကု (ဟော်မုန်းနှင့် ဂလင်းဆိုင်ရာ ပညာရှင်) မှ စနစ်တကျ စစ်ဆေးပေးခြင်း
• ကလေးတစ်ဦးချင်းစီအတွက် သင့်တော်သော အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ဂရုစိုက်မှုဆိုင်ရာ အကြံပြုချက်များ ပေးခြင်း

📌 မိဘများအနေနဲ့ “ငါ့ကလေးက သူ့အသက်အရွယ်နဲ့အညီ ကြီးထွားမှုရှိရဲ့လား?” လို့ စတင်သံသယရှိလာပြီဆိုရင် သင့်တော်တဲ့ အချိန်အတွင်းမှာ အရပ်အမောင်း စစ်ဆေးမှု ခံယူခြင်းက ကလေးအရပ်မရပ်သွားခင် အချိန်မီ ကုသမှုပေးနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။

အသေးစိတ် အချက်အလက်များကို ထပ်မံစုံစမ်းလိုပါက -
ကလေးအရပ်အမောင်း မြှင့်တင်ရေးဗဟိုဌာန
ချင်းမိုင်ရမ်း ဆေးရုံ
ဖုန်း - 052-004699
Line@: https://lin.ee/9cpmA921

#ကလေးအရပ်အမောင်း #ကလေးဖွံ့ဖြိုးမှု #ကလေးကျန်းမာရေး #အရွယ်မတိုင်မီပျိုဖော်ဝင်ခြင်း #ချင်းမိုင်ရမ်းဆေးရုံ

🌫️ PM2.5… “နှလုံး” ကို သင်ထင်ထားတာထက် ပိုမိုထိခိုက်စေနိုင်တဲ့ ဖုန်မှုန့်အန္တရာယ်!လူအများစုက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြ...
20/04/2026

🌫️ PM2.5… “နှလုံး” ကို သင်ထင်ထားတာထက် ပိုမိုထိခိုက်စေနိုင်တဲ့ ဖုန်မှုန့်
အန္တရာယ်!

လူအများစုက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုပဲ စိုးရိမ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ 2.5 မိုက်ခရွန်ထက်သေးငယ်တဲ့ PM2.5 ဖုန်မှုန့်တွေဟာ အဆုတ်ကတစ်ဆင့် သွေးကြောထဲကို တိုက်ရိုက်ဝင်ရောက်နိုင်ပြီး နှလုံးနဲ့ သွေးကြောစနစ်ကို ပြင်းထန်စွာ ပျက်စီးစေနိုင်တယ်ဆိုတာ သင်သိပါသလား။

🔍 PM2.5 က နှလုံးကို ဘယ်လိုသက်ရောက်မှုရှိသလဲ?
• 🩸 သွေးကြောများ ရောင်ရမ်းခြင်း: ဖုန်မှုန့်တွေက သွေးကြောနံရံတွေကို ရောင်ရမ်းစေပြီး ထူလာစေပါတယ်။ ဒါဟာ နှလုံးသွေးကြောကျဉ်းရောဂါရဲ့ အစပျိုးခြင်းပဲ ဖြစ်ပါတယ်။
• 🫀 ရုတ်တရက် နှလုံးရပ်နိုင်ခြေရှိခြင်း: နှလုံးကို ပိုမိုအလုပ်လုပ်စေပြီး နှလုံးညှစ်အားကျဆင်းခြင်း (Heart Failure) ကို ဖြစ်စေနိုင်ပါတယ်။
• 💉 သွေးခဲပိတ်ဆို့ခြင်း: PM2.5 ဟာ သွေးဥမွှားတွေကို အလွယ်တကူ စုခဲစေတာကြောင့် သွေးကြောအတွင်း သွေးခဲပိတ်ဆို့မှုကို ဖြစ်စေနိုင်ပါတယ်။
• 📈 အသက်အန္တရာယ်ရှိခြင်း: ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ PM2.5 ဟာ ကမ္ဘာတစ်ဝှမ်း နှလုံးနဲ့ သွေးကြောရောဂါကြောင့် သေဆုံးမှုနှုန်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

🛡️အထူးသတိပြုရမည့် အုပ်စုများ
• 👴 သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ (သွေးတိုး၊ ဆီးချို)
• ❤️ နှလုံးရောဂါအခံရှိသူများ သို့မဟုတ် ဆေးလိပ်ပုံမှန်သောက်သူများ
• 🏃‍♂️ ဖုန်မှုန့်များနေချိန် အပြင်မှာ လေ့ကျင့်ခန်းလုပ်သူများ

🛡️ နှလုံးကို PM2.5 ကနေ ဘယ်လိုကာကွယ်မလဲ?
1️⃣ N95 Mask တပ်ဆင်ပါ: အပြင်ထွက်တိုင်း N95 နှာခေါင်းစည်းကို တပ်ဆင်ပါ။
2️⃣ ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ: ဖုန်မှုန့်အဆင့် မြင့်မားနေချိန်တွင် အပြင်၌ လေ့ကျင့်ခန်းလုပ်ခြင်းကို ရပ်နားပါ။
3️⃣ ဘေးကင်းဇုန် (Safe Zone) ဖန်တီးပါ: ပြတင်းပေါက်များကို ပိတ်ထားပြီး HEPA filter ပါသော လေသန့်စက်ကို အသုံးပြုပါ။
4️⃣ ကျန်းမာရေးစစ်ဆေးပါ: နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ အထူးသဖြင့် ရောဂါဖြစ်နိုင်ခြေ မြင့်မားသူများ စစ်ဆေးသင့်ပါတယ်။
5️⃣ လက္ခဏာများကို သတိပြုပါ: ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ရင်တုန်ခြင်းများ ဖြစ်ပေါ်ပါက ဆရာဝန်ထံ ချက်ချင်းပြသပါ။

#ချင်းမိုင်ရမ်ဆေးရုံ


#ကျန်းမာရေးစောင့်ရှောက်မှုတိုင်းအတွက်အဖြေရှိသောကျွမ်းကျင်မှု

သင်္ကြန်ကာလမှာ ပျော်ရွှင်ဘေးကင်းဖို့ ချင်းမိုင်ရမ်ဆေးရုံက အမြဲအနားမှာ ရှိနေမှာပါ 🚑💦 သင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ...
12/04/2026

သင်္ကြန်ကာလမှာ ပျော်ရွှင်ဘေးကင်းဖို့ ချင်းမိုင်ရမ်ဆေးရုံက အမြဲအနားမှာ ရှိနေမှာပါ 🚑

💦 သင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘေးကင်းအောင် လည်ပတ်ကြစို့...
သင်္ကြန်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်အခါလေးတစ်ခုပါ 🌸
ခရီးသွားတာပဲဖြစ်ဖြစ်၊ အနားယူတာပဲဖြစ်ဖြစ်၊ ရေကစားတာပဲဖြစ်ဖြစ် မိမိကိုယ်တိုင်နဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ မတော်တဆမှုဆိုတာ အချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် သတိပြုဆင်ခြင်ကြပါရန် တိုက်တွန်းလိုပါတယ်။

💙 ပွဲတော်ကာလတစ်လျှောက် စိတ်အေးချမ်းသာစွာ နားယူနိုင်ဖို့
ချင်းမိုင်ရမ်ဆေးရုံရဲ့ အရေးပေါ်ဌာနမှ ဆရာဝန်ကြီးများနဲ့ သူနာပြုအဖွဲ့သားများက သင့်ကို ၂၄ နာရီပတ်လုံး ပြုစုစောင့်ရှောက်ပေးဖို့ အသင့်ရှိနေပါတယ်။

ချင်းမိုင်ရမ်ဆေးရုံကြီးမှ လူကြီးမင်းတို့အားလုံး ဒီနှစ်သင်္ကြန်မှာ ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ခရီးသွားလာရာမှာလည်း လမ်းအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာကြပါရန် နှိုးဆော်အပ်ပါတယ်။
• • 😴 အိပ်ရေးဝဝအိပ်ပါ - ကားမောင်းနေစဉ် ငိုက်မြည်းခြင်းမှ ကာကွယ်ရန် (ငိုက်လျှင် ကားမမောင်းပါနှင့်)။
• • 🗺️📍 ခရီးစဉ်ကို ကြိုတင်စီစဉ်ပါ - ယာဉ်ကြောအခြေအနေနဲ့ ပိတ်ဆို့မှုမရှိတဲ့ လမ်းကြောင်းတွေကို စစ်ဆေးပါ။
• • 🔧🚗 ကားအခြေအနေကို စစ်ဆေးပါ - ဘရိတ်၊ တာယာ၊ ဆီ နဲ့ မီးစနစ်တွေကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပါ။
• • 🚫🍺 အရက်သေစာ ရှောင်ကြဉ်ပါ - ကားမမောင်းခင် အရက်မသောက်ပါနဲ့ (မတော်တဆမှုကို လျှော့ချပါ)။
• • ☎️🚑 အရေးပေါ်ဖုန်းနံပါတ်ကို မှတ်ထားပါ - မမျှော်လင့်ဘဲ အရေးပေါ်အခြေအနေ ဖြစ်ပေါ်ပါက အရေးပေါ်လိုင်း 1669သို့ ဆက်သွယ်နိုင်ပါတယ်။

✨ စေတနာကောင်းများဖြင့်... ချင်းမိုင်ရမ်ဆေးရုံ အရေးပေါ်ဌာန

📌 ကျွန်ုပ်တို့သည် အရေးပေါ်လူနာများကို24 နာရီပတ်လုံး ပြုစုစောင့်ရှောက်ပေးရန် အသင့်ရှိနေပါသည်။
📱 ဖုန်း -052-004601

#သင်္ကြန်ပွဲတော် #သင်္ကြန2026 #မင်္ဂလာနှစ်သစ်ကူး
#ချင်းမိုင်ရမ်ဆေးရုံ

#လူကြီးမင်းတို့ရဲ့ကျန်းမာရေးအတွက်ကျွမ်းကျင်စွာပြုစုစောင့်ရှောက်ပေးနေပါသည်

💦 သင်္ကြန်မှာ ပျော်ပျော်ပါးပါး ရေကစားရင်း “အပူလျှပ်ခြင်း (Heat Stroke)” ကို အထူးဂရုစိုက်ကြပါ ☀️ခန္ဓာကိုယ်မှာ ရေစိုနေပေမဲ...
12/04/2026

💦 သင်္ကြန်မှာ ပျော်ပျော်ပါးပါး ရေကစားရင်း “အပူလျှပ်ခြင်း (Heat Stroke)” ကို အထူးဂရုစိုက်ကြပါ ☀️

ခန္ဓာကိုယ်မှာ ရေစိုနေပေမဲ့ ပြင်းထန်တဲ့ နေပူရှိန်ကြောင့် ကိုယ်အပူချိန် အလွန်အမင်း မြင့်တက်ပြီး မသိလိုက်ဘဲ အပူလျှပ်ခြင်း (Heat Stroke) ဖြစ်ပွားနိုင်ပါတယ်။

🚨 သတိပေးလက္ခဏာများ
🔥 ကိုယ်ပူလွန်ကဲသော်လည်း ချွေးမထွက်ခြင်း
😵‍💫 ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ နုံးခွေခြင်း
💓 နှလုံးခုန်မြန်ခြင်း
🚨 အခြေအနေပြင်းထန်ပါက သတိလစ်ခြင်းများ ဖြစ်နိုင်ပါသည်။

🌿 ကာကွယ်နည်းများ
🥤 ရေခဏခဏသောက်ပါ
🌴 အရိပ်ရသောနေရာတွင် အနားယူပါ
👕 လေဝင်လေထွက်ကောင်းသော အဝတ်အစားများ ဝတ်ဆင်ပါ
🧢 ဦးထုပ် (သို့မဟုတ်) ထီး ဆောင်ထားပါ
🚫 အယ်လ်ကိုဟော (အရက်) ရှောင်ကြဉ်ပါ

🆘 ရောဂါလက္ခဏာပြပါက
➡️ လူနာကို အရိပ်ရအေးမြသောနေရာသို့ အမြန်ရွှေ့ပြောင်းပါ
➡️ ကိုယ်အပူချိန်ကျစေရန် ရေပတ်တိုက်ပေးပါ
➡️ ရေအနည်းငယ်စီ တိုက်ပေးပါ
⚠️ သတိလစ်သွားပါက ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးပါ။

🏥 ချင်းမိုင်ရမ်း ဆေးရုံကြီး (Chiang Mai Ram Hospital) ၏ အရေးပေါ်ဌာနမှ 24 နာရီပတ်လုံး ပြုစုစောင့်ရှောက်ပေးလျက်ရှိပါသည်။
📞053-004601

💙 ပျော်ရွှင်စွာ ရေကစားရင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါရှင်။

#သင်္ကြန်ဘေးကင်းရေး #အပူလျှပ်ခြင်း
#သင်္ကြန်ပွဲတော် #င်္သကြန်2026
#မြန်မာ့နှစ်သစ်ကူးနှုတ်ခွန်းဆက်သအပ်ပါသည်

🌫️ PM 2.5 ဖုန်မှုန့်ဆိုတာ အဆုတ်အတွက်တင် မဟုတ်ပါဘူး... "မျက်စိ" အတွက်လည်း အန္တရာယ်ရှိပါတယ်! 👁️​ချင်းမိုင်မြို့ဟာ လက်ရှိမှ...
11/04/2026

🌫️ PM 2.5 ဖုန်မှုန့်ဆိုတာ အဆုတ်အတွက်တင် မဟုတ်ပါဘူး... "မျက်စိ" အတွက်လည်း အန္တရာယ်ရှိပါတယ်! 👁️
​ချင်းမိုင်မြို့ဟာ လက်ရှိမှာ PM 2.5 ဖုန်မှုန့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အသက်ရှူလမ်းကြောင်းအပြင် "မျက်စိ" ဟာလည်း လေထုညစ်ညမ်းမှုကို တိုက်ရိုက်ထိတွေ့နေရတဲ့ ပထမဆုံး အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

​⚠️ PM 2.5 က သင့်မျက်စိကို ဘယ်လိုဒုက္ခပေးသလဲ?

​🔴 ချက်ချင်းဖြစ်ပေါ်တတ်သော လက္ခဏာများ: မျက်စိယားယံခြင်း၊ မျက်စိနီခြင်း၊ မျက်စိစပ်ခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း။
👁️ ရေရှည်ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ: နာတာရှည် မျက်မှေးရောင်ခြင်း၊ မျက်စိအတွင်းတိမ် သို့မဟုတ် မျက်စိသားပိုထွက်ခြင်းကို ပိုမိုဆိုးရွားစေခြင်း၊ မျက်စိစွန်ခြင်း။

​🛡️ ဂရုစိုက်ကာကွယ်နည်းများ

​အန္တရာယ်ရှိဇုန်များကို ရှောင်ပါ: မလိုအပ်ဘဲ ဖုန်မှုန့်ပမာဏ မြင့်မားသောနေရာများသို့ သွားလာခြင်းကို ရှောင်ကြဉ်ပါ။
​ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ပါ: အပြင်ထွက်သည့်အခါ မျက်လုံးကို လုံခြုံစေမည့် မျက်မှန်များနှင့် PM 2.5 ကာကွယ်နိုင်သော N95 Mask ကို ဝတ်ဆင်ပါ။
​သန့်ရှင်းရေးလုပ်ပါ: မျက်စိမျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်များကို ဆေးကြောသန့်စင်ရန်အတွက် မျက်စဉ်းရည် (Artificial Tears) ကို အသုံးပြုပေးပါ။
​လက္ခဏာများကို သတိထားကြည့်ပါ: ပြင်းထန်စွာ ယားယံခြင်း သို့မဟုတ် မျက်စိနီခြင်းများ မသက်သာပါက မျက်စိအထူးကုဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်သင့်ပါသည်။

​⚠️ ရောဂါပြင်းထန်မှုသည် ဖုန်မှုန့်နှင့် ထိတွေ့သည့် ကြာချိန်နှင့် ပမာဏအပေါ် မူတည်ပါသည်။

​💡 အကြံပြုချက်
မျက်စိကျန်းမာရေး ဘေးကင်းစေရန်အတွက် မိမိကိုယ်ကို ဖုန်မှုန့်အန္တရာယ်မှ ဂရုတစိုက် ကာကွယ်ပါ။
PM 2.5 စစ်ထုတ်နိုင်သော နှာခေါင်းစည်း (Mask) တပ်ဆင်ရန် မမေ့ပါနှင့်။

​စေတနာများစွာဖြင့်
​မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဌာန
☎️ ဖုန်း - 052-004699




#လိုအပ်သမျှကိုဖြည့်ဆည်းပေးဖို့ကျွမ်းကျင်စွာဂရုစိုက်စောင့်ရှောက်ပါသည်

06/04/2026

“Welcome to Chiang Mai - a destination that captures every traveler’s heart “💛

ဒီနေ့မှာတော့ ချင်းမိုင်ရမ်းဆေးရုံရဲ့ စကားပြန်အဖွဲ့သားများက သင်တို့ကို တစ်နေ့တာအတွင်း ချင်းမိုင်မြို့ရဲ့ နာမည်ကြီးဘုရားကျောင်းများ၊ မြို့ဟောင်းနေရာများနှင့် ဒေသထွက်ကုန်ဈေးတွေကို အစုံအလင် လိုက်လံပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

​မြောက်ပိုင်းယဉ်ကျေးမှု အငွေ့အသက်တွေကို အနီးကပ်ခံစားရင်း၊ စားချင်စဖွယ် အစားအသောက်တွေနဲ့ လည်ပတ်စရာနေရာအနှံ့ကို ဒီဗီဒီယိုတစ်ခုတည်းမှာတင် ကြည့်ရှုနိုင်မှာပါ။

​🎥 ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီးရင်တော့... သင်လည်း မသိစိတ်ထဲကနေ ချင်းမိုင်မြို့လေးကို ချစ်မိသွားမှာ အသေအချာပါပဲ 💙

🌫️ PM2.5 ပြန်လာပြီ... အထူးသဖြင့် “အန္တရာယ်ရှိနိုင်ခြေရှိသောအုပ်စုများ” မိမိကိုယ်ကို ဘေးကင်းအောင် ဂရုစိုက်ကြပါ👶 ကလေးငယ်မျ...
02/04/2026

🌫️ PM2.5 ပြန်လာပြီ... အထူးသဖြင့် “အန္တရာယ်ရှိနိုင်ခြေရှိသောအုပ်စုများ” မိမိကိုယ်ကို ဘေးကင်းအောင် ဂရုစိုက်ကြပါ

👶 ကလေးငယ်များ
🤰 ကိုယ်ဝန်ဆောင်မိခင်များ
👵 သက်ကြီးရွယ်အိုများ
🫀 နာတာရှည်ရောဂါအခံရှိသူများ
🚧 အပြင်ဘက်တွင် အလုပ်လုပ်ရသူများ

📌 နေ့စဉ်ပြုလုပ်သင့်သည့် လွယ်ကူသော ကာကွယ်နည်းများ
✔️ ဖုန်မှုန့်ပမာဏများနေပါက အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။
✔️ အိမ်တွင်း၌ လေသန့်စင်စက် (Air Purifier) အသုံးပြုပါ။
✔️ N95 နှာခေါင်းစည်း သို့မဟုတ် စံနှုန်းမီ နှာခေါင်းစည်းများကို တပ်ဆင်ပါ။
✔️ နှာခေါင်းစည်း ပျက်စီးခြင်း သို့မဟုတ် ညစ်ပတ်သွားခြင်းရှိပါက ချက်ချင်းလဲလှယ်ပါ။

💙 တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်သည် မိမိမသိလိုက်ဘဲ ဖုန်မှုန့်ဒဏ်ကို ခံစားရနိုင်သောကြောင့် ဖုန်မှုန့်ကြောင့်ဖြစ်လာမည့် သက်ရောက်မှုများကို ကြိုတင်သိရှိနိုင်ရန် “အဆုတ်ကျန်းမာရေးစစ်ဆေးဖို့” မမေ့ကြပါနှင့်။

#ချင်းမိုင်ဖုန်မှုန့် #ကျန်းမာရေးဂရုစိုက်ပါ #အဆုတ်စစ်ဆေးခြင်း #ချင်းမိုင်ရမ်ဆေးရုံ #အဆုတ်သည်ထင်ထားသည်ထက်ပို၍အရေးကြီးပါသည်

30/03/2026

ယုံကြည်မှုအပြည့်နဲ့ မိခင်ဘဝကို စတင်လိုက်ပါ 🤍

ထိုင်းနိုင်ငံ၊ ချင်းမိုင်ရမ်ဆေးရုံကြီးမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနဲ့ ကလေးမွေးဖွားခြင်းကို ဆောင်ရွက်နိုင်ပါပြီ။
ခေတ်မီပြီး ဘေးကင်းစိတ်ချရတဲ့ စံချိန်စံညွှန်းတွေနဲ့အတူ သင်နဲ့ သင့်ရင်သွေးငယ်ကို အနီးကပ် ပြုစုစောင့်ရှောက်ပေးသွားမှာပါ။

✨ အဆင်ပြေချောမွေ့ပြီး စုံလင်တဲ့ ဝန်ဆောင်မှု
✨ အဆင့်တိုင်းမှာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သူနာပြုအဖွဲ့ဝင်များက ကြည့်ရှုစောင့်ရှောက်ပေးခြင်း
✨ မြန်မာစကားပြန် ရှိတာကြောင့် ဆက်သွယ်ပြောဆိုဖို့အတွက် စိုးရိမ်စရာမလိုခြင်း
သင်၏ အရေးကြီးဆုံးအချိန်တွေကို နွေးထွေးပြီး အမှတ်တရဖြစ်စေမယ့် အတွေ့အကြုံတွေအဖြစ် ဖန်တီးလိုက်ပါ 💕

#ချင်းမိုင်ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု
#ချင်းမိုင်ကလေးမွေးဖွားခြင်း

#ချင်းမိုင်ရမ်ဆေးရုံကြီး

🦠 Meningococcal (ဦးနှောက်အမြှေးရောင်) ရောဂါ - ကြိုတင်ကာကွယ်နိုင်ပါသည်!“Meningococcal” သို့မဟုတ် “ဦးနှောက်အမြှေးရောင်” ရေ...
27/03/2026

🦠 Meningococcal (ဦးနှောက်အမြှေးရောင်) ရောဂါ - ကြိုတင်ကာကွယ်နိုင်ပါသည်!
“Meningococcal” သို့မဟုတ် “ဦးနှောက်အမြှေးရောင်” ရောဂါသည် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ပြင်းထန်သည့် ကူးစက်ရောဂါတစ်ခုဖြစ်ပြီး အချိန်တိုအတွင်း လျင်မြန်စွာ ပျံ့နှံ့နိုင်ကာ အထူးသဖြင့် ကလေးငယ်များတွင် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ပါသည်။

🚨 သတိပြုရန် လက္ခဏာများ (ဤလက္ခဏာများရှိပါက ဆေးရုံသို့ ချက်ချင်းပြသပါ!)
🔴 ရုတ်တရက် အဖျားကြီးခြင်း
🔴 ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
🔴 အန်ခြင်း၊ မှိန်းခြင်း၊ မကစားနိုင်ခြင်း
🔴 ဇက်ခိုင်ခြင်း၊ ခေါင်းငုံ့၍မရခြင်း
🔴 ခန္ဓာကိုယ်ပေါ်တွင် အနီစက် သို့မဟုတ် ခရမ်းရောင်အကွက်များ ပေါ်လာခြင်း
⚠️ အန္တရာယ်ရှိနိုင်ခြေရှိသူများ
🔵 ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်ပသို့ ပညာတော်သင်သွားမည့်သူများ
🔵 ဟဂ်ျ (Hajj) နှင့် အွမ္မရဟ် (Umrah) ဘုရားဖူးသွားမည့်သူများ
🔵 အာဖရိကရှိ Meningitis belt ဒေသများသို့ သွားရောက်မည့် ခရီးသွားများ
🔵 သရက်ရွက်ထုတ်ထားသူများ သို့မဟုတ် ခုခံအားစနစ်ဆိုင်ရာရောဂါ အခံရှိသူများ

🛡️ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပါသည်
✅ ကာကွယ်ဆေးထိုးခြင်းသည် ဤရောဂါကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။

💉 လူကြီးများအတွက် Meningococcal Group B (4CMenB) ကာကွယ်ဆေး
✨ 1 ကြိမ် လျှင် 4,400 ဘတ်
✨ 2 ကြိမ် လျှင်8,200ဘတ်
(မှတ်ချက် - ဤစျေးနှုန်းတွင် ဆရာဝန်ခနှင့် ဆေးရုံဝန်ဆောင်ခများ ပါဝင်ပြီးဖြစ်သည်)

💉 ကလေးများအတွက် Meningococcal Group B (4CMenB) ကာကွယ်ဆေး (အထူးပရိုမိုးရှင်း)
✨ 2 ကြိမ် လျှင် 7,125 ဘတ်
✨3 ကြိမ် လျှင်10,000 ဘတ်
(မှတ်ချက် - ဤစျေးနှုန်းတွင် ဆေးရုံဝန်ဆောင်ခ ပါဝင်ပြီးဖြစ်သော်လည်း ဆရာဝန်ခ မပါဝင်သေးပါ)

ဤရောဂါသည် “ပြင်းထန်သည်၊ မြန်ဆန်သည်၊ အသက်အန္တရာယ်ရှိသည်” ဖြစ်သောကြောင့် ကြိုတင်ကာကွယ်ထားခြင်းက အရေးကြီးဆုံးဖြစ်ပါသည်။

🛒 အွန်လိုင်းမှ ဝယ်ယူရန် (Chiang Mai Ram Health Mart):
လူကြီးများအတွက် 👉 https://shorturl.at/dO6pL
ကလေးများအတွက် 👉 https://shorturl.at/qaRg5

🗓️ ဆက်သွယ်စုံစမ်းရန်နှင့် ရက်ချိန်းယူရန်:
📍 Chiang Mai Ram Health Center (ကျန်းမာရေးစစ်ဆေးမှုဌာန)
📞 ဖုန်း - 052-004699
📍 ကလေးအထူးကု ပြင်ပလူနာဌာန၊ အလွှာ5၊ ချင်းမိုင်ရမ်ဆေးရုံ
📞 ဖုန်း - 052-004699
#ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး
#ချင်းမိုင်ရမ်ဆေးရုံ

🚨 အမြှေးရောင်ရောဂါ (Meningitis) - တိတ်တဆိတ်လာပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါ 🧠“ဖျားတာပဲမလား?”လူအများစု တွေးလေ့ရှိတဲ့ ...
26/03/2026

🚨 အမြှေးရောင်ရောဂါ (Meningitis) - တိတ်တဆိတ်လာပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါ 🧠

“ဖျားတာပဲမလား?”
လူအများစု တွေးလေ့ရှိတဲ့ ဒီမေးခွန်းကပဲ ရောဂါမရင့်ခင်မှာ သတိမထားမိဘဲ ကျန်နေတတ်ပါတယ်။

“အမြှေးရောင်ရောဂါ (Meningitis)” ဆိုတာ “မည်သည့်အသက်အရွယ်မဆို” ဖြစ်ပွားနိုင်ပြီး အချို့သောအခြေအနေတွေမှာ အချိန်တိုအတွင်း ရောဂါလက္ခဏာ အလွန်ဆိုးရွားသွားနိုင်တယ်ဆိုတာ သင်သိပါသလား?

🔍 ဒီရောဂါက ဘာလဲ?
ဦးနှောက်နှင့် အာရုံကြောမကြီးကို ဖုံးအုပ်ထားသော အမြှေးပါးများ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် မှိုပိုးများကြောင့် ဖြစ်ပွားနိုင်ပါတယ်။
⚠️ အထူးသဖြင့် “ဘက်တီးရီးယားပိုး” ကြောင့်ဖြစ်တဲ့ အမြှေးရောင်ရောဂါ (ဥပမာ- Meningococcal meningitis) ဟာ အရေးပေါ်ကုသမှု ခံယူရမယ့် အခြေအနေဖြစ်ပါတယ်။

❗ အစောပိုင်းလက္ခဏာများ (တုပ်ကွေးနှင့်ဆင်တူသဖြင့် မှားယွင်းတတ်သည်)
• ရုတ်တရက် အဖျားကြီးခြင်း
• ခေါင်းကိုက်ခြင်း
• နုံးချိခြင်း၊ အစားအသောက်ပျက်ခြင်း
• ပျို့အန်ခြင်း

⚠️ အန္တရာယ်ရှိသောလက္ခဏာများ (ချက်ချင်း ဆေးရုံပြပါ!)
• ဇက်ခိုင်ခြင်း၊ ခေါင်းငုံ့မရခြင်း
• မျက်လုံးအောင့်ခြင်း / အလင်းဒဏ်မခံနိုင်ခြင်း
• သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် တက်ခြင်း
• အရေပြားပေါ်တွင် အနီစက် သို့မဟုတ် သွေးခြေဥကွက်များ ပေါ်လာခြင်း

💥 သိထားသင့်တဲ့ အရေးကြီးအချက်
ဒီရောဂါဟာ “အလွန်မြန်မြန် ပြန့်နှံ့နိုင်” ပြီး အချိန်တိုအတွင်းမှာ ပြင်းထန်သွားနိုင်ပါတယ်။ ဆေးရုံကို စောစောရောက်ခြင်းက ကုသနိုင်ခြေကို တိုးစေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။

🛡️ ကာကွယ်နိုင်မည့်နည်းလမ်းများ
• ကာကွယ်ဆေးထိုးနှံခြင်း
• လက်ကို ပုံမှန်ဆေးကြောခြင်း
• ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းများ အတူတူသုံးခြင်းကို ရှောင်ကြဉ်ခြင်း
• လူထူထပ်သောနေရာများကို ရှောင်ကြဉ်ခြင်း

💙 စက္ကန့်တိုင်းက တန်ဖိုးရှိလို့
ရောဂါပြင်းထန်လာတဲ့အထိ မစောင့်ပါနဲ့။

📍 အသေးစိတ် အချက်အလက်များ မေးမြန်းရန်
🏥 ကလေးအထူးကု ပြင်ပလူနာဌာန၊ အလွှာ 5 ၊ ချင်းမိုင်ရမ် ဆေးရုံ (Chiang Mai Ram Hospital)
📞 ဖုန်း -052-004699

#အမြှေးရောင်ရောဂါ
#ချင်းမိုင်ရမ်ဆေးရုံ

ที่อยู่

8 Boonruengrit Road. Tambon Sripoom
Chiang Mai
50200

เบอร์โทรศัพท์

+6652004699

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chiangmai Ram Hospital Myanmar ချင်းမိုင်ရမ်ဆေးရုံผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Chiangmai Ram Hospital Myanmar ချင်းမိုင်ရမ်ဆေးရုံ:

ทางลัด

แนะนำ

แชร์

ประเภท