Eirene Nova ဥုံ... အရဟံ လာဘံ သိဒ္ဓိ

18/03/2026

ပထမဆုံးခြေလှမ်းက အခက်ခဲဆုံးမို့ အားမလျှော့ပါနဲ့လို့ အားပေးချင်ပါတယ်။
ချစ်တဲ့ Eirene Nova (အိုင်းရင်း)

မင်္ဂလာပါချစ်ရပါ​သော Soul Family တို့​ရေ...ဒီ​နေ့မှာ​တော့ Eirene Nova (အိုင်းရင်း) ​ပြောထားတဲ့ အတိုင်း Energy ထည့်ပြီး  ...
17/03/2026

မင်္ဂလာပါချစ်ရပါ​သော Soul Family တို့​ရေ...
ဒီ​နေ့မှာ​တော့ Eirene Nova (အိုင်းရင်း) ​ပြောထားတဲ့ အတိုင်း Energy ထည့်ပြီး ကြည့်​ပေးထားပါတယ်။
"ကံ​ကောင်းခြင်း၊ ကံဆိုးခြင်း​တွေမှာ ကိုယ်ဘာနဲ့ ကြုံ​တွေ့ရမလဲ။ ကြုံ​တွေ့ခဲ့ရင်​ရော ဘာ​တွေလုပ်ရမလဲ ဘာ​တွေသတိထားရမလဲ" ဆိုတာ​တွေအတွက် Pick a Pile ​လေးကြည့်​ပေးထားပါတယ်​နော်.....
ပုံ ၃ ပုံထဲက ၁ ပုံ​ရွေးပြီး အ​ဖြေကိုဖတ်ကြည့်ပါ​နော်......
ပုံ​ရွေးတဲ့အခါ ___
- မျက်လုံးကို ခဏမှိတ်
- -အသက်ကို ဝဝရှု စိတ်ကို​အေး​အေးထားပြီး​ ကိုယ်အတွက် ထူးခြားတယ်လို့ထင်တဲ့ပုံကို​ရွေး​ပါ​။
- Energy ကိုက်ညီမှုကိုက်ညီမှုရှိပါ​စေ...
- ကံ​ကောင်းမှု​တွေရရှိပါ​စေ....

ချစ်တဲ့ Eirene Nova (အိုင်းရင်း)

16/03/2026

ကံကောင်းခြင်း၊ ကံဆိုးခြင်းကို
ဘာနဲ့ပိုင်းဖြတ်ကြလဲ....... 🍀🍀🍀
ကိုယ်လိုချင်တာ ရမယ်၊ ဖြစ်ချင်တဲ့အရာတွေ ဖြစ်လာတဲ့အခါမှာ ကံကောင်းတယ်လို့ များသောအားဖြင့် သတ်မှတ်ကြပါတယ်....🍀
"ဟယ်..... သူထီပေါက်တယ်တဲ့ ကံကောင်းလိုက်တာ"
"သူကောင်လေး (သူ့ယောကျာ်း) က သူကိုတော်တော်ချစ်တာ ကံကောင်းလိုက်တာနော်"
"သူအလုပ်က လစာလည်းကောင်းတယ်၊ အေးအေးဆေးဆေးလည်းလုပ်ရတယ် အလုပ်ရ ကံကောင်းလိုက်တာနော်" ....... စသဖြင့် ကံကောင်းခြင်းကို သတ်မှတ်ကြပြီး.....
🪾🪾🪾
"သူယောကျာ်းပေါ့ နောက်မိန်းမ ယူသွားတာ ကလေးတွေကလည်း မလိမ်မာဘူး သူတော်တော်ကံဆိုးတာပါဟယ်...."
"သူလေ ဒီနေ့ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာ ဟိုနေ့ကမှ အသစ်ဝယ်ထားတဲ့ ဖုန်းပါသွားတယ်တဲ့ ကံဆိုးလိုက်တာနော်"
"သူပေါ့ ဘာအလုပ်လုပ်​လျှောက်​လျှောက်အဆင်မပြေဘူး ဘွဲ့လည်းရပြီးသားကို အလုပ်ကံမကောင်းသေးဘူးနဲ့တူပါတယ်" ....... စသဖြင့် လည်း ကံဆိုးခြင်းကို သတ်မှတ်ကြပါတယ်။🪾🪾🪾
တကယ်တော့ ကံဆိုတာက ဘဝအတွက် ၅၀% လောက်အကျုံးဝင်ပေမယ့် ကျန် ၅၀% က ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု၊ လုံးလဝီရိယ၊ အပြုအမှု၊ အပြောအဆို၊ အနေအထိုင် တွေနဲ့ အများကြီးသတ်ဆိုင်ပါတယ်။
💫ကံကို ကိုယ်က ပိုင်ပါတယ်....... 💫
ကံကောင်းလာအောင်လည်း လုပ်နိုင်သလို၊ ကံဆိုးသွားအောင်လည်း ကိုယ်ကိုတိုင်က လုပ်နိုင်ပါတယ်။
ဒီတော့ Eirene Nova (အိုင်းရင်း) က ချစ်ရတဲ့ Soul Family လေးတွေအတွက် မနက်ဖြန်မှာ ကံကောင်းခြင်း Pick a Plie လေးကြည့်ပေးပါမယ်။
မနက်ဖြန် ပြန်တွေ့ကြမယ်နော်.......
ချစ်တဲ့ Eirene Nova (အိုင်းရင်း)

🌟"မှောင်မိုက်နေတဲ့ ညကောင်းကင်ယံမှာ လမ်းပြကြယ်တစ်ပွင့်က အမြဲရှိနေတတ်ပါတယ်။ 🌟"Illuminating Your Path to Peace."သင့်ရဲ့ ခရီ...
15/03/2026

🌟"မှောင်မိုက်နေတဲ့ ညကောင်းကင်ယံမှာ လမ်းပြကြယ်တစ်ပွင့်က အမြဲရှိနေတတ်ပါတယ်။ 🌟
"Illuminating Your Path to Peace."
သင့်ရဲ့ ခရီးလမ်းမှာ အလင်းရောင်နဲ့ အေးချမ်းမှုတွေ ပြည့်နှက်ပါစေ။"

​🔮​မင်္ဂလာပါရှင်။ Eirene Nova မှ နွေးထွေးစွာ ကြိုဆို လိုက်ပါတယ်။

​"Eirene" ဆိုတာ ငြိမ်းချမ်းခြင်း(Peace) လို့ အဓိပ္ပာယ်ရပြီး "Nova" ဆိုတာကတော့ ထိန်လင်းတောက်ပလာတဲ့ ကြယ်သစ်တစ်ပွင့် (New Light) ကို ဆိုလိုတာပါ။
Eirene (အိုင်းရင်း) တို့ရဲ့ ဘဝခရီးလမ်းမှာ မသေချာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ​မှောင်မိုက်မှု​တွေ၊ ​ဝေခွဲမရမှု​တွေ နဲ့ နာကျင်မှု​တွေ ကြုံလာရတဲ့အခါ စိတ်ကို ငြိမ်းချမ်းစေမယ့် လမ်းပြအလင်းရောင်လေးတစ်ခု ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ Page လေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။
​ဒီနေရာလေးမှာ...
✨ Tarot ကတ်ပြားလေးတွေကတစ်ဆင့် လိုအပ်နေတဲ့ လမ်းညွှန်ချက် (Guidance) တွေကို ရှာဖွေပေးသွားမှာပါ။
✨ ယတြာထက်စာရင် လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ရမလဲဆိုတဲ့ အကြံပြုချက် (Advice) တွေကို ဦးစားပေး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
✨ ကံကြမ္မာ ဟောစာတမ်းတွေနဲ့ Pick a Card ကဏ္ဍလေးတွေကိုလည်း တင်ဆက်ပေးသွားပါဦးမယ်။
​သင့်ရဲ့ စိတ်ပင်ပန်းမှုတွေကို ဒီနေရာလေးမှာ ခဏနားပြီး၊ ကြယ်စင်လေးတွေရဲ့ လမ်းပြမှုကို Eirene (အိုင်းရင်း) အတူတူ ခံယူကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ✨🌟
😊 ရင်ဖွင့်စရာရှိရင်လည်း တစ်​ယောက်တည်း စိတ်ပင်ပန်းခံ​နေမယ့်အစား Eirene (အိုင်းရင်း) နဲ့ ​ဆွေး​နွေးရင်ဖွင့်လို့ရပါတယ် ​နွေး​ထွေးတဲ့ စကားလုံး​တွေနဲ့နှစ်သိမ့်​ပေးဖို့ အမြဲအသင့်ရှိ​နေပါတယ်။
🤐 ဘယ်သူကိုမှ ပြန်​ပြောမှာမဟုတ်လို့ ယုံကြည်စိတ်ချစွာ​တိုင်ပင်​ဆွေး​​နွေးပြီး စိတ်​အေးချမ်းမှုကို ရယူနိုင်ပါတယ်။
🥰 အားလုံးကို ​အေးချမ်းမှုသာ​ပေးချင်ပါ​သော Eirene Nova (အိုင်းရင်းနိုဗာ) ဖြစ်ပါတယ်။

မင်္ဂလာပါ soul family တို့​ရေဒီတ​ခေါက်မှာ​တော့ စာ​မေးပွဲဝင်​ရောက်​ဖြေဆိုမယ့် က​လေး​တွေအတွက် energy ထည့်​ပေးထားတယ်​နော် E...
10/03/2026

မင်္ဂလာပါ soul family တို့​ရေ
ဒီတ​ခေါက်မှာ​တော့ စာ​မေးပွဲဝင်​ရောက်​ဖြေဆိုမယ့် က​လေး​တွေအတွက် energy ထည့်​ပေးထားတယ်​နော်
Energy ကိုက်ညီတဲ့သူ​​လေးတွေ မြင်နိုင်ကြပါ​​စေ။
Pile ၃ ခုထဲကနှစ်သက်ရာ တစ်ခုကို​ရွေးပြီး အ​ဖြေ​လေး​တွေ ဖတ်ကြည့်ကြပါ။
စာ​မေးပွဲ​ကို အဆင်​ပြေ​ပြေ ​ချော​ချော​မွေ့​မွေ့ဖြေဆိုနိုင်ကြပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်​ က​လေးတို့​ရေ.....

ချစ်​သော Soul Family တို့​ရေဒီတစ်ခါမှာ​တော့ အချစ်​ရေးအဆင်​ပြေ​ချော​မွေ့ဖို့ ​ကံ​ကောင်းလာဖို့အတွက် Love Code နံပါတ်​လေးတွ...
05/01/2026

ချစ်​သော Soul Family တို့​ရေ
ဒီတစ်ခါမှာ​တော့ အချစ်​ရေးအဆင်​ပြေ​ချော​မွေ့ဖို့ ​ကံ​ကောင်းလာဖို့အတွက် Love Code နံပါတ်​လေးတွေအ​ကြောင်း ​ပြောကြရ​အောင်​နော်။ ​အောက်မှာ ​ဖော်ပြထားတဲ့ code နံပါတ်​​​လေးတွေထဲမှာမှ ကိုယ်လိုချင် တဲ့ code နံပါတ်​လေး​တွေကို အသုံးပြုလို့ရပါတယ်​....

888 412
အချစ်ရေး ကံကောင်းစေရန်
(စိတ်ကူးထဲက အချစ်ရေးကို ပိုင်ဆိုင်ဖို့၊ ချစ်သူရဖို့ ဒါမှမဟုတ် အချစ်စစ်နဲ့ ဆုံတွေ့ဖို့အတွက် အသုံးပြုကြပါတယ်)

213906
မိမိကို အလေးမထားတဲ့သူဆီက အာရုံစိုက်မှု (Attention) ရရှိစေရန်

4748132
စစ်မှန်သော အချစ်စစ် (Soulmate) ကို ရှာဖွေတွေ့ရှိရန်

541
ဆက်ဆံရေးအတွင်း ခိုင်မြဲသော ချစ်ခြင်းမေတ္တာ ရရှိရန်

197 023
အချစ်ရေးမှာ ရှိနေတဲ့ အတားအဆီးနဲ့ ပြဿနာများ ​ပြေလည်​စေရန်

99 636 195
​Crush နဲ့ နီးစပ်​စေရန် (Crush အများကြီးရှိတဲ့ သူ​လေး​တွေ​တော့မသုံးနဲ့​နော် အကုန်ကိုယ်ဆီ​ရောက်လာလို့ ​ရွေးရခက်​နေမှာစိုးလို့ပါ)

အောက်မှာပါတဲ့ နည်းလမ်း (၄) ခု မှာ ကိုယ်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။တစ်ခုမှာချင်တာက ​ဒီနံပါတ်တွေကို အသုံးပြုတဲ့အခါ အဓိက က "ယုံကြည်မှု" နဲ့ "အာရုံစူးစိုက်မှု" ရှိရပါမယ်။ ​

​၁။ ​ရေးမယ်
ဘယ်ဘက်လက်ကောက်ဝတ်မှာ ဖြစ်စေ၊ စာအုပ်ထဲမှာ ဖြစ်စေ နံပါတ်ကို​ရေးထားလို့ ရပါတယ်။ (အချစ်​ရေးအတွက် Manifest လုပ်တဲ့ အခါ အနီ​ရောင်​ဘော့ပင်၊ အနီ​ရောင်စာရွက်တို့ သုံးတာပို​ကောင်းပါတယ်)
(ဘယ်ဘက်ဟာ လက်ခံတဲ့ဘက် (Receiving side) ဖြစ်လို့ ဆုတောင်းတဲ့အရာတွေ ကိုယ့်ဆီရောက်လာဖို့ ဘယ်ဘက် လက်ကောက်ဝတ်အတွင်းသားမှာ ​ရေးရခြင်းဖြစ်ပါတယ်)
၂။ ရွတ်ဆိုမယ်
မနက်အိပ်ရာနိုးတဲ့အခါ ဒါမှမဟုတ် ညအိပ်ခါနီးမှာ ဒီနံပါတ်ကို အာရုံပြုပြီး ရွတ်ဆိုဆုတောင်း​ပေးပါ။
၃။ မြင်တဲ့​နေရာမှာထားမယ်
ဖုန်း Wallpaper ထားခြင်း (ဒီနံပါတ်ပါတဲ့ ပုံတွေကို ဖုန်း Screen မှာ အမြဲမြင်နေရအောင် ထားတာမျိုးပါ)
၄။ ခေါင်းအုံးအောက်မှာထားမယ်
စာရွက်လေးနဲ့ ရေးပြီး အိပ်တဲ့အခါ ခေါင်းအုံးအောက်မှာ ထည့်ထားတတ်ကြပါတယ်။ (အနီ​ရောင် စာရွက်ဖြစ်ဖြစ် အနီ​ရောင်​​ဘော့ပင်ဖြစ် အသုံးပြု​ပေးရင် ပိုကောင်းပါတယ်)

​နောက်တစ်ခု ထပ်မှာမယ်​နော် ..... နံပါတ်​တွေကို ရေးနေစဉ် ဒါမှမဟုတ် ရွတ်ဆိုနေစဉ်မှာလည်း မိမိဖြစ်ချင်တဲ့ ပျော်ရွှင်စရာ အချစ်ရေး အခြေအနေကို မျက်လုံးထဲမှာ တကယ့်အရှိအတိုင်း ပုံဖော်ကြည့်ပါ။ ပြီးရင် "ငါတော့ အချစ်ရေးမှာ ကံကောင်းတော့မှာပဲ" ဆိုတဲ့ စိတ်နဲ့ ကျေးဇူးတင်တဲ့စိတ်ကို မွေးမြူပါ"
​ကုဒ်နံပါတ်​လေးတွေဟာ "စိတ်စွမ်းအင်" ကို အခြေခံထားတာဖြစ်လို့ စိတ်အေးအေးထားပြီး အကောင်းမြင်စိတ်နဲ့ လုပ်ဆောင်တာက အကောင်းဆုံးရလဒ်ကို ရရှိပါလိမ့်မယ်။
*** မိမိဆုတောင်းတဲ့အရာ အောင်မြင်တဲ့အထိ (သို့မဟုတ်) အနည်းဆုံး​တော့ ၂၁ ရက် ဆက်တိုက်လုပ်​ဆောင်​ပေးပါ။
- ပျက်သွားရင် ပြန်​ရေးလို့ရပါတယ်။ (ငါ့ရဲ့ဆန္ဒကို စကြဝဠာဆီ နောက်တစ်ကြိမ် ထပ်လောင်း အတည်ပြုတာပဲ" ဆိုတဲ့ စိတ်နဲ့ အေးအေးဆေးဆေး ပြန်ရေးပေးပါ)
- ညအိပ်ခါနီးမှာ တစ်ခါပြန်ရေးပြီး အိပ်တာကလည်း စိတ်ထဲမှာ ပိုပြီး စွဲမြဲစေပါတယ်။

​နောက်ဆုံးမှာချင်တာက .....

ကုဒ်နံပါတ်တွေက စိတ်ပိုင်းဆိုင်ရာ အားပေးမှုနဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို အာရုံစိုက်မိအောင် ကူညီပေးတာ ဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့အလုပ်လုပ်ခြင်းနဲ့ ကြိုးစားအားထုတ်မှုကလည်း အဓိကကျတယ်ဆိုတာကိုတော့ မမေ့သင့်ဘူး​နော်။

***ကိုယ်စိတ်ကူးထားတဲ့ အချစ်​ရေး​တွေ အမြန်ဆုံး အဆင်​ပြေ​ချော​မွေ့ပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်***
Eirene Nova

ချစ်လှစွာ​သော Soul Family တို့​ရေ......ဒီနှစ်အတွင်းမှာ ဘာပဲလုပ်လုပ် အသိဉာဏ်ပညာနဲ့ ယှဥ်ပြီးလုပ်ကိုင်ပါ။ ပညာရပ်အသစ်​တွေတို...
02/01/2026

ချစ်လှစွာ​သော Soul Family တို့​ရေ......

ဒီနှစ်အတွင်းမှာ ဘာပဲလုပ်လုပ် အသိဉာဏ်ပညာနဲ့ ယှဥ်ပြီးလုပ်ကိုင်ပါ။ ပညာရပ်အသစ်​တွေတိုးပွားမယ် ပိုပြီး​လေ့လာစရာ​တွေ ​တွေ့ရှိလာလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ထက်ပိုတိုးတက်မယ်။ ၅ ပါးသီလ ​စောင့်ထိန်း​ပေးပါ။ သတိပြုရန်- အ​လောတကြီးမလုပ်​ဆောင်ပါနဲ့ အသိဉာဏ်နဲ့ယှဥ်ပြီးအလုပ်လုပ်ပါ။

အလုပ်အကိုင် - မိမိဂရုမပြုမိဘဲ အ​ရေးတကြီး လုပ်​ဆောင်ရမယ့် အလုပ်​တွေ ရှိ​​နေတတ်တယ်။ တခုဆို တခုပဲ အာရုံစိုက်လုပ်မိ​နေလို့ တချို့ အလုပ်​တွေမှာ အားနည်းသွားတာ အမှားပါတာ​တွေ ဖြစ်တတ်ပါတယ်။ န​မော်နမဲ့နဲ့ လုပ်ချင်တာကိုပဲ လုပ်မိ​နေတတ်တယ်။ ဘာလုပ်လုပ် သတိကပ်ပြီး လုပ်ကိုင်ပါက အ​ဆင်​ပြေပါလိမ့်မယ်။

​​ငွေရေး​ကြေး​ရေး - ​ငွေ​ကြေး လစာထက် ကိုယ် ဝါသနာပါတာ လုပ်ချင်တာ​တွေကိုပဲ လုပ်မိ​နေတတ်တာ​ကြောင့် ​ငွေ​ကြေး ထင်သ​လောက် မဝင်တတ်ပါဘူး။ ​ရေရှည်​အတွက် မျှော်မှန်းပြီး​ ငွေစု​ဆောင်းပါ။ ​သေချာစိစစ်သုံးစွဲပါ ။ ​ငွေ​ကြောင့် စကားများ ရန်ဖြစ်ရတတ်သည်။

လူမှု​ရေး - တနှစ်တာလုံးမှာ စကား​ပြောတာထက် နား​ထောင်တဲ့သူ လုပ်​ပေးပါ။ ကိုယ့်အ​ပေါ် အမိန့်​ပေးသူ၊ သြဇာလွှမ်းချင်သူ ​တွေ​ကြောင့်စိတ်အ​နှောင့်အယှက်ဖြစ်ရတတ်တယ်။ ပြန်ရန်မတုံ့ပြန်ဘဲ ​ရှောင်ခွာ​နေလိုက်ပါ။ အ​မောက်​ထောင်ပြရန်မလိုပါ။ အချိန်တန် သူတို့အ​ကြောင်း သူတို့ သိသွားပါလိမ့်မယ်။

ကျန်းမာ​ရေး - အာရုံ​ကြောအားနည်း​နေတတ်တယ်။ အိပ်ချိန်ကို လုံ​လောက်စွာအိပ်​ပေးပါ။ ​​သွေး​လေ​ကြောင့် ခြေ လက် ​ရောင်​တတ်တယ်။ ​လေနာ၊ ဝမ်းချုပ်ဖြစ်တတ်တယ်။ အစားအစာကို ဂရုတစိုက် စား​ပေးပါ။ မကျန်းမာ​နေသူများ တိုင်းရင်း​ဆေး သမား​တော်နဲ့ ပြသကြည့်ပါ။ ကောင်းမွန် သက်သာသွားပါလိမ့်မယ်။

အချစ်​ရေး - Relationship ​တွေအ​နေနဲ့ ကိုယ့်ရဲ့ လက်တွဲ​ဖော်နဲ့ ​တောင်​ပေါ်​ဒေသလို ​အေးချမ်းပြီး သစ်ပင်ပန်းမံ​ပေါတဲ့ ​နေရာ​​ဒေသကို အတူတူခရီးထွက်​ပေးပါ အချစ်​တွေတိုး​စေပြီး ဘဝအ​ဖော်မွန်​ကောင်းဖြစ်​စေပါတယ်။ ဒါမှမဟုတ် ကိုယ်လက်ရှိတွဲ​နေသူက အဲလို အရပ်​ဒေသမှာ ​နေတဲ့သူ၊ လာတဲ့ သူဆို ကိုယ်ရဲ့ ဖူးစာရှင်လို့ သတ်မှတ်လို့ရပါတယ်။

Single ​လေး​တွေအ​နေနဲ့ ကိုယ်ဖူးစာဖက်က နူးညံ့သိမ့်​မွေတဲ့သူ ၊ သီလ သမာဓိရှိတဲ့သူနဲ့ဆုံရတတ်ပါတယ်။ ​ပေါ်ယံကြည့်ရင် နားလည်းရခက်တဲ့ပုံစံမျိုးရှိ​နေတတ်ပါတယ်။ ကိုယ်နဲ့က အ​ဝေးတ​နေရာမှာ ခရီးသွားရင်း​တွေ့ဆုံရတတ်ပါတယ်။ သူအနား​ရောက်ရင် ပန်းအနံ​လေး​တွေရတတ်ပါတယ်။ ဖူးစာရှင်​လေးနဲ့ အမြန်ဆုံး​တွေ့နိုင်ကြပါ​စေ။

၂၀၂၆ ခုနှစ်မှာ အရာအားလုံး အဆင်​ပြေ​ချော​မွေ့ပါ​စေ။ ဘာလုပ်လုပ် အသိ​လေးနဲ့ ယှဥ်လုပ်နိုင်ကြပါ​စေ။

"ဥုံ...... အရဟံ လာဘံ သိဒ္ဓိ"
Eirene Nova

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Eirene Novaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แนะนำ

แชร์