Kaung Htet Thar Tele-Mental Health Clinic

Kaung Htet Thar Tele-Mental Health Clinic အရက် ၊ မူးယစ်ဆေးစွဲ နှင့် စိတ်ကျန်းမာရေးအထူးကုဆေးခန်း

11/09/2025

🌍 𝐖𝐨𝐫𝐥𝐝 𝐒𝐮𝐢𝐜𝐢𝐝𝐞 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐃𝐚𝐲 , 𝟏𝟎𝐭𝐡 𝐒𝐞𝐩 𝟐𝟎𝟐𝟓🌍
"မျှော်လင့်ချက်နဲ့ ဘဝကိုရှင်သန်ပါ"

📊ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ တိုင်း လူတစ်ယောက်နှုန်းနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကြောင့် အသက်ဆုံးရှုံးနေရပါတယ်။
ဒီလို ကိန်းဂဏန်းတွေရဲ့နောက်ကွယ်မှာ နာကျင်မှုစရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ကတော့ရှိနေမြဲပါ။

📣 2024-2026ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 𝐭𝐡𝐞 𝐧𝐚𝐫𝐫𝐚𝐭𝐢𝐯𝐞 𝐨𝐧 𝐬𝐮𝐢𝐜𝐢𝐝𝐞” အတိုင်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုအပေါ် မှာ ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံ၊ ပြောဆိုပုံနဲ့ ပြုမူပုံတွေကို ပြောင်းလဲဖို့ ရည်ရွယ်ပါတယ်။

👩🏻‍💼ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ဖို့အတွက် “𝐋𝐢𝐯𝐞 𝐋𝐈𝐅𝐄” 𝐏𝐫𝐨𝐠𝐫𝐚𝐦 တစ်ခုကိုပုံဖော်ခဲ့ပါတယ်။ ဒီProgramရဲ့အဓိကအချက် (၄) ချက်ကတော့

🌱 𝐋imit access to the means of su***de ကိုယ့်ကိုယ်ကိုသတ်သေဖို့အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို ကန့်သတ်ခြင်း (ဆေးဝါးများ နှင့် မိမိကိုယ်ကို အဆုံးစီရင်နိုင်သော အရာ၊ပစ္စည်း နှင့် ဓာတုပစ္စည်းများကို လက်လှမ်းမမှီအောင်လုံခြုံစွာထားရှိခြင်း(သို့)ထိန်းသိမ်းထားခြင်း )။
🌱 𝐈nteract with media for safe and sensitive reporting.
သတင်း၊မီဒီယာ သမားများအနေနဲ့လည်း Su***de နဲ့ပတ်သက်လို့ သတင်းရေးသားတဲ့အခါ ကဗျာဆန်ဆန် လွမ်းဆွေးဖွယ်ရေးသားခြင်းများကို ရှောင်ကြဉ်ပြီး လွယ်ကူနားလည်သဘောပေါက်စေတဲ့ အချက်အလက်ဖြင့်သာ သတင်းရေးသားမှုကို တင်ဆက်စေခြင်း။
🌱 𝐅ostering life skills to young people such as building resilience, coping, and emotional strength.
လူငယ်တွေကို စိတ်ခွန်အားများ (ခံနိုင်ရည်ရှိမှု၊ ရင်ဆိုင်ဖြေရှင်းနိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာခွန်အား) တွေ ပျိုးထောင်ပေးခြင်း။
🌱 𝐄arly identification & support for those at risk or affected by su***de.
အန္တရာယ်ရှိနိုင်သူများ သို့မဟုတ် ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် စောစီးစွာအကူအညီ ပံ့ပိုးမှုပေးနိုင်အောင် ပြငဆင်ခြင်းတို့ပဲဖြစ်ပါတယ်။

🙋🏻‍♀️ဒါဆို လူတစ်ယောက်ချင်းစီအလိုက်ရော ဘာတွေလုပ်ပေးနိုင်မလဲ?

လူအများစုက ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုစိတ်ကို ဖွင့်ဟပြောဆိုလိုက်ရင် သို့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုစိတ်ရှိနေလားကို မေးမြန်းလိုက်ရင် ပိုဆိုးဝါးတဲ့ ရလဒ်တွေ ဖြစ်စေမယ်လို့ ကြောက်ရွံ့ကြပေမယ့် တကယ်တမ်းကတော့ ဆန့်ကျင်ဘက်ပါပဲ။

💬 ဘာကြောင့် စကားတစ်ခွန်းက အရေးပါတာလဲ?

✅ကျွန်မတို့က လူသားချင်းချင်းဆက်သွယ်ပြောဆိုမှုရဲ့ အရေးပါပုံကို မေ့ထားတက်ကြပါတယ်။ ရိုးရိုးစကားပြောတာလေးတစ်ခုက လူတစ်ယောက်ကို အထီးကျန်၊စိတ်ပျက်အားငယ်မှုကနေ မျှော်လင့်ချက်ချက်ရောင်ခြည်သန်းလာတဲ့အခြေအနေအထိ ပြောင်းလဲမှု အကြီးကြီးဖြစ်စေနိုင်ပါတယ်။

✅ 💁🏻‍♀️ဥပမာဆိုပါစို့ - ကိုယ့် အသိတစ်ယောက်ရဲ့ ပြောဆိုပုံတွေဒါမှမဟုတ် အပြုအမူတွေမှာ ပြောင်းလဲမှုတွေကို သတိထားမိရင် မိမိဘက်ကပဲ စတင်ပြီး “မင်းဒီရက်ပိုင်း ဘယ်လိုနေလဲ? စကားပြောချင်လား၊ ငါ နားထောင်ပေးလို့ရတယ်နော်” ဆိုပြီး မေးလိုက်ခြင်းက သူတို့ရဲ့နာကျင်မှုကို တစ်ယောက်တည်းမခံစားရဘဲ မျှဝေဖို့အတွက် နေရာလေးတစ်ခုကို ဖန်တီးပေးလိုက်တာပါပဲ။

✅နားထောင်တဲ့နေရာမှာလည်း အကြံပေးတာမဟုတ်၊ဝေဖန်မှုမပါဘဲ နားထောင်ပေးတာက လူတွေကို ပိုပြီး နားလည်ပေးတယ်၊စာနာပေးတယ်ဆိုတဲ့ ခံစားချက်ကိုရစေပါတယ်။

✅စိတ်ခံစားချက်တွေနဲ့ ပတ်သက်ပြီး အချင်းချင်း စကားပြောကြတဲ့အခါ ပြီးပြည့်စုံတဲ့စကားလုံးတွေ ရှာဖွယ်ပြီးပြောပြနိုင်ဖို့မလိုပါဘူး “မင်းတစ်ယောက်ထဲမဟုတ်ပါဘူး၊ ငါအတူရှိနေပါတယ်” ဆိုတဲ့ messageကို ပေးဖို့၊ ဂရုစိုက်ကြောင်းပြသဖို့နဲ့ သူတို့ရဲ့ဘဝဟာ အရေးပါတယ်ဆိုတာ သူတို့ပြန်သိစေဖို့ပဲ အဓိကဖြစ်ပါတယ်။

✅နောက်ပြီး ကျွမ်းကျင်သူအကူအညီတောင်းခံဖို့ တိုက်တွန်းပေးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအကူအညီတောင်းတာဟာ အားနည်းတာလို့ မဟုတ်ပဲ ရဲရင့်တဲ့လုပ်ရပ် ဆိုတာ၊ ဒီအကူအညီတွေက သူတို့ရဲ့ လက်တကမ်းမှာရှိနေတယ် ဆိုတာကို သူတို့ကို အသိပေးတာလည်း လုပ်နိုင်ပါတယ်။

🌿စောစောစီးစွာသိရှိပြီး အချိန်မီ နားလည်မှုအပြည့်နဲ့ ကူညီစောင့်ရှောက်ပေးခြင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို ကာကွယ်နိုင်ပါတယ်။🌿

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱
***dePreventionDay ***de

သင်တန်းကြေး မသတ်မှတ်ထားပါဘူး ။ စေတနာရှိသလောက် ထည့်ဝင်တဲ့ သင်တန်းကြေး အားလုံးကို ငလျင်ဒဏ်သင့် ခက်ခဲတဲ့နေရာတွေဆီ ရအောင်ပို...
01/04/2025

သင်တန်းကြေး မသတ်မှတ်ထားပါဘူး ။ စေတနာရှိသလောက် ထည့်ဝင်တဲ့ သင်တန်းကြေး အားလုံးကို ငလျင်ဒဏ်သင့် ခက်ခဲတဲ့နေရာတွေဆီ ရအောင်ပို့ဆောင်ပေးမှာပါ ။ သင်တန်းက ရလာတဲ့ PFA အသိပညာနဲ့လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။ ကိုယ်တိုင် ပါဝင်လို့ရတဲ့ နေရာကနေ ပါဝင်နေဖို့က အရေးအကြီးဆုံးပါ ။

🌱 သဘာဝဘေးအန္တရာယ်နဲ့ Psychological First aid Training 🌱
📣စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှု သင်တန်း (Batch 1️⃣)

💭PFA ဆိုတာဘာလဲ?
💭စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်ဖို့လိုအပ်နေသူတွေကို ဘယ်လိုနည်းလမ်း မှန်မှန်နဲ့ ကူညီဖေးမကြမလဲ?
💭မိမိကိုယ်တိုင်ရော ကိုယ့်စိတ်ကျန်းမာရေးအတွက်ဘယ်လို စောင့်ရှောက်ကြမလဲ?
💭စိတ်ဖိစီးမှုတွေကိုဘယ်လိုကိုင်တွယ်ကြမလဲ နဲ့ စိတ်လေ့ကျင့်ခန်းများကို Mind Diary မှ စိတ်ကျန်းမာရေးပညာရှင်များက လေ့ကျင့် ဆွေးနွေး မျှဝေသွားမှာ ဖြစ်ပါတယ်။

🌱 သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာက လိုအပ်နေတဲ့သူတွေနဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေ….စိတ်ပိုင်းဆိုင်ရာ အကူအညီ နည်းမှန်လမ်းမှန်နဲ့ ထိထိရောက်ရောက် ကူညီချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

PFA training information ℹ️

🗒️ပါဝင်မယ့် ခေါင်းစဉ်တွေကတော့
▫️စိတ်ဖိစီးမှုအကြောင်း နှင့် စိတ်ဖိစီးမှုများကို ကိုင်တွယ်နည်း
▫️SelfCare
▫️ထိရောက်စွာ နားထောင်နည်း ( Active Empathetic Listening)
▫️Psychological first aid
▫️စိတ်လေ့ကျင့်ခန်းများ ( Grounding and Relaxation Techniques )

⭕️သင်တန်းကာလက ၃ရက်တာကြာမြင့်မှာဖြစ်ပါတယ် ။
📅Date- 5th , 6th and 7th April 2025
( Saturday , Sunday , Monday )
⏰Time - 6:00pm to 8:30pm , Myanmar time
📍Platform- Zoom Live session
🔔သင်တန်းသားဦးရေ ကန့်သတ်ထားတာလေးတော့ရှိပါတယ် ။

💯% donated money will go directly to areas in need❤️

PFA သင်တန်းအတွက် စိတ်ဝင်စားရင်တော့ Mind Diary Chat Box မှာ သင်တန်းအတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင့်။

🌱Mind Diary🌱
Mental Health Clinic
📌Have questions about Mind Diary’s services
☎️ DM us for more information—we’re here to help🌱

31/03/2025

🌱Mind Diary ကနေ PFA ( Psychological First Aid) စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု သင်တန်းလေးဖွင့်ဖို့ စီစဉ်နေပါတယ် 🌱

အစကတော့ သင်တန်းကြေး ပမဏတစ်ခုထားပြီးကောက်ခံဖို့စဉ်းစားပေမဲ့ လက်ရှိအခြေအနေအရ သင်တန်းကြေးမသတ်မှတ်ပဲ စေတနာရှိသလောက် ထည့်ပေးတဲ့အလှူငွေကိုပဲ လက်ခံပြီး
💯% လိုအပ်တဲ့နေရာများကို ပြန်လှူသွားပေးဖို့ ဆုံးဖြတ်ထားပါတယ်။

⭕️သင်တန်းသား လူဦးရေကတော့ ကန့်သတ်ချက်ရှိမှာဖြစ်ပြီး၊ သင်တန်းပြီးလို့ online သို့ Field ထဲ တကယ်သွားကူဖြစ်ရင် Mind Dairy ဘက်မှလည်း သင်တန်းသားများကို PFA ပေးတာ ပြီးဆုံးတဲ့အထိ တစ်ပတ် ၁ ခေါက် Supervision ထားရှိကာ စိတ်ပိုင်းဆိုင်ရာ လိုအပ်သည်များကို ကူညီပေးသွားပါမယ်။

📍သင်တန်းရက်၊အချိန် နဲ့ အချက်အလက်အသေးစိတ် ကိုတော့ Mind Diary Page မှာ ပြန်လည်ပြောကြားပေးသွားပါမယ်ရှင့်။

အားလုံးအတူတူနိုင်တဲ့ဘက်က ကူညီဖေးမကြပါစို့ 🌱

🌱Mind Diary🌱
Mental Health Clinic
📌Have questions about Mind Diary’s services
☎️ DM us for more information—we’re here to help🌱

28/03/2025

⚠️မြေငလျင်နှင့် စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှု ( Psychological First Aid ) ⚠️

ဒီနေ့ စစ်ကိုင်း၊မန္တလေးအနီးတဝိုက်မှအခြေပြုပြီး ပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ စစ်ကိုင်း၊မန္တလေး၊ အောင်ပန်း နှင့် အခြားသောမြို့နယ် အပါအဝင် ၊ထိုင်းနိုင်ငံမှာလည်း ထိခိုက်ဆုံးရှုံးမှုတွေအလွန်များပါတယ် ။ ဒီအခြေအနေတွေမှာတော့ အရင်ဆုံးအသက်အန္တရာယ်ဘေးကင်းလုံခြုံရေးအတွက် လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှု၊ ရွှေ့ပြောင်းမှုတွေပြုလုပ်ပြီးရင်တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူတွေအတွက်ကို စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှုလိုအပ်လျှင်ပေးဖို့လိုပါတယ် ။

⭕️စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူတွေမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့
🔺ငို၊ ဝမ်းနည်း၊ စိတ်ဓာတ်ကျ၊ ပူဆွေး
🔺အိပ်မပျော်၊ အိပ်မက်ဆိုးမက်ခြင်း
🔺စိတ်ရှုပ်ထွေး၊ စိတ်ဆိုး၊ ဒေါသထွက်ခြင်း
🔺အခြားသူများကို တုံ့ပြန်မှုမရှိခြင်း ၊ စကားလုံးဝမပြောတော့ခြင်း
🔺စဉ်းစားမရဖြစ်ခြင်း ( မိမိနာမည် ၊ နေရပ်လိပ်စာ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုပင် မမှတ်မိခြင်း )
🔺မိမိကိုယ်ကို သို့ မိမိတို့ ၏ ကလေးများကို မစောင့်ရှောက်နိုင်တော့ခြင်း
🔺အပြစ်ရှိသည်ဟု ခံစားနေရခြင်း ( မိမိသာရှင်ကျန်ခဲ့ပြီး တခြားသူတွေကို မကူညီ/ မကယ်တင်ခဲ့မိခြင်း )
🔺ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ( ဥပမာ - တုန်ရီနေခြင်း၊ ခေါင်းကိုက် ခြင်း၊ အလွန်ပင်ပန်းခြင်း၊ စားချင်စိတ်မရှိခြင်း ၊ ကြွက်သားများနာကျင်ကိုက်ခဲနေခြင်း ) စသည်တို့ ခံစားရပါတယ်။

💁🏻‍♀️စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု ( Psychological First Aid )ကိုဘယ်သူတွေပေးလို့ရလဲ?

💡စိတ်ကျန်းမာရေးဆရာဝန် ၊ စိတ်ပညာရှင်များမှပေးရမယ်မဟုတ်ပါ။ လူတိုင်းပေးလို့ရပါတယ် -စေတနာ့ဝန်ထမ်းများ၊ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ၊ပြည်သုလူထုများ ဘေးကင်းလုံခြုံမှုရှိသည့်မည်သည့်နေရာမှာမဆို
ကိုယ်တိုင်ပေးလို့ရပါတယ် ။

စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု (PFA) ကိုဘယ်လိုပေးရမလဲ❓

စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှုမှာ အဓိကအားဖြင့် အချက်(၄)ချက်ပါဝင်ပါတယ် ။
🌱Prepare ( ပြင်ဆင်ပါ )
🌱Look ( ကြည့်ပါ )
🌱Listen ( နားထောင်ပါ )
🌱Link ( ချိတ်ဆက်ပါ )

🌱Prepare ( ပြင်ဆင်ပါ )
▫️ဖြစ်ရပ်ဆိုးနှင့်ပတ်သက်၍ လေ့လာပါ။
▫️ရနိုင်သမျှသော ဝန်ဆောင်မှုများနှင့် ပံ့ပိုးမှုများအကြောင်း လေ့လာပါ။
▫️ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးပြဿနာများကိုလေ့လာပါ ။

🌱Look ( ကြည့်ပါ )
▫️ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးပါ။
▫️အခြေခံ လိုအပ်ချက်များကိုအရေးတကြီးလိုအပ်နေကြောင်း သိသာနေသည့်လူများကို စစ်ဆေးပါ။
▫️ဆိုးဆိုးရွားရွား သောကဖိစီးနေသော တန်ပြန်တုံ့ပြန်မှုရှိသူများကို စစ်ဆေးပါ။

🌱Listen ( နားထောင်ပါ )
▫️ပံ့ပိုးမှုလိုအပ်နေသူများကို ချဉ်းကပ်ပါ။
▫️လူများ ၏ လိုအပ်ချက်များနှင့် ပြဿနာများကို မေးမြန်းပါ။သို့သော် လူများအား၎င်းတို့ ၏ အကြောင်းများကိုအတင်းအကြပ် မပြောခိုင်းဖို့လိုအပ်ပါတယ်။
▫️လူအများ ပြောပြသည်ကို နားထောင်ပြီး ၎င်းတို့ စိတ်တည်ငြိမ်သွားစေရန် ကူညီပေးပါ။
▫️နားထောင်တဲ့နေရာမှာလည်း ဝေဖန်ကဲ့ရဲ့မှုတွေမပါပဲ ထိရောက်စွာနားထောင်ပေးဖို့လိုပါတယ် ။
👀မျက်လုံး - အားရုံစူးစိုက်မှု အပြည့်အဝပေးခြင်း။
👂နား - ပြဿနာများကို အမှန်တကယ် နားထောင်ပေးခြင်း။
❤️နှလုံးသား - ဂရုတစိုက်နားထောင်ပြီး လေးစားမှုရှိကြောင်းပြခြင်း။

🌱Link ( ချိတ်ဆက်ပါ )
▫️လူများ ၏ အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်မှုများရရှိစေရန် ကူညီပေးပါ။
▫️လူအများအား ပြဿနာ ဖြေရှင်းနိုင်အောင် ကူညီပေးပါ။
▫️မှန်ကန်တဲ့ သတင်းအချက်အလက်များ ပေးပါ။
▫️လူအများအား သူတို့ချစ်ခင်သူများ၊ လူမှုအကူအညီများနှင့် ချိတ်ဆက်ပေးပါ။

🌿စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှုပေးမယ့်သူရဲ့ ပထမဆုံးနှင့်နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးကတော့ မိမိကိုယ်မိမိ ဘေးကင်းလုံခြုံစေဖို့နဲ့ ကာကွယ်ဂရုစိုက်ပေးနိုင်ဖို့ဖြစ်ပါတယ် ။ဒါကြောင့် မိမိရဲ့ ကိုယ်၊စိတ်ကျန်းမာရေးကိုလည်း အရင်ဆုံးစမ်းစစ်ဖို့လည်း အရေးကြီးပါတယ် ။

🌿အားလုံး ကိုယ်၊စိတ်ဘေးကင်းလုံခြုံနိုင်စေဖို့လည်း ဆုတောင်းလိုက်ရပါတယ်။

🖤Ref: Psychological First Aid : Guide for field Workers

🌱Mind Diary🌱
Mental Health Clinic
📌Have questions about Mind Diary’s services
☎️ DM us for more information—we’re here to help🌱

02/02/2025
🚨 Mental Health Stigma  🚨Stigma (စတစ်ဂ်မာ) ဆိုတာ ဘာလဲ? Stigma ဆိုတာ မကောင်းတဲ့ထင်မြင်ယူဆချက်၊ မကောင်းတဲ့အတွေးတွေ ယုံကြည်...
30/12/2024

🚨 Mental Health Stigma

🚨Stigma (စတစ်ဂ်မာ) ဆိုတာ ဘာလဲ?
Stigma ဆိုတာ မကောင်းတဲ့ထင်မြင်ယူဆချက်၊ မကောင်းတဲ့အတွေးတွေ ယုံကြည်ချက်တွေရှိခြင်းလို့ ဆိုနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ stigma ဆိုတာကတော့ စိတ်ကျန်းမာရေးပြဿနာရင်ဆိုင်ကြုံတွေ့နေရသူတွေကို ဝေဖန်ရှုတ်ချတာ၊ နှိမ့်ချပြောဆိုဆက်ဆံတာ၊ မကောင်းသောလွဲမှားသော ထင်မြင်မှုတွေရှိခြင်း ဖြစ်ပါတယ်။

💁🏻‍♀️အခုခေတ်မှာ စိတ်နာမကျန်းဖြစ်ခြင်း၊ စိတ်ရောဂါရှိခြင်းကို ကျန်းမာရေးပြဿနာအဖြစ်အရေးကြီးလှကြောင်း ပိုမိုလက်ခံလာကြပေမယ့် stigma လို့ခေါ် တဲ့ မကောင်းသောအယူအဆစွဲတွေ ကျန်ရှိနေကြဆဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲရှိသူတွေကို လူမှုအသိုင်းအဝိုင်းက ဖယ်ကျဥ်တာ၊ ခွဲခြားဆက်ဆံခြင်းတွေဟာလည်း ဆက်လက်ရှိနေတုန်းပါပဲ။

💁🏻‍♀️စိတ်ကျန်းမာရေးဆိုင်ရာ အယူအဆစွဲတွေဟာ ဒေသယဥ်ကျေးမှုအပေါ် မူတည်ပြီး တူညီတာတွေ ရှိနိုင်သလို တချို့နေရာဒေသတွေမှာ ကွဲပြားတာမျိုးလည်းရှိတတ်ပါတယ်။

⭕️အာရှနိုင်ငံအတော်များများမှာဆိုရင် စိတ်ကျန်းမာရေးမကောင်းတာဟာ စိတ်ဓာတ်ပျော့ညံ့လို့၊ အားနည်းလို့၊ ကိုယ့်စိတ်ကို မထိန်းနိုင်လို့ စသဖြင့် ယူဆကြလေ့ရှိတယ်။ ဒါကြောင့် အိမ်တစ်အိမ်မှာ စိတ်နာမကျန်းသူရှိရင် မိသားစုကို အရှက်ရစေတယ်၊ သိမ်ငယ်စေတယ်လို့ သတ်မှတ်တဲ့ stigma တွေ့ရပါတယ်။
⭕️အနောက်နိုင်ငံယဥ်ကျေးမှုအရတော့ စိတ်နာမကျန်းဖြစ်သူတွေက ထိန်းချုပ်လို့မရသူတွေ၊ ခန့်မှန်းရခက်သူတွေ၊ အန္တရာယ်ပြုသူတွေလို့ အထင်အမြင်လွဲမှုတွေ ရှိတတ်ကြပါတယ်။
အာဖရိကဘက်မှာတော့ စိတ်ရောဂါရှိတာဟာ ကျိန်စာတွေရှိလို့ခံရတာ၊ အပြစ်ပေးခံရတာ၊ မကောင်းဆိုးဝါး ဝင်ပူးတာကြောင့်ဖြစ်တာဆိုပြီး ယူဆကြပါတယ်။

🔺ဒီလို stigma တွေကြောင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲရင်ဆိုင်ရသူတွေဟာ မိမိကိုလှောင်ပြောင်မှာ၊ ဖယ်ကျဥ်မှာစိုးရိမ်ပြီး အကူအညီရှာဖွေဖို့ တွန့်ဆုတ်လာကြတာမို့ လိုအပ်တဲ့စိတ်ကျန်းမာရေးဆိုင်ရာကုသမှုတွေရရှိဖို့ နှောင့်နှေးသွားရပါတယ်။ ဥပမာ စိတ်ကျရောဂါရှိသူဟာ ဝေဖန်ကဲ့ရဲ့မှုတွေကြောင့် အကူအညီရှာဖွေရမှာ စိုးရွံ့ပြီး ကုသမှုခံယူဖို့ကြန့်ကြာတဲ့အခါ ရောဂါလက္ခဏာတွေကို ပိုမိုဆိုးရွားသွားစေနိုင်ပြီး တဖန် မိမိကိုယ်ကို အပြစ်မြင်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ တသီးတသန့်နေခြင်း၊ အထီးကျန်မှုခံစားရခြင်းတို့ဖြင့် သံသရာလည်နေမှာဖြစ်ပါတယ်။

📣ဒါကြောင့် stigma ကို လျှော့ချတိုက်ထုတ်ဖို့ လွန်စွာအ‌ ရေးကြီးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တည်နေတဲ့ အယူအဆစွဲတွေကို လျှော့ချဖို့ရာ မလွယ်ကူလှပေမယ့် အတိုင်းအတာတစ်ခုအထိ တစ်ဦးချင်းအနေနဲ့ ရင်ဆိုင်ကိုင်တွယ်နိုင်တဲ့နည်းလမ်းအချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကုသမှုခံယူပါ။
သင့်အနေနဲ့ ကုသမှုခံယူဖို့လိုအပ်တယ်လို့ ဝန်မခံချင်တာမျိုးဖြစ်နိုင်ပါတယ်။ စိတ်ရောဂါရှိသူလို့ တံဆိပ်ကပ်ခံရမှာကြောက်တဲ့စိတ်ကို အနိုင်မပေးဘဲ လုံခြုံစိတ်ချရသောနေရာတွင်အကူအညီရှာဖွေပါ။ ကုသမှုက သင် ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ အလုပ်နဲ့ personal ဘဝမှာ ဘယ်အရာတွေက အနှောင့်အယှက်ပေးနေသလဲဆိုတာ ရှင်းလင်းကွဲပြားစွာသိမြင်ဖို့ အထောက်အပံ့ပေးပြီး သက်သာလျော့ပါးအောင် ပံ့ပိုးပေးနိုင်ပါတယ်။

(၂) stigma ကြောင့် မိမိကိုယ်ကိုသံသယဝင်ခြင်းနဲ့ အရှက်ရခြင်းမျိုးကို ဖန်တီးခွင့် မပြုပါနဲ့။
Stigma က အခြားသူတွေဆီကပဲလာတာမျိုးမဟုတ်ပါဘူး။ သင်ကိုယ်တိုင်က သင်အားနည်းလို့၊ ပျော့ညံ့လို့ စိတ်ကျန်းမာရေးမကောင်းတာဆိုပြီး လွဲမှားစွာယုံကြည်တာ ဒါမှမဟုတ် သင်ဟာ အခြားသူဆီက အကူအညီမပါဘဲ မဖြစ်မနေထိန်းချုပ်နိုင်ရမယ်လို့ ယူဆတာမျိုးတွေလည်း အလားတူပါပဲ။ ဆွေးနွေးမှုခံယူတာ၊ သင့်စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အရာတွေ လေ့လာမှတ်သားတာ၊ အခြားသူတွေနဲ့ ချိတ်ဆက်မှုထားတာတွေက သင့်ကိုယ်သင် ယုံကြည်လေးစားမှုတိုးတက်စေပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ဝေဖန်ခြင်းကို လျော့ပါးစေမှာဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် တသီးတသန့် မထားပါနဲ့။
သင့်မှာ စိတ်ကျန်းမာရေးပြဿနာရှိနေရင် အခြားတစ်ယောက်ကိုပြောပြဖို့ ဝန်လေးနိုင်ပါတယ်။ သင့်မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သင် ရင်ဆိုင်ခံစားနေရတာကို သိမှသာ သင်လိုအပ်တဲ့အကူအညီကို ပေးနိုင်မှာပါ။ သင့်တော်တဲ့ကူညီပံ့ပိုးမှု၊ နားလည်နှစ်သိမ့်မှုရစေဖို့ သင်ယုံကြည်တဲ့သူတွေဆီကို ချဥ်းကပ်ပါ၊ ထုတ်ဖော်‌ပြောပြဖို့ ကြိုးစားပါ။

(၄) သင့်ကိုယ်သင် သင့်ရောဂါနဲ့ အတူတူလို့ ညီမျှခြင်းမချပါနဲ့။
သင်ဟာ ရောဂါမဟုတ်ပါဘူး။ "I'm bipolar" လို့ပြောမယ့်အစား "I have bipolar disorder." လို့ ပြောဆိုသုံးနှုန်းပါ။

(၅) Support Group တွေမှာ ပါဝင်ချိတ်ဆက်ပါ။
စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေ၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ မှန်ကန်သင့်လျော်သော သတင်းအချက်အလက်မျှဝေပေးတဲ့ အဖွဲ့အစည်းတွေထံမှာ ချိတ်ဆက်မှုထားပါ။ ထိုအဖွဲ့အစည်းတွေက ပြုလုပ်တဲ့ အသိပညာပေးလှုပ်ရှားမှုတွေ၊ အုပ်စုလိုက်ပံ့ပိုးကူညီမှုအစီအစဥ်တွေမှာ ပါဝင်ပေးပါ။
အချုပ်အားဖြင့်ဆိုရရင် လူ့အဖွဲ့အစည်းမှာ စွဲမြဲနေတဲ့ stigma တွေကြောင့် ကုသမှုရယူဖို့ ကြန့်ကြာခြင်းတွေမဖြစ်ရလေအောင် ကျွန်မတို့တစ်ဦးတစ်ယောက်ချင်းစီ တတ်စွမ်းသမျှတွန်းလှန်မှသာ ပိုမိုကျန်းမာပျော်ရွှင်တဲ့ဘဝတွေကို ရရှိမှာဖြစ်ပါတယ်။
🌱ဒီ Stigma ကို အတူတူ တွန်းလှန်ဖို့ Mind Diary ကလည်း သင်နဲ့အတူတူ အမြဲရှိနေပါတယ်။🌱

📌Have questions about MindDiary’s services
☎️ DM us for more information—we’re here to help🌱

04/12/2024
28/11/2024

Finding the Lost Person ( Parentified Child)

ဒီနေ့မှာတော့ Parentification က ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုတွေ ပြောင်းလဲစေလဲဆိုတာကိုရှင်းပြပေးပါမယ် ။

အရှေ့Content မှာတုန်းက Parentified child အကြောင်းကို အသေးစိတ်ရှင်းပြထားပေမဲ့ အခုမှ စာဖတ်သူအနေနဲ့ ဆို အစိမ်းသက်သက်ဖြစ်နေနိုင်လို့ အကြမ်းဖျင်းလေးပြန်ပြောပြပါမယ်နော်။

Parentified Child ဆိုတာကတော့ အရွယ်မတိုင်ခင်ကလေးက မိသားစုထဲကလူကြီးတွေရဲ့ (အများအားဖြင့် မိဘတွေရဲ့) တာဝန်ဝတ္တရားတွေကို ဝင်ထမ်းရတဲ့ ကလေးလေးတွေကို ခေါ်တာပါ။ နောက်တစ်မျိုးဆို လူကြီးဆန်တဲ့ကလေး ၊ လူကြီးတာဝန်ကိုလွှဲယူရတဲ့ကလေးလို့ သုံးနှုန်းလိုက်ပါမယ်။

⚠️ဒီ Parentification ကြောင့် အသက်ကြီးလာရင် ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ဘယ်လိုထိခိုက်မှုတွေရှိနေလဲ ဆိုတာ ဆက်စပ်ကြည့်ရအောင်လား။

⭕️အစဉ်အမြဲဝန်တွေကိုထမ်းလာရတော့ အသက်အရွယ်အရ လုပ်ငန်းခွင်ဝင်ရချိန်မှာ အလုပ်၊ တာဝန်ဝတ္တရား နဲ့ တွေ့လာရင် စိုးရိမ်စိတ်များလာတယ် ၊ ဖိအားကြီးတစ်ခုလို့ခံစားလာရစေပြီး နောက်ပိုင်းမှာ "Anxiety Disorder"( စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ) တွေဖြစ်လာနိုင်ပါတယ် ။

⭕️ငယ်ငယ်ထဲက အမြဲသူများကိုပဲ ဦးစားပေးနေကြဖြစ်တော့ မိမိရဲ့လိုအပ်ချက်ကို ဦးစားပေးမိသွားရင် အပြစ်ရှိသလိုလို ခံစားရနိုင်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီးလဲ လျစ်လျူရှုမှုတွေများလာတော့ မိမိကို ဘယ်သူမှကူညီပေးနိုင်တဲ့သူမရှိဘူး ၊ ကိုယ့်အတွက်ဘယ်သူမှမရှိဘူးဆိုတဲ့ အတွေးတွေနဲ့ "Depression" ဆိုတဲ့ စိတ်ဓာတ်ကျရောဂါ အထိပါဖြစ်လာနိုင်ပါတယ် ။

⭕️ကိုယ့်ရဲ့ခံစားချက်တွေကိုဖွင့်ပြောလိုက်ရင် ကိုယ့်မိဘတွေအပေါ်မှာ ပိုပြီးဝန်ပိစေမှာ၊ ဖွင့်ပြောလိုက်ရင်ကိုယ်လိုချင်တဲ့ နှစ်သိမ့်မှုပြန်မပေးနိုင်မှာ ကြောက်တဲ့စိတ်နဲ့ မြိုပ်သိပ်လာတယ် ။ ဒီအကျင့်ကြောင့် ကိုယ့်ရဲ့ တန်ဖိုးက သူများတွေပျော်ရွင်ဖို့ လုပ်ပေးနိုင်မှုအပေါ်မူတည်တယ်ဆိုပြီး အတွေးဝင်လာရာကနေ "Low Self esteem" လို့ခေါ်တဲ့ မိမိကိုယ်မိမိလည်းတန်ဖိုးမထားတက်တော့တာ တွေဖြစ်လာနိုင်ပါတယ်။

⭕️နှစ်ပေါင်းများစွာထမ်းလာတဲ့ဝန် ၊ ဒီဝန်ကိုလည်း ဘယ်လိုလျော့ချရမလဲလည်းမသိတော့ အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေများပြီး "Burnout" လည်းဖြစ်လာနိုင်ပါတယ်။

⭕️နောက်ဆုံးမှာတော့ Boundary မသတ်မှတ်နိုင်တာ ၊လူတွေအပေါ်ယုံကြည်မှုမရှိတာကြောင့် ကောင်းမွန်နဲ့ ဆက်ဆံရေးတွေကို စတင်ရတာ၊ ထိန်းသိမ်းရတာ ခက်ခဲတာ "Interpersonal relationship" မှာပြသနာတွေရှိနေနိုင်ပါတယ် ။

များသောအားဖြင့် စိတ်ကျန်းမာရေးအသိပညာ ဗဟုသုတနည်းပါးတာတစ်ကြောင်း၊ မိမိအခြေအနေတွေကိုသိနေပေမဲ့ ဖြေရှင်းရမဲ့ နည်းလမ်းကိုမသိတာကြောင့် ယခုအခြေအနေကနေ ဖောက်ထွက်လာဖို့ heal ဖြစ်ဖို့မှာ နှောင့်နှေးနေတက်ပါတယ်။

🌱Mind Diary စိတ်ကျန်းမာရေးဆေးခန်း ကနေ ဒီ Parentification ရဲ့ အကျိုးဆက်တွေကို ဘယ်လိုနည်းတွေနဲ့ ကျော်လွှားလို့ရမလဲဆိုတာ ပြောပြပေးသွားပါမယ် ။

စိတ်ကျန်းမာရေးမှာ ပထမဆုံးအရေးကြီးတာကတော့ သတိရှိမှု နဲ့ အသိရှိမှု 🔅( Awareness)🔅ပါ။မိမိရဲ့ စိတ်အခြေအနေတွေကိုသတိနဲ့စောင့်ကြည့်ရင်းကိုယ့်စိတ်အခြေအနေကိုသိရှိနိုင်ပါတယ်။
❗️ဒီတော့ Basic ကိုက Awareness ဆိုတော့ ဒီနေရာမှာ ပြသနာကစပါတယ် ။

❌"ကိုယ့်စိတ်ကိုထိန်းလေ" ဆိုတာပြောရတာလွယ်သလောက် လက်တွေ့လုပ်ရတာအလွန်ခက်တာ လူတိုင်းသိပါတယ် ။ အထူးသဖြင့် စိတ်မကျန်းမာမှုကိုခံစားဖူးတဲ့ လူတိုင်းသိပါတယ် ။

🌱ဒီနေရာမှာ စိတ်ကုထုံး ( Therapy ) တွေက

🖋️ဒီ awareness ကိုဘယ်လိုရှာကြမလဲ ။
🖋️ဖြစ်လာတဲ့ ဒေါသ၊ အားငယ်မှု၊ သိမ်ငယ်မှု၊ဝမ်းနည်းမှု၊မုန်းတီးမှု စသည့်ဖြင့် စိတ်ခံစားချက်တွေ ကိုဘယ်လို ထိန်းညှိမလဲ ။
🖋️အလိုအလျှောက်ဝင်လာတဲ့ မကောင်းတဲ့ ၊မိမိကိုယ်ဆွဲချသွားမဲ့ အတွေး ( Unhelpful thoughts ) တွေကို ဘယ်လို ပြောင်းလဲကြမလဲ။
🖋️ဒီကတဆင့် မိမိစိတ်မပါ အဆင်မပြေတဲ့အရာတွေကို guilty feeling မရှိပဲ Say "No" ဆိုပြီးကိုယ့်ရဲ့ Boundary တွေကိုဘယ်လိုသတ်မှတ်မလဲ။
🖋️ကိုယ့်ရဲ့ လိုအပ်ချက်ကို ဦးစားပေးပြီး၊ တဖြည်းဖြည်း မိမိကိုယ်မိမိ ပြန်လည်တွေ့ရှိလာအောင်ဘယ်လိုလုပ်မလဲ ဆိုတာတွေကို နှစ်သိမ့်ဆွေးနွေးပြီး အဖြေအတူတူရှာပေးခြင်းဖြစ်ပါတယ် ။

🛣️ဤခရီးနီးသလား ဆိုရင်တော့ မနီးပါဘူး ။ဒါပေမဲ့ လမ်းမရှိတဲ့၊ အမှောင်ထုထဲတော့ မဟုတ်တော့တာ သေချာပါတယ်။
မိမိကိုယ်ကိုပြန်လည်ရှာဖွေခြင်းဆိုတဲ့ Adventure မှာ လမ်းကရှိပြီးသားဖြစ်တော့ တဖြည်းဖြည်းနဲ့ ခြေလှမ်းတစ်လှမ်းချင်းစီမှာ မိမိရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို လိုက်ကောက်ရင်း အဆုံးမှာ ပြန်လည်ရှာဖွေတွေရှိမှာတော့ သေချာပါတယ်။🏅

🧗🏻‍♀️မိမိကိုယ်မိမိ ပြန်လည်ရှာဖွေဖို့ကဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိပါဘူး ။ ဒီ process ကိုခရီး တစ်ခုအနေနဲ့ သတ်မှတ်ရင် Mind Diary စိတ်ကျန်းမာရေးဆေးခန်းက သင့်ရဲ့ ခရီးဖော်အဖြစ်အတူတူ Missing parts လေးတွေကိုရှာပေးပါရစေလား။ 🤍

စကားပြောရအောင်။ကျတော်တို့ ကိုယ့်ပတ်ဝန်းကျင်က မိသားစုဝင်ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေဖြစ်ဖြစ် ကိုယ် မကျန်းမမာဖြစ်ခဲ့ရင် အာ...
10/10/2024

စကားပြောရအောင်။

ကျတော်တို့ ကိုယ့်ပတ်ဝန်းကျင်က မိသားစုဝင်ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေဖြစ်ဖြစ် ကိုယ် မကျန်းမမာဖြစ်ခဲ့ရင် အားပေးစကားပြောတတ်ကြတယ်။ မြန်မြန်သက်သာပါစေလို့ ဆုတောင်းပေးတတ်ကြတယ်။ Get well soon နော် ဘာလိုသေးလဲ ဘာညာ သတင်းမေးတတ်ကြတယ်။ ကိုယ်တိုင်လည်း မကျန်းမာဖြစ်ခဲ့ရင် ဘေးလူတွေကို အသိပေးဖို့ သိပ်ဝန်မလေးကြဘူး။
စိတ်မကျန်းမာတဲ့အခါမျိုးကျတော့ ဘယ်သူ့မှ သိပ်ပေးမသိချင်ကြသလို အသိတွေထဲမှာလည်း ဘယ်သူက စိတ်မကျန်းမမာဖြစ်နေလဲ သတိမထားမိတတ်ကြဘူးနော်။

အခုနောက်ပိုင်းမှာ စိတ်ကျန်းမာရေးအကြောင်း အထူးသဖြင့် လူငယ်ထုအတွင်းမှာ၊ ဆိုရှယ်မီဒီယာကွန်ယက်တွေမှာပါ စိမ့်ဝင်မှုအား ပိုကောင်းလာတာနဲ့အမျှ လူအများ ပိုသိနားလည်လာကြသလို ပိုပွင့်ပွင့်လင်းလင်း ပြောဆိုလာကြတာ အရမ်းကောင်းပါတယ်။

စိတ်ဝေဒနာတိုင်းဟာ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြဖို့မလိုပါဘူး။ ဝေဒနာ အတိမ်အနက်ပေါ်မူတည်ပြီး ကုစားပုံ အမျိုးမျိုးရှိပါတယ်။ အမေရိကန်မှာဆို ၂၀%သော လူထုဟာ စိတ်ကျန်းမာရေး ပြဿနာရှိကြပါတယ်။ တကယ်လို့ လုံလောက်တဲ့ကုသမှု ခံယူခဲ့ရင် ဝေဒနာ သက်သာဖို့ ၇၅% ရှိတယ်လို့ အမေရိကန် စိတ်ပညာရှင်များ အဖွဲ့က ဆိုထားပါတယ်။ ဒါပေမယ့် ဝေဒနာရှိသူတွေထဲက ၁၀% ကပဲ လိုအပ်တဲ့ ကုစားမှုကို လက်ခံရကြပြီး ကုသမှု မရတဲ့သူတွေထဲမှာ အမျိုးသမီးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လိင်စိတ်ကွဲပြားသူ (LGBTQ) တွေ ပိုများပါသတဲ့။ ဒါဟာ ဘာကိုပြသလဲဆို တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံမျိုးမှာတောင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုဟာ ကွာဟချက်တွေ ရှိနေသေးတာ ထင်ရှားနေပါတယ်။

အထူးသဖြင့် ကျတော်တို့နိုင်ငံမှာ ဓလေ့ထုံးတမ်းအရရော လူမှုစံနှုန်းပေတံတွေအရပါ စိတ်ကျန်းမာရေး ပြဿနာကို အားငယ်တာ၊ ပျော့ညံ့တာ၊ အကဲဆတ်တာ၊ ပုံကြီးချဲ့တာ စသဖြင့် အပြုသဘော မဆောင်တဲ့ အသုံးအနှုန်းတွေနဲ့ တံဆိပ်တပ်ကြစမြဲမို့ မြန်မာလူမျိုးတွေဟာ စိတ်မကျန်းမာရင် ကြိတ်ခံစားနေကြတာ များပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လူမမြင်ရတဲ့ စိတ်ကင်ဆာဟာ အတွင်းမှာ လှိုက်စားပြီး လုံလောက်တဲ့ ဖေးမမှုနဲ့ ကုသမှုမခံယူဖြစ်တဲ့ တချို့တွေက မိမိဘဝကို စောစောစီးစီးပဲ ပြည်ဖုံးကားချပစ်လိုက်ကြတာ ကြားဖူး သိဖူးကြမှာပါ။

တကယ်တော့ ကျတော်တို့ အသိုင်းအဝန်းဟာ ချစ်စရာကောင်းတဲ့ ဓလေ့တွေ၊ တစ်ဦးပေါ်တစ်ဦး ဂရုတစိုက် ကူညီတတ်တဲ့ စေတနာတွေ ရှိပြီးသားပါ။ ခက်တာက စိတ်မကျန်းမာတာ အပရိကပါ ဆိုတဲ့ ရှေးရိုးစွဲအယူတွေ၊ စိတ်မကျန်းမာသူကို ရေနှစ်သူ ဝါးကူထိုးသလို ကဲ့ရဲ့ပြစ်တင်တာတွေ၊ ဖေးမကူညီဖို့ထက် အလျင်စလိုပဲ ဝေဖန် ဆုံးဖြတ်ချက်ချပစ်လိုက်တာမျိုးတွေ ဆက်ရှိနေသေးတာပါပဲ။ ဒါတွေကို အရင် ချိုးဖျက်ပစ်ကြဖို့ လိုပါတယ်။

ပိုဆိုးတာကတော့ နိုင်ငံရေး ပဋိပက္ခတွေအကြား စားဝတ်နေရေး လုံခြုံရေး အလုပ်အကိုင် အခက်အခဲတွေက တစ်နေ့တခြား မြင့်တက်နေပြန်တယ်။ ခက်ခဲတဲ့ အမှောင်နေ့ရက်တွေထဲမှာ စိတ်ဖိစီးတာ၊ မွန်းကြပ်တာ၊ စိတ်ဓါတ်ကျတာ၊ အစရှိတဲ့ စိတ်တစ္ဆေ ဝေဒနာတွေက လူတိုင်းကို အချိန်မရွေး အသက်အပိုင်းအခြားမရွေး ခြောက်လှန့်နေနိုင်ပါတယ်။

ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ ပထမဆုံး ခြေလှမ်းက မခက်ခဲပါဘူး။ ကိုယ်ခံစားရတာတွေအကြောင်း စကားပြောဖို့ပါပဲ။ ကိုယ်စိတ်မကျန်းမာဘူး ထင်ရင် ရင်ဖွင့်လို့ရတဲ့သူတွေနဲ့ စကားပြောပါ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။

စကားပြောဖို့လိုအပ်သလို နားထောင်ဖို့လဲ လိုပါတယ်။ ကိုယ်ဟာ တစ်စုံတစ်ယောက်ရဲ့ ရင်ဖွင့်ဖော် ဖြစ်နေခဲ့ရင် ဘာလုပ်လိုက် ညာလုပ်လိုက် ဆိုပြီး အကြံပေးဖို့ထက် အရင်ဆုံး ရင်ဘတ်ကို ဖွင့်ပြီး နားစွင့်ပေးဖို့ အဓိကပါ။ ပြီးတော့မှ ရင်းရင်းနှီးနှီး ဖေးဖေးမမ အတူဆွေးနွေး အဖြေကူရှာပေးပါ။

ဆေးကုသမှု လိုအပ်ခဲ့ရင် တတ်ကျွမ်းသူတွေဆီ ညွှန်းပို့ပါ။ ထောက်ပံ့ပေးပါ။ ခုခေတ်ကာလမှာ ဆေးရုံ ဆေးခန်း လိုက်ရှာပြီး လူကိုယ်တိုင် သွားဖို့ မလိုတော့ပါဘူး။ အွန်လိုင်းကနေ တိုင်ပင်ဆွေးနွေးစရာ နေရာတွေ အများကြီးရှိနေပါပြီ။ မလိုအပ်တဲ့သူတွေ ပေးသိစရာလဲ မလိုပါဘူး။

ဒါဆို ကျတော်တို့ စိတ်ကျန်းမာရေးနဲ့ ပတ်သတ်ရင် စကားပြောကျင့်လေး စမွေးကြရအောင်ပါ။

စိတ်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်ချင်ရင် ကောင်းထက်သာ အွန်လိုင်း စိတ်ကျန်းမာရေး အထူးကုဆေးခန်းကို စာပို့ပြီး ရက်ချိန်းယူနိုင်ပါတယ်။ အားလုံးပဲ စိတ်ကျန်းမာရေး ကောင်းမွန်စွာနဲ့ သောကအပူတွေ တတ်နိုင်သမျှ ကင်းစင်ပြီး လုံခြုံအေးချမ်းကြပါစေ။

ဒီနေ့ စက်တင်ဘာ ၁၀ ရက်က World Su***de Prevention Day ဖြစ်ပါတယ်။ဒီနှစ်အတွက် ဆောင်ပုဒ်က Changing the Narrative on Su***de ပ...
10/09/2024

ဒီနေ့ စက်တင်ဘာ ၁၀ ရက်က World Su***de Prevention Day ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆောင်ပုဒ်က Changing the Narrative on Su***de ပါ။
ဆောင်ပုဒ်ရဲ့ ဆိုလိုရင်းက Su***de ခေါင်းစဉ်အောက်က ရှုပ်ထွေးတဲ့ လူမှုပြဿနာတွေကို ချဉ်းကပ်တဲ့အခါ ခံစားရသူတွေကို နှုတ်ဆိတ်နေခိုင်းတာ၊ နှိမ့်ချဆက်ဆံတာမျိုးတွေကို ပယ်ပြီး ပွင့်လင်းမှု၊ စာနာမှုနဲ့ လိုအပ်တဲ့ အထောက်အကူတွေ ပိုပေးနိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။

ဒါလေးကို မြင်သာစေတဲ့ ဖြစ်ရပ်မှန်တစ်ခုကို ပြန်မျှဝေချင်ပါတယ်။ ဖတ်ရှုရန် ကြာမြင့်ချိန်က ၂-၃ မိနစ်လောက်ပါပဲ။ ခံစားကြည့်ကြပါ။
—————————————————————

🍀အနမ်းတစ်စုံကပေးတဲ့ ရှင်သန်ခွင့်🍀

ဂွမ်းတုန်ပြည်နယ် ရှန်ဇန်မြို့လေးမှာပေါ့။ ဒစ်စနေကမ္ဘာထဲက Sleeping Beauty လိုမျိုး အနမ်းတစ်စုံကြောင့် အသက် ပြန်ရှင်သန်ခွင့်ရခဲ့တဲ့ ဖြစ်ရပ်ကလေး ၂၀၁၁ တုန်းက တကယ်ရှိခဲ့ဖူးပါတယ်။

လျူဝမ်ရှု ဆိုတဲ့ မိန်းကလေးက သေကြောင်းကြံစည်နေတဲ့ ၁၆ နှစ်သား ကောင်လေးတစ်ယောက်ကို အနမ်းလေးတစ်ချက်နဲ့ ကယ်တင်ခဲ့တဲ့ အကြောင်း။

ရှန်ဇန်မြို့ရဲ့ လူကူးခုံးကျော်တံတားတစ်ခုပေါ်မှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတာကို ဝမ်ရှုတွေ့တော့ သွားကြည့်မိတယ်။ ကောင်လေးတစ်ယောက် လက်ထဲမှာ ဓါးတရမ်းရမ်းနဲ့ တံတားပေါ်ကနေ ခုန်ချမယ်ပြင်နေတာ။

“လူတွေကြားမှာ သူအရမ်းစိတ်လှုပ်ရှားနေတာ ကျမ မြင်ရတယ်။ လူတွေကလဲ ရပ်ပဲကြည့်နေတာ၊ ဘယ်သူမှ ရှေ့ထွက်ပြီး မကူညီကြဘူး။
သူ့ကို ကျမ ကယ်ရမယ်လို့ စိတ်ထဲ ပေါ်လာတယ်။ ဘာလို့လဲဆို ဒီလမ်းကို ကျမ လျှောက်ဖူးခဲ့လို့ပဲ။ သူ ဘယ်လို ခံစားနေရမလဲ ကျမ သေချာ သိနေတယ်။”

ဝမ်ရှုကိုယ်တိုင်ဟာ သေကြောင်းကြံစည်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသူ တစ်ယောက်။ လက်ရှိမှာတော့ ၁၉ နှစ်အရွယ် ဝမ်ရှုဟာ ဟိုတယ်က စားပွဲထိုး အဖြစ်နဲ့ အလုပ်လုပ်နေသူပါ။

ကောင်လေး လက်တစ်ဖက်က တံတားသံတိုင်ကို ကိုင်ထားတယ်။ ရဲတွေကလည်း ကောင်လေးကို ဖြောင်းဖျနေပေမယ့် အရာမထင်ဘူး။ ဝမ်ရှုက ကောင်လေးနားသွားနိုင်ဖို့အတွက် သူက ကောင်လေးရဲ့ ရည်းစားဖြစ်ကြောင်း ညာပြောလိုက်ပါတယ်။

ကောင်လေးရဲ့ အမေက မရှိတော့ဘူး။ မိထွေးကလည်း သူ့အဖေ ပိုင်ဆိုင်သမျှ အကုန်ယူသွားပြီး သူတို့ သားအဖကို ထားခဲ့တယ်။ သူတို့တွေ အချိန်ပိုင်းအလုပ်တွေ ရှာပြီး ဘဝကို ခက်ခက်ခဲခဲ ပြန်စနေကြရတယ်။ ကောင်လေးရဲ့ ဇာတ်လမ်း ကြားပြီးတာနဲ့ ဝမ်ရှုလဲ စိတ်မထိန်းနိုင်ဘဲ ငိုမိတာပဲ။

“သူ ကျမကိုပြောတယ်။ သူတို့ သားအဖမှာ နေစရာ အိမ်လဲမရှိဘူး။ ဘယ်သူမှလဲ သူ့ကို ယုံကြည်မပေးဘူး (အလုပ်မပေးဘူး)။ ကျမ သူ့ကို စကားတစ်ခွန်းမပြောဘဲ ကျမ ညာဘက် လက်ကောက်ဝတ်က ဒဏ်ရာကို ပြလိုက်တယ်။ ကျမက အရင်က ခဏခဏ သေကြောင်းကြံဖူးတယ်လေ။ လက်ကောက်ဝတ် သွေးကြောကို လှီးဖြတ်ဖူးတယ်။ တိုက်ပေါ်က ခုန်ချဖူးတယ်။ မျိုးစုံပါပဲ။”

အမ်ဝေပြည်နယ်မှာ မွေးဖွားကြီးပြင်းတဲ့ ဝမ်ရှုဟာ အိမ်ထောင်ရေး မသာယာတဲ့ မိဘနှစ်ပါးနဲ့အတူ ဆွံအ နားမကြားတဲ့ အမကို ပြုစုပြီး နေရသူပါ။ အထက်တန်းကျောင်းမပြီးခင် ကျောင်းထွက် အလုပ်လုပ်ခဲ့ရသူမို့ ကောင်လေးဘဝကို သူစာနာနိုင်တယ်။

"ကျမ မိသားစုမှာ စိတ်ချမ်းသာစရာ တစ်စက်မှ မရှိဘူး။ တချိန်လုံး ရန်ဖြစ်နေတဲ့ အဖေနဲ့အမေ။ ကျမနဲ့ အမက တချိန်လုံး စိတ်ညစ်နေရတယ်။ ကောင်လေးကို ကြည့်ရင်း ကျမ အသေးစားလေးလို့ မြင်ယောင်လာမိတယ်။”

ကောင်လေးကလည်း ရှိုက်ကြီးတငင် ငိုနေဆဲ။ ဒါပေမယ့် ဝမ်ရှုက သူ့ကို နားလည်ပေးနိုင်တဲ့သူဆိုတာ ကောင်လေး လက်ခံလာပြီ။

“ကျတော်က လမ်းဆုံးနေပါပြီ။ ကယ်ဖို့လုပ်ပြီး အချိန်မဖြုန်းပါနဲ့။”
“ငါက နင့်ကို ကယ်နေတာမဟုတ်ဘူး။ နင် ခုလိုလုပ်တာ ဘာမှ အကျိုးမရှိဘူးဆိုတာ နင်သိစေချင်တာလေးပဲ။ ငါ့လက်ကိုကြည့်စမ်း။ ငါ နင့်လိုပဲ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ငါခုထိ ကြိုးစား ရှင်သန်နေတုန်းပဲ။”

အချစ်ဇာတ်ကားတွေထဲကလိုပါပဲ။ ဝမ်ရှု ကောင်လေးကို ဖက်ထားရင် ဖြတ်ခနဲ နမ်းလိုက်တယ်။ အဲ့ တဒင်္ဂအချိန်လေးကို အသုံးချပြီး ရဲတွေက ကောင်လေးလက်ထဲက ဓါးကို သိမ်းလိုက်ပြီး သူ့ကိုလဲ တံတားဘောင်ပေါ်ကနေ လှမ်းဆွဲလိုက်နိုင်တယ်။

“ကျမ သူ့ကို နမ်းလိုက်တဲ့အချိန် သူ့က ဓါးကိုင်ရက်နဲ့ ကျမခါးကို ဖက်ထားတာလေ။ ကျမတို့ နှစ်ယောက်သား အပြိုင် ငိုနေခဲ့ကြတာ။ ကျမ သူ့ကိုကယ်လိုက်နိုင်တာ တွေးရင်း ကျမပျော်မိပါရဲ့။”

ဝမ်ရှုဟာ ကောင်လေး စိတ်သက်သာရာရပါစေဆိုတဲ့ စိတ်တစ်ခုနဲ့ပဲ သူ့ကို နမ်းဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဘာမှ ထွေထွေထူးထူး တွေးနေဖို့တောင် အချိန်မရခဲ့ဘဲကိုး။

“သူ စိတ်ငြိမ်သွားပြီး ရူးရူးမိုက်မိုက် မလုပ်မိအောင် ထိန်းပေးဖို့ပဲ ကျမ အာရုံရှိတာပါ။ ရဲတွေလဲ အနားမှာရှိနေတော့ သူ ကျမကို ဆွဲချသွားမှာကိုတောင် ကျမ မပူမိခဲ့ဘူး။”

ကောင်လေးကို ရဲတွေ ထိန်းသိမ်းခေါ်ဆောင်သွားပြီးတဲ့နောက်တော့ ဝမ်ရှု လိုက်မသွားတော့ပါဘူး။ သူနဲ့ ကောင်လေးနဲ့ ဖုန်းတော့ ဆက်ပြောဖြစ်ကြတယ်။ အခင်းနောက်ပိုင်း ဝမ်ရှု ဖုန်းကိုလဲ တချိန်လုံး သတင်းထောက်တွေက ခေါ်နေလို့ အလုပ်မှာ စိတ်အနှောက်အယှက် ကြုံခဲ့ရတယ်။

“ကျမ အလုပ်နဲ့ တကိုယ်ရည် ဘဝကို ဒီကိစ္စက သိပ် မထိခိုက်ဖို့ပဲ မျှော်လင့်မိပါတယ်။ သူ့ကယ်ခဲ့တုန်းကလဲ ကျမ ဘာမှ မတွေးဘဲ လုပ်ဖြစ်ခဲ့တာပဲမို့ နောက်ပိုင်းလဲ ဒီကိစ္စကို ခေါင်းထဲ ဆက်ထည့်မထားချင်တော့ဘူး။
အရေးကြီးဆုံးကတော့ ကျမတို့ တစ်ရက်စာ တစ်ရက်ပဲ ခံစားစရာရှိ ခံစားရင်း ရှင်သန်ကြဖို့ပါပဲ။”

-—————————————————————-
မူရင်း link ကတော့ http://europe.chinadaily.com.cn/china/2011-06/24/content_12767124.htm ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်လေးကို ကြည့်ရင် တခါတလေမှာ နောက်ဘဝဆီ သွားမယ့် တံခါးပေါက်ကို အတင်းတွန်းဖွင့်နေတဲ့ တစ်စုံတစ်ယောက်ကို တားနိုင်ဖို့ အထွေအထူး သိပ်မလိုပါဘူး။ နားထောင်ပေးမယ့် နားတစ်စုံနဲ့ စာနာပေးနိုင်တဲ့ နှလုံးသားရှိရင်ကို ပြောင်းလဲမှုတစ်ခု ဖန်တီးနိုင်ပါတယ်။

အားလုံးပဲ စိတ်သောက ကင်းပြီး လုံခြုံအေးချမ်းကြပါစေ။
***dePreventionDay

ที่อยู่

Bangkok
Suan Luang

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kaung Htet Thar Tele-Mental Health Clinicผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์