08/04/2026
Buffalo, NY ယောဂီသစ်တရားစခန်းပွဲ (USA)
July 31-August 9, 2026
တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ ဌာနချုပ် USA အဓိဌာန် (၉) ရက် ယောဂီသစ်တရားစခန်းပွဲ
အမေရိကန်ပြည်ထောင်စု New York ပြည်နယ် Buffalo မြို့ရှိ တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ ၌ ယခု ပြုလုပ်နေသော ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး၏ လမ်းညွန်မှုဖြင့် ကျင်းပသည့် တရားစခန်း မှတ်တမ်း
တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ USA ၏ နာယက ဆရာတော် အရှင်ဓမ္မပါရဂူ မှ ဖွင့်ပွဲ နိဒါန်းတရားဟောကြား နှင့် လာရောက်ကျင့်ကြံအားထုတ်ကြသော ယောဂီသစ်များကို အနိမိတ္တ အခြေခံသမာဓိကျင့်စဉ် အတွက် ရှူကွက်ရှင်းတမ်းများကို ရှင်းလင်းပြသ၍ ယောဂီများအားတရားစတင်အားထုတ်စေခဲ့ပြီး တရားထောက်များက စောင့်ရှောက်ပေးခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စုရှိ တိုက်ခွဲ ၃၂ သဲအင်းဂူ ဓမ္မရိပ်သာ၌ အစားကျွေးတရားပေးဖြင့် ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး၏ နည်းနာနိဿယဖြင့် လစဉ် တရားစခန်း တစ်ခု ကျင်းပနိုင်စေရန်အတွက် အဖက်ဖက်မှ လူအား ငွေအား အတတ်ပညာအားဖြင့် အထောက်အပံ့ပေးကြသော state ပေါင်းစုံမှ ကုသိုလ်ရှင်များ၊ ဝေယျာဝစ္စ ကုသိုလ်ရှင်များ၊တရားထောက် များ အား အထူး ကျေးဇူးတင် ရှိပါသည်။
ဆရာတော် နှင့် တရားထောက်များ ကျန်းမာကြပါစေ။ ဆွမ်းကုသိုလ်ရှင်များ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။ ဝေယျာဝစ္စကုသိုလ်ရှင်များ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ ဤ အထောက်အပံ့အားဖြင့် တရားစခန်းဝင် ယောဂီများ တရားထူးများ ရကြပါစေ။
ဆွမ်းအချိုပွဲအအေးရေမီး အလှုရှင်များ နှင့် ဝေယျာဝစ္စကုသိုလ်ရှင်များ တူမျှသောကုသိုလ်(အဖို့ဘာဂ) ကို ရရှိရန်သာဓုခေါ်ဆိုနိုင်ကြပါစေ။
📌 Theinngu 32 USA 2026 Schedule (ရက်ရှည်)
https://m.facebook.com/story.php?story_fbid=1262561932564503&id=100064321250149&mibextid=wwXIfr
📌 Theinngu 32 USA 2026 Schedule (ရက်တို)
https://www.facebook.com/share/1DG7boY3CF/?mibextid=wwXIfr
📞 Contact (နေ့စဉ် Online လေ့ကျင့်ရေး)
Thuthu – (202) 841-4107