07/26/2026
ကိုယ်တွေငယ်ဘဝမှာတုန်းက အဖေ အမြဲဆုံးမဖူးတာလေးတစ်ခုရှိတယ်…
တစ်နေ့တာပြီးတဲ့အခါမှာ ဘာတွေရလိုက်သလဲ…
- ပညာရလား
- ဥစ္စာရလား
- ကုသိုလ်ရလားတဲ့…
တစ်နေ့လုံးနေလို့ အဲ့ဒီသုံးခုလုံး ဒါမှမဟုတ် အနည်းဆုံးတစ်ခုတောင် မရဘူးဆိုရင် အဲ့ဒီနေ့က လူဖြစ်ရှုံးတဲ့နေ့ပဲတဲ့…
ပညာလို့ပြောရင် အသိပညာအတတ်ပညာ စတာတွေအပြင် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေပါ ပါတာပေါ့လေ။ နေ့တိုင်းက အသစ်အသစ်တွေချည်းပဲကိုး...
ညတိုင်းတော့မဟုတ်ပေမယ့် ဇောကပ်မနေပဲ အိပ်ရာဝင်ရတဲ့ညတွေဆို စဉ်းစားမိပါတယ်။ ဒီနေ့ ဘာတွေရလိုက်သလဲပေါ့။ တခါတလေ Journal ထဲမှာ ချရေးဖြစ်တယ်…
ဘဝက အရမ်းခက်ခဲတာပဲဆိုတဲ့အပိုင်းအခြားတွေမှာ အဖေပြောခဲ့တဲ့စကားကိုပြန်သတိရပြီး ဘာတွေများရလိုက်သလဲလို့ ပြန်မေးရင်း စိတ်ကိုပြန်တည်ဆောက်ရပြန်တာပဲပေါ့…
ယူတို့ရော ဒီနေ့ ဘာတွေရလိုက်လဲ?