Heal With Me

Heal With Me “Healing doesn’t mean the damage never existed. It means the damage no longer controls your life.” 🌿💚

According to the National Alliance on Mental Illness, 75% of mental health struggles begin before the age of 24.The good...
06/02/2026

According to the National Alliance on Mental Illness, 75% of mental health struggles begin before the age of 24.

The good news? Early struggles do not have to define your future. Reach out for help today!


05/28/2026

စိတ်ခံစားချက်တွေကို ကျွမ်းကျင်အောင်လုပ်နိုင်ဖို့လေ့ကျင့်ကြစို့🍀

1. စိတ်ခံစားမှုများသည် သဘာဝကျပြီး လိုအပ်သော်လည်း စီမံခန့်ခွဲရန် ခက်ခဲနိုင်သည်။ သင့်စိတ်ခံစားမှုများကို ကျွမ်းကျင်အောင် သင်ယူခြင်းသည် ဘဝ၏ နယ်ပယ်အားလုံးတွင် အောင်မြင်မှုအတွက် အရေးကြီးပါသည်။

2. သင့်ခံစားချက်များကို အသိအမှတ်ပြုနားလည်ခြင်းသည် ၎င်းတို့ကို ကျွမ်းကျင်စေရန်အတွက် ပထမအဆင့်ဖြစ်သည်။ သင့်ခံစားချက်များကို ဆင်ခြင်သုံးသပ်ပြီး ၎င်းတို့ကို တိကျစွာခွဲခြားသိရှိရန် သင်ယူပါ။

3. Emotional Intelligence သည် သင့်စိတ်ခံစားမှုများကို ကျွမ်းကျင်စေရန်အတွက် သော့ချက်ဖြစ်သည်။ ယင်းတွင် သင့်စိတ်ခံစားချက်များကို သတိပြုမိခြင်း၊ အခြားသူများ၏ စိတ်ခံစားချက်များကို နားလည်ခြင်းနှင့် သင့်ခံစားချက်များကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခြင်းတို့ ပါဝင်သည်။

4. ကြီးထွားလာသောစိတ်ထားကို မွေးမြူခြင်းသည် သင့်စိတ်ခံစားမှုများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲရန် ကူညီပေးနိုင်ပါသည်။ ဆိုလိုတာက စိန်ခေါ်မှုတွေကနေ သင်ယူပြီး ကြီးပြင်းလာနိုင်တယ်လို့ ယုံကြည်ခြင်းက သူတို့ကို ရှုံးနိမ့်ခြင်းထက် ဆိုလိုတာ ဖြစ်ပါတယ်။

5. ခက်ခဲသောအခြေအနေများတွင်ပင် ပစ္စုပ္ပန်ဗဟိုပြုနေနိုင်စေရန် သတိပဋ္ဌာန်နှင့် တရားထိုင်ခြင်းကို လေ့ကျင့်ပါ။

စာအုပ်များ✅ ဗဟုသုတ ✅ ကြီးပွားရေး။

Master your emotions

1. Emotions are natural and necessary but can also be challenging to manage. Learning to master your emotions is crucial for success in all areas of life.

2. Recognizing and understanding your emotions is the first step in mastering them. Reflect on your feelings, and learn to identify them accurately.

3. Emotional intelligence is key to mastering your emotions. This involves being aware of your own emotions, understanding the emotions of others, and being able to manage your emotions effectively.

4. Developing a growth mindset can help you manage your emotions more effectively. This means believing that you can learn and grow from challenges rather than being defeated by them.

5. Practice mindfulness and meditation to help you stay present and centered, even in challenging situations.

Books✅ Knowledge ✅ Growth.

7 Types of Rest အနားယူခြင်း အမျိုးအစား ၇ မျိုး7 Types of Rest ဆိုတာ Dr. Saundra Dalton-Smith ပြောခဲ့တဲ့ သဘောတရားပါ။ ပင်ပ...
05/09/2026

7 Types of Rest
အနားယူခြင်း အမျိုးအစား ၇ မျိုး

7 Types of Rest ဆိုတာ Dr. Saundra Dalton-Smith ပြောခဲ့တဲ့ သဘောတရားပါ။ ပင်ပန်းတယ်ဆိုတာ အိပ်ရေးမဝတာတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြား rest အမျိုးအစားတွေ လိုနေလို့ဖြစ်နိုင်ပါတယ်တဲ့။

အနားယူခြင်း အမျိုးအစား ၇ မျိုး ကိုလေ့လာကြည့်ရအောင်

၁။ Physical Rest - ကိုယ်ခန္ဓာအတွက် အနားယူခြင်း
လန်းဆန်း တက်ကြွတဲ့ အနားယူမှုနဲ့ မတက်ကြွတဲ့ အနားယူမှု ၂မျိုးရှိတယ်။

လိုအပ်နေတဲ့လက္ခဏာ: ကိုယ်လက်ကိုက်ခဲနေတာ၊ အိပ်
လည်းအိပ်တာပဲ တစ်နေကုန်နုံးနေတာမျိုးကိုဆိုလိုပါတယ်။

လုပ်ဆောင်ရန်
• တကယ်လို့ မလန်းဆန်း မတက်ကြွတာဆိုရင်- အိပ်စက်ခြင်း၊ တစ်ရေးအိပ်ခြင်း လုပဆောင်ပါ။
• တက်ကြွတာ: ယောဂကျင့်တာ၊ အကြောလျှော့တာ၊ အနှိပ်ခံတာ လုပ်ပါ။

၂။ Mental Rest - စိတ်အတွက် အနားယူခြင်း
ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးနေရလို့ ပင်ပန်းနေတာပါ။
လိုအပ်နေတဲ့လက္ခဏာ: အာရုံမစိုက်နိုင်တာ၊ တစ်ခုခုမေ့မေ့နေတာ၊ အိပ်ရာထဲမှာ တွေးပူနေတာ ဖြစ်စေပါတယ်။
လုပ်သင့်တာ: ၂နာရီတစ်ခါ ၅မိနစ်လောက် break ယူပါ။ အိပ်ခါနီးဆို မနက်ဖြန် to-do list ချရေးပြီး ဦးနှောက်ထဲက ထုတ်ပစ်ပါ။

၃။ Sensory Rest - အာရုံခံစားမှုတွေ အနားပေးခြင်း
ဖုန်း၊ ကွန်ပျူတာ၊ မီးရောင်စုံ၊ ဆူညံသံတွေကြောင့် အာရုံတွေ ပင်ပန်းတာကိုဘဆိုလိုပါတယ်။

လိုအပ်နေတဲ့လက္ခဏာ: အသံဆူတာတွေ မကြိုက်တော့တာ၊ မျက်စိကျိန်းတာ၊ စိတ်တိုလွယ်တာဖြစ်ပါတယ်။

လုပ်သင့်တာ: တစ်နေ့ နာရီဝက်လောက် screen အားလုံးပိတ်ထားပါ။ အလုပ်ပြီးရင် တစ်နေရာရာမှာ မျက်လုံးမှိတ် တိတ်တိတ်လေး ထိုင်နေပါ။

၄။ Creative Rest - ဖန်တီးနိုင်စွမ်းအတွက် အနားယူခြင်း
အတွေးအခေါ်သစ်တွေ၊ အကြံဉာဏ်အသစ်တွေ ထွက်ဖို့ အားမွေးတာပါ။

လိုအပ်နေတဲ့လက္ခဏာ: ဘာမှစဉ်းစားမရတော့တာ၊ ပြဿနာကို ဖြေရှင်းဖို့ idea မထွက်တာ ဖြစ်တယ်။

လုပ်သင့်တာ: သဘာဝတရားကြည့်တာ၊ အနုပညာပြခန်းသွားတာ၊ ပန်းလေးထိုးတာ၊ သီချင်းနားထောင်တာ။ ကိုယ်တိုင်လုပ်စရာမလိုဘဲ လှပတာတွေကို ခံစားကြည့်တာ တွေ လုပ်နိုင်ပါတယ်။

၅။ Emotional Rest - စိတ်ခံစားချက်အတွက် အနားယူခြင်း
အမြဲတမ်း “ငါအဆင်ပြေပါတယ်” လို့ ဟန်ဆောင်နေရတာမျိုး မလုပ်ဘဲ ရင်ဖွင့်နိုင်တာမျိုးပါ။

လိုအပ်နေတဲ့လက္ခဏာ: အရမ်းစိတ်ထိခိုက်လွယ်တာ၊ သူများပြဿနာကို ကိုယ်ဝင်ခံစားနေရတာ မျိုးပါ။

လုပ်သင့်တာ: ယုံကြည်ရတဲ့သူနဲ့ ခံစားချက်အမှန်ကို ပြောပြပါ။ No လို့ ငြင်းတတ်အောင်ကျင့်ပါ။

၆။ Social Rest - လူမှုဆက်ဆံရေးအတွက် အနားယူခြင်း
အားအင်ကုန်ခမ်းစေတဲ့သူတွေနဲ့ ခဏဝေးပြီး အားအင်ပြည့်စေတဲ့သူတွေနဲ့ အချိန်ဖြုန်းကြည့်ပါ။

လိုအပ်နေတဲ့လက္ခဏာ: လူတွေ့ရမှာ ကြောက်နေတာ၊ လူတွေနဲ့တွေ့ပြီးတိုင်း ပိုပင်ပန်းသွားသလို ခံစားနေရတာတွေပါ။

လုပ်သင့်တာ: တွေ့ပြီးရင် စိတ်ချမ်းသာသွားစေတဲ့သူငယ်ချင်းနဲ့ တွေ့ပါ။ တစ်ယောက်တည်း အချိန်ပေးပါ။

၇။ Spiritual Rest - စိတ်ဝိညာဉ်အတွက် အနားယူခြင်း
ကိုယ့်ထက်ကြီးမြတ်တဲ့အရာတစ်ခုနဲ့ ချိတ်ဆက်ပြီး ဘဝမှာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာ။

လိုအပ်နေတဲ့လက္ခဏာ: ဘာအတွက်အလုပ်လုပ်နေမှန်း မသိတာ၊ ဘဝကြီးက အဓိပ္ပာယ်မဲ့သလို ခံစားရတာတွေ ဖြစ်နေတာမျိုးပါ။

လုပ်သင့်တာ: ဆုတောင်းတာ၊ တရားထိုင်တာ၊ စေတနာ့ဝန်ထမ်းလုပ်တာ၊ ကိုယ့်တန်ဖိုးနဲ့အညီ နေထိုင်တာ။

ဘယ်လိုစသုံးမလဲ
ကိုယ်အခု ဘယ် rest အမျိုးအစား လိုနေလဲ ၁ခု၊ ၂ခုလောက် ရွေးကြည့်ပါ။ အဲ့ဒါကို ဒီတစ်ပတ်အတွင်း ဖြည့်ပေးဖို့ အသေးလေးတစ်ခုလုပ်ကြည့်ပါ။ ဥပမာ Mental Rest လိုနေရင် နေ့လယ် ၃နာရီတိုင်း ၅မိနစ် မျက်လုံးမှိတ်ပြီး အသက်ရှူလေ့ကျင့်တာမျိုးလုပ်ကြည့်ပါ။

7 types of rest ဘာကြောင့်အရေးကြီးတာလဲ ဆိုတော့ "ပင်ပန်းတယ်" ဆိုတာကို ကျွန်မတို့က "အိပ်ရေးမဝလို့" လို့ပဲ မြင်တတ်ကြလို့ပါ။

၁။ အိပ်ရုံနဲ့ မလုံလောက်လို့ပါ
၂။ ပင်ပန်း နွမ်းနယ်မှု မဖြစ်အောင် ကာကွယ်ပေးတယ်
၃။ ပြဿနာရဲ့ အရင်းမြစ်ကို သိစေတယ်
၄။ စွမ်းဆောင်ရည်ကို တကယ်တက်စေတယ်
၅။ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေပါတယ်

အတိုချုပ်ပြောရရင်
အိပ်စက်ခြင်းက “ဘက်ထရီအားသွင်းတာ” ဆိုရင် ကျန် ၆မျိုးက “ဖုန်းထဲက app တွေ background မှာ run နေတာကို ပိတ်ပစ်တာ” နဲ့တူတယ်။ အားသွင်းလည်းသွင်း၊ background app လည်းပိတ်မှ ဖုန်းက တစ်နေကုန်ခံတာမျိုး။

ကိုယ်တိုင်လည်း အရင်က ညတိုင်း ၇နာရီအိပ်တာတောင် ပင်ပန်းနေတယ်ဆိုရင် ဘယ် rest လိုနေလဲဆိုတာ ဒီ ၇မျိုးနဲ့ ပြန်စစ်ကြည့်လို့ရပါတယ်။ အခုတလော ဘယ်အပိုင်းက အားအနည်းဆုံးလို့ ခံစားရလဲ။
အိပ်စက်ခြင်းတစ်ခုတည်းက အနားယူခြင်းမဟုတ်ဘဲ ဒီ ၇ မျိုးလုံး ဟန်ချက်ညီမှသာ အပြည့်အဝ အနားရပြီး စွမ်းအင်ပြန်ပြည့်မှာ ဖြစ်ပါတယ်။

#ဗဟုသုတ #အသိပညာ

Keep Watering yourself with⏬️
05/06/2026

Keep Watering yourself with⏬️

May is Maternal Mental Health Awareness Monthand no postpartum anxiety isn’t just “new mom nerves.”it isn’t something to...
05/02/2026

May is Maternal Mental Health Awareness Month

and no postpartum anxiety isn’t just “new mom nerves.”
it isn’t something to brush off as
“every mom goes through it.”

it’s laying in bed exhausted
but your mind won’t shut off

it’s checking their breathing
over and over again

it’s your heart racing
over things that haven’t even happened

it’s the intrusive thoughts
the ones that don’t feel like you
that scare you the second they show up

it’s feeling like you have to be “on”
every second
because what if something goes wrong
the one time you relax

it’s loving your baby so deeply
that it turns into fear
of anything ever taking them from you

and the hardest part?
you look “fine” on the outside

but inside
your mind is loud
tired
and running nonstop

this isn’t just “part of being a mom”

this is something real
something heavy
and something that deserves support
not silence

you’re not dramatic for feeling it
and you don’t have to carry it alone

May is Anxiety Awareness Month…but no one really talks about postpartum anxiety the way they should.Not the “I’m just a ...
05/02/2026

May is Anxiety Awareness Month…
but no one really talks about postpartum anxiety the way they should.

Not the “I’m just a worried mom” version.
The real version.

The one where your brain won’t shut off.
Where every quiet moment feels suspicious.
Where sleep doesn’t even feel safe.

You check on your baby…
then check again…
and again.

You finally get a break,
and your thoughts get louder instead of quieter.

“What if something happens?”
“What if I miss it?”
“What if it’s my fault?”

It’s exhausting.
It’s overwhelming.
And it’s invisible to everyone else.

Because on the outside…
you look like you’re holding it together.

But inside,
you’re in a constant state of alert.

Postpartum anxiety is real.
And way more common than people admit.

So if you’re living in that cycle,
you’re not crazy.
You’re not alone.

And you deserve support too.

Boundaries 🤍
04/11/2026

Boundaries 🤍

Don’t take anything personally❗
04/11/2026

Don’t take anything personally❗

Narcissistic (သို့မဟုတ်) အတ္တ မာန သံသယ ဘဝင် လွန်ကဲမှုအတ္တ မာန သံသယ လွန်ကဲမှု ဗီဇစရိုက်ရှိ​တဲ့ ကြောက်စရာ Narcissistic Per...
03/03/2026

Narcissistic (သို့မဟုတ်) အတ္တ မာန သံသယ ဘဝင် လွန်ကဲမှု

အတ္တ မာန သံသယ လွန်ကဲမှု ဗီဇစရိုက်ရှိ​တဲ့ ကြောက်စရာ Narcissistic Person တွေ Psychopath Person တွေနဲ့ အနီးကပ်နေထိုင်ဆက်ဆံပေါင်းသင်းရတာ အင်မတန်ခက်ခဲပင်ပန်းပါတယ်။ Narcissistic သမားတွေနဲ့ အနီးကပ် ပေါင်းသင်းဆက်ဆံဖူးတဲ့သူမှသာ Narcissistic ရဲ့ ဆိုးကျိုးနဲ့ အန္တရယ် ဘယ်လောက်များပြီး Toxic ဖြစ်ရတယ်ဆိုတာကို သိနိုင်မှာပါ။

ဘာလို့လဲဆိုတော့ သူတို့တွေဟာ မကောင်းတဲ့ဘက်မှာ အင်မတန် ဉာဏ်ပြေးကြတယ်။ ဘယ်လိုမျိုးလဲဆိုတော့

(1) လိမ်ပြောတတ်တယ်
(2) ဟန်ဆောင်တတ်တယ်
(3) ကတိကိုလွယ်လွယ်ပေးပြီး လွယ်လွယ်ပြန်ဖျက်တတ်တယ်
(4) အငြင်းသန်တတ်တယ်
(5) အတ္တအရမ်းကြီးတယ်
(6) မာန်မာန အရမ်းတက်တယ်
(7) သံသယ အလွန်များတယ်
(8) သူတို့ပြောပြီး၊ သူတို့လုပ်ပြီး သူများကိုလွှဲချတတ်တယ်
(9) ဘလောင်းဘလဲပြောတတ်တယ်
(10) ကျေးဇူးမသိ၊ သိလဲကျေးဇူးကမ်းတယ်
(11) သူတစ်ပါးအပြစ်ကို အခွင့်ရတိုင်း ထပ်ခါတစ်လဲ ပြောဆိုပြီး နှိမ့်ချတတ်တယ်
(12) လက်စားချေတတ်တယ်
(13) ဘဝင်မြင့်ကာ ဟိတ်ဟန်နဲ့အကြွားသန်ပြီး အပြိုင်အဆိုင်သန်မယ်
(14) ကိုယ်ချင်းစာစိတ်မရှိပါဘူး
(15) ဘာသာရေးအရမ်းလုပ်ပြပြီး ဘာသာရေးကို သူတို့တွေအတွက် အကာအကွယ် သဘော ဟန်ဆောင်ဖို့ (သို့မဟုတ်) သူတစ်ပါးကို အနိုင်ယူတိုက်ခိုက်ဖို့ လက်နက်သဖွယ် အသုံးချတတ်တယ်
(16) သူတို့က နစ်နာအောင်လုပ်ခဲ့ပြီး သူတို့ကပဲနစ်နာခဲ့သလို ဇာတ်လမ်းစဉ် ဟန်ဆောင်လိမ်လည် ဒရမ်မာခင်းတတ်တယ်
(17) တစ်ပါးသူရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှု ငွေကြေး တို့ကို ထိန်းချုပ်ခြယ်လှယ် အပိုင်စီးချင်တတ်တယ်
(18) သူတို့ဟာ ဘယ်တော့မှ ဘယ်လိုလူမျိုးအပေါ်ကိုမှ သစ္စာမရှိပါဘူး အမြဲ သစ္စာဖောက်တတ်ပါတယ် သူတို့ဟာ သူတို့လိုအပ်ချက်အပေါ်ပဲ သစ္စာရှိတတ်ကြသူတွေပါ
(19) သူတို့ အပေါ်ဘယ်လောက်ကောင်းပေးနေပါစေ သူတို့လိုချင်တာ မရရင် ပြဿနာရှာ သူတို့မလို အပ်တော့ရင် ပစ်ချ သွားတတ်သူတွေမို့ သူတို့က ဘယ်လို relationship မျိုးကိုမှ ပျော်ရွှင်သာယာရှည်ကြာတည်တံ့အောင် မထိန်းသိမ်းနိုင်ပါဘူး
(20) သူတို့ဘယ်လောက်မကောင်းပါစေ အဲ့ဒါကို ဟန်ဆောင်လိမ်ညာဖုံးကွယ်ပြီး အများရဲ့ လေးစားမှု အရေးပေးမှု အထင်ကြီးမှုတွေကို မရရအောင် လုပ်ယူတတ် လိုချင်တတ်တယ် တို့ဖြစ်ပါတယ်။

အထက်ပါ အချက်တွေက လူတိုင်းလုပ်လေ့ လုပ်ထရှိတဲ့ပုံစံ သာမန်မဟုတ်ပဲ အလွန်အကျူးဖြစ်နေတာပါ။

Narcissistic တွေက ဉာဏ်ကောင်းတာ မဟုတ် ဉာဏ်ပြေးတာပါ။ ဉာဏ်ကောင်းတဲ့သူက လူတကာနဲ့ အဆင်ပြေအောင်နေဖို့ အင်မတန်အကင်းပါးတယ် လူချစ်အောင်နေတယ်။ Narcissistic တွေက သူတစ်ပါးအပေါ်မှာ အနိုင်ရရင်ပြီးရောဆိုပြီး တစ်ပွဲထိုး ထွက်ပေါက်ရှာ အနိုင်ယူကာ လူမုန်းအောင်နေတာပါ။ အဲ့ဒါက သူတို့ရဲ့ အဓိက အားနဲချက်ပါ။

Narcissistic သမားတွေက သူတို့နဲ့ အဓိကပတ်သက်တဲ့သူ ဥပမာ လင်မယား၊ သားအမိ၊ သားအဖ၊ ညီအကိုမောင်နှမ စတဲ့သူတွေအပေါ်မှာ အင်မတန်ကို ထိန်းချုပ်ချင်ကြတယ်။ သူတို့နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် အကြောင်းအရာတိုင်းကို အရမ်းသိချင်တယ်။ သံသယအလွန်များတယ်။ သူတို့မှလွဲ၍ကျန်လူတွေအပေါ်မှာ မကောင်းမြင်ဝါဒရှိတယ်။ သေးသေးလေးကို ပုံကြီးချဲ့တက်တယ်။

သူတို့ကို မြှောက်ပင့်ပြောဆိုတာ အရမ်းသဘောကျသော်လည်း အဲ့ဒီလိုမြှောက်ပင့်ပြောဆိုသူကိုလဲ မယုံမကြည်သံသယထားတယ်။ သူတို့အကြောင်းကို ပတ်ဝန်းကျင်နဲ့ အပြင်လူတွေသိမှာစိုးလို့ နည်းပေါင်းစုံနဲ့ အထင်ကြီးအောင် ဟန်ဆောင်ပြီး ကင်းကင်းရှင်းရှင်းနေတက်တယ်။

သူတို့လုပ်တာ သူတို့ပြောတာ အကုန်မှန်ကန်တယ်လို့ ဘဝင်လေဟပ်ပြီး သူများကဝေဖန်ထောက်ပြတာကို ရန်သူလိုမျိုးတုံ့ပြန်တတ်ကာ ပိုအရွှဲ့တိုက်တတ်တယ်။

သူတို့နဲ့အတူတူနေရရင် အင်မတန်စိတ်ဆင်းရဲပြီး ကြာလာရင် စိတ်ဓာတ်တွေကျပြီး လုံးပါးပါးလာတက်ပါတယ်။

Narcissistic အမူအကျင့် ဗီဇစရိုက်ရှိသူတွေကို အိမ်ထောင်ဘက်အဖြစ် လုံးဝ မရွေးချယ်သင့်ပါဘူး။ သို့သော် ယူပြီးမှ သိရတဲ့သူတွေရှိသလို တစ်ချို့ကြတော့ မိသားစုထဲမှာ ပါလာလို့ မလွှဲမရှောင်သာ ထိတွေ့ ပေါင်းသင်း ဆက်ဆံနေရတဲ့အဖြစ်မျိုးလဲရှိပါတယ်။

Narcissistic အိမ်ထောင်ဘက်ကို အလွယ်တကူ ကွာရှင်းဖို့လဲ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုကွာရှင်းခံလိုက်ရရင် သူတို့စိတ်မှာ အရှုံးသမားလို့ ယူဆထားတဲ့အတွက် အရှုံးသမားမဖြစ်ချင်တာနဲ့ပဲ ဘယ်တော့မှ အလွယ်တကူ ကွာရှင်းပေးမှာ မဟုတ်ပါဘူး။ မိသားစုဝင်ထဲမှာ Narcissistic ပါလာခဲ့ရင်လဲ မပတ်သက်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

Narcissistic သမားတွေနဲ့ မဖြစ်မနေအတူတူ နေထိုင်ရလို့ ဆုံးရှုံးထိခိုက်မှုတွေဖြစ်လာပြီဆိုရင် ကိုယ့်ဘဝနဲ့ မိသားစုတစ်ခုလုံးက တစ်သက်လုံး သူ့စိတ်နဲ့ Toxic အဖြစ်ခံပြီး ဒီအတိုင်း စိတ်ဆင်းရဲစွာ ဖြတ်သန်းလို့ ဘယ်ဖြစ်မလဲ။

စားဝတ်နေရေး လူမှုရေး ပတ်ဝန်းကျင် ကျန်းမာရေး စတာတွေရှိသေးတယ်ဆိုတော့ သူတို့ကိုရင်ဆိုင်ဖို့ နည်းလမ်းရှာရမှာပါ။ နည်းလမ်းလဲရှိပါတယ်။

Narcissisticတွေနဲ့ မဖြစ်မနေ ဘဝကိုဖြတ်သန်းရတဲ့အခါမှာ ကိုယ့်ကို Toxic အဖြစ်မခံရအောင်
- သူတို့ကို အရောမဝင်ပါနဲ့
- သူတို့ကို မတိုင်ပင်ပါနဲ့
- သူတို့ အမှားကို မထောက်ပြပါနဲ့
- သူတို့ကို ပြင်ပေးပါလို့ သွားမတောင်းဆိုပါနဲ့
- သူတို့ ပြောသမျှမယုံပါနဲ့
- သူတို့ကို ဥပက္ခာပြုပါ
- သူတို့ဆီက ဘာတစ်ခုမှမမျှော်လင့်ပါနဲ့

အဲ့ဒါတွေအပြင် နောက်ထပ်အကောင်းဆုံးဆိုတဲ့ နောက်ဆုံးနည်းလမ်းနဲ့ သူတို့ရန်ကနေ လွတ်မြောက်အောင် ပြုလုပ်နိုင်ပါတယ်။

Narcissistic တွေရဲ့ နှိပ်စက်မှုတွေကို ဘဝမှာ ဘယ်လိုမှ မခံနိုင်တော့လို့ အဖက်ဖက်က Toxic ဖြစ်နေပြီဆိုရင် သူတို့ကြောက်တဲ့ နောက်ဆုံးနည်းလမ်းကိုသုံးသင့်ပါတယ်။

အဲ့ဒီနည်းလမ်းက Narcissistic တွေနဲ့ အနီးကပ် နေထိုင်ပေါင်းသင်း ဆက်ဆံဖူးသူဆိုရင် သူတို့ရဲ့ အပြောအဆို အပြုအမူ စိတ်ထား အလေ့အကျင့်တွေကို အသိဆုံးဖြစ်နေမှာပါ။ သူတို့ပုံစံအတိုင်း သူတို့ထက်ပိုတဲ့ Narcissistic ပုံစံမျိုးနဲ့ သူတို့ကိုပြန်ပြီးဆက်ဆံပေးလိုက်ပါ။ အဲ့ဒါသူတို့ အကြောက်ဆုံးပဲ။

အဲ့လို ပြန်ဆက်ဆံပေးလိုက်ရင် အစမှာတော့ သူတို့အကြီးအကျယ် ပေါက်ကွဲ ရိုင်းစိုင်းပြပါလိမ့်မယ်။
သူတို့ထက်ပြင်းထန်တဲ့ ဆက်ဆံရေးမျိုးကို သူတို့ ခံစားရဖူးသွားတဲ့အခါ သူတို့ဟာသူတို့ ကြောက်ရွံ့ သိမ်ငယ်ပြီး အရှုံးသမားလို့ခံယူသွားလိမ့်မယ်။

သူတို့ အကြောက်ဆုံးက လောကမှာ သူတို့လိုလူမျိုးနဲ့ ပြန်ပြီးပတ်သက်ရမှာကိုပဲ။ သူတို့ပုံစံထက် ပိုပြင်းထန်တဲ့လူနဲ့တွေ့ရင် သူတို့ အစွယ်လုံးလုံးကျိုးသွားပါပြီ။ ကိုယ့်ဘက်က သူတို့ဟာသူတို့ ပြောင်းလဲလာတဲ့အထိ သူတို့ထက်ပိုပြင်းထန်ပြဖို့လိုအပ်ပါတယ်။ ကိုယ့်ပန်းတိုင်မရောက်ခင် စိတ်လျှော့လိုက်မယ်ဆိုရင် သူတို့ပိုဆိုးနိုင်တယ်ဆိုတာ အထူးသတိထားရပါမယ်။ သူ့ကိုရော ကိုယ့်ကိုယ်ကိုရော မိသားစုကိုရော ကယ်တင် ကုသနေတဲ့စိတ်နဲ့ ကိုယ့်စိတ်ကို သူ့လိုပြောင်းလဲပြီး တင်းထားဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ သူတို့က စိတ်နဲ့ပတ်သက်တဲ့ ရောဂါဆိုရင်လဲ သူတို့ဟာသူတို့ ရောဂါလို့ မခံယူလို့ ဆေးကုပေးဖို့ လုံးဝအဆင်မပြေပါဘူး။ ဗီဇစရိုက်ဆိုရင်လဲ ကိုယ်က ပြင်ပေးဖို့လုံးဝမလွယ်ပါဘူး။ သူတို့ဟာသူတို​့ အထိနာသွားတဲ့ အချိန်ကျမှ ပြုပြင်သွားမှာပါ။

သူတို့က အမှတ်ကြီးတဲ့သူတွေဖြစ်လို့ သူတို့ပြန်စိတ်ညစ်ရတဲ့ အခြေအနေကို သေတဲ့အထိ သူတို့စိတ်မှာ အမှတ်တရဖြစ်ပြီး နောက်ထပ်စိတ်မညစ်ရအောင် နေသွားပါလိမ့်မယ်။ Narcissistic သမားတွေက သူများကိုသာ စိတ်ဆင်းရဲအောင်လုပ်တက်ကြတာ သူတို့ ပြန်ပြီးစိတ်ဆင်းရဲခံရမှာကိုတော့ သေလောက်အောင်ကြောက်ကြပါတယ်။

တကယ်တန်းကျရင်တော့ Narcissistic သမားတွေက အမြင်ကပ်စရာကောင်းသလို သူတို့ အစွယ်ကျိုးသွားတဲ့အခါမှာလဲ သနားဖို့ကောင်းပါတယ်။ သူတို့ထက်ပိုပြင်းထန်တဲ့ ပုံစံမျိုးနဲ့ ပြန်ရင်ဆိုင်ခံခဲ့ရလို့ သူတို့ ဘဝကိုနာကျဉ်ပြီး ကြောက်သွားပြီဆိုရင် သူများထက်ပိုပျော့ပျောင်း သွားတတ်လို့ပါပဲ။

အဲ့ဒီအခါမှာ ပြောင်းပြန်ဖြစ်ပြီး သူတို့ကို ဘယ်သူမှ မယုံကြည်တော့တာတို့၊ အလေးမပေးတော့တာတို့၊ အဖက်မလုပ်တော့တာတို့၊ လူတွေကသူတို့ကိုပြန်စောင့်ကြည့်နေတာတို့ စတာတွေကို အများနဲ့တစ်ယောက်ပြန်ခံစားရပြီး သူတို့ဘဝမှာ သိမ်ငယ်မှုတွေနဲ့ ဖြတ်သန်းရပြီး စိတ်ဓာတ်ကျရောဂါ အနေနဲ့ ပြောင်းလဲလာရာကနေ အများစုက အသက်တိုတက်ကြပါတယ်။

လူတိုင်း မိသားစုတိုင်း Toxic Person Narcissistic တွေနဲ့ ကင်းဝေးပြီး ကိုယ်ကိုယ်တိုင် Narcissistic ဖြစ်ခဲ့လျှင်လဲ အမြန်ဆုံး ပြောင်းလဲနိုင်ကြပါစေ။
----------
Edit : Narcissistic သမားတွေဆိုတာ စိတ်ဝေဒနာရှင်အစစ်မဟုတ်ဘူးဆိုတာ ကမ္ဘာမှာ အထောက်အထားတွေရှိပါတယ်။ ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ Narcissistic တွေကို နှစ်သိပ်ဆွေးနွေးဖျောင်းဖျပြီး ကုသနိုင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဝေဒနာရှင် မဟုတ်လို့ပါ။

ကမ္ဘာ့ ဆရာဝန်အများစုကလဲ Narcissistic တွေကို ကုသ၍မရနိုင်သော ရောဂါသည်မဟုတ်တဲ့ ဗီဇဆိုးရှိတဲ့သူတွေလို့ သတ်မှတ်ထားပါတယ်။

အများစုက ပင်ကိုယ်ဗီဇစရိုက် လိုတာထက်ပိုဆိုးပြီး ရှောင်လို့မရအောင်ကို အနီးကပ်ထိတွေ့နေရတဲ့သူတွေကို စိတ်ဓာတ်ကျပြီး လုံးပါးပါးစေတာပါ။

Narcissistic တွေကို စိတ်ရောဂါထင်ပြီး နှစ်သိပ်ဖျောင်းဖြရင် ပိုဆိုးပြီး ပိုအနိုင်ယူကြပါတယ်။ မြတ်စွာဘုရားရှင်တောင်မှ မေတ္တာနဲ့မရရင် ကမ္မဝါစာကို သုံးနိုင်တယ်လို့ ခွင့်ပြုခဲ့ပါတယ်။ ဇာတ်တော်တွေထဲမှာလဲ အင်မတန်ဆိုးသွမ်းတဲ့ နဂါးကြီးကို ရှင်မဟာမောဂ္ဂလန်က သူ့ထက်ပိုကြီးတဲ့ နဂါးကြီးဖြစ်အောင်ဖန်ဆင်းပြီး ရစ်ပတ်ကာ ယဉ်ကျေးအောင် ဆုံးမမာန်ချခဲ့ပါတယ်။ နဂါးကြီးက စိတ်ဝေဒနာရှင်မဟုတ်ပဲ တမင်ကိုဆိုးနေလို့ပါ။

အခုလို တုံ့ပြန်မှုက သူ့ကို ပျော့ပျောင်းပြီး လူ့လောကမှာ အဓိပ္ပါယ်ရှိအောင် ကူညီကုသရာရောက်ပါတယ်။ မိသားစုမှာကြုံဖူးတဲ့သူတွေ ပိုသိပါတယ်။

Protect your peace by limiting negativity....
03/01/2026

Protect your peace by limiting negativity....


Address

Miami, FL

Website

Alerts

Be the first to know and let us send you an email when Heal With Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Heal With Me:

Share