12/01/2023
ခန္ဓာကိုယ်မှာ .....
ကျောက်ကပ်ပျက်စီးနေကြောင်းကို ပြတတ်တဲ့လက္ခဏာများ...
*********************************
၁- ခြေကုန်လက်ပန်းကျခြင်း...
၂-တစ်ခုခုကို အာရုံစိုက်နေလျှင်ခက်ခဲနေခြင်း...
၃-အလိုလိုမောပန်းနေခြင်း...
၄-ခြေဆစ်လက်ဆစ်များရောင်ခြင်း....
၅- ဆီး ခဏခဏသွားခြင်း-ဆီးထဲသွေးပါခြင်း...
၆- အစာစားချင်စိတ်မရှိခြင်း...
၇-မကြာခဏ ကြွက်တက်ခြင်း...
၈-အသားအရေ မွဲခြောက်ခြင်း....
၉- မျက်လုံးအိတ်တွေ မို့လာခြင်း...
၁၀- အနားယူချိန် အိပ်စက်ချိန်တို့မှာ
စိတ်လှုပ်ရှားတုန်လှုပ်နေခြင်း...
အထက်ပါ လက္ခဏာများ ခံစားနေရပြီဆိုရင် ကျောက်ကပ်ပျက်စီးစပြုနေပါပြီ ...
ရှောင်ရန် ...
၁/ ဆီသွပ်ဗူးများ ....
ဆီသွပ်ဗူးတွေမှာ ဆိုဒီယမ်များစွာပါဝင်နေတာကြောင့် ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အထူးသဖြင့်
ကျောက်ကပ်ရောဂါရှိသူများ
လုံးဝ မစားသငိ့ပါဘူး။
၂ / ငှက်ပျောသီး- နာနာတ်သီး...
ပိုတက်ဆီယမ် များစွာပါဝင်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူများ ရှောင်ပါ။
၃ / ထောပတ်သီး....
အာဟာရဓာတ်များစွာပါဝင်ပြီး နှလုံးကျန်းမာရေးကို များစွာ ထောက်ပံ့ကူညီပါတယ်..အဆီဓာတ်- အမျှင်ဓာတ်များလည်းပါဝင်ပါတယ်။
ကျန်းမာရေးအရကောင်းပေမယ့် ပိုတက်ဆီယမ်များတဲ့အတွက်-
ကျောက်ကပ်ရှိသူများအနေနဲ့
မစားသင့်ပါဘူး။
၄ / ဆန်လုံးညို...
ပိုတက်ဆီယမ်များစွာ
ပါဝင်ပါတယ်..မစားသင့်ပါဘူး ...
၅ / လိမ္မော်သီး....
ဗီတာမင် စီ ကြွယ်ဝသလို
ပိုတက်ဆီယမ်လည်းများစွာပါဝင်နေတဲ့အတွက် ရှောင်ရပါမယ်။
၆ / ပြုပြင်ထိန်းသိမ်းထားသော
အသား ငါးများ...
ထိုပြုပြင်ထားတဲ့ အသားငါးတွေမှာ
ဆိုးဆေးများအသုံးပြုထားတာကြောင့် ကျန်းမာနေသူများမစားသင့်သလို ကျောက်ကပ်ရောဂါရှိသူများ လုံးဝရှောင်သင့်ပါတယ်။
၇/ အာလူး-ကန်စွန်းဥ-စွန်ပလွန်သီး- စပျစ်သီး- အခြောက်လှန်းထားသော အသီးများ- ဆားရေစိမ်ထားသောအစားအစာများ- ငါးပိ-ငါးခြောက်-ပုစွန်ခြောက် စသည်တို့ကိုလည်း ရှောင်ရပါမယ်။
ကျောရိုးရဲ့တစ်ဖက်စီတွေမှာရှိတဲ့ကျောက်ကပ်ဟာ လူ့ ခန္ဓာကိုယ်မှာ
အလုပ်အများဆုံးသောတာဝန်တွေကို လုပ်ဆောင်ရပါတယ်။
သူ့ရဲ့ အဓိကတာဝန်တွေက ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကိုသန့်စင် စစ်ထုတ်ပေးရပါတယ်။ ထို
သွေးတွင်းက အညစ်အကြေးတွေကိုသန့်စင်ပေးပြီး စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာသိမ်းထားပေးပါတယ်-ဆီးအဖြစ် ခန္ဓာကိုယ်အပြင်သို့ စွန့်ပေးလိုက်ရပြန်ပါတယ်။
ထို့အပြင် ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးရပြန်ပါတယ်။
သွေးနီဥ ဆဲလ်တွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ အရိုးတွေသန်မာစေပြီးကြွက်သားတွေကောင်းစွာ အလုပ်လုပ်နှိုင်စေရန်
ကယ်လ်ဆီယမ်ကို စုပ်ယူနှိုင်ဖို့ ဗီတာမင် ဒီဖြစ်အောင် လှုပ်ဆော်ပေးပါတယ် ။
ထိုလုပ်ငန်းများစွာကို တာဝန်ယူထမ်းဆောင်နေရတဲ့ ကျောက်ကပ်ဟာ ကျန်းမာနေစေဖို့ အရမ်းကိုအရေးကြီးပါတယ်။
ဒါကြောင့် သင့်ကျောက်ကပ် မပျက်စီးရအောင် အစားအသောက်အနေအထိုင်ကို ဂရုစိုက်ကြပါ။..................................
ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကို
ပိုင်ဆိုင်နှိုင်ကြပါစေ ...
Dr.စည်သူထင်လတ်...
#ထပ်ဆင့်ဝေမျှပါသည်