Dr. Mya Wut Yee

Dr. Mya Wut Yee I am Dr. Mya Wut Yee,a Burmese Surgeon, women’s rights and anti-cyber-harassment advocate in Myanmar.
(569)

မနက် မနက်ကို energy အပြည့်နဲ့ မောင်းတင် အပြေးသွားတာ ပျော်လို့ပေါ့…ဒါပေမယ့် အချိန်တခု ရောက်ရင် စိတ်က မပျော်နေတော့ဘူး ..စိ...
07/09/2026

မနက် မနက်ကို energy အပြည့်နဲ့
မောင်းတင် အပြေးသွားတာ ပျော်လို့ပေါ့…

ဒါပေမယ့် အချိန်တခု ရောက်ရင် စိတ်က မပျော်နေတော့ဘူး ..
စိတ်ညစ်သလို စိတ်ဆင်းရဲသလိုမျိုး ခံစားရတာ …

ငါ ဘာလို့ လှနေရတာလဲ ဆိုပြီးပေါ့ 🥴
ဘယ်လိုများ လုပ်ရပါ့ဆိုပြီး 🙄
မတတ်နိုင်အောင် ဖြစ်ရတယ်ကွယ် 😂

ပြောကို မပြောချင်တော့ပါဘူး 😎🤭😁

ဒီအပတ် ပိတ်ရက်ကတော့ သူများသဒ္ဓါစာလေးတွေနဲ့ စားကောင်းခဲ့သော အချိန်အခါလေး ဖြစ်ခဲ့ပါတယ်
07/09/2026

ဒီအပတ် ပိတ်ရက်ကတော့ သူများသဒ္ဓါစာလေးတွေနဲ့ စားကောင်းခဲ့သော အချိန်အခါလေး ဖြစ်ခဲ့ပါတယ်

တနေကုန် online Modules တွေ ဖတ်လိုက် အဝတ်လေး အခြောက်ခံလ်ုက် ခြောက်ရင် ခေါက်လိုက် စာပြေးဖတ်လိုက်နဲ့ ညနေကျ ရေမိုးချိုး ခေါင...
06/09/2026

တနေကုန် online Modules တွေ ဖတ်လိုက် အဝတ်လေး အခြောက်ခံလ်ုက် ခြောက်ရင် ခေါက်
လိုက် စာပြေးဖတ်လိုက်နဲ့

ညနေကျ ရေမိုးချိုး ခေါင်းလျှော်
Skin care ပြီး

ငါဟဲ့ ပါးပါးကြည်ကြည်လေးဆိုပြီး ပုံရိုက်တာ
မျက်မှန်မပါတာ ကိုယ့်ရုပ်ကိုတောင် ဖုန်းထဲ မမြင်ဘူး
အဲ့ဒါကို selfie ရအောင် ရိုက်သေးတာ
မှုန်ဝါးဝါးနဲ့
ဝါးနေတော့ လှတယ် ထင်တာပေါ့
ကိုယ့်ဘာသာကိုယ်တော့ 🤭
မမြင်မစမ်း အက- န်း 🥴

ဒီရက်ပိုင်း သူ့အဖေနဲ့ပဲ သွားလာနေတော့ အမေကို သူ့ မချစ်တော့မှာစိုးလို့လား မသိပါဘူးဒီမနက် မေမေ မေမေ့ကို ယာယာ sticker ကပ်ပေး...
06/09/2026

ဒီရက်ပိုင်း သူ့အဖေနဲ့ပဲ သွားလာနေတော့ အမေကို သူ့ မချစ်တော့မှာစိုးလို့လား မသိပါဘူး

ဒီမနက် မေမေ မေမေ့ကို ယာယာ sticker ကပ်ပေးမယ် မေမေ့ကို ချစ်လို့တဲ့ 😍

အမေ ဆေးရုံယူသွားတဲ့ အိတ်ကို သူ့ sticker တွေ ကပ်ပေးတာ 🤭

အေးပါ သမီးရယ်ဆို ကျေနပ်အောင် အကပ်ခံလိုက်ရတယ်

အခြေအနေ အချိန်အခါအလိုက် လူချစ်အောင် နေတတ် ထိုင်တတ် ပြောတတ်ဆိုတတ်နော်

ညဘက်ရောက်ရင်လည်း အမေကို Good night kiss လာပေးပြီးမှ အောက်ဆင်း အိပ်တယ်

အမေလည်း ဒီရက်ပိုင်း Online module courses တွေ အပြီး ဖြတ်စရာရှိတာဖြတ် အဝတ်လျှော် အဝတ်ခြောက် ခေါက် ပေါ့

Non-stop ပြန် run ဖို့ အားလေး မွေးရင်းပေါ့

တောက်လျှောက် 56 kg က မကျတာဒီရက်ပိုင်း Jeans pant တွေ ခါးချောင်သွားတာတော့ သတိထားမိပေမယ့် wt ချိန်တဲ့အချိန်မှာ အလွန်တရာ ကျ...
05/09/2026

တောက်လျှောက် 56 kg က မကျတာ

ဒီရက်ပိုင်း Jeans pant တွေ ခါးချောင်သွားတာတော့ သတိထားမိပေမယ့် wt ချိန်တဲ့အချိန်မှာ အလွန်တရာ ကျေနပ်သောပဲ

3 kg နီးပါးကို ၂ ပတ်နဲ့ ကျတာဟေး
Work out လုပ်နေတာ မဟုတ်ပေမယ့် Ward round အကြာကြီးရယ် လှေကားတွေ အတက်အဆင်းရယ် အစား portion လျော့သွားတာရယ် ကျသွားလေသတည်းပေါ့

ဆိုတော့ကာ ခု 118 ပေါင် ဆိုရင် 110 လောက်ဆိုရင် enough for me ဖြစ်ပါပြီ

နောက်ထပ် 3 kg ကျရင် အဲ့ဒီ့နေရာမှာ ဆက်ထိန်းထားရုံပါပဲ 💪💪💪

ကျေနပ်နေပါပြီဟေး 👏👏👏

ဒူမချလေး ဒူမချလေး dance 💃 💃

ဒီနေ့ Head နဲ့ catch up weekly meeting ရှိတော့ လူလူသူသူ Professional ဆန်ဆန် ဝတ်သွားတာပေါ့အဆင်ပြေပြေနဲ့ အများကြီး အကျိုးရ...
04/09/2026

ဒီနေ့ Head နဲ့ catch up weekly meeting ရှိတော့
လူလူသူသူ Professional ဆန်ဆန် ဝတ်သွားတာပေါ့
အဆင်ပြေပြေနဲ့ အများကြီး အကျိုးရှိစေမှာလေးတွေ စီစဉ်ပေးကြလို့ ကျေးဇူးတင် ကျေနပ်ရတယ်
လိုတာရှိလည်း ပြောပါပေါ့ weekly catch up မှာ အကျိုးရှိမှာလေးတွေကို ဝိုင်းစဉ်းစားပေးကြတာ တကယ် ကျေးဇူးတင်စရာပါ ကျွန်မကို Proactive ဖြစ်လို့ appreciate လုပ်ကြတယ်

ခါတိုင်းဆို Jeans နဲ့ ပေမယ့်
လူကြီးနဲ့ တွေ့မှာဆိုတော့ ရိုရိုသေသေလေးပေါ့

အဟေး ထမင်းစားချိန်ကျတော့ colleagues တွေနဲ့ အမီ စားရတော့ နောက်က ကျားလိုက်သလို အမြန် သွတ်ရတာအေ 😅

ဓာတ်ပုံတောင် လှလှ မရိုက်နိုင်ပါဘူး
မနက် အစော ရောက်ဖို့ နဲ့
ကြားထဲ ward round , clinical meeting, ကိုယ့်ရဲ့ catch up meeting နဲ့ ထမင်းလုစားရတာနဲ့

ခုတော့ ခါတိုင်းထက် a little လေး ပဲများတာလေးကလွဲရင် very normal ပါပဲ

ပုံတွေ မတင်ချင်ပေမယ့် အဓိကက Bonus ရအောင်ရယ်
နောက် ကျွန်မကို ဒီလိုပုံမျိုး ပြန်မြင်ချင်တဲ့သူတွေအတွက်ရယ် ရည်ရွယ်ပါတယ်

ကျွန်မကို ကောင်းတာတွေ ဖြစ်လာမှာ မလိုလားတဲ့သူတွေနဲ့ စုတ်ပြတ်သပ်နေပြီလို့ ထင်နေတဲ့သူတွေအတွက်တော့

ငါ မသော်ကေသေးဘူး ရေကူးတတ်တယ်ဆိုတာလေး show off ပြတာပါ

ခေတ်မကောင်းလို့ အဂျီမားလို့ တမင် နေပြနေတာကို
သူတို့က 🤭

နော် ☺️

(P.S ဒီနေ့ ကျွန်မ Share ပေးတဲ့ Campaign ၂ ခုကိုလည်း ဒီ page က Bonus နဲ့ လှူပါဦးမယ် နိုင်သလောက်လည်း ကူပေးကြပါဦးရှင်)

ဒီ Campaign လေးမှာ နိုင်သလောက် ပါဝင် အားဖြည့်ပေးကြပါဦးရှင် 🙏https://www.facebook.com/share/1D79dvocXQ/
03/09/2026

ဒီ Campaign လေးမှာ နိုင်သလောက် ပါဝင် အားဖြည့်ပေးကြပါဦးရှင် 🙏
https://www.facebook.com/share/1D79dvocXQ/

ကမ်ပိန်း မိတ်ဆက်ခြင်း

ရဲဘော်တွေ ဆိုတာ… ရှေ့တန်းစစ်မြေပြင်မှာ ရဲဝံ့ကြပေမယ့်၊ အလှည့်ကျ စားဖိုဆောင် ဝင်ရလို့ ဆန်အိုးထဲကို မျက်စိတဆုံးကြည့်၊ လက်ကို အဆုံးထိ ဆန့်တန်းလို့ ဆန်ခပ်ပြီး ထမင်းချက်ရတဲ့ နေ့ရက်တွေကိုတော့ စိတ်ပျက်အားငယ် မုန်းတီးနေခဲ့ပါပြီ။

ဒါကြောင့်မို့… ရဲဘော်များ စာနပ်ရိက္ခာ (ဆန်) ဖြည့်တင်းနိုင်ရန်အတွက် “ Mission 200 ဆန်ရိက္ခာ ကျပ်သိန်း ၂၀၀ ကမ်ပိန်း” ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဆိုတဲ့ ရှေးစကားလိုပါပဲ။

ရဲဘော်များ စားနပ်ရိက္ခာ အတွက် ဆန်တွေ ပုံ​နေအောင် အင်တိုက်အားတိုက် ဖြည့်တင်းဆောင်ရွက်ပေးနိုင်ရန် အတွက် တိုက်တွန်း၊ နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။


#ဆန်ရိက္ခာကျပ်သိန်း၂၀၀
#ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်

စနေနေ့က သူ့ကုတင်နဲ့ သပ်သပ် အိပ်ချင်လို့တဲ့အမေက ပင်ပင်ပန်းပန်း သယ်ထည့်ရတာ ဒီညကျ မေမေနဲ့ အိပ်မယ်ဆိုပြီး ကိုယ်က စောင်းထည့်ထ...
02/09/2026

စနေနေ့က သူ့ကုတင်နဲ့ သပ်သပ် အိပ်ချင်လို့တဲ့

အမေက ပင်ပင်ပန်းပန်း သယ်ထည့်ရတာ

ဒီညကျ မေမေနဲ့ အိပ်မယ်ဆိုပြီး ကိုယ်က စောင်းထည့်ထားတာများ အမေက အိပ်စရာနေရာ မကျန်ဘူး

ဟို လှည့် ဒီလှည့်နဲ့ အမေ လက်ပါ ကိုင်ထားသေးတာ
😌

02/09/2026

Back to normal activities

Address

Perth, WA
6110

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm
Sunday 9am - 5pm

Alerts

Be the first to know and let us send you an email when Dr. Mya Wut Yee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Mya Wut Yee:

Shortcuts

Featured

Share