The house of VITR

The house of VITR Spiritual Counselor & Occultist. 🏺🔮

သင့်ရဲ့ အောင်မြင်မှုကို နောက်ကွယ်ကနေ တားဆီးနှောက်ယှက်နေတဲ့ 'အရိပ်ဆိုး' က ဘာလဲ❓‼️လူတိုင်းမှာ လင်းလက်တောက်ပ၊အောင်မြင်ချင်တ...
08/06/2026

သင့်ရဲ့ အောင်မြင်မှုကို နောက်ကွယ်ကနေ တားဆီးနှောက်ယှက်နေတဲ့ 'အရိပ်ဆိုး' က ဘာလဲ❓‼️

လူတိုင်းမှာ လင်းလက်တောက်ပ၊အောင်မြင်ချင်တဲ့ ဆန္ဒတွေ ရှိကြပေမယ့်၊ကျနော် တို့ မသိလိုက်ဘဲ ကိုယ့်ကိုယ်ကို အမှောင်ထဲကို ပြန်ဆွဲချနေတတ်တဲ့ မမြင်ရတဲ့ 'အရိပ်ဆိုး' တွေ ကိုယ်စီ ရှိတတ်ပါတယ်။စိတ်ပညာနဲ့ အနောက်တိုင်း လောကီပညာရပ်တွေမှာတော့ ဒီအရိပ်ကို သိမြင်နားလည်ပြီး အလင်းအဖြစ် ပြောင်းလဲခြင်း (Shadow Work) ဟာယနေ့ခေတ်မှာ အရေးကြီးတဲ့အရာတခုဖြစ်လာပါတယ်။

သင့်ရဲ့ လက်ရှိ အောင်မြင်မှု လမ်းကြောင်းကို ဘယ်အရာက တိတ်တဆိတ် ပိတ်ဆို့နေသလဲ❓

မျက်စိကို ခေတ္တမှိတ်၊အသက်ပြင်းပြင်းရှူ စိတ်ကို တည်ငြိမ်အောင်ထားပြီး သင့်ကို အဆွဲဆောင်နိုင်ဆုံး ကတ်တစ်ကတ်ကို ရွေးချယ်ပါ။

1.2.3 ထဲက တကတ် ရွေးချယ်ပြီးပြီဆိုရင်တော့ သင့်အရိပ်ရဲ့ သတိပေးချက် ကိုအောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။
👇
🔮

1️⃣ ကို ရွေးချယ်သူများအတွက် - The Shadow of Illusion

သင့်ကို နောက်ကွယ်ကနေ အကြီးအကျယ် တားဆီးနေတာက "အရာရာ ပြီးပြည့်စုံသွားမှ စတင်မယ်" ဆိုတဲ့ စိတ်ပါပဲ။ အမှားလုပ်မိမှာ၊ အများကဝေဖန်မှာကို ကြောက်ရွံ့တဲ့အတွက် သင်ဟာ ခြေလှမ်းသစ်တစ်ခု လှမ်းဖို့ အမြဲတမ်း တွေဝေ တန့်ရပ်နေတတ်ပါတယ်။

လမ်းညွှန်ချက်

Chaos Magick ရဲ့ သဘောတရားအရ ကမောက်ကမဖြစ်ခြင်း (Chaos) ဆိုတာ ဖန်တီးမှုရဲ့ အစပါပဲ။လက်ရှိ ရှိရင်းစွဲ အခြေအနေကနေ စတင်ဖို့ရာဝန်မလေးပါနဲ့။ သင့်ရဲ့ အကြီးမားဆုံး ရန်သူဟာ သင့်ရဲ့ တွေးပူနေတဲ့ စိတ်ပါပဲ။အခုပဲ လက်တွေ့ အကောင်အထည်ဖော်လိုက်ပါ။

2️⃣ကို ရွေးချယ်သူများအတွက် - The Shadow of the Imposter

သင့်ကို ဆွဲချနေတဲ့ အရိပ်ဆိုးကတော့ "ငါက ထင်သလောက် မတော်သေးပါဘူး၊ ငါနဲ့ မထိုက်တန်ပါဘူး" ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့ခြင်း ပါပဲ။သင့်မှာ အလွန်ကောင်းမွန်တဲ့ အရည်အချင်းနဲ့ အလားအလာတွေ ရှိပေမယ့်လည်း အဲဒီအရိပ်က သင့်ရဲ့ အလင်းရောင်ကို သူများမမြင်နိုင်အောင် ဖုံးကွယ်ထားပါတယ်။

လမ်းညွှန်ချက်

သင်ဟာအောင်မြင်မှုဆီ ရောက်ဖို့ ရာထိုက်တန်ပါတယ်။ သင့်ရဲ့ ပြင်းပြတဲ့ စိတ်စွမ်းအင် (Willpower) ကို အပြည့်အဝ ယုံကြည်ပါ။ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင် အသိအမှတ်ပြုပြီး၊ ကြောက်ရွံ့မှုကို သင့်ရဲ့ လက်နက်တခုအဖြစ် ပြောင်းလဲအသုံးချပါ။

3️⃣ ကို ရွေးချယ်သူများအတွက် - The Shadow of Stagnation

သင့်ရဲ့ လမ်းကြောင်းကို ပိတ်ဆို့နေတာက အတိတ်က နာကျင်မှုတွေ(သို့) လက်ရှိအခြေအနေ ကနေ ရုန်းမထွက်ချင်တဲ့ စိတ်ပါပဲ။ ကြီးမားတဲ့ အရာတခုကို ရဖို့ မလိုအပ်တော့တဲ့ အဟောင်းတခုကို စွန့်လွှတ် (Sacrifice) ရမယ်ဆိုတာကို သင် လက်ခံဖို့ ခက်ခဲနေပါတယ်။

လမ်းညွှန်ချက်

Alchemy ရဲ့ နိယာမအရ အသစ်ဖြစ်တည်ဖို့ အဟောင်းကို လောင်ကျွမ်းသန့်စင်ပစ်ရပါမယ်။🔥
မလိုအပ်တော့တဲ့ ဆက်ဆံရေး၊ တွေးတောမှု ပုံစံအဟောင်းတွေကို ရဲရဲဝံ့ဝံ့ ဖြတ်တောက်လိုက်ပါ။ဒါဆိုရင်သင့်အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေကသင့်ကို သင့်အိမ်တံခါးဝရဲ့ အပြင်ဘက်မှာ စောင့်ကြိုနေပါလိမ့်မယ်။

ပြန်လည်ကူးယူဖော်ပြခြင်းလုံးဝ❌ ခွင့်မပြုပါ။စိတ်ကြိုက် share နိုင်ပါသည်။

✨ ဘယ်ကတ်ကို ရွေးချယ်ခဲ့သလဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦး။

ဒီလို သင့်ရဲ့ မသိစိတ်ကို ဖတ်ရှုပြီး လမ်းကြောင်းမှန်ပေါ် ရောက်အောင် လမ်းညွှန်ပေးမယ့် အစီအစဉ်တွေကို ဆက်လက် တင်ဆက်ပေးသွားမှာမို့ The House of VITR ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။

လောကီပညာ၏ အရင်းအမြစ်ကုဒ်များ (The Esoteric Source Codes:အနောက်တိုင်းလောကီပညာလေ့လာသူများ မဖြစ်မနေ ဖတ်ရှုရမည့် မူရင်းစာအုပ...
07/06/2026

လောကီပညာ၏ အရင်းအမြစ်ကုဒ်များ (The Esoteric Source Codes:အနောက်တိုင်းလောကီပညာလေ့လာသူများ မဖြစ်မနေ ဖတ်ရှုရမည့် မူရင်းစာအုပ်များ)‼️

အပေါ်ယံ Google Level ဗဟုသုတတွေ၊ Wikipedia က ကူးချထားတဲ့ အချက်အလက်အချို့နဲ့ ကျ‌နော် တို့ တည်ဆောက်ထားတဲ့ ပညာရပ်ဆိုင်ရာ ဗိသုကာကြီးကို လာရောက် တိုင်းတာဖို့ ကြိုးစားနေသူတွေ ရှိပါတယ်။အဲ့ဒီလို mundane (လူသာမာန်အမြင်သက်သက်) သမိုင်းကြောင်းတွေထက် ပိုမိုနက်နဲတဲ့ "စကြာဝဠာ၏ စွမ်းအင်နိယာမများ" အကြောင်းကို Facts ကျကျ၊ စနစ်တကျ သုတေသနပြုချင်သူတွေအတွက်... ကျ‌နော် ကိုယ်တိုင် အလေးအနက် ညွှန်းပေးမယ့် မူရင်း အကိုးအကား (Reference) စာအုပ် တွေကို ကဏ္ဍအလိုက်ထည့်သွင်း‌ဖော်ပြပေးလိုက်ပါတယ်။

အမှန်တရားကို ရှာဖွေချင်သူများအတွက် တံခါးပေါက်များ ဖြစ်လာမယ်လို့ယုံကြည်ပါတယ် ⚖️

1️⃣ Tarot Evolution & Esoteric Symbolism (တားရော့၏ အဆင့်ဆင့်ပြောင်းလဲမှုနှင့် လျှို့ဝှက်ချက်များ)

တားရော့ကို ၁၅ ရာစုက သာမန်ဖဲကစားနည်းအဆင့်ကနေ စကြဝဠာရဲ့ စွမ်းအင်တွေကို တိုင်းတာဖတ်ရှုတဲ့ Oracle (နိမိတ်ဖတ်ကိရိယာ) အဖြစ် ဘယ်လို အဆင့်မြှင့်တင်ခဲ့ကြလဲဆိုတာ သိဖို့အတွက် အောက်ပါစာအုပ်တွေက အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။

📚Transcendental Magic, Its Doctrine and Ritual– by Éliphas Lévi📚

၁၈ ရာစုနောက်ပိုင်း တားရော့ကတ်တွေကို Kabbalah (ကာဗ္ဗလာ)၊ နက္ခတ်ဗေဒင် (Astrology) တွေနဲ့ ပထမဆုံး စတင်ချိတ်ဆက်ပြီး High Magick ရဲ့ လမ်းကြောင်းပေါ် ဆွဲတင်ပေးခဲ့တဲ့ ပြင်သစ်ဆရာကြီး Éliphas Lévi ရဲ့စာအုပ်ပဲ ဖြစ်ပါတယ်။

📚The Book of Thoth – by Aleister Crowley📚

တားရော့ကတ်တွေရဲ့ နောက်ကွယ်က စကြာဝဠာစွမ်းအင် (Universal Energy) စီးဆင်းမှု၊ သင်္ကေတစနစ်တွေနဲ့ Hermetic Philosophy တွေ ပေါင်းစပ်ပုံကို အလွန်နက်နဲစွာ ခွဲခြမ်းစိတ်ဖြာပြထားတဲ့ ဂန္ထဝင်စာအုပ် ဖြစ်ပါတယ်။

📚The Pictorial Key to the Tarot – by Arthur Edward Waite📚

အခုခေတ် ကျနော်တို့အများစု သုံးနေကျ Rider-Waite Tarot deck ကိုဖန်တီးခဲ့တဲ့ ဆရာကြီး A.E. Waite ရဲ့ မူရင်းစာအုပ်ဖြစ်ပြီး၊ ကတ်တွေထဲမှာ ဝှက်ထားတဲ့ Esoteric Message တွေကိုသေချာ အဓိပ္ပာယ်ဖွင့်ဆိုပြထားပါတယ်။

2️⃣Hermetic Philosophy & Universe Mechanics ("As Above, So Below" နိယာမ)

စကြာဝဠာကြီး (Macrocosm) နဲ့ လူသား (Microcosm) တို့ရဲ့ စွမ်းအင်ချင်း ထပ်တူကျမှု၊ ကြိမ်နှုန်းတုန်ခါမှုတွေအကြောင်းကို အခြေခံကစပြီး လေ့လာဖို့ ဖြစ်ပါတယ်။

📚 The Kybalion – by Three Initiates📚

"As Above, So Below" (အထက်မှာရှိသလို အောက်မှာလည်းရှိ၏) ဆိုတဲ့ နိယာမအပါအဝင် စကြာဝဠာကြီးတစ်ခုလုံးကို မောင်းနှင်နေတဲ့ ဟားမစ်တစ်နိယာမ ၇ ပါး (Seven Hermetic Principles) ကို အရှင်းလင်းဆုံးနဲ့ အထိရောက်ဆုံး ရေးသားထားတဲ့ လက်စွဲစာအုပ် ဖြစ်ပါတယ်။

📚The Corpus Hermeticum– translated by G.R.S. Mead📚

အနောက်တိုင်းလောကီပညာရပ်တွေ အားလုံးရဲ့ ပင်မအူတိုင်ဖြစ်တဲ့ ဓမ္မဒဿနတွေကို သိရှိနိုင်ဖို့ မူရင်း Hermetic စာစုတွေကို စုစည်းဘာသာပြန်ထားတဲ့ စာအုပ် ဖြစ်ပါတယ်။

3️⃣Egregore & Thoughtforms (စွမ်းအင်ပင်မကြီးနှင့် နာမ်ပိုင်းဆိုင်ရာ ဗိသုကာ)

လူတွေရဲ့ စုပေါင်းစိတ်ကနေ မမြင်ရတဲ့ စွမ်းအင်ပင်မကြီး တွေ ဘယ်လို ဖြစ်တည်လာလဲဆိုတာကို သီးသန့်လေ့လာဖို့ ဖြစ်ပါတယ်။

📚Egregores: The Occult Entities That Watch Over Human Destiny– by Mark Stavish📚

ကျနော်ထည့်သွင်း ဆွေးနွေးခဲ့တဲ့ "Egregore" အကြောင်းကို သီးသန့် သုတေသနပြုပြီး ရေးသားထားတဲ့ အကောင်းဆုံးကျမ်းတအုပ်ဖြစ်ပါတယ်။ လူသားတွေရဲ့ ယုံကြည်မှုစွမ်းအင်ကနေ ပင်မစွမ်းအင်စုကြီး ဘယ်လိုဖြစ်လာလဲ၊ အဲ့ဒီစွမ်းအင်က လူတွေကို ဘယ်လိုပြန်လွှမ်းမိုးလဲဆိုတာ အသေးစိတ်ပါဝင်ပါတယ်။

📚Thought-Forms–by Annie Besant and C.W. Leadbeater📚

လူသားတွေရဲ့ အတွေးနဲ့ ခံစားချက်တွေဟာ နာမ်လောက (Astral Plane) မှာ ဘယ်လို (Thoughtform) တွေအဖြစ် အရောင်အသွေး၊ ပုံသဏ္ဌာန်တွေနဲ့ ထင်ဟပ်ဖြစ်တည်လာလဲဆိုတာကို သရုပ်ဖော်ပုံတွေနဲ့တကွ ရှင်းပြထားပါတယ်။

4️⃣Chaos Magick & Energy Hacking ("Change Your Reality")

မိမိရဲ့ Aura ကို အသုံးချပြီး လက်တွေ့ဘဝ Timeline တွေကို ပြောင်းလဲပုံ (Reality Manipulation) အကြောင်း ဖြစ်ပါတယ်။

📚Liber Null & Psychonaut – by Peter J. Carroll📚

စနစ်ဟောင်း အယူအဆတွေကို ချေဖျက်ပြီး မိမိရဲ့ စိတ်စွမ်းအင် (Willpower) နဲ့ မသိစိတ် (Subconscious) ကို တိုက်ရိုက်အသုံးချကာ Reality ကို Hack လုပ်တဲ့ Chaos Magick ရဲ့ အဓိက အုတ်မြစ်ဖြစ်တဲ့ ကျမ်းတအုပ် ဖြစ်ပါတယ်။

ကျနော် တို့ ပြောနေတဲ့ ပညာရပ်ဆိုတာ စာအုပ်ကြီးအတိုင်း လိုက်ရွတ်ပြနေတာ မဟုတ်ပါဘူး။ ဒီကျမ်းစာတွေထဲက စကြာဝဠာရဲ့ Source Code (ပင်မအရင်းအမြစ်) တွေကို စနစ်တကျ နားလည်ပြီးမှ လက်တွေ့ဘဝမှာ အသုံးချတာ ဖြစ်ပါတယ်။

အပေါ်ယံ အသိလေးတွေနဲ့ လောကကြီးကို ဂျင်းထည့်ချင်သူတွေကတော့ စာအုပ်အမည်လေးတွေ မြင်ရုံနဲ့တင် ခေါင်းမူးသွားကြလိမ့်မယ်။

တကယ့်အနောက်တိုင်းလောကီပညာရပ်ရဲ့ Mechanics တွေကို နှိုက်နှိုက်ချွတ်ချွတ် သိချင်တဲ့ ဂျူနီယာတွေနဲ့ လေ့လာသူတွေကတော့...Meaning တွေအလွတ်ကျက်တာထက် ဒီစာအုပ်တွေကို ရှာဖွေပြီး ဉာဏ်မျက်စိကို အရင်ဆုံး ဖွင့်လှစ်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ။တခြားစာအုပ်တွေလည်းကြုံရင်ညွှန်းပေးမယ်ဗျာ 👌

The House of VITR
Change Your Aura, Change Your Reality.*

ပြန်လည်ကူးယူဖော်ပြခြင်းလုံးဝ❌ခွင့်မပြုပါ စိတ်ကြိုက် Share နိုင်ပါသည်။
#နိမိတ်ကောင်းတွေတည်ပါစေ

အီဂျစ်ဒဏ္ဍာရီများ အပိုင်း (၁)အမှောင်ထုထဲမှ နိုးထလာသော အလင်း (ကမ္ဘာဦးဖန်ဆင်းခြင်း)စကြဝဠာ ကြီးရဲ့ ကနဦး အစ က အခုလို ကြယ်တာရ...
06/06/2026

အီဂျစ်ဒဏ္ဍာရီများ အပိုင်း (၁)

အမှောင်ထုထဲမှ နိုးထလာသော အလင်း (ကမ္ဘာဦးဖန်ဆင်းခြင်း)

စကြဝဠာ ကြီးရဲ့ ကနဦး အစ က အခုလို ကြယ်တာရာ တွေ စုံလင် နေတာမျိုး မဟုတ်ပါဘူး။အလင်း ဆိုတာလည်း မရှိသေးသလို၊ အချိန် ဆိုတဲ့ အတိုင်းအတာ ကလည်း နိုးထ မလာသေးပါဘူး။

အရာအားလုံး ဟာ ငြိမ်သက်ခြင်း၊ အေးစက်ခြင်း နဲ့ ဝိညာဉ် ကင်းမဲ့ခြင်း တွေ ဖုံးလွှမ်း နေတဲ့ ကမ္ဘာဦး ရေပြင်ကျယ် ကြီး အောက်မှာ နစ်မြုပ် နေခဲ့တာ။အဲဒီ သီချင်းမဲ့၊ အသံမဲ့ ရေပြင်ကြီး ကို "နွန်" (Nun) လို့ ခေါ်ကြတယ်။ ဘာ အသက်ရှူသံ မှ မရှိတဲ့ အဲဒီ အတိုင်းအဆမဲ့ အမှောင်ထု ထဲမှာ ကမ္ဘာကြီး ဟာ ရေနစ်သူ တစ်ယောက် လို "အိပ်မက်မဲ့စွာ" အိပ်ပျော် နေခဲ့တာ ပေါ့။

["နွန်" ၏ အိပ်မက်]

လှိုင်းခတ်သံမဲ့ ရေပြင်ကျယ်မှာ
အမှောင်ထုဟာ ထာဝရလို တိတ်လို့ဆိတ်လို့။
အချိန်တွေ မမွေးဖွားခင်၊ ကြယ်တွေ မလင်းခင်
ငါတို့ဟာ အသက်ရှူသံကင်းမဲ့စွာ...
အိပ်မက်မရှိတဲ့ အိပ်စက်ခြင်းထဲ နစ်မြုပ်နေခဲ့ကြ။

_ThwayPhyKhant

၁။ ပထမဆုံးသော ရုန်းထွက်ခြင်းနှင့် အလင်း၏ နိုးထမှု

နှစ်သန်း ပေါင်းများစွာ ရွေ့လျားခြင်း မရှိတဲ့ အမှောင်ထု ထဲကနေ ပထမဆုံး ရုန်းကန် လှုပ်ရှားမှု တခုဟာ စတင်လာခဲ့တယ်။အဲဒါ ကတော့ ရေပြင်ကျယ် ကြီးထဲကနေ ရုန်းထွက် ပေါ်ပေါက် လာတဲ့ ကမ္ဘာဦး ရဲ့ ပထမဆုံး မြေစိုင်ခဲ... "ဘင်ဘင်" (Benben) ကုန်းဦး ပဲ ဖြစ်ပါတယ်။
အဲဒီ ရွှံ့ညွန် ကုန်းမြေ ထက်မှာပဲ မိမိကိုယ်ကို ဖန်ဆင်း ပြီးသား ဖြစ်နေတဲ့ နေနတ်ဘုရား "အတုမ်" (Atum) သို့မဟုတ် "ရာ" (Ra) ဟာ ပထမဆုံးသော အလင်းတန်း အဖြစ် နိုးထ လာခဲ့ပါတယ်။သူ နိုးထ လာတဲ့ အချိန်မှာစကြာဝဠာ တခုလုံး သူ တစ်ယောက်တည်းဖြစ်နေတာ မို့ အလွန်အမင်း အထီးကျန် ခဲ့ရ ရှာပါတယ်။ အဲဒီ အထီးကျန်မှု ရဲ့ ဒဏ်ချက်တွေ ကြောင့်ပဲ သူဟာ သူ့ရဲ့ အသက်ရှူသံ တွေ ကနေတစ်ဆင့် ကမ္ဘာဦး ရဲ့ ပထမဆုံး စုံတွဲကို မှုတ်ထုတ် ဖန်ဆင်း ခဲ့ပါတယ်။

အဲဒါ ကတော့ လေထု နတ်ဘုရား "ရှူး" (Shu) နဲ့ စိုထိုင်းဆ နတ်ဘုရားမ "တက်ဖ်နတ်" (Tefnut) တို့ပဲ ဖြစ်ပါတယ်။

သူတို့ နှစ်ဦး ဟာ အထီးကျန် နေတဲ့ အလင်း နတ်ဘုရား ရဲ့ ရင်ခွင် ထဲကနေ ပေါက်ဖွား လာတဲ့ ပထမဆုံးသော သက်ရှိ စွမ်းအင် တွေ ပေါ့။

[အလင်းဦး၏ သက်ပြင်း]

ကုန်းဦးထက်မှာ ပထမဆုံး နိုးထခြင်းဟာ
အဖော်မဲ့စွာ အလွန်အမင်း အထီးကျန်လှချည်ရဲ့။
တဦးတည်းသော အလင်းရဲ့ ရင်ဘတ်ထဲက
သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တဲ့အခါ...
လေထုနဲ့ စိုထိုင်းဆဟာ ဘဝအသစ်အဖြစ်
လွင့်ပျံအသက်ဝင်သွားခဲ့ကြ။

_ThwayPhyKhant

၂။ ကောင်းကင်နှင့် မြေကြီး၏ ခွဲခွာခြင်းအတ္ထုပ္ပတ္တိ

လေ နဲ့ စိုထိုင်းဆ တို့ ပေါင်းစပ်လိုက် တဲ့အခါ နောက်ထပ် သားသမီး စုံတွဲ မွေးဖွား လာကြပြန်တယ်။မြေကြီး နတ်ဘုရား "ဂျက်ဘ်" (Geb) နဲ့ ကောင်းကင် နတ်ဘုရားမ "နတ်" (Nut) တဲ့။သူတို့ မောင်နှမ နှစ်ယောက် ဟာ တယောက်ကိုတယောက် အလွန်အမင်း ချစ်မြတ်နိုး ကြပါတယ်။ဘယ်လောက် ထိ ချစ်လဲ ဆိုရင် မြေကြီး နဲ့ ကောင်းကင် ဟာ ကြားထဲမှာ လေပင် မခိုနိုင်အောင် အမြဲတမ်း ပူးကပ် ဖက်တွဲ နေခဲ့ကြ တာပါ။ဒါပေမဲ့လည်း သူတို့ ဖက်တွဲ နေသရွေ့ ကမ္ဘာပေါ်မှာ တခြား ဘယ်သက်ရှိ မှ ရှင်သန်ခွင့် မရနိုင်ပါဘူး။ဒါကြောင့် အဖေ ဖြစ်တဲ့ လေနတ်ဘုရား "ရှူး" ဟာ သားသမီး နှစ်ယောက် ရဲ့ ကြားထဲကို ဝင်ရောက် ပြီး ကောင်းကင် နတ်ဘုရားမ ကို အပေါ်ကို မြှောက်တင်၊ မြေကြီး နတ်ဘုရား ကို အောက်မှာ ဖိထား ပြီး အတင်းအကျပ် ခွဲထုတ် လိုက်ရ ပါတော့တယ်။

မြေကြီး ဟာ အောက်မှာ ကျန်ရစ် ပြီး ကောင်းကင် ကတော့ ကြယ်တာရာ တွေ ခြယ်သ ထားတဲ့ ခန္ဓာကိုယ် ကြီးနဲ့ အပေါ်မှာ ကွေးညွတ် ပြီး တည်ရှိ သွားတယ်။သူတို့ နှစ်ဦး ဟာ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ငေးကြည့် နေရ ပေမယ့် ဘယ်တော့မှ ပြန်မဆုံ နိုင်တော့တဲ့ ဝေးကွာခြင်း ကံကြမ္မာ ကိုရင်ဆိုင် လိုက်ရ ရှာပါတယ်။ ကောင်းကင် က ရွာချတဲ့ မိုးရေစက် တွေဟာ မြေကြီး ကို လွမ်းလို့ ကျရတဲ့ ကောင်းကင် မင်းသမီး ရဲ့ မျက်ရည် တွေလို့ အီဂျစ် လူမျိုးတွေ က တွေးခဲ့ကြပါတယ်။

[ကောင်းကင်နှင့် မြေကြီး၏ ထာဝရအကွာအဝေး]

ငါတို့ကြားမှာ လေထုက အမြဲတမ်း
တည်ရှိနေရော့မယ်။
မင်းကကြယ်တွေနဲ့အမြဲ ခြယ်သလှပနေတဲ့
ကောင်းကင်တခု။
ငါကတော့ အောက်မှာ ငေးမောကျန်ရစ်တဲ့
ရွှံ့ခဲမြေစိုင်။
မိုးရွာတဲ့ ညတွေမှာ
ငါ့ခန္ဓာကိုယ်ပေါ် စိုစွတ်သွားတာဟာ
မင်း လွမ်းလို့ ကျရတဲ့...
ကြယ်ပြာမျက်ရည်တွေပေါ့။

_ThwayPhyKhant

၃။ ကံကြမ္မာကို သယ်ဆောင်လာမည့် သားသမီး ၄ ပါး

အဖေ ဖြစ်သူက ဘယ်လောက်ပဲ ခွဲထုတ် ထားပါစေ... ကောင်းကင် နဲ့ မြေကြီး ဟာ မခွဲခွာရခင် အချိန် တုန်းက သန္ဓေတည် ခဲ့တဲ့ ကမ္ဘာဦး ရဲ့ အဓိက မျိုးဆက်နတ်ဘုရား ၄ ပါးကို မွေးဖွား ပေးခဲ့ပါတယ်။ သူတို့ ကတော့...

အိုဆိုင်းရစ် (Osiris)
စိမ်းလန်းခြင်း နဲ့ တရားမျှတမှု တို့ရဲ့နတ်ဘုရား။

အိုက်စစ် (Isis)
မှော်ပညာ နဲ့ မိခင် ဘဝကို ကိုယ်စားပြုတဲ့ နတ်ဘုရားမ။

ဆက်တ် (Set)
ကန္တာရ ရဲ့ မုန်တိုင်း နဲ့ မငြိမ်သက်မှု တို့ရဲ့ နတ်ဘုရား။

နက်ဖ်သစ် (Nephthys)
မြစ်ရေပြင် နဲ့ လျှို့ဝှက်ခြင်း တို့ရဲ့ နတ်ဘုရားမ။

သူတို့ ၄ ပါး မွေးဖွား လာခြင်း ဟာ အီဂျစ်ပြည် ရဲ့ ရွှေရောင်ခေတ် ကို ဆောင်ကြဉ်း ပေးမယ့် နိမိတ် ဖြစ်သလို၊ တစ်ဖက် ကလည်း သွေးချောင်းစီး မယ့် ကလဲ့စားချေ ပွဲတွေ၊ သစ္စာဖောက်မှု တွေနဲ့ ဒဏ္ဍာရီ ရဲ့ အလှည့်အပြောင်း တွေကို သယ်ဆောင် လာမယ့် ကံကြမ္မာ ရဲ့ အစပြုခြင်း လည်း ဖြစ်ပါတော့တယ်။

[ကံကြမ္မာ၏ မြည်ဟည်းသံ]

အလင်းရဲ့ ရွှေခေတ်က ကမ္ဘာမြေပေါ် ရောက်လာပြီ။ဒါပေမဲ့ မြေရိုင်းတွေရဲ့ အောက်ခြေမှာတော့...
မနာလိုခြင်း မုန်တိုင်းက တိုးတိုးလေး စတင်တိုက်ခတ်လို့။မျိုးစေ့လေးပါး နိုးထပေါက်ဖွားခြင်းဟာ
နောက်ထပ် သွေးချောင်းစီးမယ့် ကံကြမ္မာရဲ့ တံခါးသံပဲ ဖြစ်လိမ့်မယ်။

_ThwayPhyKhant

(ဆက်ရန် အပိုင်း ၂... နောင်တ၊ သစ္စာဖောက်မှုနှင့် ပထမဆုံးသော သေခြင်းတရား)

စိတ်ကြိုက် Share နိုင်ပါတယ်။ပြန်လည်ကူးယူဖော်ပြခြင်း လုံးဝ(လုံးဝ❌)ခွင့်မပြုပါ။

#အီဂျစ်ဒဏ္ဍာရီ #ကမ္ဘာဦးဖန်ဆင်းခြင်း #သွေဖီခန့်

🃏Tarot Reader များ အားလပ်ချိန်တွင် ဆော့ကစားနိုင်သော မူလ Tarot ကစားနည်းဟောင်း (Tarocchini / French Tarot) 🃏Tarot Reader တ...
05/06/2026

🃏Tarot Reader များ အားလပ်ချိန်တွင် ဆော့ကစားနိုင်သော မူလ Tarot ကစားနည်းဟောင်း (Tarocchini / French Tarot) 🃏

Tarot Reader တွေ Reading Session တွေ မရှိတဲ့ အားလပ်ချိန်၊ ဒါမှမဟုတ် Reader သူငယ်ချင်းတွေ ဆုံကြတဲ့အခါ ကိုယ့်ရဲ့ Deck လေးတွေနဲ့ ဘာလုပ်လေ့ရှိကြလဲ❓

တကယ်တော့ Tarot ဆိုတာ Occult ပညာရပ်တွေထဲကို အပြည့်အဝ မရောက်လာခင် ၁၅ ရာစု ဥရောပမှာ လူကုံထံတွေ အပျော်တမ်း ကစားခဲ့ကြတဲ့ "Trick-taking Card Game" (ဖဲကစားနည်း) တစ်ခုဆိုတာ သမိုင်းကြောင်းတွေအရ သိကြမှာပါ။ Reading တွေ ဆက်တိုက်လုပ်လို့ စိတ်အာရုံတွေ ပင်ပန်းနေတဲ့အခါ၊ ကတ်တွေနဲ့ ရင်းနှီးမှုပိုရစေဖို့နဲ့ စိတ်အပန်းဖြေဖို့အတွက် အပျော်သဘော ကစားလို့ရတဲ့ မူလ Tarot ကစားနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

တခါတလေမှာ စွမ်းအင်တွေကို ခဏမေ့ထားပြီး ကိုယ့်ရဲ့ ကတ်လေးတွေနဲ့ သက်တောင့်သက်သာ အချိန်ဖြုန်းကြည့်ရအောင်ဗျာ။

🃏 ကစားရန်အတွက် လိုအပ်ချက်များ🃏

ကစားသူအရေအတွက် ၃ ယောက်မှ ၄ ယောက်အထိ။
အသုံးပြုမည့်ကတ်များ ပုံမှန် ၇၈ကတ် ပါ Tarot ကတ်တထုပ် (ကစားဖို့အတွက်ဖြစ်လို့ ဈေးကြီးတဲ့ Deck တွေထက် အလွယ်တကူ ကိုင်တွယ်လို့ရတဲ့ Rider-Waite လို Deck မျိုးက ပိုအဆင်ပြေပါတယ်။)

🃏 ကတ်များ၏ အခန်းကဏ္ဍ🃏

ဒီကစားနည်းမှာ ကတ်တွေကို အုပ်စု (၃) စု ခွဲပါမယ်။
၁။ Minor Arcana (၅၆ ကတ်) သာမန် ဖဲကစားနည်းတွေလိုပါပဲ။ (Wands, Cups, Swords, Pentacles) စတဲ့ Suit (၄) မျိုး ရှိပါတယ်။ ကတ်တွေရဲ့ ကြီးစဉ်ငယ်လိုက် က King, Queen, Knight, Page ပြီးရင် 10 ကနေ 1 အထိ အစဉ်လိုက် ဖြစ်ပါတယ်။

၂။Major Arcana (၂၁ ကတ် - The Fool မပါ)

ဒါတွေကို "Trumps" (ပဒေသာကတ်)လို့ ခေါ်ပါတယ်။ Major Arcana တွေဟာ သာမန် Minor Suit တွေအားလုံးထက် အမြဲတမ်း အနိုင်ရတဲ့ အစွမ်းထက် ကတ်တွေပါ။ ရောမဂဏန်း နံပါတ်စဉ်အလိုက် အကြီး/အငယ် သတ်မှတ်ပါတယ်။ (ဥပမာ - The World (XXI) က အကြီးဆုံးဖြစ်ပြီး၊ The Magician (I) က အငယ်ဆုံးပါ။)

၃။ The Fool (0)

ဒီကတ်ကို "The Excuse" (ကင်းလွတ်ခွင့်ကတ်)လို့ သုံးပါတယ်။ ဘယ်အလှည့်မှာမဆို ကတ်ကိုစားစရာမလိုဘဲ အချိန်မရွေး ချလို့ရတဲ့ ကတ်မျိုး ဖြစ်ပါတယ်။

🃏 ကစားပုံအဆင့်ဆင့် (ရိုးရှင်းသော Mechanics)

အလှည့်စတင်ခြင်း

ဒိုင်က ကတ်တွေကိုအညီအမျှ အကုန်ဝေပေးပြီးရင် ပထမဆုံးဝေခံရတဲ့ လူက ကတ်တကတ်ကို စချရပါမယ်။ (ဥပမာ - Wands ကတ် တကတ် ချလိုက်တယ်ဆိုပါစို့။)

လိုက်ချရခြင်း

ကျန်တဲ့သူတွေကလည်း မဖြစ်မနေ ကိုယ့်လက်ထဲက Wands ကတ်ကိုပဲ လိုက်ချရပါမယ်။ Wands ကတ်တွေထဲမှာ နံပါတ်အကြီးဆုံးချတဲ့သူက အဲ့ဒီအလှည့် (Trick) ကို အနိုင်ရပြီးချထားတဲ့ ကတ်တွေ သိမ်းရပါတယ်။

Trumpsကတ်များကိုသုံးခြင်း

အကယ်၍ ကိုယ့်လက်ထဲမှာ လိုက်စရာ Wands ကတ် မရှိတော့ဘူးဆိုရင်... Major Arcana (Trump) ကို ထုတ်သုံးပြီး အနိုင်ယူနိုင်ပါတယ်။ (Trump တွေဟာ ဘယ် Minor ကတ်ကိုမဆို အနိုင်ယူနိုင်ပါတယ်။)

The Fool ကိုသုံးခြင်း

ကိုယ့်မှာ လိုက်စရာလည်း မရှိဘူး၊ Trump လည်း မသုံးချင်ဘူးဆိုရင် The Fool ကို ထုတ်ချပြီး အဲ့ဒီအလှည့်ကို ကျော်သွားလို့ ရပါတယ်။

ဒီလိုမျိုးနဲ့ လက်ထဲက ကတ်တွေ ကုန်သွားတဲ့အထိ ကစားပြီး၊ အလှည့် (Trick) အများဆုံး အနိုင်ရပြီး ကတ်အများဆုံး စုဆောင်းနိုင်တဲ့သူက အနိုင်ရတာပဲ ဖြစ်ပါတယ်။
ဒါဟာ Heavy ဖြစ်နေတဲ့ Energy တွေကို Light ဖြစ်သွားစေမယ့်၊ Reader တွေအတွက် သီးသန့် ဖန်တီးထားသလိုဖြစ်နေတဲ့ ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ ကစားနည်းလေးပါ။

နောက်တခါ Reader သူငယ်ချင်းတွေ ဆုံကြတဲ့အခါ စားပွဲဝိုင်းမှာ Reading တွေချည်း ထိုင်လုပ်မနေဘဲ ကိုယ်သုံးနေကျ Tarot ထုပ်လေးတွေနဲ့ ဒီလိုမျိုး အပျော်တမ်း ကစားကြည့်ဖို့ အကြံပြုချင်ပါတယ်ဗျာ။

(ယခင်တင်ခဲ့တဲ့ post မှာ "Tarot ကို ကစားစရာအဖြစ်သဘောထားကြသူများရဲ့ စွမ်းအင်ဆိုင်ရာကျဆုံးခန်း" ဆိုတဲ့အထဲက ကစားစရာဆိုတာ အပေါ့လေးတွေး၊အလွယ်လေးမှတ်၊ထင်ရာလုပ်တာကို တင်စားထားတာပါ။အဲ့တာကိုမဆီမဆိုင် အရင်ခေတ်ကကစားနည်းနဲ့ လာထေ့တော့ ကိုယ်လည်း ကစားလို့ရအောင် ကစားနည်းကိုမြန်မာလိုလေးရေးပေးလိုက်တယ်နော် 👌🫪 ဤကားစကားချပ်)

The House of VITR
Change Your Aura, Change Your Reality.
ပြန်လည်ကူးယူဖော်ပြခြင်းလုံးဝ❌ခွင့်မပြုပါ စိတ်ကြိုက် Share နိုင်ပါသည်။
#နိမိတ်ကောင်းတွေတည်ပါစေ

Tarot Reader တို့အတွက်မကောင်းသော စွမ်းအင်များကာကွယ်နည်း (Energetic Hygiene)"တခြားသူတွေရဲ့ ကံဆိုးမှု၊ သောကစွမ်းအင်တွေ ကို...
02/06/2026

Tarot Reader တို့အတွက်မကောင်းသော စွမ်းအင်များကာကွယ်နည်း (Energetic Hygiene)

"တခြားသူတွေရဲ့ ကံဆိုးမှု၊ သောကစွမ်းအင်တွေ ကိုယ့်ဆီ ကူးစက်မလာအောင် ဘယ်လိုလုပ်ရမလဲ❓" ဆိုတာ Tarot လောကထဲ ခြေစုံပစ်ဝင်လာသူတိုင်း မဖြစ်မနေ သိထားရမယ့် အရေးကြီးဆုံး အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

သူတစ်ပါးရဲ့ Energy Field (စွမ်းအင်ကွင်းပြင်) ထဲ ဝင်ရောက်ကြည့်ရှုတဲ့အခါ မလိုလားအပ်တဲ့ ဓာတ်ကူးမှုတွေ၊ ပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ဖို့ ကျွန်တော်တို့ The House of VITR က ကျင့်သုံးတဲ့ စွမ်းအင်သန့်စင်ခြင်း အစီအရင် (၃) ချက်ကို မျှဝေပေးလိုက်ပါတယ်။ ‼️

၁။ Grounding & Centering (စွမ်းအင်အမြစ်ချခြင်း)
Session တစ်ခု မစခင်မှာ ကိုယ့်ရဲ့ Aura ကို အရင်ဆုံး တည်ငြိမ်အောင် ကာရံရပါမယ်။

👉 အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း/ရှူထုတ်လုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းအင်တွေဟာ မြေကြီးထဲကို အမြစ်တွယ်ဆင်းသွားသလို စိတ်ထဲက ပြင်းပြင်းထန်ထန် ပုံဖော်ပါ။

👉 ကိုယ်ဟာ ကြားခံလူ (Neutral Channel) သက်သက်ပဲ ဖြစ်တယ်၊ တဖက်လူရဲ့ သောကတွေကို ကိုယ်တိုင် ဝင်ခံစားမှာ မဟုတ်ဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ တံတိုင်း (Mental Filter) ကို ကြိုတင် ဆောက်ထားရပါမယ်။

၂။ Energetic Shielding (စွမ်းအင်အကာအကွယ်များ)

ရုပ်ပိုင်းဆိုင်ရာအရော၊ နာမ်ပိုင်းဆိုင်ရာအရပါ အကာအကွယ် (Shield) တွေ သုံးရပါမယ်။

👉 Reading လုပ်မယ့် စားပွဲပေါ်မှာ မကောင်းတဲ့ စွမ်းအင်တွေကို စုပ်ယူဖယ်ရှားပေးနိုင်တဲ့ အမည်းရောင် ကျောက်မျက်တွေ (ဥပမာ - Black Tourmaline, Obsidian) ချထားပါ။

👉အမွှေးတိုင် သို့မဟုတ် Sage (ကလျာနီသိမ်) တိုင်တခုကို ထွန်းညှိပြီး ကတ်တွေနဲ့ ပတ်ဝန်းကျင် ဧရိယာကို အငွေ့များဖြင့် သန့်စင်ပေးခြင်းဟာ မမြင်နိုင်တဲ့ စွမ်းအင်အညစ်အကြေးတွေကို အထိရောက်ဆုံး ပိတ်ဆို့ကာကွယ်ပေးနိုင်ပါတယ်။

၃။ Cord Cutting (စွမ်းအင်လမ်းကြောင်း ဖြတ်တောက်ခြင်း)

ဒါဟာ အရေးအကြီးဆုံး အဆင့်ပါ။ Reading ပြီးဆုံးသွားတာနဲ့ ကတ်တွေကို သေသေချာချာ ပြန်လည်စုစည်းပြီး "ဒီ Session ပြီးဆုံးပြီ၊ တဖက်လူရဲ့ စွမ်းအင်တွေ ငါ့ရဲ့ Timeline ပေါ်မှာ ကျန်မနေခဲ့စေရဘူး" လို့ စိတ်ထဲက ခတ်ပြတ်ပြတ် ညွှန်ကြားရပါမယ်။

👉Session အပြီးမှာ လက်ကို ရေအေးအေးနဲ့ စင်ကြယ်အောင် ပြန်လည်ဆေးကြောခြင်း သို့မဟုတ် လက်ခုပ်ကို ပြင်းပြင်းထန်ထန် တချက်တီးလိုက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအရော စွမ်းအင်ပိုင်းအရပါ ဓာတ်ကူးမှုကို ချက်ချင်း ဖြတ်တောက် (Cord Cutting) လိုက်တာ ဖြစ်ပါတယ်။

✨ဒါဟာ စိတ်ပညာအရ "Psychological Boundaries" ဖြစ်သလို၊ Occult အရ "Energetic Hygiene" (စွမ်းအင်ဆိုင်ရာ သန့်ရှင်းမှု) လည်း ဖြစ်ပါတယ်။

✨ပညာရပ်ကို တန်ဖိုးထားပြီး ကိုယ့်ရဲ့ စွမ်းအင်ကျန်းမာရေးကို စနစ်တကျ ထိန်းသိမ်းတတ်လာတဲ့အခါမှသာ ထို The Living Grid က တဆင့် မလိုလားအပ်တဲ့ ကံကြမ္မာလှိုင်းဂယက်တွေ ကိုယ့်ဆီ ရိုက်ခတ်လာခြင်းကနေ လုံးဝ ကင်းလွတ်သွားပါလိမ့်မယ်။

ကဲ...ဒါဆို Tarot Reader အချင်းချင်း ဆွေးနွေးကြည့်ရအောင်။ Tarot ဟောပြီးတဲ့အခါ ခေါင်းမူးတာ၊ စိတ်အလိုလိုနေရင်း ညစ်ညူးလာတာမျိုးတွေ ကြုံဖူးကြလား❓ကိုယ့်ရဲ့ စွမ်းအင်ကိုရော ဘယ်လို ပြန်သန့်စင်လေ့ရှိလဲ Comment မှာ ဝင်မန့်ခဲ့ကြပါဦး။

The House of VITR
Change Your Aura, Change Your Reality.

ပြန်လည်ကူးယူဖော်ပြခြင်းလုံးဝ❌ခွင့်မပြုပါ စိတ်ကြိုက် Share နိုင်ပါသည်။
#နိမိတ်ကောင်းတွေတည်ပါစေ

⚖️Tarot ပညာရပ်ကို ကစားစရာထင်ကြသူတို့၏ စွမ်းအင်ဆိုင်ရာ ကျဆုံးခန်း ⚖️   အခုနောက်ပိုင်း မြန်မာ့ Tarot လောကမှာ စာအုပ်တအုပ်ဖတ...
01/06/2026

⚖️Tarot ပညာရပ်ကို ကစားစရာထင်ကြသူတို့၏ စွမ်းအင်ဆိုင်ရာ ကျဆုံးခန်း ⚖️

အခုနောက်ပိုင်း မြန်မာ့ Tarot လောကမှာ စာအုပ်တအုပ်ဖတ်၊ ကတ်တစ်ထုပ်ဝယ်ပြီး တလပြတ်သင်တန်းတက် ရက်ပိုင်းအတွင်း ဆရာ/ဆရာမ အမည်ခံကာ Tarot ဟောပြောလုပ်ကိုင်နေကြသူတွေကို ခပ်စိပ်စိပ် မြင်လာရပါတယ်။

Tarot reader အလုပ်ဟာ ရိုးရိုးရှင်းရှင်း ငွေရှာတဲ့ လုပ်ငန်းတစ်ခုသက်သက်ပဲ မဟုတ်ပါဘူး။နောက်ကွယ်က Esoteric (လျှို့ဝှက်ပညာရပ်) နိယာမတွေနဲ့ စွမ်းအင်ဆိုင်ရာ အလုပ်လုပ်ပုံတွေကို သေသေချာချာ နားမလည်ဘဲ Tarot ကို ကိုင်တွယ်ခြင်းဟာ မီးစကို လက်ဗလာနဲ့ ဆုပ်ကိုင်လိုက်သလိုပါပဲ။

အခြေခံအုတ်မြစ် မရှိဘဲ၊ စွမ်းအင်စနစ်တွေကို မသိဘဲ Tarot ကို စီးပွားဖြစ် ဟောပြောလုပ်ကိုင်နေသူတွေ ရေရှည်မှာ ဘာတွေ ရင်ဆိုင်လာရမလဲဆိုတာကို Fact ကျကျ သတိပေး တင်ပြပေးလိုက်ပါတယ်။ ‼️

၁။ Karmic Backlash နှင့် စွမ်းအင်အညစ်အကြေးများ ကူးစက်ခြင်း (Energetic Contamination)

Tarot Reader တစ်ယောက်ဟာ ကတ်တွေကို ဖြန့်ခင်းလိုက်တာနဲ့ တဖက်လူရဲ့ Energy Field (စွမ်းအင်စက်ကွင်း) နဲ့ မေးသူရဲ့ Timeline ထဲကို ဝင်ရောက်စူးစမ်းတာ ဖြစ်ပါတယ်။ လာမေးသူတွေရဲ့ ကံဆိုးမှု၊ စိတ်ညစ်စရာ၊ သောကစွမ်းအင်တွေဟာ အမြဲတမ်း ပတ်ဝန်းကျင်မှာ လွင့်ပျံနေတတ်ပါတယ်။ စွမ်းအင်သန့်စင်ဖြတ်တောက်ခြင်း (Cleansing and Detachment) နည်းစနစ်တွေကို သေချာမသိနားမလည်တဲ့အခါ တဖက်လူရဲ့ ကံဇာတာအညံ့တွေ၊ စွမ်းအင်အပုပ်အသိုးတွေဟာ Reader ဆီကို မသိမသာ ကူးစက် (Absorb) လာပါတော့တယ်။ ရလဒ်အနေနဲ့ အကြောင်းရင်းမရှိဘဲ ကိုယ်တိုင် စိတ်ဓာတ်ကျလာတာ၊ ကျန်းမာရေးချို့တဲ့လာတာနဲ့ မိမိရဲ့ ကိုယ်ပိုင်ဘဝပါ ကမောက်ကမ ဖြစ်လာတတ်ပါတယ်။

၂။ Subconscious Backfire (မသိစိတ်၏ ပြန်လည်တိုက်ခိုက်ခြင်း)

Tarot ကတ်တွေမှာ သုံးထားတဲ့ ပန်းချီကားချပ်တွေဟာ လူသားတွေရဲ့ ဘုံမသိစိတ်ထဲက အစွမ်းထက်လှတဲ့ Archetypes တွေ ဖြစ်ပါတယ်။ ပညာကို နှိုက်နှိုက်ချွတ်ချွတ် မသိဘဲ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု (Shadow Work စတာတွေ ) မရှိဘဲ ကတ်တွေကို စီးပွားဖြစ်နေ့တိုင်း ဆက်တိုက်ကိုင်တွယ်တဲ့အခါ ကတ်တွေရဲ့ Shadow Energy (ဥပမာ - The Tower သို့ Death) ကတ်များ၏ ဖျက်ဆီးခြင်းစရိုက်များ) ဟာ Reader ရဲ့ မသိစိတ်ထဲကို ပြန်လည် ဟက်ခ် (Hack) လုပ်ပြီး ဝင်ရောက် ပုံသွင်းပါတော့တယ်။ ဒါကြောင့် ပညာမပြည့်ဝဘဲ စီးပွားဖြစ်သက်သက် လုပ်နေတဲ့ ဆရာအချို့ဟာ အပြင်ဘဝမှာပါ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု၊ စိတ်ကယောင် ခြောက်ခြားဖြစ်မှုတွေ ကြုံလာရခြင်း ဖြစ်ပါတယ်။

၃။ Egregore ၏ စွန့်ပယ်မှုကို ခံရခြင်း (Loss of Intuition)

Esoteric နယ်ပယ်မှာ Tarot ဆိုတာ ပညာရှင်ပေါင်းများစွာက ဘဝအဆက်ဆက် ရာစုနှစ်ပေါင်းများစွာ အချိန်ယူပြီးတည်ဆောက်ထားတဲ့ ရှေးဟောင်းစုပေါင်းစွမ်းအင်အူတိုင်ကြီး (Egregore) တခု ရှိပါတယ်။

ဒီပညာရပ်ကို ရိုသေလေးစားမှုမရှိဘဲ၊ သီအိုရီဗိသုကာ‌တွေရဲ့ မြေပုံကို မလေ့လာဘဲ ငွေမျက်နှာတခုတည်းနဲ့ လိမ်ညာဟောပြောနေတဲ့အခါ အဲ့ဒီစွမ်းအင်ပင်မကြီးနဲ့ လုံးဝ လမ်းခွဲပြတ်တောက်သွားတတ်ပါတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ ပကတိ Intuition (ခံစားသိမြင်မှု) ဟာ လုံးဝ သေဆုံးသွားပြီး၊ နောက်ပိုင်းမှာ စာအုပ်ကြီးအတိုင်း လိုက်ဖတ်ရုံ၊ လျှောက်မှန်းဟောရုံအဆင့်ပဲ ကျန်တော့တဲ့အတွက် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု (Mental Burnout) ကို ခံစားရပါလိမ့်မယ်။

👉 ဒါဟာ စိတ်ပညာအရ "Psychological Exhaustion" ဖြစ်သလို၊ Occult ပညာအရ "Karmic Debt" (ဝိညာဉ်ရေးရာ အကြွေး) တက်လာခြင်းလည်း ဖြစ်ပါတယ်။

👉 Tarot ဆိုတာ စက္ကူကတ်ပြားတွေသက်သက် မဟုတ်ပါဘူး။ စကြာဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဟပြတဲ့ အသက်ရှိတဲ့ စွမ်းအင်တံခါးပေါက် Living Grid တခုဖြစ်ပါတယ်။ တန်ဖိုးမသိဘဲ ကစားစရာမှတ်နေရင်တော့ ထိုတံခါးပေါက်က သင့်ကို ပြန်လည် ဝါးမြိုသွားပါလိမ့်မယ်။

ကဲ... လောကီပညာရပ်တွေကို တန်ဖိုးမထားဘဲ အပျော်သဘော၊ စီးပွားဖြစ်သဘောသက်သက် လုပ်ကိုင်ရင်း ဘဝပျက်သွားကြတဲ့ ဆရာတွေအကြောင်းကိုကော သင်တို့ ပတ်ဝန်းကျင်မှာ ကြုံဖူး၊ မြင်ဖူးကြလား❓ပြောချင်တာရှိရင် Comment မှာ ဝင်မန့်ခဲ့ကြပါဦး။

The House of VITR
Change Your Aura, Change Your Reality.

ပြန်လည်ကူးယူဖော်ပြခြင်းလုံးဝ❌ခွင့်မပြုပါ စိတ်ကြိုက် Share နိုင်ပါသည်။

#နိမိတ်ကောင်းတွေတည်ပါစေ

Tarot card များကို Wallpaper သို့မဟုတ် အဆောင်အဖြစ် ဘာကြောင့် မသုံးသင့်လဲ ❓Tarot card တွေကို ကံကောင်းစေဖို့၊ ငွေဝင်စေဖို့...
27/05/2026

Tarot card များကို Wallpaper သို့မဟုတ် အဆောင်အဖြစ် ဘာကြောင့် မသုံးသင့်လဲ ❓

Tarot card တွေကို ကံကောင်းစေဖို့၊ ငွေဝင်စေဖို့ ဒါမှမဟုတ် အချစ်ရေးအဆင်ပြေစေဖို့ဆိုပြီး ဖုန်းမှာWallpaper ထားတာ၊ အဆောင်အနေနဲ့ သုံးတာတွေဟာ အခုနောက်ပိုင်း တော်တော်လေး ခေတ်စားလာပါတယ်။ ဒါပေမယ့် Esoteric သဘောတရားနဲ့ Chaos Magick ရဲ့ ရှုထောင့်ကနေ သေချာပြန်သုံးသပ်ကြည့်ရင် ဒါဟာ လက်တွေ့မကျတဲ့အပြင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

Fact ကျကျ ဘာကြောင့် မသုံးသင့်ဘူးလဲဆိုတာကို အချက် (၄) ချက်နဲ့ ရှင်းပြပေးပါမယ် 👌

၁။ Tarot သည် ရောဂါရှာဖွေသည့် ကိရိယာ (Diagnostic Tool) သာဖြစ်သည်

Tarot က ကိုယ့်ရဲ့ လက်ရှိစွမ်းအင်စီးဆင်းမှုနဲ့ အနာဂတ်ဖြစ်နိုင်ခြေတွေကို ဖတ်ရှုပေးတဲ့ မှန်တစ်ချပ် (သို့မဟုတ်) သံလိုက်အိမ်မြှောင်တစ်ခုသာ ဖြစ်ပါတယ်။ဖျားနာနေတဲ့သူတစ်ယောက်က သာမိုမီတာကို အဆောင်အဖြစ် ဆွဲထားရုံနဲ့ ရောဂါမပျောက်နိုင်သလိုပဲ၊ Tarot ကတ်တွေကို အဆောင်အဖြစ် ဆောင်ထားလိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ရလဒ်ကို မရနိုင်ပါဘူး။သူတို့ရဲ့ အဓိကလုပ်ဆောင်ချက်က ပြဿနာကို ထောက်ပြဖို့နဲ့ လမ်းပြပေးဖို့ သက်သက်သာ ဖြစ်ပါတယ်။

၂။ Archetype များ၏ အရိပ် (Shadow Aspect) သက်ရောက်မှု

Tarot ကတ်တစ်ခုစီတိုင်းမှာ အလင်းနဲ့ အမှောင် (Light and Shadow) နှစ်ဖက်စလုံး ရှိပါတယ်။ ဘယ်ကတ်မှ ၁၀၀ ရာခိုင်နှုန်း အကောင်းချည်းပဲ မရှိပါဘူး။

ဥပမာ- ငွေဝင်စေချင်လို့ ဥစ္စာဓနကို ကိုယ်စားပြုတဲ့ "The Empress" ကို Wallpaper ထားမယ်ဆိုပါစို့။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီကတ်ရဲ့ Shadow energy တွေဖြစ်တဲ့ လောဘကြီးတာ၊ ပျင်းရိတာ၊ သူတစ်ပါးအပေါ် မှီခိုလွန်းတာတွေပါ Subconscious (မသိစိတ်) ထဲကို စိမ့်ဝင်လာနိုင်ပါတယ်။ကတ်တစ်ခုရဲ့ စွမ်းအင်ဟာ အမြဲတမ်းအတွက် ငြိမ်သက်မနေပါဘူး။ အမြဲတမ်း ဖွင့်ထားတဲ့ ရေပိုက်ခေါင်းတစ်ခုလိုပဲ မလိုလားအပ်တဲ့ စွမ်းအင်တွေပါ ဝင်လာနိုင်ပါတယ်။

၃။ သင်္ကေတများ၏ ရှုပ်ထွေးမှု (Complexity vs. Specific Intent)

အဆောင်တစ်ခု (ဥပမာ - Sigil သို့မဟုတ် Bindrune) ဆိုတာ တိကျတဲ့ ရည်ရွယ်ချက် (Specific Intent) တစ်ခုတည်းအတွက်သာ ဖိုကပ်စ်ထားပြီး ဖန်တီးရတာပါ။
Tarot ကတ်တခုမှာတော့ နက္ခတ်ဗေဒင် (Astrology)၊ ကဗ္ဗလာ (Kabbalah)၊ ဓာတ်သဘောတရား (Elements) တွေနဲ့ ရှေးဟောင်းသင်္ကေတပေါင်းများစွာ ရောယှက်ပါဝင်နေပါတယ်။ Message တွေ၊ သင်္ကေတတွေ များလွန်း၊ ရှုပ်ထွေးလွန်းတဲ့အတွက် စကြာဝဠာဆီက ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းကို တိတိကျကျ စေလွှတ်ဖို့ (Manifest လုပ်ဖို့) ဆိုတာက မဖြစ်နိုင်ပါဘူး။

၄။ စိတ်ပိုင်းဆိုင်ရာ ထုံထိုင်းသွားခြင်း (Psychological Desensitization)

Magick ရဲ့ အလုပ်လုပ်ပုံဟာ မသိစိတ်ကို လေးနက်စွာ ရိုက်ခတ်ခြင်းပါပဲ။ တာရော့ကတ်တစ်ခုကို ဖုန်းဖွင့်တိုင်း တစ်နေ့ကို အကြိမ်ရာချီ မြင်နေရတဲ့အခါ ဦးနှောက်က ဒါကို သာမန်ရိုးရိုးပုံတစ်ပုံအဖြစ်သာ မှတ်ယူသွားပါတယ်။ စွမ်းအင်တွေ၊ သင်္ကေတတွေရဲ့ အစွမ်းထက်မှုဟာ လုံးဝမှေးမှိန်သွားပြီး တကယ့် Reading အစစ် လုပ်တဲ့အခါမှာပါ အဲ့ဒီကတ်အပေါ် ခံစားသိမြင်နိုင်စွမ်း (Intuition) ကျဆင်းသွားတတ်ပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့
တကယ်လို့ သင့်အတွက် အကာအကွယ် ဒါမှမဟုတ် ဆွဲဆောင်နိုင်တဲ့ အဆောင်တစ်ခုခု လိုချင်တယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ဆရာတွေဖန်တီးထားတဲ့ Sigil တွေ၊ ဒါမှမဟုတ် တိကျတဲ့ ရည်ရွယ်ချက်ရှိတဲ့ Rune တွေကိုသာ သုံးသင့်ပါတယ်။Tarot ဆိုတာ စူးစမ်းလေ့လာဖို့၊ နက်နဲတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ လမ်းမှန်ရွေးချယ်ဖို့အတွက်သာ သုံးရမယ့် မြင့်မြတ်တဲ့ ဉာဏ်ပညာ Tool တစ်ခုဖြစ်ပါတယ်။ Wallpaper အဖြစ် သုံးဖို့ လုံးဝ (လုံးဝ👎) မဟုတ်ပါဘူး။

— ThwayPhyKhant

#ဗေဒင် #အဆောင်

မင်းရဲ့ ကံကြမ္မာကို ထိုင်စောင့်နေမလား (သို့)ကိုယ်တိုင် ပြန်လည်ရေးဆွဲမလား❓ဘဝမှာ လမ်းပျောက်နေသလို ခံစားရတဲ့ ခက်ခဲတဲ့အချိန်...
04/05/2026

မင်းရဲ့ ကံကြမ္မာကို ထိုင်စောင့်နေမလား (သို့)ကိုယ်တိုင် ပြန်လည်ရေးဆွဲမလား❓

ဘဝမှာ လမ်းပျောက်နေသလို ခံစားရတဲ့ ခက်ခဲတဲ့အချိန်တွေ ရှိဖူးလား။

အချစ်ရေးမှာ ထပ်တလဲလဲ နာကျင်နေရတာ၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး လမ်းဆုံလမ်းခွ ရောက်နေတာ၊ဒါမှမဟုတ် ဘာကြောင့်မှန်းမသိဘဲ ကိုယ့်စိတ်ကိုယ် အလိုမကျဖြစ်ပြီး ယုံကြည်မှုတွေ ပျောက်ဆုံးနေတာမျိုးတွေ ကြုံနေရပြီဆိုရင်တော့ သင့်အတွက် ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခု လိုအပ်နေပါပြီ။

ကျွန်တော်တို့ဆီမှာ အနောက်တိုင်း လောကီပညာရပ် (Western Esotericism) ရဲ့ နက်နဲမှုနဲ့ ခေတ်သစ်‌လောကီပညာ ရဲ့ လက်တွေ့ကျမှုတို့ကို ပေါင်းစပ်ထားတဲ့ "Spiritual Counseling (ဝိညာဉ်ရေးရာ ဆွေးနွေးတိုင်ပင်ခြင်း)"ကို ရယူနိုင်ပါတယ်။သင်တို့ရဲ့ အနာဂတ်ကို ထိုင်ပြီး ခန့်မှန်းပေးရုံသက်သက် မဟုတ်ဘဲ၊ ပြဿနာရဲ့ မြစ်ဖျားခံရာ (Root Cause) ကို ရှာဖွေပြီး သင့်ဘဝကို သင်ကိုယ်တိုင် အပြည့်အဝပြန်လည်စိုးမိုးနိုင်ဖို့အတွက် လမ်းပြပေးမှာပါ။

လက်ရှိ မိမိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ကိုက်ညီမယ့် Package ကို ရွေးချယ်ပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

🔮 |The House of VITR: Exclusive Services|

၁။ The "Star-Crossed" Package (လူငယ်များအတွက် အထူးပြု)**
သင်လျှောက်ရမယ့် လမ်းကြောင်းအတွက် စိတ်ရှုပ်ထွေးနေလား။ အချစ်ရေးနဲ့ ပညာရေး အကျပ်အတည်းတွေအတွက် ရှင်းလင်းပြတ်သားတဲ့ အဖြေနဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်မှုတွေကို ရယူလိုက်ပါ။

|⏳ 20 Mins Consultation (Tarot + Behavioral Guidance)|💎Price -499 THB / 67,500 MMK

၂။ The "Crossroads" Consultation (လမ်းဆုံလမ်းခွက ရွေးချယ်မှုများ)
Career ပြောင်းမလား၊ ရင်းနှီးမြှုပ်နှံမှု အသစ်လုပ်မလား၊ အိမ်ထောင်ရေး အဆုံးအဖြတ်ပေးမလား။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုက နှစ်ပေါင်းများစွာ နစ်နာစေနိုင်ပါတယ်။ သင့်ရဲ့ အလားအလာနဲ့ အခွင့်အလမ်းတွေကို အတိကျဆုံး ဖော်ထုတ်ပေးပါမယ်။

|⏳ 30 Mins Deep Dive (Advanced Tarot Spread + Strategy)|💎 Price - 799 THB / 108,000 MMK

၃။ The "Shadow Work" Session (စိတ်ပိုင်းဆိုင်ရာ အမြစ်ပြတ် ကုစားခြင်း)

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေပြီလား။ Toxic Relationship တွေကနေ ရုန်းထွက်ဖို့၊ ငယ်ဘဝ စိတ်ဒဏ်ရာ (Inner Child Trauma) တွေကို ကုစားဖို့၊ မသိစိတ်ထဲက အဟန့်အတားတွေကို Occultism နဲ့ စိတ်ပညာ ပေါင်းစပ်ပြီး အမြစ်ပြတ် ကုစားပေးမယ့် အထူးအစီအစဉ်ပါ။

⏳ *45 Mins Counseling (Tarot + Psychological Analysis + Subconscious Reprogramming)
💎 Price: 1,499 THB / 202,500 MMK

၄။ The "Sovereign's Gaze" Premium (အကြားအမြင်နဲ့ အောင်မြင်ရေး)

The House of VITR ၏ အကောင်းဆုံး ဝန်ဆောင်မှု။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အောင်မြင်မှု အထွတ်အထိပ်ကို လိုချင်သူတွေအတွက်ပါ။ သင့်ဘဝ၊ သင့်လုပ်ငန်းကို အပြည့်အဝ စိုးမိုးနိုင်ရန် နက်နဲသော အတိုင်ပင်ခံခြင်းနှင့် သင့်အတွက် သီးသန့်ဖန်တီးထားသော စွမ်းအင် အစီအရင် (Chaos Magick Sigil) တစ်ခု ပါဝင်ပါမယ်။
⏳ 60 Mins Full Consultation + Custom Talisman (Sigil)
💎Price: 2,999 THB / 405,000 MMK

၅။ The "Midnight Whisper" (Priority Quick Query)

အချိန်မစောင့်ဆိုင်းချင်ဘူးလား။ အရေးတကြီး သိလိုသော မေးခွန်းတခုအတွက် ပြတ်သားသော အဖြေကို အမြန်ဆုံး ရယူလိုက်ပါ။
⏳ 1 Specific Question (Direct Text/Voice Note)
💎 Price: 249 THB / 33,500 MMK

📌 Booking ပြုလုပ်ရန်
ဆွေးနွေးတိုင်ပင်လိုပါက Page Messenger သို့ "Booking" ဟု မက်ဆေ့ချ်ပို့ပြီး မိမိရွေးချယ်လိုသော Package ကို ပြောပြပေးပါ။ Admin မှ အချိန်စာရင်း (Schedule) ကို ပြန်လည် စီစဉ်ပေးပါမည်။
(ငွေပေးချေမှုအတွက် PromptPay/TrueMoney နှင့် မြန်မာငွေ KBZpay/Wave တို့ဖြင့် လက်ခံပါသည်။)
မှော်ပညာဆိုတာ သင့်ရဲ့ ယုံကြည်မှုနဲ့ စိတ်စွမ်းအင်ကို အသုံးချပြီး လက်တွေ့ဘဝကို အလှဆင်တာပါ။ ပြဿနာတွေကို ထွက်ပြေးမနေဘဲ မျက်နှာချင်းဆိုင် ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့... The House of VITR ကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။

ဆရာအောင်ခန့်
Occultist & Tarot Reader
The House of VITR
Unlocking the Hidden Potential within You.

#ဗေဒင်

02/05/2026

🦇 အမှောင်ထုထဲကနေ ရွှေလမ်းငွေလမ်းတွေဆီသို့ လမ်းပြပေးမယ့် "The Echo of Camazotz"
(ကမ်မာဇော့ဇ် ၏ ပဲ့တင်သံ)🦇

ဘဝမှာ လမ်းပိတ်နေသလို ခံစားရပြီး၊ ဘယ်ဘက်ကို ဆက်သွားလို့သွားရမှန်းမသိအောင်ကို အခက်အခဲတွေ ကြုံနေရပြီလား❓ 🪄

အခု သင်နားထောင်မယ့် ဒီ Audio Track ဟာ သာမန်သီချင်းတစ်ပုဒ် မဟုတ်ပါဘူး။ The House of VITR ကနေ အချိန်ယူ ဖန်တီးထားတဲ့ "Chaos Magick Ritual Music" (Chaos magick နဲ့စီရင်ထားတဲ့ အစီအရင်သီချင်း) တပုဒ် ဖြစ်ပါတယ်။

Camazotz (ကမ်မာဇော့ဇ်) ဆိုတာ အမှောင်ထုထဲမှာ ပဲ့တင်သံ (Echolocation) ကို အသုံးပြုပြီး ပစ်မှတ်ကို အတိကျဆုံး ရှာဖွေနိုင်တဲ့ စွမ်းအင်ကို ကိုယ်စားပြုပါတယ်။ ဒီသီချင်းရဲ့ ကြိမ်နှုန်း (Frequency) ဟာ သင့်ရဲ့ မသိစိတ်ကို နှိုးဆွပေးပြီး၊ ပိတ်ဆို့နေတဲ့ ငွေကြေးလမ်းကြောင်းတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ရွှေလမ်းငွေလမ်းတွေကို အမှောင်ထဲကနေ ထွင်းဖောက်ရှာဖွေပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

🔥 ဒီအစီအရင်ကို သင့်အတွက် ဘယ်လို "Activate" လုပ်မလဲ❓🔥

မှော်ပညာဆိုတာ ယုံကြည်မှုနဲ့ စွမ်းအင်ဖလှယ်ခြင်း (Energy Exchange)ပါပဲ။ဒါကြောင့် ဒီအစီအရင်ဟာ "Collective Energy" (အများစုပေါင်းစွမ်းအင်) နဲ့ ချိတ်ဆက် အလုပ်လုပ်ပါတယ်။

၁။ နားထောင်ပါ

သီချင်းကို နားကြပ်တပ်၍ဖြစ်စေ၊ အသံကျယ်ကျယ်ဖွင့်၍ဖြစ်စေ မျက်စိမှိတ်ပြီး စိတ်ချမ်းသာစွာ နားထောင်ပါ။ မီးတောက်တွေကြားထဲကနေ သင့်ဆီကို အလင်းရောင်တွေ ဝင်လာတယ်လို့ ခံစားပါ။

၂။ Activate လုပ်ပါ (Share)

ဒီ Post ကို မိမိရဲ့ Wall ပေါ်မှာ "Public" ဖြင့် Share ခြင်းဟာ ဒီအစီအရင်ကို သင့်ဘဝအတွက် တရားဝင် ဖွင့်လှစ် (Activate) လိုက်ခြင်းပါပဲ။

၃။ စွမ်းအင်ကို သော့ခတ်ပါ

Comment တွင် "လမ်းစပွင့်ပြီ" သို့မဟုတ် "So it is done" ဟု ရေးသားပြီး သင့်ရဲ့ ရည်ရွယ်ချက်ကို စကြာဝဠာဆီ လွှင့်ထုတ်လိုက်ပါ။

🔮 The Power of the Egregore (စုပေါင်းစွမ်းအင် ကွန်ရက်)

ဒီ Post ကို လူတွေ များများမြင်လေ၊ သီချင်းကို များများ နားထောင်ပြီး Share လုပ်လေ... ဒီ Ritual ကြီးရဲ့ စွမ်းအင်ကွန်ရက်က ပိုပြီး အားကောင်းလာလေပါပဲ။သင်တို့အားလုံးရဲ့ ယုံကြည်မှု စွမ်းအင်တွေက ကျွန်တော့်ရဲ့ မူလအစီအရင် (Core Ritual) ကို ပိုမိုအားဖြည့်ပေးမှာဖြစ်ပြီး၊ အဲဒီလို ကြီးမားလာတဲ့ ခွန်အားတွေက ပါဝင် Share ပေးထားသူတိုင်းဆီကို အချိုးကျ ဆတိုး ပြန်လည်စီးဆင်းသွားမှာ ဖြစ်ပါတယ်။

အခက်အခဲတွေကို ကျော်လွှားပြီး၊ ကိုယ့်အတွက် ထိုက်တန်တဲ့ အခွင့်အလမ်းတွေကို အရယူဖို့... အခုပဲ Activate လုပ်လိုက်ပါ။

(မှတ်ချက် - ညပိုင်း အိပ်ရာဝင်ခါနီး သို့မဟုတ် အရေးကြီးသော ကိစ္စများ မဆုံးဖြတ်မီ နားထောင်ရန်အတွက် အထူး အကြံပြုအပ်ပါသည်။)

Address

No(201), Ayer 7th Street, 'Nya' Quarter, North Okkalapa
London
130204

Alerts

Be the first to know and let us send you an email when The house of VITR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The house of VITR:

Shortcuts

Featured

Share