23/08/2026
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌
သီတင်းသုံးတော်မူကြကုန်သော
သံဃာတော်အရှင်သူမြတ်တို့အား
လွန်ခဲ့သော(၅)နှစ်ခန့်က ဘဝတစ်ပါး,
ဘုံတစ်ပါးသို့ ပြောင်သွားကွယ်လွန်ပြီးသော
ဒါယိကာမကြီး ဒေါ်မြင့် အားရည်စူး၍
ဒါယကာကြီး ဦးကျော်ညွန့် မိသားစုမှ
အရုဏ်ဆွမ်း,ခဲဖွယ်,ဘောဇဥ်,လှူဒါန်းဖွယ်ရာ
အဖြာဖြာတို့နှင့်တကွ စတုပစ္စယအလို့ငှါ နဝကမ္မ
ဝတ္ထုငွေတို့ကို သဒ္ဓါပြဌာန်း နိဗ္ဗာန်ကိုရည်မှန်း၍
လှူဒါန်းဆက်ကပ်ပါသည်။"
"ဤသို့ပြုရ ကုသလကြောင့် ကုသိုလ်ရှင်
မိသားစုဝင်များအားလုံး သက်ရှည်ကျန်းမာ
စိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကာ
အလှူရေစက် လက်နဲ့မကွာ ပေးကမ်းစွန့်ကြဲ
လှူဒါန်းနိုင်ပြီးလျှင် လောကီလောကုတ္တရာ
နှစ်ဖြာသော ကောင်းကျိုးချမ်းသာ ကျက်သရေ
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ ။ "
"ဤသို့ပြုရကုသလကို ကွယ်လွန်သူ
ဒေါ်မြင့်နှင့်တကွ ဘုံသုံးဆယ့်တစ်
ဖြစ်ဖြစ်များစွာ သတ္တဝါမှန်သမျှ အနန္တတို့အား
ကုသိုလ်အမျှ ပေးဝေငှပါ၏။ ။ ဒကာမကြီး
ဒေါ်မြင့် အမျှရ၍ သာဓုခေါ်ဆိုနိုင်လျက်
ကောင်းရာသုဂတိ လားရောက်ပါစေသတည်း။"
(23.8.2026)