08/11/2026
ကိုယ်သဘောကျတဲ့ medical joke လေးပြောပြမယ်။
ECG တစ်ခုကို Surgeon နှစ်ယောက် အတူတူကြည့်နေကြတယ်တဲ့။ တစ်ယောက်က မေးတယ်။
“ဒီ ECG မှာ ဘာတွေ့လဲကွ?” နောက်တစ်ယောက်က ပြန်ဖြေတယ်။
“မင်း ဘာတွေ့လို့လဲ?”
“ငါလည်း ဘာမှ မတွေ့ဘူးလေ။”
“ဒါဆို ငါတို့နှစ်ယောက် အမြင်တူတာပေါ့။”လို့ သုံးသပ်လိုက်ကြတယ်။
အဲဒီအချိန်မှာ Medical Registrar တစ်ယောက် ကဝင်လာပြီး ပြောလိုက်တယ်။ “Congrats ! ဒါဟာ Double-Blind Study ပါပဲ။” တဲ့ 😂
Double-blind study ဆိုတာ သုတေသနမှာ ပါဝင်သူတွေနဲ့ ရလဒ်ကို အကဲဖြတ်သူတွေက ဘယ်သူက ဘယ် intervention ရထားတယ်ဆိုတာ မသိအောင် ပြုလုပ်ထားတဲ့ research design တစ်မျိုးကို ဆိုလိုတာပေါ့နော်။ Study တွေမှာ Bias နည်းအောင်၊ reliabilityကောင်းအောင်လုပ်ကြတာပေါ့။
But ဒီ scenario မှာတော့…
* ECG ကို ကြည့်တဲ့သူ နှစ်ယောက်ရှိတယ်။
* Interpretation လုပ်လိုက်တဲ့သူ မရှိဘူး။
* Confidence ကတော့ 100% ရှိနေကြတယ်။ 😂 ဒါ မျိုး surgeon တွေလုပ်နေကြလို့ ပြောရင် ကိုယ် အပြောခံရမယ်ထင်တယ်။ ဒါပေမယ့် ကိုယ့်အတွက် ကလည်း ဒီ assumption က ကိုယ့် ရဲ့ evidence based ပဲ 🤣🤣🤣
ဆိုတော့ ကိုယ်ပြောချင်တာက လူနှစ်ယောက် အမြင်တူတိုင်း အမှန်တရား ဖြစ်ချင်မှ ဖြစ်မယ်။ တစ်ခါတလေ ကိုယ်မသိတာကို နောက်တစ်ယောက်လည်း မသိတဲ့အခါ Consensus ရသွားတာနဲ့ Competence ရှိသွားတာ မတူပါဘူး ဆိုတာ သတိပြုမိအောင်ပါ။ In medicine, confidence is not competence. 😄 ဆိုတာ ကိုယ့် medical colleagues တွေ သိအောင် ပြောပြချင်တာပါ။
Surgeons တွေ ECG မဖတ်တတ်ဘူးလို့ ကိုယ်ပြောချင်တာ မဟုတ်ဘူးနော်။ သူတို့ ဖတ်တတ်ကြပါတယ်။ ဖတ်တတ်ကြောင်းလည်း evidence based research လုပ်ထားတာရှိပါတယ်။ ဒီမှာ study link ပေးထားတယ်။
ဒီ study ဘယ်လောက် reliable ဖြစ်လဲ၊ statistically significantဖြစ်လဲ၊ methodologically valid ဖြစ်လဲ၊ clinically meaningful ဖြစ်လဲကတော့ ကိုယ့်ဘာသာ critical appraisal လုပ်ကြည့်ပါနော်။
Photo က Facebook ကရတာ။
Study link ကတော့ ဒီမှာပါ doi: 10.1186/1757-7241-18-S1-P38
😂