Concordia Int Co., Ltd, Myanmar

Call Directions

Concordia Int Co., Ltd, Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Concordia Int Co., Ltd, Myanmar, Medical and health, Building 11, MICT Park, University of Hlaing Campus, Hlaing.

🏆 October 2026 | Best Performance Award – Service Teamလုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုမှာ အရည်အသွေးပြည့်ဝတဲ့ Products များအ...
16/11/2026

🏆 October 2026 | Best Performance Award – Service Team

လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုမှာ အရည်အသွေးပြည့်ဝတဲ့ Products များအပြင် Customer များအတွက် ယုံကြည်စိတ်ချရတဲ့ After-Sales Service နဲ့ Technical Support များကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

Service Team ဟာ Customer များရဲ့ လိုအပ်ချက်များကို နားလည်ဖြည့်ဆည်းပေးခြင်း၊ စက်ပစ္စည်းများ၏ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးခြင်းနဲ့ နည်းပညာဆိုင်ရာ အခက်အခဲများကို အချိန်မီ ဖြေရှင်းပေးခြင်းတို့မှတစ်ဆင့် Customer Satisfaction ကို မြှင့်တင်ပေးပြီး Company အပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

ဒီလို တာဝန်ယူမှု၊ ကျွမ်းကျင်မှုနဲ့ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုဂုဏ်ပြုတဲ့အနေဖြင့် Concordia ရဲ့ October 2026 Best Performance Award မှာ Service Team အနေဖြင့် စုပေါင်းကြိုးစားအားထုတ်မှုနဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုများအတွက် Top-Performing Team Award ကိုလည်းကောင်း၊ ထူးချွန်တဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်များအတွက် Outstanding Individual Performance Award ကိုလည်းကောင်း ရရှိခဲ့ကြပါတယ်။

အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုနဲ့ တစ်ဦးချင်းစီရဲ့ တာဝန်ယူကြိုးစားမှုများမှတစ်ဆင့် Customer များအတွက် ဝန်ဆောင်မှုအရည်အသွေးကို ပိုမိုကောင်းမွန်လာစေခဲ့တဲ့အတွက် Service Team မှ အဖွဲ့ဝင်အားလုံးကို အထူးကျေးဇူးတင်ရှိပြီး ဆုရရှိသူများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါတယ်။

Congratulations to the entire Service Team and all award recipients!

Your dedication, teamwork and commitment continue to make a meaningful difference to our customers and our organization.


ခေတ်မီရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ Hyled 200 LED Mobile Lightအဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်ထားတဲ့ Excellent Lig...
16/11/2026

ခေတ်မီရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ Hyled 200 LED Mobile Light

အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်ထားတဲ့ Excellent Light Performance
Mindray အမှတ်တံဆိပ် Mobile Light Hyled 200 မှာဆိုရင်

👉 သုံးစွဲသူ Customer တွေရဲ့ Highly Recommended ရရှိထားပြီး ခေတ်မီရိုးရှင်း အသုံးပြုရလွယ်ကူတဲ့အတွက် Minor OT ခန်း, ICU, Recovery & Examination area တွေနဲ့ အထူးသင့်လျော်ပါတယ်...
👉 LED mobile light ဖြစ်တဲ့အပြင် Warranty (1) နှစ်လည်း ပေးထားတဲ့အတွက် After Sales Service အတွက်လည်း စိတ်ပူစရာမလိုတာကြောင့် ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပါတယ်...
👉 Mobile type ဖြစ်ပြီး Compact Design ဖြစ်တာကြောင့် ကျစ်ကျစ်လစ်လစ်နဲ့ အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့အပြင် အကျယ်အဝန်းအတွက် စိတ်ပူစရာမလိုတာမို့ ဆေးရုံ/ဆေးခန်းတိုင်းအတွက် အထူးသင့်လျော်ပါတယ်နော်...

🟩 70,000 lux illuminance with 1500mm depth for the best possible visualization
🟩 Better tissue differentiation with color rendering index (Ra and R9) at 96
🟩 LED life of up to ≥ 60,000 hours and lower power consumption
🟩 Up to 10 hours battery(optional) duration at maximum intensity
🟩 High flexibility and space-saving compact design
🟩 On/off switching
🟩 5-step brightness control

👉 High Flexibility and Space-saving Compact Design ဖြစ်တာကြောင့် အချိန်ကုန်လူပင်ပန်းသက်သာစေပြီး စိတ်ကျေနပ်မှုရရှိနိုင်တဲ့ OT Light Hyled 200 series ကို Festive Business Offers ကာလအတွင်း အထူးဈေးနှုန်းဖြင့် ဝယ်ယူလိုပါက ☎️ 09 409835588 သို့ဆက်သွယ်မေးမြန်းနိုင်သလို Page Message ကနေလည်း မေးမြန်းနိုင်ပါတယ်။

💰 Festive Business Offers | November – December 2026

🔗 ဈေးနှုန်းနှင့် Promotion အသေးစိတ်ကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
https://erp.concordia.com.mm/event/medical-equipment-festive-business-offers-2026-10-27-17-30-00-313/register

📍 Visit Us: MICT Park Building (11), Hlaing Township, Yangon

ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်က Insulin ကို လုံလောက်စွာ ...
14/11/2026

ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်က Insulin ကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း သို့မဟုတ် ထိရောက်စွာ အသုံးမပြုနိုင်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။

ဆီးချိုရောဂါကို စောစီးစွာ သိရှိပြီး စနစ်တကျ ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။

🩺 ဆီးချိုရောဂါရဲ့ သတိပြုသင့်တဲ့ လက္ခဏာများ
• ရေငတ်ခြင်းနှင့် ဆီးမကြာခဏ သွားခြင်း
• ပုံမှန်စားသောက်သော်လည်း ကိုယ်အလေးချိန် ကျဆင်းခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• အမြင်အာရုံ ဝေဝါးခြင်း
• အနာကျက်နှေးခြင်း

အချို့သူများတွင် ရောဂါလက္ခဏာ သိသာစွာ မပြသနိုင်တာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဖို့ လိုအပ်ပါတယ်နော်။

🩺 ဆီးချိုရောဂါကို ဘယ်လိုကာကွယ်နိုင်ပြီး ထိန်းချုပ်နိုင်မလဲ?
✅ အာဟာရမျှတသော အစားအစာများကို ရွေးချယ်စားသုံးပါ။
✅ သကြားပါဝင်မှုများသော အစားအစာနှင့် အချိုရည်များကို လျှော့ချပါ။
✅ တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
✅ ကိုယ်အလေးချိန်ကို သင့်တင့်မျှတစွာ ထိန်းသိမ်းပါ။
✅ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါ။
✅ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။

ဒီ World Diabetes Day မှာ ဆီးချိုရောဂါအကြောင်း ပိုမိုလေ့လာပြီး မိမိနှင့် မိသားစုရဲ့ ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ကာ ကျန်းမာသော နေထိုင်မှုပုံစံကို ပုံဖော်ကြပါစို့။

🩺 သွေးတွင်းသကြားဓာတ်ကို အိမ်မှာပဲ ပုံမှန် စစ်ဆေးနိုင်ဖို့ MediTest Glucometer ဆီးချိုသွေးချိုတိုင်းစက်ကို Concordia မှာ ရရှိနိုင်ပါတယ်။

လက်ရှိ Festive Business Offers (November – December 2026) ကာလအတွင်း အထူးဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ပြီဖြစ်လို့ အသေးစိတ်စုံစမ်းမေးမြန်းပြီး မှာယူနိုင်ပါတယ်။

📞 Hotline: 09 409 835 588
📩 Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်နော်။

💰 𝐌𝐞𝐝𝐢𝐓𝐞𝐬𝐭 𝐅𝐞𝐬𝐭𝐢𝐯𝐞 𝐎𝐟𝐟𝐞𝐫 𝐏𝐫𝐢𝐜𝐞𝐬
🔹 𝐌𝐞𝐝𝐢𝐓𝐞𝐬𝐭 𝐆𝐥𝐮𝐜𝐨𝐦𝐞𝐭𝐞𝐫 𝐒𝐞𝐭 – 𝟑𝟎,𝟒𝟓𝟎 𝐌𝐌𝐊
🔹 𝐌𝐞𝐝𝐢𝐓𝐞𝐬𝐭 𝐒𝐢𝐧𝐠𝐥𝐞 𝐒𝐭𝐫𝐢𝐩 (𝟓𝟎 𝐩𝐜𝐬) – 𝟐𝟗,𝟒𝟎𝟔 𝐌𝐌𝐊
🔹 𝐌𝐞𝐝𝐢𝐓𝐞𝐬𝐭 𝐃𝐫𝐮𝐦 𝐒𝐭𝐫𝐢𝐩 (𝟓𝟎 𝐩𝐜𝐬) – 𝟐𝟎,𝟖𝟖𝟎 𝐌𝐌𝐊

#ဆီးချိုရောဂါ #ကျန်းမာရေးဗဟုသုတ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် Concordia Public Co., Ltd. မှ ဝန်ထမ်းများ စုပေါင်းပါဝင်၍ စလေသိင်္ဂီကျောင်းတိုက်သို့...
13/11/2026

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် Concordia Public Co., Ltd. မှ ဝန်ထမ်းများ စုပေါင်းပါဝင်၍ စလေသိင်္ဂီကျောင်းတိုက်သို့ သွားရောက်ကာ စုပေါင်းကထိန်အလှူဒါန ပြုလုပ်ခဲ့ကြပါတယ်။

ကထိန်အလှူဟာ မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ မြတ်နိုးဖွယ်ရာ ရိုးရာအလှူဒါနတစ်ခုဖြစ်ပြီး သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်များအား ဆက်ကပ်လှူဒါန်းရင်း ကုသိုလ်ယူကြတဲ့ အလှူတစ်ခုလည်း ဖြစ်ပါတယ်။

ယခုနှစ် စုပေါင်းကထိန်အလှူကို Concordia Public Co., Ltd. မှ ဝန်ထမ်းများအပြင် ABMT Myanmar Co.,Ltd.၊ Quality Care Laboratory and Health Screening Center၊ Quality Control၊ Myanmar Dive Center နှင့် C.I.L Co., Ltd. တို့မှလည်း အတူတကွ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

ယခုလို စိတ်တူကိုယ်တူ၊ စည်းလုံးညီညွတ်စွာ ကောင်းမှုကုသိုလ်ပြုခွင့်ရခဲ့တဲ့အတွက် အထူးဝမ်းမြောက်ပီတိဖြစ်ရပြီး အလှူဒါနတွင် ပါဝင်ခဲ့ကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြကာ ကောင်းမှုကုသိုလ်များကိုလည်း ဆက်လက်ပြုလုပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏

#စလေသိင်္ဂီကျောင်းတိုက် #ကထိန်အလှူ

🔬 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐅𝐞𝐬𝐭𝐢𝐯𝐞 𝐎𝐟𝐟𝐞𝐫𝐬 𝐨𝐧 𝐎𝐩𝐡𝐭𝐡𝐚𝐥𝐦𝐢𝐜 𝐒𝐮𝐫𝐠𝐢𝐜𝐚𝐥 𝐅𝐨𝐫𝐜𝐞𝐩𝐬!မျက်စိခွဲစိတ်ကုသမှုများအတွက် အသုံးပြုသည့် Ophthalmic Surgical Fo...
13/11/2026

🔬 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐅𝐞𝐬𝐭𝐢𝐯𝐞 𝐎𝐟𝐟𝐞𝐫𝐬 𝐨𝐧 𝐎𝐩𝐡𝐭𝐡𝐚𝐥𝐦𝐢𝐜 𝐒𝐮𝐫𝐠𝐢𝐜𝐚𝐥 𝐅𝐨𝐫𝐜𝐞𝐩𝐬!

မျက်စိခွဲစိတ်ကုသမှုများအတွက် အသုံးပြုသည့် Ophthalmic Surgical Forceps များကို ယခု Festive Season တွင် အထူးဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

𝐀𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐁𝐫𝐚𝐧𝐝𝐬:
▪️ 𝐀𝐏𝐀𝐒𝐀𝐌𝐈
▪️ 𝐊𝐇𝐎𝐒𝐋𝐀

Colibri, Castroviejo, Dastoor, McPherson နှင့် Hartmann အစရှိသည့် Forceps အမျိုးအစားများစွာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

🎁 Special Offers | November – December 2026

အသေးစိတ်ဈေးနှုန်းများနှင့် Product Information များကို ကြည့်ရှုရန် အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။

👉 View Products & Prices:
https://erp.concordia.com.mm/event/medical-equipment-festive-business-offers-2026-10-27-17-30-00-313/register

📞 For Inquiries:
09 409 835 588
09 880 441 060 (Ext: 0000)

𝐂𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐂𝐨𝐧𝐜𝐨𝐫𝐝𝐢𝐚 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐞𝐪𝐮𝐢𝐩𝐦𝐞𝐧𝐭 𝐧𝐞𝐞𝐝𝐬.

အဆုတ်ရောင်ရောဂါ (Pneumonia) ဆိုတာ အဆုတ်အတွင်းရှိ လေအိတ်ငယ်များ (Air Sacs) တွေမှာ ရောင်ရမ်းမှုဖြစ်ပေါ်ပြီး အရည် သို့မဟုတ်...
12/11/2026

အဆုတ်ရောင်ရောဂါ (Pneumonia) ဆိုတာ အဆုတ်အတွင်းရှိ လေအိတ်ငယ်များ (Air Sacs) တွေမှာ ရောင်ရမ်းမှုဖြစ်ပေါ်ပြီး အရည် သို့မဟုတ် ပြည်များ စုဝေးလာနိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။

အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ကလေးငယ်များ၊ အသက် ၆၅ နှစ်အထက် လူကြီးများနှင့် ကိုယ်ခံအားနည်းသူများမှာ ပိုမိုသတိထားဖို့ လိုအပ်ပါတယ်။

🫁 Pneumonia ရဲ့ အဖြစ်များတဲ့ လက္ခဏာများ
• ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း
• ဖျားခြင်း၊ ချမ်းတုန်ခြင်း
• အသက်ရှူမြန်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
• ရင်ဘတ်အောင့်ခြင်း
• မောပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း

Pneumonia ကို ဘယ်လိုကာကွယ်နိုင်မလဲ?
✅ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ။
✅ ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ပါ။
✅ ဆေးလိပ်ငွေ့နှင့် လေထုညစ်ညမ်းမှုများကို ရှောင်ကြဉ်ပါ။
✅ သင့်အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအလိုက် သင့်တော်သော ကာကွယ်ဆေးများ ထိုးနှံပါ။
✅ အာဟာရပြည့်ဝစွာ စားသုံးပြီး အိပ်ရေးဝဝ အနားယူပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
ချောင်းဆိုးခြင်း၊ ဖျားခြင်းနှင့် အသက်ရှူမဝခြင်းတို့ ဖြစ်ပေါ်လာပါက စောစီးစွာ ဆေးကုသမှုခံယူသင့်ပါတယ်။ အသက်ရှူရ အလွန်ခက်ခဲခြင်း၊ နှုတ်ခမ်းပြာလာခြင်း သို့မဟုတ် သတိလစ်ခြင်းတို့ ဖြစ်ပါက အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။

ဒီ World Pneumonia Day မှာ မိမိကိုယ်တိုင်သာမက မိသားစုနှင့် ပတ်ဝန်းကျင်ရှိသူများရဲ့ အဆုတ်ကျန်းမာရေးကိုပါ ဂရုစိုက်ကာ အသိပညာမျှဝေပေးကြပါစို့။

𝐓𝐡𝐚𝐧𝐤 𝐘𝐨𝐮, 𝐆𝐆𝐈 𝐓𝐎𝐊𝐈𝐎 𝐌𝐀𝐑𝐈𝐍𝐄 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞!𝐂𝐨𝐧𝐜𝐨𝐫𝐝𝐢𝐚 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝. အနေဖြင့် Yangon Stock Exchange (YSX) တွင် စာရင်...
10/11/2026

𝐓𝐡𝐚𝐧𝐤 𝐘𝐨𝐮, 𝐆𝐆𝐈 𝐓𝐎𝐊𝐈𝐎 𝐌𝐀𝐑𝐈𝐍𝐄 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞!

𝐂𝐨𝐧𝐜𝐨𝐫𝐝𝐢𝐚 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝. အနေဖြင့် Yangon Stock Exchange (YSX) တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်ခဲ့ခြင်းနှင့် IPO Investor Roadshow ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းတို့အတွက် ဂုဏ်ပြုပန်းခြင်း ပေးပို့ခဲ့တဲ့အပြင် အခမ်းအနားကိုလည်း ကိုယ်တိုင်တက်ရောက်အားပေးခဲ့တဲ့ 𝐆𝐆𝐈 𝐓𝐨𝐤𝐢𝐨 𝐌𝐚𝐫𝐢𝐧𝐞 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 မှ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ရှေ့ဆက်မယ့် ခရီးစဉ်တွေမှာလည်း နှစ်ဖက်အဖွဲ့အစည်းများအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

Growing Together, Creating Long-Term Value.

𝐂𝐨𝐧𝐜𝐨𝐫𝐝𝐢𝐚 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝. အနေဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ 𝐈𝐏𝐎 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫 𝐑𝐨𝐚𝐝𝐬𝐡𝐨𝐰 ကို အောင်မြင်စွာ ကျင်းပပြု...
10/11/2026

𝐂𝐨𝐧𝐜𝐨𝐫𝐝𝐢𝐚 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝. အနေဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ 𝐈𝐏𝐎 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫 𝐑𝐨𝐚𝐝𝐬𝐡𝐨𝐰 ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း အသိပေးမျှဝေလိုပါတယ်ခင်ဗျာ။

ဒီပွဲကို ရန်ကုန်စတော့အိတ်ချိန်း (𝐘𝐚𝐧𝐠𝐨𝐧 𝐒𝐭𝐨𝐜𝐤 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞 – 𝐘𝐒𝐗) မှာ ကျင်းပခဲ့တာဖြစ်ပြီး Concordia ရဲ့ လုပ်ငန်းခရီးစဉ်၊ ရည်မှန်းချက်နဲ့ အနာဂတ်တိုးတက်မှုအစီအစဉ်တွေကို မိတ်ဆက်မျှဝေခဲ့တဲ့အပြင် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐯𝐞𝐫𝐯𝐢𝐞𝐰, 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 နဲ့ 𝐈𝐏𝐎 ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

အစီအစဉ်အတွင်း 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫 𝐐&𝐀 𝐒𝐞𝐬𝐬𝐢𝐨𝐧 ကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံလိုသူတွေရဲ့ မေးမြန်းမှုတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် 𝐈𝐏𝐎 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐬𝐬 နဲ့ 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐢𝐞𝐬 𝐀𝐜𝐜𝐨𝐮𝐧𝐭 ဖွင့်လှစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း MSEC Team မှ ရှင်းလင်းမျှဝေပေးခဲ့ပါတယ်။

ဒီနေ့ IPO Investor Roadshow ကို တက်ရောက်ပြီး Concordia ရဲ့ အနာဂတ်ခရီးစဉ်အပေါ် စိတ်ဝင်စားမှုနဲ့ အားပေးပါဝင်ခဲ့ကြတဲ့ ဧည့်သည်တော်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ရှေ့ဆက်မယ့် အနာဂတ်ခရီးစဉ်မှာလည်း အားလုံးအတူတကွ လက်တွဲပါဝင်ပြီး ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုတွေကို အတူတကွ ဖန်တီးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫, 𝐂𝐫𝐞𝐚𝐭𝐢𝐧𝐠 𝐋𝐨𝐧𝐠-𝐓𝐞𝐫𝐦 𝐕𝐚𝐥𝐮𝐞.

𝐂𝐨𝐧𝐜𝐨𝐫𝐝𝐢𝐚 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝 𝐚𝐭 𝐭𝐡𝐞 𝟏𝟖𝐭𝐡 𝐌𝐑𝐒 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞!၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့...
09/11/2026

𝐂𝐨𝐧𝐜𝐨𝐫𝐝𝐢𝐚 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝 𝐚𝐭 𝐭𝐡𝐞 𝟏𝟖𝐭𝐡 𝐌𝐑𝐒 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞!

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့တဲ့ (၁၈) ကြိမ်မြောက် Myanmar Radiology Society (MRS) Conference မှာ Concordia Public Co., Ltd အနေဖြင့် ပါဝင်ပြသခွင့်ရရှိခဲ့တဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

အဆိုပါ ညီလာခံတွင် ကျွန်တော်တို့ရဲ့ ခေတ်မီဆေးဘက်ဆိုင်ရာ နည်းပညာများနဲ့ Medical Equipment Solutions များကို မိတ်ဆက်ပြသခွင့်ရရှိခဲ့တဲ့အပြင် ဆေးဘက်ဆိုင်ရာ နည်းပညာနယ်ပယ်မှ ပါမောက္ခကြီးများ၊ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးပညာရှင်များကို တွေ့ဆုံကာ အသိပညာနှင့် အတွေ့အကြုံများ ဖလှယ်ခွင့်ရရှိခဲ့တာဟာ တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Concordia Booth သို့ လာရောက်လည်ပတ်ပြီး အတွေ့အကြုံများနဲ့ အမြင်များကို ဖလှယ်ဆွေးနွေးခဲ့ကြတဲ့ ပါမောက္ခကြီးများ၊ ဆရာဝန်ကြီးများ၊ မိတ်ဖက်များနဲ့ ဧည့်သည်တော်အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Concordia Public Co., Ltd အနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ခေတ်မီဆေးဘက်ဆိုင်ရာ နည်းပညာများနဲ့ အရည်အသွေးပြည့်မီတဲ့ Medical Solutions များကို ဆက်လက်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

🩸 ဓာတ်ခွဲခန်းတိုင်းရဲ့ အားထားရာ — Mindray BC-20s Hematology Analyzerဓာတ်ခွဲခန်းတွေရဲ့ နေ့စဉ်သွေးစစ်ဆေးမှုလုပ်ငန်းတွေကို ...
09/11/2026

🩸 ဓာတ်ခွဲခန်းတိုင်းရဲ့ အားထားရာ — Mindray BC-20s Hematology Analyzer

ဓာတ်ခွဲခန်းတွေရဲ့ နေ့စဉ်သွေးစစ်ဆေးမှုလုပ်ငန်းတွေကို ပိုမိုထိရောက်စေဖို့ Mindray BC-20s 3-Part Differential Hematology Analyzer ကို Concordia ရဲ့ Festive Business Offers ကာလအတွင်း အထူးဈေးနှုန်းနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ 🎉

🔬 ဘာကြောင့် BC-20s ကို ရွေးချယ်သင့်တာလဲ?

🔹 19 Parameters + 3 Histograms – CBC + 3-DIFF စစ်ဆေးမှုအတွက် Parameters 19 မျိုးနဲ့ WBC, RBC, PLT တို့အတွက် Histograms 3 မျိုးကို ဖော်ပြပေးနိုင်ပါတယ်။
🔹 တစ်နာရီ 40 Samples အထိ – တစ်နာရီလျှင် သွေးနမူနာ 40 ခုအထိ စစ်ဆေးနိုင်တာကြောင့် နေ့စဉ်စစ်ဆေးမှုများအတွက် အထောက်အကူပြုပါတယ်။
🔹 Sample Volume နည်းပါးခြင်း – Whole Blood Mode မှာ သွေးနမူနာ 9 µL (0.009 mL) နဲ့ Prediluted Mode မှာ 20 µL (0.02 mL) အသုံးပြုနိုင်ပါတယ်။
🔹 ယုံကြည်စိတ်ချရတဲ့ Analysis Methods – WBC, RBC နဲ့ Platelet Counting အတွက် Impedance Method ကို အသုံးပြုပြီး Haemoglobin Measurement အတွက် Cyanide-Free Reagent ကို အသုံးပြုထားပါတယ်။
🔹 8.4-inch TFT Touch Screen – Touch Screen မှတစ်ဆင့် စက်ကို လုပ်ဆောင်အသုံးပြုနိုင်ပါတယ်။
🔹 Result Storage ပမာဏများခြင်း – Numerical Results နဲ့ Graphical Information များအပါအဝင် Results 200,000 အထိ သိမ်းဆည်းနိုင်တာကြောင့် ယခင်စစ်ဆေးမှုရလဒ်တွေကို ပြန်လည်ကြည့်ရှုရာမှာ အဆင်ပြေစေပါတယ်။

💰 Festive Business Offers ကာလအတွင်း အထူးဈေးနှုန်းနဲ့ ရယူလိုက်ပါ!
⏰ Festive Business Offers | November – December 2026

🔗 ဈေးနှုန်းနဲ့ Promotion အသေးစိတ်ကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://erp.concordia.com.mm/event/medical-equipment-festive-business-offers-2026-10-27-17-30-00-313/register

📞 Hotline: 09 409 835 588
📩 Page Messenger မှတစ်ဆင့်လည်း အသေးစိတ်စုံစမ်းမေးမြန်းပြီး မှာယူနိုင်ပါတယ်။
📍 Visit Us: MICT Park Building (11), Hlaing Township, Yangon

Address

Building 11, MICT Park, University Of Hlaing Campus
Hlaing
11051

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+95973009224

Website

Alerts

Be the first to know and let us send you an email when Concordia Int Co., Ltd, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby clinics