24/10/2026
🏥 ဆေးရုံ၊ ဆေးခန်းများမှာ UVC Light နည်းပညာနဲ့ ပိုးသတ်ဖို့ ဘာကြောင့် လိုအပ်တာလဲ။ 🦠✨
ဆေးရုံနဲ့ ဆေးခန်းများဟာ လူနာပေါင်းစုံ လာရောက်ကုသမှုခံယူရာ နေရာဖြစ်တာကြောင့် ပိုးမွှားများ၊ ဗိုင်းရပ်စ်များနဲ့ ဘက်တီးရီးယားများ အလွယ်တကူ ခိုအောင်းပြန့်ပွားနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ပုံမှန် ဆေးဖျန်းပိုးသတ်ခြင်း အပြင် UVC Light (Ultraviolet-C) နည်းပညာကို ပူးတွဲအသုံးပြုခြင်းဖြင့် ပိုမိုစိတ်ချရတဲ့ ကျန်းမာရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ပါတယ်။
🌟 UVC Light နဲ့ ပိုးသတ်ခြင်းရဲ့ အဓိကအားသာချက်များ
✅ ၉၉.၉% ကို ထိရောက်စွာ ပိုးသတ်သုတ်သင်နိုင်ခြင်း
✅ UVC ရောင်ခြည်ဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုအမျိုးမျိုးရဲ့ DNA / RNA ကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်တာကြောင့် ပိုးမွှားတွေကို လျှင်မြန်စွာ သေကြေပျက်စီးစေခြင်း
✅ လက်လှမ်းမမှီနိုင်သော နေရာများအထိ ပိုးသတ်နိုင်ခြင်း
လူတို့ လက်ဖြင့် သန့်ရှင်းရေးလုပ်ရန် ခက်ခဲသော စက်ပစ္စည်းအကြားများ၊ အခန်းထောင့်များနှင့် အောက်ခြေပိုင်းများအထိ အလင်းရောင်ရောက်ရှိပါက ပိုးသတ်ပေးနိုင်ခြင်း။
✅ အခန်းတစ်ခန်းလုံးကို အချိန်တိုအတွင်း ပိုးသတ်ပေးနိုင်သောကြောင့် ခွဲစိတ်ခန်းများ၊ ICU ခန်းများနှင့် လူနာနားနေခန်းများကို စနစ်တကျ မြန်ဆန်စွာ တို့ပဲဖစ်ပါတယ်။
⚠️ UVC Light အသုံးပြုရာတွင် သတိပြုရမည့်အချက်များ
လူများ မရှိချိန်တွင်သာ ဖွင့်လှစ်အသုံးပြုရပါမည်။ (UVC ရောင်ခြည်သည် အလင်းရောင်ကို တိုက်ရိုက်ကြည့်ရှုပါက မျက်စိနှင့် အရေပြားကို ထိခိုက်စေနိုင်ပါသည်)
စက်ဖွင့်ထားစဉ်အတွင်း အခန်းတံခါးများကို သေချာစွာ ပိတ်ထားရပါမည်။
💯💯💯
သန့်ရှင်းစင်ကြယ်ပြီး ဘေးကင်းလုံခြုံသော ဆေးရုံဆေးခန်း ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန်အတွက် ပုံမှန်သန့်ရှင်းရေးနည်းလမ်းများအပြင် UVC Light ကို အသုံးပြု၍ ခေတ်မီစနစ်တကျ ပိုးသတ်စောင့်ရှောက်ကြပါစို့။
ရန်ကုန်လိပ်စာ
အခန်း (၀၀၈)၊ မြေညီထပ်၊ ဘုရင့်နောင်တာဝါ (၁/ဘီ)၊ ကွမ်းခြံ ၄လမ်း၊ ကမာရွတ်။
Ph - 09765775011
မန္တလေးလိပ်စာ
91လမ်း၊ ၃၆ ၃၇ လမ်းကြား ၊ မဟာအောင်မြေ၊ မန္တလေးမြို့။
PH - 09797549000