Tyron 's Talking Therapy

Tyron 's Talking Therapy Coaching /Guidance & Counseling /
Psychosocial Supports

၂၀၃၀ ခုနှစ် ရောက်ဖို့ (၄) နှစ်တောင် မလိုတော့ဘူး။၂၀၁၂ ခုနှစ်က လွန်ခဲ့တဲ့ (၁၄) နှစ် ဖြစ်နေပြီ။ကိုယ့်ရဲ့ အိပ်မက်တွေကို စတင်...
19/08/2026

၂၀၃၀ ခုနှစ် ရောက်ဖို့ (၄) နှစ်တောင် မလိုတော့ဘူး။

၂၀၁၂ ခုနှစ်က လွန်ခဲ့တဲ့ (၁၄) နှစ် ဖြစ်နေပြီ။

ကိုယ့်ရဲ့ အိပ်မက်တွေကို စတင်ခဲ့တာ ဒါမှမဟုတ် ကျောင်းပြီးခဲ့တာတွေတောင် ဆယ်စုနှစ်တစ်ခုကျော်သွားပြီ။

၂၀၀၀ ပြည့်နှစ်မှာ မွေးတဲ့သူတွေက အသက် (၃၀) ပြည့်ဖို့ (၄) နှစ်ပဲ လိုတော့တယ်။

ပြီးတော့ ၂၀၁၀ ခုနှစ်ကလည်း အခုအချိန်နဲ့ဆိုရင် လွန်ခဲ့တဲ့ (၁၆) နှစ်တောင် ရှိသွားပြီ။

​တစ်ခါတလေ အချိန်တွေ အများကြီး ကျန်သေးတယ်လို့ ကျနော်တို့က ထင်တတ်ကြတယ်။ ဒါပေမဲ့ ပြန်ကြည့်လိုက်ရင် မသိမသာနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့ပြီ။

​ဒါကြောင့် ပြီးပြည့်စုံတဲ့အချိန်ကို ထိုင်စောင့်မနေပါနဲ့တော့။

ကိုယ့်ဘဝအတွက် စတင်ဖို့ အကောင်းဆုံးအချိန်က အခုပါပဲ။

Tyron 's Talking Therapy

အဘွားက ပြောခဲ့ဖူးတယ်။ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။ လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။အနာ...
18/08/2026

အဘွားက ပြောခဲ့ဖူးတယ်။
ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။

လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။

ပန်းကန်တွေ ဆေး။
အမှိုက်တွေ လှည်းကျင်း။
စာရေးစရာရှိတာ ချရေး။
ချက်စရာရှိတာ ချက်။
ဒီလောက် လုပ်နိုင်ရင်
ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
တစ်လှမ်းချင်းပေါ့။

ခက်ခဲတဲ့အချိန်မှာ
တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။

ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။

နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။

နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။

အနာဂတ်ကို တွေးပူပြီး
လက်လျှော့ချင်နေတဲ့စိတ်တွေ
လျော့ပါးလာလိမ့်မယ်တဲ့။

~ အယ်လီနာ မီခယ်လ်ခိုဗာ
Tyron 's Talking Therapy

စိတ်ကျန်းမာရေးပြဿနာဆိုတာ ကျွန်တော်တို့ဘဝထဲကို ဝင်ရောက်လာပြီး အရာအားလုံးကို တဖြည်းဖြည်း လုယူသွားခဲ့တာပါ။ ကြောက်ရွံ့မှု၊ စ...
03/08/2026

စိတ်ကျန်းမာရေးပြဿနာဆိုတာ ကျွန်တော်တို့ဘဝထဲကို ဝင်ရောက်လာပြီး အရာအားလုံးကို တဖြည်းဖြည်း လုယူသွားခဲ့တာပါ။

ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုတွေမပါဘဲ အိပ်ရာကနေ ပေါ့ပါးစွာ နိုးထလာရတဲ့ ငြိမ်းချမ်းမှုကို ကျွန်တော် ဆုံးရှုံးခဲ့ရပါပြီ။ တစ်ချိန်က မျှော်မှန်းခဲ့တဲ့ ပန်းတိုင်တွေ၊ နက်ဖြန်ခါကို မျှော်လင့်တောင့်တတဲ့ စိတ်လှုပ်ရှားမှုတွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးနိုင်တဲ့ ခွန်အားတွေ အားလုံး ဝိုးတဝါးဖြစ်သွားခဲ့ပါပြီ။

မနက်တိုင်း အိပ်ရာထဲက ထဖို့တောင် အင်အားအပြည့် မရှိတော့ဘဲ၊ သာမန်နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေ လုပ်ဖို့တောင် တောင်ကြီးတစ်လုံးကို ထမ်းနေရသလို ခံစားရပါတယ်။

ချစ်မြတ်နိုးခဲ့တဲ့ ဝါသနာတွေ၊ မိသားစုနဲ့အတူ အပြည့်အဝ ရှိနေနိုင်စွမ်းတွေ၊ အကူအညီတောင်းရဲတဲ့ ရဲစွမ်းသတ္တိတွေ တစ်ခုပြီးတစ်ခု ပျောက်ဆုံးသွားခဲ့ပါပြီ။ အိမ်ပြင်ထွက်ဖို့တောင် ရင်တထိတ်ထိတ်နဲ့ အသက်ဆက်ရှင်နေရတာပါ။

ဒါပေမဲ့ လူအချို့ကတော့ ဒါဟာ ကိုယ်တိုင်ရွေးချယ်မှုတစ်ခုပါလို့ လွယ်လွယ်ပြောကြပါသေးတယ်။ မဟုတ်ပါဘူး၊ ဘယ်သူကများ ဒီလိုနာကျင်မှုကို ကိုယ်တိုင်ရွေးချယ်ချင်မှာလဲ။

အပြင်ကနေ ကြည့်တဲ့သူတွေ မမြင်နိုင်တာကတော့ နေ့စဉ်ရက်ဆက် ဒီတိုက်ပွဲကို အနိုင်ရဖို့ ကျွန်တော်တို့ ဘယ်လောက်တောင် ခွန်အားတွေ အကုန်ခံပြီး ရုန်းကန်နေရသလဲဆိုတဲ့ အချက်ပါပဲ။

အရာရာကို ဆုံးရှုံးထားရပေမဲ့လည်း ကျွန်တော်တို့တွေ ဆက်လက် တိုက်ပွဲဝင်နေဆဲ၊ အသက်ရှင်ဖို့ ကြိုးစားနေဆဲပါပဲ။

Tyron 's Talking Therapy

လူ့ဂုဏ်သိက္ခာလူ့ဂုဏ်သိက္ခာဆိုတာ အောင်မြင်မှု၊  ကြီးပွားမှု၊ အာဏာရှိမှုတွေမှာ မမူတည်ပါဘူး။ မတရားမှုအစုစုတို့ကို မြူမှုန်တ...
01/08/2026

လူ့ဂုဏ်သိက္ခာ

လူ့ဂုဏ်သိက္ခာဆိုတာ အောင်မြင်မှု၊ ကြီးပွားမှု၊ အာဏာရှိမှုတွေမှာ မမူတည်ပါဘူး။ မတရားမှုအစုစုတို့ကို မြူမှုန်တစ်စေ့မျှ မကျူးလွန်ခြင်းနဲ့သာ တိုင်းတာရပါတယ်။

သိက္ခာရှိတဲ့လူဟာ တရားတာနဲ့ မတရားတာ၊ ကုသိုလ်အမှုနဲ့ အကုသိုလ်အမှုတွေကို ခွဲခြားသိမြင်နိုင်တဲ့၊ သဘာဝတရားတွေကို သိရှိနားလည်တဲ့ ပညာရှိရတယ်။

အဲဒီလို ခွဲခြားသိမြင်ဖို့ အခြေခံ ဖြစ်တဲ့ အကြားအမြင် ဗဟုသုတ ရှိရတယ်။

လုပ်သင့်တာတွေပဲ လုပ်ပြီး မလုပ်သင့်တာတွေမလုပ်တာကို ယုံကြည်သက်ဝင်တဲ့ သဒ္ဓါတရားရှိရတယ်။

မကောင်းတဲ့၊ မလုပ်သင့်တဲ့ အရာမှန်သမျှကို မလုပ်ဖို့ စောင့်စည်းတဲ့ သီလ ရှိရတယ်။

ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို လိုအပ်တဲ့သူတွေ၊ ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို မျှဝေပေးတဲ့ စာဂ အကျင့်လည်း ရှိရတယ်။

ဒီသူတော်ကောင်းတရား ၅ ပါးဟာ လူ့ဂုဏ်သိက္ခာကို ပြဋ္ဌာန်းတယ်လို့ ဗုဒ္ဓရဲ့ အဆုံးအမအဖြစ်နှလုံးသွင်းသိရှိနာယူရပါတယ်။

အမှန်တကယ်ပဲ မတရားမှု အကုသိုလ် အစုစုကို ပြုသူတို့မှာ လူ့ဂုဏ်သိက္ခာကင်းမဲ့နေတတ်ပါတယ်။

Tyron 's Talking Therapy

ကျုပ် အသက် ၆၉ နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၂ နှစ်က ဇနီးဖြစ်သူ ဆုံးပါးသွားခဲ့တယ်။ ခုတော့ နှစ်ထပ်အိမ်ကြီးထဲ ကျုပ်တယောက်တည်းနေရတာ...
31/07/2026

ကျုပ် အသက် ၆၉ နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၂ နှစ်က
ဇနီးဖြစ်သူ ဆုံးပါးသွားခဲ့တယ်။ ခုတော့ နှစ်ထပ်
အိမ်ကြီးထဲ ကျုပ်တယောက်တည်းနေရတာ
အထီးကျန် တိတ်ဆိတ် ခြောက်ကပ်လွန်းတယ်
လို့ခံစားလာရတယ်။
-
တညနေတော့ အိမ်အပေါ်ထပ်ကနေ အဆင်း
လှေကားမှာ ချော်ကျပြီး ပေါင်ကျိုးခဲ့ရတယ်။
အရိုးဆေးရုံမှာ တလလောက် တက်ခဲ့ရတယ်။
-
ဆေးရုံက ဆင်းတော့ သားကပြောတယ်၊
“ အဖေ - တယောက်တည်းနေလို့
အဆင်ပြေမှာ မဟုတ်ဘူး၊
သားတို့အိမ်မှာ လိုက်နေပါ “
-
တကယ်တော့ ကျုပ် လိုက်မနေချင်ဘူး။
ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး အပိုမထမ်းစေချင်ဘူး။
-
ကျုပ် တယောက်တည်းနေလို့
နောက်တကြိမ်လဲကျခဲ့ရင်
ကျုပ်အနားမှာ ကူညီဖေးမမယ့်သူလည်း
တယောက်မှ မရှိဘူး။
-
ဒါနဲ့ နောက်ဆုံး သားတို့နဲ့လိုက်နေဖို့
ကျုပ် သဘောတူလိုက်ရတယ်။
ဆယ်ကျော်သက်သားနှစ်ယောက်ရှိတဲ့
သားတို့မိသားစုအိမ်ကြီးက အတော်ကောင်းပြီး
ခြံကလည်း ကျယ်ဝန်းလှတယ်။
-
ကျုပ်ကို အိမ်မကြီးနဲ့ ၅ ပေလောက်အကွာမှာ ရှိတဲ့
အိမ်သာ ရေချိုးခန်း မီးဖိုခန်းပါ ပါတဲ့
ကားဂိုဒေါင်အပေါ်ထပ်အခန်းမှာ
လွတ်လွတ်လပ်လပ်နေလို့ရအောင်
ပြင်ဆင်ပေးထားတယ်။
-
သားက “ အဖေ့ကို လွတ်လွတ်လပ်လပ်
လည်း နေလို့ရအောင်
အဖေ အကူအညိီတခုခုလိုအပ်တဲ့အခါ
သားတို့နဲ့လည်း နီးနီးနားနားရှိတာပေါ့ “ တဲ့။
-
ပထမတော့ ကျုပ် ကျေနပ်ပျော်ရွှင်မိတယ်။
နောက် တဖြေးဖြေးနဲ့ သားရဲ့အိမ်မှာ
ကျုပ်ဟာ လူစိမ်းတယောက်လို ခံစားလာရတယ်။
ဆယ်ကျော်သက်မြေးနှစ်ယောက်က
အားလပ်ချိန် မရှိသလောက်ပဲ။
-
ကျောင်းအားချိန်မှာ
သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင် ထွက်၊
မထွက်ဖြစ်ရင်လည်း တယ်လီဖုန်းကိုယ်စီနဲ့
အချိန်ကုန်နေတတ်ကြတယ်။
-
ညစာအတော်များများကိုတော့
ကျုပ်အခန်းလေးမှာပဲ တယောက်တည်းစားဖြစ်တာ
များပါတယ်။
အိမ်ကြီးထဲမှာ သားတို့မိသားစု ပြောဆိုနေသံကို
ကျုပ် အခန်းထဲကနားစွင့်ထောင်ရင်း
အချိန်ကုန်ခဲ့ရတာ များပါတယ်။
-
ကျုပ် နေ့လည်နေ့ခင်း အားလပ်ချိန်မှာ
အိမ်ထဲ တိုထီတိုထွာ‌အပျက်အစီးလေးတွေ
ပြင်ပေးတယ်။
ရေဘုံဘိုင်ခေါင်း ယိုတာ၊
တံခါးလက်ကို ပြုတ်နေတာ၊ မီလုံး လဲပေးတာ
စသဖြင့်ပေါ့။
-
ချွေးမက ပြောတယ်၊
“ အဖေ အဲဒါတွေလျှောက်မလုပ်နဲ့လေ၊
မတော်လို့ ထိခိုက်မိရင် ဆေးရုံဆေးခန်းရောက်နေမယ်၊
အဖေ ကိုယ့်ဖာသာ အေးအေးသက်သာနေပါ၊
-
ဒါ‌တွေက လူခေါ်ပြင်လို့ရတယ်လေ “ တဲ့။
ချွေးမရဲ့စေတနာကို ကျုပ်နားလည်တာပေါ့။
ကျုပ် နားလည်တတ်ကျွမ်းထားတဲ့
အဲဒါလေးတွေမှ မလုပ်ရရင်
ကျုပ်က အသုံးမဝင်တော့တဲ့နေရာ ရောက်သွားမှာပေါ့။
-
ဒီလို အိမ်မှာ အသေးအမွှားပြုပြင်တာလေးတွေက
ကျုပ် တသက်လုံး
ကျုပ်ဖာသာ လုပ်လာခဲ့တဲ့အလုပ်တွေလေ။
ခု ဒီလိုအလုပ်လေးတွေတောင် စွန့်လိုက်ရအုံးမှာလား။
-
ဒီလိုနဲ့ တနေ့လုံး ကျုပ်အခန်းထဲမှာပဲ
တကိုယ်တည်း အချိန်ကုန်အောင်နေရတော့တာပေါ့။
ပြင်းရင် တယောက်တည်း တီဗီထိုင်ကြည့်နေရတယ်။
သားတို့မိသားစုနဲ့လည်း
ထမင်းအတူ မစားဖြစ်တော့ဘူး။
-
လာခေါ်ရင်လည်း ပင်ပမ်းနေလို့ပဲ ဖြေလိုက်မိတယ်။
အမှန်က သူတို့မိသားစုဝင်တယောက် မဟုတ်တော့ဘူး
လို့ ကျုပ် ခံစားလာရလို့ပဲ။
-
တနေကုန် အလုပ်တွေ ကျောင်းစာတွေနဲ့
ရှုပ်ရှက်ခတ်အချိန်ကုန်နေရတဲ့ လူငယ်မိသားစုဘဝထဲ
အဖိုးကြီးက ဝင်ရှုပ်နေသလို ခံစားလာရတယ်။
-
တညနေတော့ ၁၅ နှစ်အရွယ်မြေးကြီး
ကျုပ်အခန်းတံခါးကို လာခေါက်ပြီး ခေါ်တယ်။
“ အဖိုး - သားစက်ဘီး ချိန်းပြုတ်သွားလို့၊
အဖေလည်း အိမ်မှာ မရှိလို့ပါ။
-
အဖိုး တပ်ပေးတတ်လား ဟင် “
“ အဖိုး လုပ်တတ်တာပေါ့၊ သားစက်ဘီး သွားယူခဲ့ “
မြေးအဖိုးနှစ်ယောက် ကားဂိုဒေါင်ထဲအတူထိုင်ရင်း
စက်ဘီးချိန်း ဘယ်လိုပြန်တပ်ရလဲ ဆိုတာ
မြေးကြီးကို အဆင့်ဆင့်သေချာသင်ပြပေးလိုက်တယ်။
-
မြေးကြီးက သေချာလေ့လာမှတ်သားရင်း
သူသိချင်တာလေးတွေလည်း မေးခွန်းထုတ်တယ်။
ဒီအိမ်ပြောင်းလာပြီးမှ
တယောက်ယောက်က ကျုပ်ကို
အသုံးဝင်သေးတဲ့လူတယောက်လို အသိအမှတ်ပြုတာ
ပထမဆုံးအကြိမ် ခံစားလိုက်ရတာပဲ။
-
အဲဒီနေ့က စပြီး
မြေးကြီး ကျုပ်ဆီ မကြာခဏလာတယ်။
ဟိုပစ္စည်း ဘယ်လိုပြင်ရသလဲ၊
ဒီပစ္စည်း ဘယ်လိုပြင်ရသလဲ လာလာမေးလေ့ရှိတယ်။
-
စက်ဘီးဘရိတ် ပြင်တာတို့
နဲ့နေတဲ့သစ်သားကုလားထိုင် ပြင်တာတို့ စသဖြင့်ပေါ့။
မြေးကြီးက အတန်းထဲမှာ
သူ့အဖိုးက ဘာမဆိုပြင်တတ်တယ် ဆိုပြီးကြွားသတဲ့။
-
စနေနေ့တရက်မှာတော့ မြေးကြီးက ပြောလာတယ်၊
“ အဖိုး သားနဲ့ သားသူငယ်ချင်းတွေကို
ပျက်တဲ့ပစ္စည်းတွေ ဘယ်လိုပြင်ရမလဲ
ဆိုတာသင်ပေးပါလား။
-
သူတို့အိမ်မှာ အဲလိုသေးသေးမွှားမွှားလေးတွေတောင်
မပြင်တတ်ကြလို့ “ တဲ့။
ကျုပ် အံ့အားသင့်သွားတယ်၊
ဒါပေမဲ့ ဝမ်းသာသွားပြီ
“ အေး သင်ပေးမယ် “ဖြေလိုက်တယ်။
-
အဲလိုနဲ့ စနေနေ့တိုင်း
မြေးကြီးနဲ့ သူ့သူငယ်ချင်း ၃-၄ ယောက်ကို
ကားဂိုဒေါင်ထဲမှာ သင်တန်းပေးရတယ်။
ရေပိုက် ဘယ်လိုပြင်ရလဲ၊
ကုလားထိုင် ဘယ်လိုပြင်ရလဲ၊
စက်ဘီး ဘယ်လိုပြင်ရလဲ။
-
ကိုယ့်ကို မထိခိုက်အောင် အသက်အန္တရာယ် မဖြစ်အောင်
ကိရိယာပစ္စည်းတွေ ဘယ်လိုကိုင်တွယ်အသုံးချရမလဲ
စသဖြင့်ပေါ့။
-
ချွေးမလည်း သူအားလပ်တဲ့စနေနေ့မျိုးဆို
ကျုပ်သင်တန်းကို လာတက်တယ်။
“ အဖေ - သမီး အသက်သာကြီးလာတယ်၊
အဲဒါတွေ တခုမှ မလုပ်တတ်ဘူး။
သမီးရော ဒီသင်တန်း လာတက်လို့ရမလား “ တဲ့။
-
ဒီလိုနဲ့ တဖြေးဖြေး ဒီအိမ်မှာ ကျုပ်ရဲ့အခန်းကဏ္ဍက
ထူးခြားပြောင်းလဲလာပြီ။
သားကတောင် အိမ်မှာပြင်စရာရှိလာတဲ့အခါ
အပြင်လူတစိမ်းတယောက်ကို ခေါ်မယ့်အစား
ကျုပ်ကို လာမေးမြန်းလာပြီ။
-
ခုတော့ ချွေးမကိုယ်တိုင်က
ညစာ သူတို့မိသားစုနဲ့ အတူစားဖို့ နေ့တိုင်း လာခေါ်နေပြီ။
မြေးတွေကလည်း
ကျုပ်ငယ်ငယ်က လုပ်ခဲ့တဲ့အလုပ်အကြောင်း
ရင်းရင်းနှီးနှီးမေးမြန်းလာကြတယ်။
-
ပြီးခဲ့တဲတနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာတော့
သားက ကျုပ်နဲ့အတူ ဂိုဒေါင်ထဲမှာ
ထိုင်စကားပြောကြတယ်။
-
“ အဖေ - အဖေ ဒီအိမ်ပြောင်းလာပြီးကတည်းက
သား အဖေ့ကို အချိန်ပေးစကားမပြောနိုင်တာ
ဆောရီးပါ၊
တကယ်တော့ အဖေ့ကို ဒီအိမ်မှာ လာနေခိုင်းတာက
အမေ့ကို ဆုံးရှုံးရပြီး‌တဲ့နောက်
အဖေ့ကို ဂရုမစိုက်မပြုစုရပဲ အဆုံးရှုံးခံရမှာ စိုးလို့ပါ။
-
ဒါပေမဲ့ အဖေတယောက်တည်း အခန်းထဲမှာ
အထီးကျန်နေတာ သား မစဉ်းစားမိလိုက်ဘူး။ “
“ သားက အဖေ့ကို စိတ်လုံခြုံမှု ပေးတယ်၊
မြေးလေးက အဖေ့ကို ယုံကြည်မှု ပြန်ပေးလိုက်တယ်။
အဲဒါက သားမျှော်မှန်းတာထက် ပိုအရေးကြီးတယ်။ “
-
ကျုပ်အသက် ၆၉ နှစ် ရှိပြီ။
ကျုပ်ဇနီးကို ဆုံးရှုံးထားတယ်။
ကျုပ်လွတ်လပ်မှုတွေလည်း
တနည်းနည်းနဲ့ ဆုံးရှုံးနေတယ်။
-
ဒါပေမဲ့ အနှစ် ၅၀ လုံးလုံး
ကျုပ်လုပ်ခဲ့တဲအတွေ့အကြုံအရည်အချင်းတွေ
မဆုံးရှုံးသေးပါဘူး။
စီးပွါးရေးအရ မဟုတ်ပဲ
တယောက်ယောက်က ကျုပ်ရဲ့အရည်အသွေးတွေကို
သတိပြန်ရအောင် လာမေးတာမျိုး ကျုပ်အလိုရှိတယ်။
-
ကျုပ်တို့ အသက်ကြီးအိုမင်းလာတဲ့အခါ
ငါတို့ အသုံးဝင်မှုတွေ အဆုံးသတ်သွားပြီ၊
ငါတို့ အလုပ်လုပ်ချိန်တွေ နိဂုံးချုပ်သွားပြီ
လို့ထင်မြင်ယုံကြည်ခံစားကြရတယ်။
-
ကျုပ် အခုဂိုဒေါင်ထဲနေရင်း
ခြားနားတဲ့ထင်မြင်ယုံကြည်ချက်ကို တွေ့လိုက်ရတယ်။
ကျုပ်တို့ သိခဲ့တတ်ခဲ့တာတွေ
ကျုပ်တို့ လေ့လာသင်ယူခဲ့တာတွေ
ကျုပ်တို့ အရည်အချင်းတွေဟာ
အသက်ကြီးလာပေမဲ့ ပျောက်ကွယ်မသွားဘူး ဆိုတာပဲ။
-
တယောက်ယောက်က မျှဝေသင်ကြားပေးဖို့
တောင်းဆိုတာကို စောင့်စားရင်းပေါ့။
-

(မြန်မာမှုပြုသည်)
Credit ; Htin Aung

🌸 အရာရာကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဆုံးမဩဝါဒ (၃) ချက်​သင်တွေးတောသလို သင်ဖြစ်လာသည်။(What you think, you become.)​ငြိမ...
29/07/2026

🌸 အရာရာကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဆုံးမဩဝါဒ (၃) ချက်

​သင်တွေးတောသလို သင်ဖြစ်လာသည်။
(What you think, you become.)

​ငြိမ်းချမ်းရေးဆိုတာ အတွင်းစိတ်မှ လာသည်။
(Peace comes from within.)

​သင် မထိန်းချုပ်နိုင်သော အရာများကို စွန့်လွှတ်လိုက်ပါ။
(Let go of what you cannot control.)

Tyron's Talking Theraoy

ဝါဆိုလပြည့်နေ့အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မိမိနှင့်အများ​ကောင်းကျိုးတတ်နိုင်သမျှစွမ်း​ဆောင်နိုင်သူများဖ...
29/07/2026

ဝါဆိုလပြည့်နေ့အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မိမိနှင့်အများ​ကောင်းကျိုးတတ်နိုင်သမျှစွမ်း​ဆောင်နိုင်သူများဖြစ်ကြပါ​စေ....

❤❤❤❤❤

ပဋိသန္ဓေ ယူသောနေ့

ဂေါတမမြတ်စွာဘုရားလောင်းသည် မဟာမာယာဒေဝီ မိဖုရားကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စတင်ယူသောနေ့ ဖြစ်သည်။

တောထွက်တော်မူသောနေ့

သိဒ္ဓတ္ထမင်းသားသည် သားတော် ရာဟုလာလေး မွေးဖွားသောညတွင် နိမိတ်ကြီးလေးပါးကို ဆင်ခြင်၍ တောထွက်တော်မူသောနေ့ ဖြစ်သည်။

ဓမ္မစကြာဒေသနာတော် စတင်ဟောကြားသောနေ့

ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် ပဉ္စဝဂ္ဂီ ၅ ဦးတို့အား ပထမဆုံးသော "ဓမ္မစက္ကပဝတ္တနသုတ်" (ဓမ္မစကြာ တရားတော်) ကို စတင်ဟောကြားခဲ့သည့်နေ့ ဖြစ်သည်။

သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့

ဓမ္မစကြာတရားတော်ကို နာကြားရပြီးနောက် အရှင်ကောဏ္ဍည မထေရ်သည် သောတာပန် ပုဂ္ဂိုလ်ဖြစ်လာကာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သည့်နေ့ ဖြစ်သည်။

တရားရတနာ စတင်ပေါ်ပေါက်သောနေ့

ဘုရားရှင်၏ တရားဦးကို စတင်ဟောကြားခဲ့သဖြင့် တရားရတနာ စတင်ပေါ်ပေါက်သည့်နေ့လည်း ဖြစ်သည်။

ရေမီးအစုံ တန်ခိုးပြတော်မူသောနေ့

သာဝတ္ထိပြည် ကဏ္ဍမ္ဗပင်ရင်း၌ ဒိဋ္ဌိတို့၏ အယူဝါဒကို နှိမ်နင်းရန် ရေ မီးလျှံ အစုံစုံတို့ဖြင့် သပ္ပါယ်စွာ တန်ခိုးပြတော်မူသောနေ့ ဖြစ်သည်။

တာဝတိံသာသို့ ကြွတော်မူသောနေ့

တန်ခိုးပြပွဲအပြီးတွင် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား အဘိဓမ္မာတရား ဟောကြားရန် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူသောနေ့ ဖြစ်သည်။

Tyron 's Talking Therapy
Counseling & Psychological Services

စိတ်ကုထုံး(Psychotherapy) ဆိုသည်=•=•=•=•=•=•=•=•=•=•=•=•=•=•=ခပ်နုံနုံ ခပ်အအ လူတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ ပဒတ်လိုက်သွား...
20/07/2026

စိတ်ကုထုံး(Psychotherapy) ဆိုသည်
=•=•=•=•=•=•=•=•=•=•=•=•=•=•=
ခပ်နုံနုံ ခပ်အအ လူတစ်ယောက်ဟာ သူငယ်ချင်း
တွေနဲ့ ပဒတ်လိုက်သွား၊ ပဒတ်တွင်းဂယ်ပေါက်က
ထိုင် စောင့်တုန်း ပဒပ်ကသူ့ပုဆိုးထဲခုန်ဝင်ရင်း
လွတ်သွား။ သူငယ်ချင်းတွေကပဒတ် ဘယ်ထွက်သွား
လဲ မေးတော့မဖြေတတ်။ သူငယ်ချင်းတွေက မင်း
ဖင်ထဲကနေ ဗိုက်ထဲဝင်သွားတာနေမှာလို့စနောက်။
ထိုသူ ဥပါဒဏ်စွဲ။ မအိပ်နိုင်မစားနိုင်ဖြစ်။ ရွာကဆေး
ဆရာက သူဥပါဒဏ်အစွဲချွတ်ပေးဖို့ ပဒပ်အရှင်တစ်
ကောင်ကိုဖွက်ယူလာ။ ထိုလူငယ်ကို ပဒတ်ကဘယ်
မင်းဖင်ထဲ ဘယ်လိုဝင်သွားတာတုန်းမေး၊ လူငယ်က
သူပုဆိုးထဲဝင်သွားပုံလုပ်ပြနေတုန်း ဆေးဆရာက
သူဖွက်ယူလာတဲ့ ပဒတ်အရှင်ကို လူငယ်ပုဆိုးထဲကထွက်သွားဟန်လွှတ်၍ပြ။ “ဟိုမှာ ဟိုမှာ မင်းဖင်ထဲဝင်
နေတဲ့ ပဒတ် ငါထွက်အောင်လုပ်လိုက်ပြီ”ဟုပြောဆို
ပြသ။ လူငယ် ဥပါဒဏ်လွတ် စိတ်ချမ်းသာသွား။
တကယ်တော့ ဒီဇာတ်လမ်းဟာ စိတ်ကုထုံး တစ်ခုကို
ပြသတာပါပဲ။ စိတ်ဒုက္ခရောက်နေသူတစ်ဦးကို
Psycho သုံးပြီး ကုပေးလိုက်တာဟာ စိတ်ကုထုံးလို့
ဆိုနိုင်ပါတယ်။

ယောက္ခမအိမ်မှာ စိတ်ဖိစီးမှုတွေခံရရင်းသားငယ်က
လည်းဆုံးတော့ သားအလောင်းကို မစွန့်နိုင်ပဲငိုကြွေး
ပူဆွေးနေတဲ့ ကိသာဂေါတမီကို မြတ်စွာဘုရားက
မသေတဲ့လူမျိုးနွယ်ရှိတဲ့အိမ်က မုန့်ညှင်းစေ့တောင်း
ခဲ့။ သားငယ်ကိုပြန်ရှင်အောင်လုပ်ပေးမယ်”ဆို။ မသေ
တဲ့လူမျိုးနွယ်အိမ်လိုက်ရှာမုန့်ညှင်းစေတောင်း။ ဘယ်
မှာမှရှာမရ။ လူဆိုတာသေမျိုးလို့သိမြင်သွား။ သား
ငယ်အလောင်းကို သဂြိုလ်လိုက်တဲ့ ဖြစ်ရပ်ဟာလည်း
စိတ်ကုထုံးတစ်ခုရဲ့ဥပမာပါပဲ။

ခပ်လွယ်လွယ်ပြောရရင် စိတ်ဒုက္ခရောက် စိတ်မကျန်း
မမာဖြစ်နေသူတစ်ဦးကို အထက်ကလို စိတ်ပိုင်းဆိုင်
ရာနည်းတွေသုံးပြီး စိတ်ချမ်းသာအောင် စိတ်သက်သာ
ပြီး ပုံမှန်အခြေအနေ ပြန်ကောင်းသွားအောင်ကုသပေး
တာကို စိတ်ကုထုံး Psychotherapy လို့ခေါ်နိုင်ပါတယ်။

ချစ်ရသူဆုံးရှုံးပူဆွေးသောကရောက်တယ်၊ တရားနာ
အမျှအတမ်းဝေလိုက်လို့စိတ်သက်သာရာရသွားတယ်၊
ရည်းစားနဲ့ကွဲ၊ ပူဆွေးဒုက္ခရောက်သူကို သူငယ်ချင်းတွေ
ကရည်းစားရဲ့ ချို့ယွင်းချက် မနှစ်မြို့စရာအချက်တွေ
ဝိုင်းပြော၊ ကာယကံရှင်ကပါ ရည်းစားအပေါ်မနှစ်မမြို့
ဖြစ်လာ ပြတ်နိုင်သွား။ ဒါတွေဟာလည်း စိတ်ကုထုံးရဲ့
သာဓကတွေလို့ဆိုနိုင်ပါတယ်။ တချို့ပယောဂဆရာ
တွေ ဂိုဏ်းဆရာတွေကုတဲ့ ပယောဂနည်းတွေဟာလည်း
စိတ်ကုထုံးတွေပဲ။ ဒါပေမဲ့ တချို့နည်းတွေဟာ သိပ္ပံ
နည်းမကျ၊ ကျိုးကြောင်းဆီလျှော်ခြင်းလည်းမရှိ၊ စစ်
မှန်မှုမရှိတဲ့ ယုံကြည်မှုတွေပေါ်မှာအခြေခံထားရင်
တော့ သိပ္ပပညာကလက်မခံပါဘူး။

မျက်မှောက်ခေတ် စိတ်ပညာဘာသာရပ်က လက်ခံ
ထားတဲ့ ခိုင်မာတဲ့ စိတ်ကုထုံးနည်းတွေရှိပါတယ်။
အဲဒီနည်းတွေကတော့

၁။ စိတ်ခွဲစိစစ်မှုကုထုံး
ဒီကုထုံးကတော့ ဆစ်ဂမန်ဖရွိုက်ရဲ့ စိတ်ခွဲပညာ
သီအိုရီပေါ်အခြေခံထားတာပါ။ လူဟာမိမိကိုယ်ကို
သတိမမူမိပဲ မသိစိတ်တွင်းက စိတ်ပဋိပက္ခတွေကြောင့်
စံလွဲစိတ်ဖောက်ပြန်မှုအပြုအမူတွေပြုမူနေတာတွေ
ရှိတယ်။ လူနာကိုလွတ်လွတ်လပ်လပ်စကားပြောခိုင်း
ရင်း လူနာမသိစိတ်ထဲကပဋိပက္ခတွေရှာဖွေစိစစ်။ လူ
နာဟာ မိမိစံလွဲအပြုအမူရဲ့ အကြောင်းရင်းကို ထိုးထွင်း
သိမြင် ကောင်းသွားစေတဲ့ကုသနည်းပါ။ တက္ကသိုလ်
ဘုန်းနိုင်ရဲ့”နှင်းငွေ့တထောင့် မိုးတမှောင့်” ဝတ္တုဖတ်
ရင် စိတ်ခွဲစီစစ်မှုကုထုံးအကြောင်းပိုနည်းလည်ပါလိမ့်
မယ်။

၂။ သိမှုကုထုံး(Cognitive therapy)
ဒီကုထုံးရဲ့ အခြေခံအယူအဆကတော့ စံလွဲအပြုအမူ
တွေရဲ့ နောက်ကွယ်မှာ လူနာရဲ့ မှားယွင်းတဲ့တွေးခေါ်၊
ခံစားပုံတွေ၊ ယုံကြည်မှုတွေရှိတယ်။ ဒီယုံကြည်မှုတွေ
ကို ဆရာက လူနာကို စကားပြောရင်းလိုက်ရှာ။ ဒီမှား
ယွင်းတဲ့တွေးခေါ်ခံစားပုံတွေကို တည့်မတ်ပြုပြင်ပေး
ဖို့ကြိုးစားတဲ့ကုထုံးဖြစ်ပါတယ်။

၃။ သိမှု-အပြုအမူကုထုံး(Cognitive Behavior Therapy-CBT)
ဒီကုထုံးကတော့ လူနာရဲ့ မှားယွင်းနေတဲ့ စဉ်းစား
တွေးခေါ် ခံစားပုံတွေသာမကဘဲ အဲဒီသိမှုတွေကြောင့်
အကျင့်လိုစွဲမြဲနေတဲ့ အပြုအမူတွေဟာ မကောင်း
ကြောင်း အသုံးမကျကြောင်း သက်သေပြ ပြုပြင်
ပေးဖို့ ကြိုးစားတဲ့နည်းဖြစ်ပါတယ်။

၄။ အပြုအမူကုထုံး(Behavioral Therapy)
ဒီကုထုံဟာ Learning Principle တွေပေါ်မှာအခြေခံ
ထားပါတယ်။ စံလွဲအပြုအမူတွေဟာ စံကိုက်အပြု
အမူတွေလိုပဲ သင်ယူဖြစ်ပေါ်လာတယ်။ မှားယွင်း
သင်ယူထားတဲ့ အပြုအမူတွေကို ပြန်ဖျက်ပြီး မှန်
တဲ့သင်ယူမှုတွေလေ့ကျင့်ပေးတယ်။ လူနာအတွက်
အသုံးကျပေမဲ့ လူနာမှာမရှိဖြစ်နေတဲ့ အပြုအမူတွေ
ကို ပုံသွင်းလေ့ကျင့်ပေးတယ်။ အဲလိုအပြုအမူတွေ
ပြုပြင်ပြောင်လဲလာအောင် ဆုပေး-ဒဏ်ပေးနည်း
တွေသုံးပါလိမ့်မယ်။

၅။ လူအဓိကပြုကုထုံး(Humanistic Therapy)
ဒီကုထုံးရဲ့ အယူအဆအရ “လူဟာမိမိကိုယ်မိမိ
စိတ်ချမ်းသာချင်တဲ့၊ စိတ်ချမ်းသာအောင်လုပ်နိုင်တဲ့
အစွမ်းအစတွေပါလာပြီးသား”လို့ယူဆတယ်။ ဒါ
ဆိုဘာလို့ စိတ်မချမ်းသာစရာ စံလွဲအပြုအမူတွေ
ဖြစ်နေရတာလဲ။ ဘာလို့လည်းဆိုတော့ သူကိုချစ်
ခြင်းမေတ္တာပေးတဲ့ လူကြီးတွေဟာ ဘာလုပ်ရင်ချစ်
မယ်၊ ဘာလုပ်ရင်မချစ်ဘူး ဆိုပြီးချစ်ခြင်းမေတ္တာ
ပေးတဲ့အခါ ကလေးဟာ အပစ်လုပ်မိတဲ့အခါသူ့
ရဲ့Self-esteemပျက်သွားတယ်။ လူဟာသိမ်ငယ်
စိတ်အားငယ်သွားရင် စိတ်ရောဂါတွေဝင်နိုင်တယ်။
ဒါကြောင့် လူနာကို အကြွင်းမဲ့လက်ခံမှုနဲ့ သူပြောတာ
ကိုနားထောင်ပေးပါ။ စာနာကိုယ်ချင်းစာမှုပြပါ။
စစ်မှန်စွာနားထောင်ပေးမှုပြပါ။ လူနာဟာစကား
ပြောရင်း သူပြဿနာကို သူဖာသူသိမြင်အဖြေရှာ
သွားပါလိမ့်မယ် ဆိုတဲ့ကုထုံးဖြစ်ပါတယ်။

စိတ်ကုထုံးတွေဟာ အချိန်ယူရပါတယ်။ လူနာ
ရော ကုသသူဆရာပါ ရင်နှီးစိုက်ထုတ်ရပါတယ်။
ကုန်ကျစရိတ်များပါတယ်။ စိတ်ရောဂါအထူးကု
ဆရာဝန်တွေဟာ ရောဂါလက္ခဏာပျောက်အောင်
ဆေးဝါးတွေပေးကုသပေမဲ့၊ စိတ်ကုထုံးပေးကုသ
ဖို့အချိန်မပေးနိုင်ကြပါဘူး။ ကုခန်းစိတ်ပညာရှင်
တွေကတော့ ဆေးမပေးနိုင်ဘူး။ စိတ်ကုထုံးတွေ
ပေးကြပါတယ်။ ၄င်းတို့ပူးပေါင်းကုသကြတဲ့
ဖြစ်ရပ်တွေလည်းရှိပါတယ်။

ဒါဆိုရင် စိတ်ကုထုံးအကြောင်း အကြမ်းဖျင်းနား
လည်သွားနိုင်ပြီလို့ယူဆပါတယ်။ လက်တွေ့နား
လည်ကျင့်သုံးဖို့ကတော့ စိတ်ပညာသီအိုရီတွေ
အကြောင်းလည်း နှံ့စပ်သိမြင်ရန်လိုပါလိမ့်မယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

စိတ်မကျန်းမာမှု အယူအဆများပြောင်းလဲလာပုံစိတ်ဖောက်ပြန်တဲ့စံလွဲ အပြုအမူတွေဟာရှေးကျောက်ခေတ်လူသားတွေမှာလည်းရှိတယ်။ဒီဖြစ်ရပ်ကိ...
18/07/2026

စိတ်မကျန်းမာမှု အယူအဆများပြောင်းလဲလာပုံ

စိတ်ဖောက်ပြန်တဲ့စံလွဲ အပြုအမူတွေဟာ
ရှေးကျောက်ခေတ်လူသားတွေမှာလည်းရှိတယ်။
ဒီဖြစ်ရပ်ကိုရှင်းလင်းတဲ့ ရှေးကျတဲ့အယူအဆတွေက
မကောင်းဆိုးဝါးတွေ ပူးလို့ ပြုစားလို့ဆိုတဲ့ ပရောဂ
ဗေဒ အယူအဆတွေလည်းပါသလို ဘုရားသခင်က
ဒဏ်ခတ်တာ၊ ဘုရားသခင်က သူစောင့်ရှောက်နေတဲ့
လူရဲ့ကိုယ်ထဲကသူ့ဝိဥာဉ်ကိုထွက် မကောင်းဆိုးဝါး
ဝိဥာဉ်တစ်ခုဝင်ခွင့်ပြုလိုက်တာ ဆိုတဲ့ ယုံကြည်မှု
တွေလည်းပါတယ်။

အဲဒီတော့ မကောင်းဆိုးဝါးထွက်သွားအောင် နှင်ကြ
တာပေါ့။ ကျောက်ခေတ်ကဆို လူနာ ရဲ့ဦးခေါင်းခွံက
အရိုးကို ကျောက်လက်နက်နဲ့ဖဲ့ထုတ် မကောင်းဆိုးဝါး
ထွက်အောင် အပေါက်လေးဖောက်ကုတဲ့အထောက်
အထားလည်းတွေ့ရတယ်။ ဒါကအစောဆုံးအထောက်
အထား။ မကောင်းဆိုးဝါးနှင်တဲ့နည်းတွေကတော့
အမျိုးမျိုးပဲ။ ဝမ်းနုတ်ဆေးတိုက်၊ ကြိုးတုတ်ရိုက်၊
မျက်စေ့ထဲငရုပ်သီးထောင်းထည့်၊ ရေနှစ်၊ မီးရှို့
မလှုပ်နိုင်အောင် အမျိုးမျိုးချုပ်နှောင်စတဲ့ ထင်ရာ
မြင်ရာလူမဆန်တဲ့ရှေးကျ ရက်စက်တဲ့နည်းတွေနဲ့ကု။
ဆုတောင်း ဂါထာမန္တန်တွေရွတ်ကုတာလည်းပါ၊

ဟစ်ပိုခရေးတီးရဲ့လက်ထက်မှာတော့ စိတ်ရောဂါဟာ
မကောင်းဆိုးဝါးပူးလို့ဆိုတဲ့အယူအဆကိုလက်မခံ။
စိတ်နေမကောင်းတာဟာ ခန္ဓာကိုယ်နေမကောင်းသလိုပဲ
သဘာဝအကြောင်းတရားတွေရှိတယ်။ ဦးနှောက်ထိ
ခိုက်ရင်လည်းစိတ်ကိုထိခိုက်တယ်ဆိုတယ်။ စိတ်ရောဂါ
တွေကို လူသားဆန်ဆန်ကုဖို့ကြိုးစားတယ်။ တချို့
ဂရိဘုရားကျောင်းတွေဟာ လူနာတွေကိုဇိမ်ကျကျထား
ပန်းဥယျာဉ်ထဲ့လမ်းလျောက်၊ မြင်းစီး၊ လှေလှော်၊ ပါတီပေး၊
ရေနွေးစိမ်၊ ဂီတနဲ့ဖျော်ဖြေ၊ ဓာတ်စာပေးစတဲ့နည်း
တွေနဲ့ကုတယ်လို့ပင်ဆိုတယ်။

ဒါပေမဲ့ဒီတိုးတက်မှုဟာ ဥရောပအလယ်ခေတ်မှာ
(AD 500-1500)မှာ ပျောက်ကွယ်ပြီး မကောင်းဆိုးဝါး
ပရောဂဗေဒအယူအဆတွေပြန်ပေါ်လာ၊ လူတွေအစု
လိုက်အပြုံလိုက်စိတ်ရောဂါဖြစ်၊ အချုပ်ခန်းထဲသံ
ကြိုးချည်၊ နှိပ်စက် မကောင်းဆိုးဝါးထုတ်တဲ့ ရက်
စက်တဲ့နည်းတွေပြန်သုံးလာ၊ AD 1500ကျော် အလယ်
ခေတ်လွန်သွားမှ စိတ်ရောဂါနဲ့ပတ်သက်တဲ့အမြင်တွေ
ပြောင်း ခေတ်မီအယူအဆတွေပေါ်လာတယ်။

အလယ်ခေတ်ဥရောပဟာ အမှောင်ကျခဲ့ပေမဲ့ ဂရိနဲ့
ရောမတို့ရဲ့ တိုးတက်တဲ့အမြင်တွေဟာ အာရေဘီးယား
မှာ အဲဒီအချိန်ကဆက်ရှင်သန်နေခဲ့တယ်။ ခေါင်းဖြတ်
ခံထားရတယ်လို့ သူ့ကိုယ် ယုံမှားလွန်ဝေဒနာ ခံစားနေရ
သူလူနာကို အဝတ်ပတ်ချုပ်ထားတဲ့ ခဲဦးထုပ်ဆောင်းပေး၊
အလေးချိန်ခံစား ခေါင်းပြန်ရတဲ့ခံစားမှုရအောင်ကုပေး
တဲ့မှတ်တမ်းတွေလည်းရှိတယ်။ မိမိကိုယ်ကို နွားမတစ်
ကောင်လို့ ယုံမှားလွန် စိတ်ကျသေချင်နေတဲ့ မင်းသား
တစ်ပါးကို သမားတော်က ဓားရှည်ကြီးကိုင်ပြီး လာစမ်းနွားမ
ဘယ်မလဲ ငါသတ်ဖို့လာပြီလို့ဆို၊ လူနာကိုကြည့် ပိန်
သေးတယ်၊ အခုမသတ်သေးဘူး၊ အစာဝအောင်စား
ဝမှလာသတ်မယ်လို့ အစာကျွေးခိုင်း၊ လူနာအားပြည့်
ရောဂါပျောက်သွားတဲ့ စိတ်ကုထုံးမှတ်တမ်းတွေလည်း
တွေ့ရတယ်။

ယနေ့ခေတ်မှာတော့ စိတ်ရောဂါဖြစ်တာဟာ
ဦးနှောက်ရောဂါဗေဒကိုယ်ကြောင်းရင်းခံ၊ စိတ်
ကြောင်းရင်းခံ၊ မသိစိတ်၊ မှားယွင်းတဲ့သင်ယူမှု၊ သိမှတ်
စဉ်းစားမှု တွေအပြင် မိသားစု၊ လူမှုပတ်ဝန်းကျင်ရဲ့လွှမ်း
မိုးမှု စတဲ့ Biopsychosocial အယူအဆတွေပေါ်လာပြီဖြစ်
ပါတယ်။ ဆေးဝါးကုထုံး၊ စိတ်ကုထုံး၊ အုပ်စုကုထုံး
တွေနဲ့ စိတ်မကျန်းမာသူတွေကို ကျန်းမာလာအောင်
ကူညီနိုင်ပြီဖြစ်ပါတယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

Address

Yangon

Telephone

+959254470824

Website

Alerts

Be the first to know and let us send you an email when Tyron 's Talking Therapy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share