Orofer Myanmar

Orofer Myanmar ယုံကြည်စိတ်ချရဆုံး သံဓာတ်အားဆေး

💁🏻‍♀️သံဓာတ်ဆိုတာ ခန္ဓာကိုယ်က နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရေးကြီးတဲ့ သတ္တုဓာတ်တ...
21/08/2026

💁🏻‍♀️သံဓာတ်ဆိုတာ ခန္ဓာကိုယ်က နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးပါ။

ကျွန်မတို့ စားသုံးလိုက်တဲ့ သံဓာတ်ပါဝင်တဲ့ အစားအစာတွေ ဒါမှမဟုတ် သံဓာတ်ဖြည့်စွက်စာတွေကနေ သံဓာတ်ကို ရရှိပါတယ်။ ရရှိလာတဲ့ သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူပြီးနောက် ဟေမိုဂလိုဘင် (𝐇𝐞𝐦𝐨𝐠𝐥𝐨𝐛𝐢𝐧) ဖွဲ့စည်းရာမှာ ပါဝင်ကူညီပေးသလို အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပေးနိုင်ဖို့လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

❣️ဒါကြောင့် သံဓာတ်က ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအဆင့်ဆင့် အလုပ်လုပ်လဲဆိုတာကို ပုံလေးတွေထဲမှာ တစ်ဆင့်ချင်းစီ ရှင်းပြပေးထားပါတယ်နော်။

❤️ယုံကြည်စိတ်ချရဆုံးသံဓာတ်အားဆေး ❤️

#𝐎𝐫𝐨𝐟𝐞𝐫 #𝐈𝐫𝐨𝐧𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 #𝐎𝐫𝐨𝐟𝐞𝐫𝐒𝐲𝐫𝐮𝐩 #𝐄𝐦𝐜𝐮𝐫𝐞

📱 ဖုန်း 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝟐𝟎% အောက်ရောက်တာနဲ့ 𝐋𝐨𝐰 𝐁𝐚𝐭𝐭𝐞𝐫𝐲 ဆိုတဲ့ 𝐖𝐚𝐫𝐧𝐢𝐧𝐠 ပေါ်လာတာကို သတိထားမိကြတယ်ဟုတ်အဲ့လိုပဲ ကိုယ့်ခန္ဓာကိုယ်မှာ...
14/08/2026

📱 ဖုန်း 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝟐𝟎% အောက်ရောက်တာနဲ့ 𝐋𝐨𝐰 𝐁𝐚𝐭𝐭𝐞𝐫𝐲 ဆိုတဲ့ 𝐖𝐚𝐫𝐧𝐢𝐧𝐠 ပေါ်လာတာကို သတိထားမိကြတယ်ဟုတ်

အဲ့လိုပဲ ကိုယ့်ခန္ဓာကိုယ်မှာလည်း 𝐋𝐨𝐰 𝐈𝐫𝐨𝐧 ဖြစ်လာတဲ့အခါ ပြတဲ့ 𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐢𝐠𝐧𝐬 တွေရှိတာကို သတိထားမိကြရဲ့လား❓

🩸 ခန္ဓာကိုယ်မှာ သံဓာတ်နည်းပါးလာတဲ့အခါ သွေးအားနည်းပြီး —

✅ အလွယ်တကူ မောပန်းနွမ်းနယ်ခြင်း
✅ အသားအရေ ဖြူဖျော့ခြင်း
✅ အသက်ရှူမဝသလို ခံစားရခြင်း
✅ နှလုံးခုန်မြန်ခြင်း
✅ ဆံပင်ကျွတ်လွယ်ခြင်း
✅ လက်သည်း၊ ခြေသည်း ကြွပ်ဆတ်ပြီး ပျက်စီးလွယ်ခြင်း
✅ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
✅ အာရုံစူးစိုက်ရခက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

💁🏻‍♀️ ဒီလို 𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐢𝐠𝐧𝐬 တွေကို “အလုပ်များလို့ပါ”၊ “အိပ်ရေးမဝလို့ပါ” ဆိုပြီး အမြဲတမ်း လျစ်လျူမရှုသင့်ပါဘူးနော်။

🩸 သံဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်ခုဖြစ်တာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပြီး လိုအပ်ပါက သံဓာတ်ဖြည့်စွက်အားဆေး တွေကို သောက်သုံးနိုင်ပါတယ်။

📱 𝐋𝐨𝐰 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐖𝐚𝐫𝐧𝐢𝐧𝐠 ကို သတိထားသလို…

🩸 ကိုယ့်ခန္ဓာကိုယ်ရဲ့ 𝐋𝐨𝐰 𝐈𝐫𝐨𝐧 𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐢𝐠𝐧𝐬 တွေကိုလည်း သတိထားဖို့ မမေ့နဲ့နော်။

❤️ ယုံကြည်စိတ်ချရဆုံး သံဓာတ်အားဆေး ❤️

#𝐎𝐫𝐨𝐟𝐞𝐫
#𝐈𝐫𝐨𝐧𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭
#𝐒𝐚𝐟𝐞𝐀𝐧𝐝𝐑𝐞𝐥𝐢𝐚𝐛𝐥𝐞𝐈𝐫𝐨𝐧
#𝐄𝐦𝐜𝐮𝐫𝐞

ပြီးခဲ့တဲ့ Post မှာ မေးထားတဲ့ သံဓာတ်ဗဟုသုတ မေးခွန်းလေးရဲ့ အဖြေကို စစ်ကြည့်ရအောင်။ 👀ကိုယ်ဖြေထားတဲ့ အဖြေလေး မှန်သွားပြီလား...
10/08/2026

ပြီးခဲ့တဲ့ Post မှာ မေးထားတဲ့ သံဓာတ်ဗဟုသုတ မေးခွန်းလေးရဲ့ အဖြေကို စစ်ကြည့်ရအောင်။ 👀

ကိုယ်ဖြေထားတဲ့ အဖြေလေး မှန်သွားပြီလား?

✅ အဖြေမှန်ကတော့ “D - အားလုံး” ဖြစ်ပါတယ်။

💁🏻‍♀️ အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းခြင်း (Iron Deficiency Anemia) ဖြစ်စေနိုင်တဲ့ အကြောင်းရင်းက တစ်ခုတည်း မဟုတ်ပါဘူး။

🩸လစဉ်ဓမ္မတာလာခြင်း
လစဉ် သွေးဆုံးရှုံးမှုရှိတာကြောင့် ခန္ဓာကိုယ်ထဲက သံဓာတ်ပမာဏ လျော့နည်းလာနိုင်ပါတယ်။

🥗 အာဟာရပြည့်ဝစွာ မစားသုံးခြင်း
နေ့စဉ်အစားအစာတွေကနေ သံဓာတ်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရရှိရင် သံဓာတ်ချို့တဲ့နိုင်ပါတယ်။

🤰ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ ရင်သွေးအတွက် သံဓာတ်လိုအပ်ချက် ပိုမိုမြင့်တက်လာတာကြောင့် လုံလောက်စွာ မဖြည့်တင်းနိုင်ရင် သံဓာတ်ချို့တဲ့နိုင်ပါတယ်။

💡 ဒါကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မျှတစွာ စားသုံးပြီး လိုအပ်ပါက Orofer သံဓာတ်အားဆေးကိုလည်း တနေ့ တစ်လုံးသောက်သုံးပေးနိုင်ပါတယ်။

❤️ ယုံကြည်စိတ်ချရဆုံး သံဓာတ်အားဆေး ❤️






🩸သွေးတစ်စက်ထဲမှာ မတူညီတဲ့ လုပ်ငန်းဆောင်တာတွေကို တာဝန်ကိုယ်စီနဲ့ လုပ်ဆောင်နေကြတဲ့ သူရဲကောင်းလေးဖော်အကြောင်း သိပြီးကြပြီလာ...
31/07/2026

🩸သွေးတစ်စက်ထဲမှာ မတူညီတဲ့ လုပ်ငန်းဆောင်တာတွေကို တာဝန်ကိုယ်စီနဲ့ လုပ်ဆောင်နေကြတဲ့ သူရဲကောင်းလေးဖော်အကြောင်း သိပြီးကြပြီလားရှင့် ⁉️

💁🏻‍♀️ ကျွန်မတို့ ခန္ဓာကိုယ် ကျန်းမာရှင်သန်ဖို့ လည်ပတ်နေတဲ့ သွေးတစ်စီတိုင်းမှာ
👉🏻သွေးနီဥ (𝐑𝐞𝐝 𝐁𝐥𝐨𝐨𝐝 𝐂𝐞𝐥𝐥𝐬)
👉🏻သွေးဖြူဥ (𝐖𝐡𝐢𝐭𝐞 𝐁𝐥𝐨𝐨𝐝 𝐂𝐞𝐥𝐥𝐬)
👉🏻သွေးဥမွှား (𝐏𝐥𝐚𝐭𝐞𝐥𝐞𝐭𝐬)
👉🏻သွေးရည်ကြည် (𝐏𝐥𝐚𝐬𝐦𝐚) ဆိုတဲ့ သူကောင်းကောင်းလေးဖော်ရှိပါတယ်။

သူတို့ရဲ့ လုပ်ငန်းဆောင်တာ တစ်ခုချင်းစီကို ပုံလေးတွေထဲမှာ ကြည့်ပေးနော်။

💢 သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းရောဂါ မဖြစ်ရလေအောင် 𝐎𝐫𝐨𝐟𝐞𝐫 ကို ပုံမှန်သောက်ပြီး ကာကွယ်လိုက်ကြရအောင်။

❤️ ယုံကြည်စိတ်ချရဆုံးသံဓာတ်အားဆေး ❤️

Reference:
https://www.redcrossblood.org/donate-blood/how-to-donate/types-of-blood-donations

https://my.clevelandclinic.org/health/body/24836-blood

🌕 ဝါဆိုလပြည့်နေ့ အခါသမယမှ စတင်ပြီး မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး သံဓာတ်ပြည့်ဝစွာဖြင့် ကျန်း...
29/07/2026

🌕 ဝါဆိုလပြည့်နေ့ အခါသမယမှ စတင်ပြီး မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး သံဓာတ်ပြည့်ဝစွာဖြင့် ကျန်းမာ ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ 𝐎𝐫𝐨𝐟𝐞𝐫
မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏✨

‼️လူအများစုက အအိပ်အစားမှန်ရင် ကျန်းမာပြီလို့ ထင်တတ်ကြပေမယ့် တကယ်တော့ ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေရင် အားအင်ကုန်ခမ်းတာ၊...
24/07/2026

‼️လူအများစုက အအိပ်အစားမှန်ရင် ကျန်းမာပြီလို့ ထင်တတ်ကြပေမယ့် တကယ်တော့ ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေရင် အားအင်ကုန်ခမ်းတာ၊ မောပန်းလွယ်တာတွေ ဖြစ်တတ်ပါတယ်။

🩸သံဓာတ်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးဖို့ လိုအပ်သလို၊ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အလိုက် သံဓာတ်အားဆေးကိုလည်း ပုံမှန်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

💁🏻အအိပ်အစားမှန်ရုံနဲ့တင် မလုံလောက်လို့ နေ့ရက်တိုင်းကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ သံဓာတ်ကို ပြည့်ဝအောင် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်နော်။

❤️ ယုံကြည်စိတ်ချရဆုံးသံဓာတ်အားဆေး ❤️




💁🏻‍♀️ အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းခြင်း (𝐈𝐫𝐨𝐧 𝐃𝐞𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 𝐀𝐧𝐞𝐦𝐢𝐚) က အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက...
17/07/2026

💁🏻‍♀️ အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းခြင်း (𝐈𝐫𝐨𝐧 𝐃𝐞𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 𝐀𝐧𝐞𝐦𝐢𝐚) က အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဖြစ်တာလဲဆိုတာကို လူတိုင်း မသိကြသေးပါဘူး။

ဒါဆို… အဖြေမှန်ကို ရွေးကြည့်ရအောင်👇

အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းက ဘာဖြစ်မယ်ထင်လဲ? 🤔

အဖြေတစ်ခုတည်းလား… ဒါမှမဟုတ် အားလုံးလား? 👀

❓𝐀 - လစဉ်ဓမ္မတာလာခြင်း
❓𝐁 - အာဟာရပြည့်ဝစွာ မစားသုံးခြင်း
❓𝐂 - ကိုယ်ဝန်ဆောင်ခြင်း
❓𝐃 - အားလုံး

💬 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ သင့်အဖြေလေးကို ရေးပေးခဲ့ပါဦးနော်။

🤫 အဖြေမှန်နဲ့ ဘာကြောင့်လဲဆိုတာကိုတော့ နောက် 𝐏𝐨𝐬𝐭 မှာ ပြောပြပေးသွားပါမယ်။

❤️ ယုံကြည်စိတ်ချရဆုံး သံဓာတ်အားဆေး ❤️

#𝐎𝐫𝐨𝐟𝐞𝐫
#𝐈𝐫𝐨𝐧𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭
#𝐒𝐚𝐟𝐞𝐀𝐧𝐝𝐑𝐞𝐥𝐢𝐚𝐛𝐥𝐞
#𝐄𝐦𝐜𝐮𝐫𝐞
#𝐖𝐨𝐦𝐞𝐧𝐇𝐞𝐚𝐥𝐭𝐡
#𝐈𝐫𝐨𝐧𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞

💢 အလုပ်လုပ်ရင်းဖြစ်ဖြစ်၊ လမ်းသွားရင်းဖြစ်ဖြစ် ရုတ်တရက် ခေါင်းထဲမှာ မူးခနဲ ဖြစ်ဖူးကြလား❓အခုလိုမျိုး ခဏခဏ ခေါင်းမူးတတ်တာဟာ...
10/07/2026

💢 အလုပ်လုပ်ရင်းဖြစ်ဖြစ်၊ လမ်းသွားရင်းဖြစ်ဖြစ် ရုတ်တရက် ခေါင်းထဲမှာ မူးခနဲ ဖြစ်ဖူးကြလား❓

အခုလိုမျိုး ခဏခဏ ခေါင်းမူးတတ်တာဟာ ခန္ဓာကိုယ်မှာ သံဓာတ်အားနည်းပြီး သွေးအားနည်းနေပြီ ဆိုတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

💁🏻ခန္ဓာကိုယ်မှာ လိုအပ်တဲ့ သံဓာတ် ပြန်လည်ပြည့်ဝဖို့ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ် ဂရုတစိုက်နဲ့ ထည့်သွင်း စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သံဓာတ်အားဆေးကို စနစ်တကျ မှန်မှန်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

‼️ကိုယ်ခန္ဓာကပေးတဲ့ ကျန်းမာရေး သတိပေးချက်တွေကို အသေးအဖွဲလေးဆိုပြီး လျစ်လျူမရှုလိုက်ပါနဲ့နော်။

❤️ ယုံကြည်စိတ်ချရဆုံးသံဓာတ်အားဆေး ❤️




👩🏻‍💻 ခေတ်နဲ့အညီ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်အ‌နေနဲ့ နေ့စဉ်ဘဝကို ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်ဖို့ဆိုရင် ခန္ဓာက...
05/07/2026

👩🏻‍💻 ခေတ်နဲ့အညီ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်အ‌နေနဲ့ နေ့စဉ်ဘဝကို ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်ဖို့ဆိုရင် ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပြည့်ဝ‌နေဖို့ လိုအပ်ပါတယ်။

💁🏻သံဓာတ်ချို့တဲ့တဲ့အခါ အမျိုးသမီးတွေရဲ့ အပြင်ပန်း အလှအပဖြစ်တဲ့ ဆံပင်ကျွတ်ခြင်း၊ လက်သည်းခြေသည်းများ ကျိုးလွယ်ခြင်းနဲ့ အသားရည်ဖျော့တော့ ခြောက်သွေ့ခြင်း တို့ကိုအဓိက ခံစားရတတ်ပါတယ်။ ဒါအပြင် အမြဲမောပန်းနေတာ၊ အာရုံစူးစိုက်ရခက်တာတွေကလည်း သံဓာတ်အားနည်းခြင်းရဲ့ လက္ခဏာတွေပါပဲ။

💢 ဒါကြောင့် ခန္ဓာကိုယ်အတွင်းရော အပြင်ပါ လန်းဆန်းလှပနေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ သံဓာတ်လုံလောက်စွာ ပါဝင်ဖို့လိုပြီး လိုအပ်ပါက သံဓာတ်အားဆေး တွေကိုပါ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

❤️ ယုံကြည်စိတ်ချရဆုံးသံဓာတ်အားဆေး ❤️




🤔 ညဘက်စောစောအိပ်ပြီး အိပ်ချိန်လည်း လုံလောက်ပေမယ့် နေ့ခင်းပိုင်းမှာ မကြာခဏ အိပ်ငိုက်တာ၊ အားမရှိသလို ခံစားရတာမျိုး ဖြစ်နေပ...
30/06/2026

🤔 ညဘက်စောစောအိပ်ပြီး အိပ်ချိန်လည်း လုံလောက်ပေမယ့် နေ့ခင်းပိုင်းမှာ မကြာခဏ အိပ်ငိုက်တာ၊ အားမရှိသလို ခံစားရတာမျိုး ဖြစ်နေပါသလား?

အဲဒီလို ခံစားရတာက ခန္ဓာကိုယ်မှာ သံဓာတ်လျော့နည်းနေခြင်းနဲ့လည်း ဆက်စပ်နိုင်ပါတယ်။

🩸 သံဓာတ်ဟာ သွေးနီဥထဲက ဟီမိုဂလိုဘင် (Hemoglobin) ကို ဖွဲ့စည်းရာမှာ အရေးကြီးပြီး ခန္ဓာကိုယ်တစ်ခုလုံးဆီ အောက်ဆီဂျင် သယ်ဆောင်ပေးပါတယ်။
သံဓာတ်မလုံလောက်တဲ့အခါ အောက်ဆီဂျင်ပို့ဆောင်မှု လျော့နည်းပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းနဲ့ အိပ်ငိုက်လွယ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ 😴

💁🏻‍♀️ ဒါကြောင့် အကြောင်းရင်းမရှင်းဘဲ မကြာခဏ နုံးချိနေတယ်၊ အိပ်ငိုက်နေတယ်ဆိုရင် သံဓာတ်အခြေအနေကို သတိထားစစ်ဆေးကြည့်ဖို့ လိုအပ်နိုင်ပါတယ်နော်။

❤️ ယုံကြည်စိတ်ချရဆုံးသံဓာတ်အားဆေး ❤️



&Reliable

Address

Room No/407, Building (B), Space @ Yankin Condo, Yan Shin Road, 5th Block, Yankin Township
Yangon

Telephone

+95933393110

Website

Alerts

Be the first to know and let us send you an email when Orofer Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share