09/05/2026
ကိုယ့်ရဲ့ original content တွေကို သူများက credit မပေးပဲ သုံးတာ ကြုံဖူးကြလား၊
ဒီနေ့ပဲ လမ်းလျှောက်ရင်းနဲ့ ကြောင်ဖြူလေးတစ်ကောင်တွေ့တယ်၊ လည်ပတ်လေးနဲ့ ငှက်ကြည့်နေတာ ချစ်စရာလေး။ မျက်လုံးက တစ်ဖက်က အပြာ တစ်ဖက်က အဝါဖြစ်နေတော့
ထူးဆန်းလို့ ပုံရိုက်ပြီးကျွန်မရဲ့ family group chat ထဲကိုပို့လိုက်တာပေါ့၊ သူတို့လည်းမြင်ဖူးအောင်၊
အဲဒီမှာ content အလကားအယူခံရတာပဲ၊ ကျွန်မရဲ့ မာတာမိခင်က ခပ်တည်တည်နဲ့ ပုံကိုယူသုံးပြီး သူ့ story မှာတင်တယ်၊ Caption ပါရေးလိုက်သေးတယ်၊ ထူးခြားချက်ဘာလဲတဲ့၊
Original source ကိုလည်း credit မပေးဘူး။ 😭