Counseling with Craton

Directions

Counseling with Craton Licensed psychotherapist, alcohol & drug counselor, writer, mental health educator and advocate. Trained in EMDR, neurofeedback, CBT, DBT, ACT, and TREM.

တစ်ပတ်အတွင်း ဒီနေ့မှ နလန်ပြန်ထူခါစမို့ Bend ဆိုတဲ့မြို့လေးဘက် တစ်ညအိပ် နှစ်ရက်ခရီး စိတ်ပြေလက်ပျောက် ထွက်လာခဲ့တယ်။ ညရှိုး...
10/03/2026

တစ်ပတ်အတွင်း ဒီနေ့မှ နလန်ပြန်ထူခါစမို့ Bend ဆိုတဲ့မြို့လေးဘက် တစ်ညအိပ် နှစ်ရက်ခရီး စိတ်ပြေလက်ပျောက် ထွက်လာခဲ့တယ်။ ညရှိုးပွဲတစ်ခုရှိလို့ ကျွန်တော့်ချစ်သူက လက်မှတ်တွေကြိုဝယ်ထားပြီးနေတာနဲ့။

ကျွန်တော် ခုတလော ရုပ်ကျန်းမာရေးချူချာနေလို့ တော်တော်ဂရုစိုက်နေရတယ်။ လုပ်လိုက်ရတဲ့ check up တွေ၊ medical exam တွေဆိုတာလည်...
10/02/2026

ကျွန်တော် ခုတလော ရုပ်ကျန်းမာရေးချူချာနေလို့ တော်တော်ဂရုစိုက်နေရတယ်။ လုပ်လိုက်ရတဲ့ check up တွေ၊ medical exam တွေဆိုတာလည်း စုံစိနေတာပဲ။ ဒါလည်း ဘာဖြစ်မှန်း ဆရာဝန်တွေက သေချာမပြောနိုင်ဘူး။ MRI နဲ့ CT scan လုပ်ဖို့ပဲကျန်တယ်။ လုပ်မယ်စိတ်ကူးတယ်။ ဒါနဲ့ပဲ… စိတ်ရောလူရော သေချာအနားပေးပြီး တစ်ပတ်လုံး အလုပ်မလုပ်ဘဲ ခွင့်ယူထားတယ်။ အိမ်နဲ့ မိနစ် ၄၀၊ ၅၀ လောက် ကားမောင်းရတဲ့ ဒီတောထဲတောင်ထဲ တစ်ရက် တောင်လာတက်တယ်။ နောက်တစ်ရက်က လှေသွားလှော်တယ်။ စားစရာရှိတာ ဝအောင်စားပြီး အိပ်စရာရှိတာ ဝအောင်အိပ်နိုင်ဖို့ ကြိုးစားနေတယ်။ ကျွန်တော့်ဘေးမှာ ကျွန်တော့်ကိုသိပ်ချစ်ပြီး ကြင်နာဂရုစိုက်ကြတဲ့သူတွေရှိတာ ကျွန်တော် သိပ်ကံကောင်းတယ်။ အလုပ်ကလူတွေလည်း ကျွန်တော့်အပေါ် နားလည်မှုရှိပြီး ကြင်နာနွေးထွေးကြတယ်။ ကျန်းမာရေး ဂရုစိုက်ကြပါဗျာ။ ရှောင်သင့်တာရှောင်၊ လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထလေးတွေ လုပ်ကြပါ။ ဓာတ်ပုံလေးတွေကတော့ ကျွန်တော် ဒီအပတ် နားရင်းသွားရင်း အနီးအနား ရိုက်လာတာလေးတွေ။ ဘာ filter မှ မခံထားပါဘူး။

10/02/2026

တချို့လူတွေဟာ relationship တစ်ခုထဲမှာ ကိုယ့်ပါတနာရဲ့ အကြိုက်၊ လိုအင်ဆန္ဒနဲ့ အိပ်မက်တွေအတိုင်း လိုက်နေပေးရင်းကနေ “ကိုယ်တိုင်၊ ကိုယ်ပိုင်” ဆိုတာ ပျောက်ဆုံးလာတယ်။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ့်ဆန္ဒ၊ ကိုယ့်လိုအင်၊ ကိုယ့်လိုအပ်ချက်ဆိုတာတွေ တစ်စစ နောက်ဆုတ်သွားရင်း တဖြည်းဖြည်းလွင့်ပါးလာပြီး ကိုယ်တိုင်ရဲ့ identity ပါ ပျောက်လာတာမျိုး။ Identity ပျောက်တဲ့သူဟာ ဘဝမှာ ရှင်သန်ရပ်တည်ရတဲ့အခါ ရဲဝံ့နေမယ်၊ confidence တွေရှိနေမယ် ထင်လား။ စိတ်ချမ်းသာ ပျော်ရွှင်ပြီး ရေရှည်မှာ ကိုယ့်ဘဝကိုယ် ကျေနပ်နေမယ် ထင်သလား။ သူ့ရဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်လိမ့်မယ်။ ပိတ်မိနေတယ်လို့ ခံစားလာရနိုင်တယ်။

နောက်ပြီး relationship တစ်ခုမှာ ကိုယ့်ပါတနာအပေါ် ကိုယ်ထားတဲ့မျှော်လင့်ချက်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ သူ့ရဲ့ နဂိုမူလရှိတဲ့ အရှိတရား (reality) ပေါ် ထားရှိတာလား၊ ပါတနာ့ရဲ့ “နောက်နောင် ဖြစ်လာနိုင်ချေရှိတဲ့ version တစ်ခု” (potential future version) အပေါ် ထားရှိတာလား။ ဒါကိုလည်း ကိုယ့်ဟာကိုယ် သေချာကွဲလွဲအောင် ပြန်သုံးသပ်ရမယ်။

Just food for thought နော်။

Counseling with Craton

10/01/2026

Time management အကြောင်းကိုပြောရင် ကိုယ့်ဘဝအတွက် အရေးမကြီးတဲ့လူတွေ၊ အရေးမပါ အကျိုးမရှိတဲ့အရာတွေကို စိတ်ဓာတ်ခိုင်ခိုင်နဲ့ ဖယ်ပစ်တတ်ဖို့အကြောင်းလည်း ပါရလိမ့်မယ်။ အဲ့လို သိမြင်၊ လက်ခံ၊ ဖယ်ရှားနိုင်တာကိုက အကြိမ်ကြိမ်လေ့ကျင့်ပြီးမှ ရတဲ့ အရည်အချင်း (acquired skill) တစ်ခုပဲ။ ဒါမှ ပိုအရေးကြီး၊ ပိုအရေးပါတဲ့ အရာတွေ၊ လူတွေကို ကိုယ့်ရဲ့ အချိန်တွေ၊ ခွန်အားတွေ၊ attention တွေ ပိုပေးနိုင်မှာ။ ဘာက အရေးမပါဘူးလဲ၊ ဘယ်သူက ကိုယ့်အတွက် အဆိပ်အတောက်လဲ သူများကို လိုက်မေးတတ်ကြပေမဲ့ တော်တော်များများက ကိုယ့်ဟာကိုယ် သိနေပြီးသား ဖြစ်တာကများပါတယ်။ သူများကိုမေးတယ်ဆိုတာက ကိုယ့်စိတ်ထဲသိနေပြီးသားကြီးကို confirm ထပ်လုပ်ချင်လို့၊ validation လိုချင်လို့။

Counseling with Craton

ပညာဆိုတာ သင်လို့မကုန်နိုင်ဘူး။ ကျွန်တော့်ဆီမှာ counseling ပညာနဲ့ စိတ်ပညာဆည်းပူးရင်း သေချာ supervision ယူနေကြတဲ့သူတွေအတွက...
09/30/2026

ပညာဆိုတာ သင်လို့မကုန်နိုင်ဘူး။ ကျွန်တော့်ဆီမှာ counseling ပညာနဲ့ စိတ်ပညာဆည်းပူးရင်း သေချာ supervision ယူနေကြတဲ့သူတွေအတွက်၊ နောက်လည်း ပညာ လာသင်ယူကြဦးမယ့်သူတွေအတွက် ဆရာကောင်း၊ နည်းပြကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားတဲဲ့အနေနဲ့ ကျွန်တော် ဒီ Clinical Supervision သင်တန်းလေးကို တက်ဖြစ်ပါတယ်။ နှစ်ပတ်အချိန်ပေးပြီး practicum နဲ့တကွ လေ့လာခဲ့ပါတယ်။ Clinical Supervisor တစ်ယောက်အနေနဲ့ ကျင့်ကြံလိုက်နာ ထားရှိရမယ့် Ethics (စာရိတ္တနဲ့ ကျင့်ဝတ်ပိုင်း) တွေချည်းပဲ တစ်ရက်သီးသန့်သင်ရပြီး ကျန်တဲ့ clinical supervision models, skills and techniques နည်းစနစ်/မူတွေ၊ သတိထားရမယ့်အပိုင်းတွေ၊ ပိုအားထုတ် ပိုလေ့လာရဦးမယ့်အပိုင်းတွေ၊ ဥပဒေရေးရာအပိုင်းတွေနဲ့ တခြားဘာသာရပ်တွေကို အနှစ်ချုပ် နားလည်မှတ်သားခဲ့ရပါတယ်။ သင်ပေးတဲ့ဆရာ James Gurule ကလည်း အင်မတန်တော်ပြီး ကြင်နာမှု၊ အားပေးမှု အပြည့်ရှိပါတယ်။ သူ counseling လုပ်တာ၊ စာသင်တာ၊ သူများကို supervision ပေးခဲ့တဲ့သက်တမ်းက စုစုပေါင်း နှစ်(၃၀)ကျော်ရှိပြီ ပြောပါတယ်။ Lewis & Clark College မှာ တက်ခဲ့တာပါ။

09/25/2026

လူအချို့ဟာ သူများကို ချစ်ဖို့၊ ကြင်နာပြဖို့ လွယ်ကူသလောက် ကိုယ့်ကိုယ်ကိုကျတော့ အဲ့လိုမျိုး ထပ်တူချစ်ဖို့ ကြင်နာဖို့ တအားရုန်းကန် ကြိုးစားကြရတယ်။ ငယ်ဘဝ ထရာမာ၊ မိသားစု ထရာမာ၊ ပတ်ဝန်းကျင် ထရာမာ၊ relationship ထရာမာတွေကြောင့် ကိုယ်တိုင်ဟာ ပျော်ရွှင်ခြင်း၊ လုံခြုံအေးမြခြင်း၊ ချစ်ခြင်းတရား၊ ကောင်းမွန်အောင်မြင်ခြင်းတို့နဲ့ သူများနည်းတူ အလုံးစုံ ထိုက်တန်တယ်လို့ စိတ်အတွင်းထဲကနေကို မမြင်နိုင်၊ လက်မခံနိုင်ကြဘူး။ သူများကို လိုအပ်တာထက် ပိုတွယ်တာခြင်း၊ အလွယ်တကူ တွယ်တာလိုက်ခြင်း (attachment လုပ်လိုက်ခြင်း)၊ ကိုယ်တွယ်တာလိုက်သူတွေရဲ့ red flags တွေကို မမြင်ခြင်း၊ မြင်ရင်လည်း လျစ်လျူရှုခြင်း၊ (စိတ်ထဲကနေရော အပြင်မှာပါ) တစ်ဖက်လူရဲ့ dysfunctional, abusive or problematic အပြုအမူတွေကို သူတို့ဘက်ကနေ ကာကွယ်ပြောဆို ရှေ့နေလိုက်ပေးခြင်း၊ ကိုယ့်အပေါ်မကောင်းလည်း ဆက်ခံနေခြင်း၊ အကြိမ်ကြိမ် အနစ်နာခံပြီး ကိုယ်ကိုယ်တိုင်ကိုက ဒီလိုမျိုး treatment တွေနဲ့ ထိုက်တန်တယ်… စသဖြင့် ခံစားကြရလေ့ရှိတယ်။ ဒါကို self-esteem နည်းတယ်လို့မှ အမည်မတပ်ရင် ဘယ်လိုတပ်ရမလဲ မသိဘူး။ ကိုယ်နဲ့သူများတွေအကြား boundary တွေ မချတတ်၊ မချနိုင်တာလည်း Self-esteem နည်းတာပဲ။ နည်းတာက အပြစ်မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲလို့ရတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်၊ ကြင်နာတတ်လာအောင်၊ ကိုယ်ခံယူထားတဲ့ ကိုယ်ပိုင်တန်ဖိုးမြင့်တတ်လာအောင် သင်ကြားလေ့ကျင့်ဖို့ ဒီလိုအပြုအမူတွေ မကြာခဏလုပ်ပါ။

- ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက်ကို ဆက်ဆံသလို ကိုယ့်ကိုယ်ကို ဆက်ဆံပါ။ ကိုယ့်ရဲ့ပြဿနာ စိန်ခေါ်မှုနဲ့ အကြောက်တရားတွေကို “ငါချစ်ရတဲ့သူသာ ဒီလိုခံစားနေရမယ်ဆိုရင် ငါ ဘာလုပ်ခိုင်းမလဲ၊ ဘယ်လိုနှစ်သိမ့်အားပေးမလဲ” ဆိုတဲ့ အတွေးအမြင်မျိုးနဲ့ ကိုယ့်ကိုယ်ကို ပြောဆိုကူညီပါ။ အားတင်းပါ။ ဒီအတိုင်းပဲ ပြုမူလုပ်ဆောင်ပါ။

- “ငါဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်တယ်။ ငါဟာ ချစ်ခြင်းတရားနဲ့ ထိုက်တန်တယ်။ ငါဟာ ကောင်းမွန်ချမ်းသာခြင်း၊ အောင်မြင်ခြင်းတွေနဲ့ ထိုက်တန်တယ်။ ငါ့ထင်မြင်ချက်၊ ငါ့အသံ၊ ငါ့ခံစားချက်၊ ငါ့ယုံကြည်ချက်တွေဟာ အရေးပါတယ်” လို့ ကိုယ့်ကိုယ်ကို မကြာမကြာ ပြောပါ။ ဦးနှောက်ဟာ negative narratives တွေကို မှတ်ပြီး ယုံကြည်နိုင်ရင်၊ self-correcting လုပ်ထားတဲ့ positive narratives တွေကိုလည်း လက်ခံယုံကြည်လာနိုင်ပါတယ်။

- Self-esteem နည်းပြန်ပြီလို့ ကိုယ့်ကိုယ်ကို သတိထားမိတဲ့အခါတိုင်း လက်နှစ်ဖက်ကို ရင်ဘတ်မှာ cross လုပ်ပြီး (ဘယ်ပုခုံးပေါ် ညာလက်တင်၊ ညာပုခုံးကို ဘယ်လက်တင်ပြီး) ကိုယ့်ကိုယ်ကို ပွေ့ဖက်နှစ်သိမ့်ပါ။ “ငါ အဆင်ပြေတယ်။ ငါ လုံခြုံတယ်။ ငါ ဆက်ကြိုးစားမယ်” လို့ ပြောပါ။ အဲ့နည်းကို butterfly hug လို့လည်း ခေါ်ပါတယ်။

- ကိစ္စသေးသေးလေးတွေကနေစပြီး အကြီးကြီးအထိ ကိုယ်မလုပ်ပေးနိုင်ရင် မလုပ်ပေးနိုင်ဘူး၊ မလုပ်ချင်ရင် မလုပ်ချင်ဘူး၊ မလုပ်သင့်တာကို မလုပ်ပါဘူးလို့ (အားမနာတမ်း) ပါးစပ်ကနေ ထုတ်ဖော်ဖွင့်ပြောတတ်အောင် မကြာခဏ လေ့ကျင့်ပါ။ ဆယ်ခါမှာ သုံးခါလောက် No ပြောလာနိုင်ရင်လည်း တိုးတက်မှုပါပဲ။

- ကိုယ်ဝါသနာပါတဲ့အရာလေးတွေ၊ (healthy ဖြစ်တဲ့) စိတ်ဝင်စားတဲ့အရာလေးတွေကို တစ်ခုဖြစ်စေ၊ နှစ်ခုဖြစ်စေ (နေ့တိုင်းမလုပ်နိုင်ရင်တောင်) တစ်ပတ်တစ်ခါ လုပ်ပါ။ လုပ်တိုင်းလည်း “ဘယ်သူ့အတွက်မှမဟုတ်ဘူး။ ငါ့အတွက်ငါလုပ်တာ” ဆိုတဲ့စိတ်နဲ့ လုပ်ဆောင်ပါ။

- ကိုယ့်အတွက် ဘယ်အရာတွေက အရေးကြီးလဲ၊ ဘယ်အရာတွေက အရေးမကြီးဘူးလဲ… ဆိုတာကို မကြာခဏ တွေးပါ။ ဖြစ်နိုင်ရင် စာအုပ်မှာ ရေးချပါ။ ဒါကို psychotherapy မှာ values exercise လို့ ခေါ်ပါတယ်။

- Relationship တစ်ခုမှာ ကိုယ့်အတွက် စံသတ်မှတ်ချက်တွေက ဘာလဲဆိုတာကို ကိုယ့်ဟာကိုယ် မေးမြန်းဆန်းစစ်ပါ။ Must haves and must not haves လို့ပဲ ဆိုပါတော့။ ချရေးနိုင်ရင် ချရေးပါ။ တခါတလေ ချရေးလိုက်ပြီး ကိုယ်တိုင်ပြန်ဖတ်ကြည့်တဲ့အခါ အတွေးထဲမှာထင်နေတာနဲ့ မတူတော့တာ၊ ကွာဟနေတာကို ခံစားရနိုင်ပါတယ်။ အဲ့ဒီစံသတ်မှတ်ချက်တွေဟာ ဘယ်လောက် တရားမျှတသလဲ၊ ယုတ္တိရှိသလဲ၊ ကိုယ့်ကိုယ်ကိုကြင်နာမှုတွေ ဘယ်လောက်ရာခိုင်နှုန်းလောက်ပါနေလဲဆိုတာ ထပ်ဆန်းစစ်ပါ။ အဲ့ဒီရာခိုင်နှုန်းဟာ အတက်အကျရှိနိုင်လားဆိုတာ ထပ်ဆန်းစစ်ပါ။ တက်လို့မရနိုင်ရင် ဘာကြောင့်မတက်နိုင်တာလဲ၊ ဘယ်လိုကြားခံအတားအဆီး၊ ခံစားချက်၊ ထရာမာ၊ ယုံကြည်ချက်တွေ ရှိနေသလဲဆိုတာ ပြန်သုံးသပ်ပါ။ ကိုယ့်ဟာကိုယ် မဆန်းစစ်နိုင်ရင် အတွေ့အကြုံရှိတဲ့ therapist နဲ့ အတူဆန်းစစ်ပါ။

Counseling with Craton

09/24/2026

Core values တွေ၊ core beliefs တွေ မတူကြလို့ ဘယ်လိုမှ စိတ်နှစ်ပေါင်းသင်းလို့မရတော့တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို စကားမပြောတော့၊ အဆက်အဆံမရှိတော့ပေမဲ့ သူတို့လည်း ကိုယ်လိုလူသားပဲမို့ သူတို့ရဲ့ ကောင်းကျိုးချမ်းသာ၊ ပျော်ရွှင်မှုနဲ့ အခွင့်အရေးတွေကိုတော့ သူတို့ကိုယ်တိုင် ဆောင်ယူ/ကာကွယ်နိုင်ပါစေလို့ စိတ်ရင်းနဲ့ မျှော်လင့်ပါတယ်။ ချစ်သူဖြစ်စေ မုန်းသူဖြစ်စေ အကုန်လုံးက ပျော်ရွှင်လိုသူ၊ မေတ္တာဓာတ်ကိုခံယူလိုသူတွေချည်းပဲမို့ သူတို့လည်း ထပ်တူ ရကြပါစေ။ အဲ့လိုစိတ်ထားနိုင်ရင် ကိုယ်အေးချမ်းရတာပါပဲ။

09/18/2026

ဘယ် relationship မှာမဆို ပွတ်တိုက်မှု၊ သဘောထားကွဲလွဲမှုတွေ ရှိပါတယ်။ ရေရှည်တည်တံ့တဲ့၊ healthy ဖြစ်တဲ့ relationship ဆိုတာ ပွတ်တိုက်မှုတွေကင်းမဲ့နေတာကို ဆိုလိုတာမဟုတ်ဘဲ အဲ့ဒီပွတ်တိုက်မှုတွေကို healthy ဖြစ်တဲ့နည်းတွေနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ကြတာ၊ ပြန်လည်မွမ်းမံပြင်ဆင်ပြီး မေတ္တာ၊ အကြင်နာ၊ အပြန်အလှန် နားလည်လေးစားမှုတွေနဲ့ ရှေ့ဆက်နိုင်ကြတာကို ပြောတာဖြစ်ပါတယ်။ စုံတွဲတွေကို counseling လုပ်တဲ့အခါ ဒေါက်တာ John Gottman ရဲ့ သုတေသနတွေ၊ နည်းမူတွေကို ထည့်မပြောလို့မရပါဘူး။ Gottman method အရ အောင်မြင် healthy ဖြစ်ကြတဲ့ relationship တွေမှာ ပွတ်တိုက်မှုကို ဘယ်လိုဖြေရှင်းကြသလဲဆိုတာနဲ့ပတ်သက်ပြီး ဒီလိုပြောထားပါတယ်။

၁။ Friction (ပွတ်တိုက်မှု သို့မဟုတ် သဘောထားကွဲလွဲမှု)

ဆက်ဆံရေးတစ်ခုမှာ ဘယ်လောက်ပဲချစ်ချစ် အမြင်မတူတာ၊ စိတ်ကောက်တာ၊ ရန်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကို Friction လို့ ခေါ်ပါတယ်။ လူနှစ်ယောက်ရဲ့ လိုအင်တွေ၊ စရိုက်တွေ မတူညီရာကနေ ထွက်ပေါ်လာတဲ့၊ ညှိရခက်တဲ့ပြဿနာတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို ဆိုလိုတာပါ။

ဒေါက်တာ John Gottman ရဲ့ အဆိုအရ အိမ်ထောင်ရေးတစ်ခုမှာ ဖြစ်တဲ့ ပြဿနာတွေရဲ့ ၆၉%ဟာ ဘယ်တော့မှ အပြီးတိုင်ဖြေရှင်းလို့မရတဲ့ (Perpetual problems) စရိုက်မတူမှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် Friction ရှိနေတာဟာ ပုံမှန်ပဲ ဖြစ်ပြီး၊ အဓိကက အဲဒီပြဿနာကို "ဘယ်လို ကိုင်တွယ်မလဲ" ဆိုတာကသာ အသက် ဖြစ်ပါတယ်။

၂။ Repair (ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် လမ်းကြောင်းမှန်ပေါ်ပြန်တင်ခြင်း)

ရန်ဖြစ်နေစဉ်အတွင်းမှာဖြစ်ဖြစ်၊ ရန်ဖြစ်ပြီးသွားတဲ့အခါမှာဖြစ်ဖြစ် အခြေအနေ ပိုမဆိုးသွားအောင် အပြန်အလှန် ထိန်းကျောင်းတာကို Repair သို့မဟုတ် Repair Attempt လို့ ခေါ်ပါတယ်။

ဒေါသတွေကို လျှော့ချတာ၊ စကားနာထိုးနေတာကို ရပ်လိုက်တာ၊ တစ်ဖက်လူရဲ့ ဒေါသကိုပြေလျော့စေတဲ့ စကားလုံး၊ အမူအရာတွေကို အသုံးချတာ စသဖြင့်ဟာ repair လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

ဥပမာ … ရန်ဖြစ်နေရင်း အခြေအနေ တင်းမာလာတဲ့အခါ "ခဏလေး၊ ငါတို့ ခဏလောက် နားပြီးမှ စကားဆက်ပြောရအောင်" လို့ ပြောတာမျိုး။ အမှားကို ဝန်ခံပြီး "အင်း... မင်းပြောတာလည်း ဟုတ်ပါတယ်၊ ငါ အော်လိုက်မိတာ တောင်းပန်ပါတယ်" လို့ ပြောတာမျိုး။ “မင်းပြောသွားတဲ့အထဲမှာ ငါသဘောတူတဲ့အချက်ကတော့….” လို့ အစချီပြီးပြောတာမျိုး၊ (အချိန်အခါသင့်တော်ရင်) ရယ်စရာ ဟာသလိုလေးတစ်ခုထည့်ပြီး အခြေအနေကို ပေါ့ပါးသွားအောင် လုပ်တာမျိုးတွေပါ။

Repair လုပ်တဲ့အခါ တစ်ဖက်လူကလည်း အဲဒီအချက်ပြမှုကို လက်ခံဖို့ (Receive) လိုပါတယ်။ တစ်ယောက်က လျှော့ပေးဖို့ ကြိုးစားပေမဲ့ နောက်တစ်ယောက်က လုံးဝ တွန်းထုတ်နေရင် Repair က အလုပ်မဖြစ်ပါဘူး။ Gottman ကတော့ Repair အောင်မြင်တာဟာ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးရဲ့ လျှို့ဝှက်ချက်ပဲလို့ ဆိုပါတယ်။

၃။ Attunement (စိတ်ချင်းချိတ်ဆက်ညှိနှိုင်းခြင်း)

ဒါကတော့ ဆက်ဆံရေးတစ်ခု ပိုမိုနက်ရှိုင်းပြီး နားလည်မှုရှိလာအောင် တစ်ဦးနဲ့တစ်ဦး စိတ်ခံစားချက်ချင်း ချိတ်ဆက်မိနေစေတဲ့ အဆင့်မြင့် စိတ္တဗေဒ သဘောတရား ဖြစ်ပါတယ်။ မိမိပါတနာရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို ကောင်းကောင်းသိမြင်ပြီး အလေးအနက်ထား တုံ့ပြန်ပေးတာ ဖြစ်ပါတယ်။ တစ်ဦးရဲ့ ကမ္ဘာထဲကို နောက်တစ်ဦးက စာနာစိတ် (Empathy) နဲ့ ဝင်ရောက်ခံစားပေးခြင်း ဖြစ်ပါတယ်။

Gottman ရဲ့ ATTUNE ဖော်မြူလာ

A - Awareness (သတိပြုမိခြင်း): သူ့ရဲ့ စိတ်အခြေအနေ (စိတ်ညစ်နေလား၊ ဝမ်းနည်းနေလား) ကို သတိထားမိတာ

T - Turning Toward (လှည့်ပတ်အာရုံစိုက်ခြင်း): သူ စကားပြောချင်တဲ့အခါ ဖုန်းကြည့်မနေဘဲ သူ့ဘက်လှည့်ပြီး အာရုံစိုက်နားထောင်ပေးတာ

T - Tolerance (သည်းခံနားလည်ခြင်း): သူ့ရဲ့ ခံစားချက်ကို ချက်ချင်း အပြစ်မတင်ဘဲ လက်ခံပေးတာ (လိုက်သဘောတူရမယ်လို့ မဆိုလိုပါ)

U - Understanding (နားလည်အောင်ကြိုးစားခြင်း): "သူ ဘာလို့ ဒီလို ခံစားနေရတာလဲ" ဆိုတာကို အဖြေရှာဖို့ မေးမြန်းတာ

N - Non-defensive Listening (ဆင်ခြေမပေးဘဲ နားထောင်ခြင်း): ကိုယ့်ကို အပြစ်ပြောနေရင်တောင် ကြားဖြတ်ဆင်ခြေမပေးဘဲ အေးအေးဆေးဆေး အဆုံးထိ နားထောင်ပေးတာ

E - Empathy (စာနာပေးခြင်း): သူ့နေရာကဝင်ပြီး သူ့ရဲ့ နာကျင်မှုကို တကယ်ပဲ ကိုယ်ချင်းစာပေးတာ။

Counseling with Craton

(ကိုးကားစာအုပ်။ ။ The Science of Trust: Emotional Attunement for Couples by Dr. John Gottman)

09/17/2026

သူငယ်ချင်းတွေနဲ့ kayaking လုပ်နေတုန်း ဘဲကလေးတွေတစ်သိုက် အနားကို ရေကူးလာတာ

09/16/2026

အသက်တစ်ခုရလာတဲ့အခါ စာတွေကို ရွေးဖတ်တတ်လာတယ်။ လူတွေကို ရွေးပြီးပဲ သတိထားပေါင်းတော့တယ်။ တချို့ကို လူမှုရေးအရ မတတ်သာလို့ ဆက်ဆံပေါင်းသင်းရရင်လည်း ကိုယ်ပေါင်းပြီး စိတ်ခွါလို့ရရင် ပေါင်းတယ်။ စိတ်နှစ်ပေါင်းလို့ရတဲ့သူတွေကိုတော့ နှစ်ပေါင်းတယ်။ အနစ်နာခံသင့် ခံတယ်။ ဒါပေမဲ့ ဘယ်သူနဲ့မဆို healthy boundaries ထားတယ်။ ဗုန်းပေါလအော၊ တိုးယိုပေါက်တွေ တံခါးမရှိ ဓားမရှိ၊ စည်းမရှိ ဘောင်မရှိ၊ ဆည်မရှိ ကမ်းမရှိနဲ့ မနေဘူး။ မလုပ်ပေးနိုင်ဘူးဆိုရင် အစကတည်းက ငြင်းတယ်။ အားနာတာကို လျှော့ဖြစ်တယ်။ ယုံကြည်သင့်တာကိုပဲ ချင့်ယုံတော့တယ်။ အရင်က လူပြောများလို့ တစ်ဆင့်စကားတစ်ဆင့်ကြားခဲ့ရတဲ့ ပါးစပ်ရာဇဝင်တွေ၊ စကားပုံတွေ၊ ရှေးရိုးစွဲအယူအဆတွေကို စိန်ခေါ်ပြီး ယုတ္တိကျမှု၊ သက်သေသာဓကရှိမှုနဲ့ သိပ္ပံနည်းကျရှင်းပြလို့ရတဲ့ကိစ္စတွေကို ပိုတန်ဖိုးထား၊ အလေးထားလာတယ်။ ကိုယ်တိုင်ရဲ့ ယုံကြည်မှု၊ အလေးထားမှု၊ တန်ဖိုးထားမှု၊ ဖယ်ရှားမှုတွေကို ကိုယ်တိုင်ပိုအားရလာတယ်။ သူများကို ကရုဏာထား ချစ်ကြင်နာသလို ကိုယ့်ကိုယ်ကိုယ်လည်း ကရုဏာထား၊ ချစ်တတ်လာတယ်။ စိတ်ထဲက inner child ကိုရော၊ လက်ရှိ inner adult ကိုရော၊ body ကိုရော၊ စိတ်နဲ့ခန္ဓာကို အနားပေးပြီး ပိုဂရုစိုက်လာတယ်။ ဝါသနာပါတာလေးတွေဘက် ပိုအချိန်ပေးဖြစ်တယ်။ ပြီးပြည့်စုံခြင်းကတော့ မရှိနိုင်တာမို့ အရင်ထက်ပိုကောင်းအောင်ပဲ ဆက်ကြိုးစားရတယ်။ ဒါတောင် တခါတခါ ခြေလျော်လက်ချော်ဖြစ်တတ်တဲ့၊ သတိလက်လွတ်ဖြစ်တတ်တဲ့ အခေါက်တွေက ရှိသေးတာ။ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ပြီးပဲ ထိန်းသိမ်းရပ်တည်ရတယ်ပေါ့။ အဲ့လိုလုပ်နိုင်တာကိုကပဲ ဘဝရဲ့ အနှစ်သာရလို့ထင်တယ်။ ဘဝမှာလေ… ရှိသင့်တဲ့သူတွေကို ကိုယ့်ဘဝထဲ ထိန်းသိမ်းထားရတာထက် မရှိသင့်တဲ့သူတွေကို ဆွဲမထားမိဖို့၊ လွှတ်ချထုတ်ပယ်လိုက်ဖို့က တခါတလေ ပိုခက်ခဲနေတတ်တယ်။

Counseling with Craton

Address

Portland, OR

Website

Alerts

Be the first to know and let us send you an email when Counseling with Craton posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share