Elizabeth Clinic

Call Directions

Elizabeth Clinic Elizabeth Clinicတွင် အနှစ် ၃၀ ကျော်အတွေ့အကြုံရှိ မီးယပ်ဆရာဝန်ကြီးများကိုယ်တိုင် ကုသပေး

💠ဆီးပူညောင်းကျရောဂါ သို့မဟုတ် ဂနို💠---------------------------------------ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သ...
13/01/2025

💠ဆီးပူညောင်းကျရောဂါ သို့မဟုတ် ဂနို💠
---------------------------------------
ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria / ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ မိန်းမကိုယ်၊ ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း၊လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း တို့ကြောင့်ကူးစက်ရခြင်းဖြစ်ပါတယ်။
🔰လက္ခဏာများ
✅ #ဆီးလမ်းကြောင်း ရောင်ရမ်းပိုးဝင်ခြင်း
✅ #ဆီးသွားရ ခက်ခဲခြင်း၊ ဆီးပူခြင်း
✅ #ဆီးလမ်းကြောင်းကနေ အဖြူ/ အဝါ/ အစိမ်းရောင်ရှိ ပြည်ကဲ့သို့သော ပျစ်ပျစ် အရည်/ အနှစ် တွေ ထွက်ခြင်း
✅ #ဆီးသွားစဉ် နာကျင်ခြင်း
✅ #နောက်ဆက်တွဲပြသာနာများ
✅ #ရိုးအဆစ် ရောင်ရမ်းပိုးဝင်ခြင်း
✅ #အမျိုးသားတွေမှာ ဝှေးစေ့ရောင်ရမ်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းကျဥ်းခြင်း
🔰အကြောင်းအရင်းများ
ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး / ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။
ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း
လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊
အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း။
ဆီးပူညောင်းကျ(ဂနို)ရောဂါကို ဖြစ်နိုင်ချေများစေသောအချက်မှာ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်းဖြစ်သည်။
အောက်ပါ လက္ခဏာများရှိလာလျှင် ဆရာဝန်နှင့် ပြသင့်သည်။
✅ #ဆီးသွားစဉ် နာကျင်ခြင်း
✅ #စအို ယားခြင်း
✅ #စအိုယောင် ခြင်း
✅ #စအိုမှသွေးထွက်ခြင်း
✅ #ဝမ်းသွားလျှင် နာကျင်ခြင်း
#ဘယ်လိုအတည်ပြုမလဲ
လူနာ၏ သေးစိတ်ရာဇဝင်နှင့် ဆရာဝန်၏တွေ့ရှိချက်များကို ဆက်စပ်ခြင်း နှင့် ရောဂါလက္ခဏာများကို ကြည့်ခြင်း
လိင်အင်္ဂါမှထွက်သော အရည်ကိုဂွမ်းစဖြင့် ယူကာ ဓါတ်ခွဲစစ်ဆေးခြင်း
ဆီးစစ်ခြင်း တို့ဖြင့် သိနိုင်သည်။
🔰 #ကုသပုံ
ဆီးပူညောင်းကျ(ဂနို)ရောဂါကို ပုံမှန်အားဖြင့် ပိုးသတ်ဆေး ထိုးဆေး သို့မဟုတ် စားဆေး ဖြင့် တကြိမ် ထိုး/စားခြင်းဖြင့် ကုသနိုင်သည်။
ထိုသို့ကုသပြီး ၁-၂ပတ်အကြာတွင် သင့်ရောဂါ အခြေအနေကို သိရှိရန် ဆရာဝန်ထံရက်ချိန်းလာပြရန်လိုပါသည်။
🔰 #ကာကွယ်ခြင်း
လိင်ဆက်ဆံသည့် အခါတိုင်းတွင် လိင်တံတွင်ဝတ်ရသော အမျိုးသားကွန်ဒုံးများ အသုံးပြုခြင်း
ပါးစပ်ဖြင့် ဆက်ဆံခြင်းပြုပါက လိင်တံကို ရာဘာကွန်ဒုံးဖြင့်ကာထားပါ။
လိင်အရုပ်များကို ဝေမျှသုံးစွဲခြင်းမပြုရ။ ဝေမျှသုံးမည်ဆိုလျှင်လည်း အသုံးမပြုမီတွင် ၎င်းတို့ကို လျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများပြုလုပ်ပါ။
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက
ကျွန်တော်တို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ
🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။
: https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D
မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ
☎️hot line : 09740900983

♦အပြင်လိပ်ခေါင်း♦---------------------💠 #အပြင်လိပ်ခေါင်းဆိုတာက စအိုတဝိုက် အရေပြား အောက်ဘက်မှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါပါ။...
10/01/2025

♦အပြင်လိပ်ခေါင်း♦
---------------------
💠 #အပြင်လိပ်ခေါင်းဆိုတာက စအိုတဝိုက် အရေပြား အောက်ဘက်မှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါပါ။
၎င်းဟာ စအိုအပြင်ဘက်မှာ ကြီးထွားလာတတ်ပြီး အဲဒီနေရာမှာရှိတဲ့ သွေးကြောများဖောင်းလာခြင်းကြောင့်
နာကျင်မှုကိုခံစားရ၍ ရောင်လာတဲ့အခါမှာ အပြင်ဘက်ကနေမြင်နိုင်ပြီး လက်နဲ့လည်း စမ်းသပ်နိုင်ပါတယ်။
🔴လက္ခဏာများ
- စအို တဝိုက်က ယားယံမယ်၊ စပ်ဖျဉ်းဖျဉ်းဖြစ်မယ်။
- နာကျင်မယ်။
- နေရထိုင်ရ မအီမသာဖြစ်မယ်။
- စအိုတဝိုက် ရောင်ရမ်းမယ်။
- သွေးထွက်မယ်။
အများအားဖြင့် လူနာတွေဟာ တစ်ချိန်တည်းမှာ အပြင်လိပ်ခေါင်းရော အတွင်းလိပ်ခေါင်းကိုပါ ကြုံတွေ့ရတတ်ပါတယ်။
🔴အကြောင်းအရင်းများ
#ဝမ်းသွားရာတွင် အားစိုက်၍ညှစ်ခြင်း
#အမျှင်ဓာတ်ပါသောအစားအစာများ မစားခြင်း
#ရေသောက်ခြင်း
#အိမ်သာတက်ချိန် ကြာမြင့်ခြင်း
#ကိုယ်ဝန်ဆောင်များတွင် သန္ဓေသားကြီးမားလာခြင်းကြောင့် တင်ပါးဆုံးအောက်ခြေကြွက်သား လှည့်ပတ်မှုလျော့နည်းလာခြင်း
#အသက်အရွယ်အိုမင်းလာတာနဲ့အမျှ စအိုကြွက်သားတစ်ရှူး များလျော့ကျလာခြင်း
ဖြစ်လာမှကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ကောင်းပါတယ်။
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက
ကျွန်တော်တို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ
🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။
: https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D
မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ
☎️hot line : 09778284062

✅ရာသီထိမ်ခြင်း✅-----------------👉🏻ရာသီထိမ်ခြင်းဆိုသည်မှာ ပုံမှန်လာရမယ့် ရာသီသွေးမဆင်းခြင်းဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်...
10/01/2025

✅ရာသီထိမ်ခြင်း✅
-----------------
👉🏻ရာသီထိမ်ခြင်းဆိုသည်မှာ ပုံမှန်လာရမယ့် ရာသီသွေးမဆင်းခြင်းဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်သည် တစ်လတစ်ကြိမ် #ရာသီသွေးပုံမှန်ဆင်းပါတယ်။ ဟော်မုန်းထုတ်လုပ်မှု၊ မျိုးပွားအင်္ဂါဖွဲ့စည်းမှု ပေါ်မူတည်၍ တစ်ဦးနဲ့တစ်ဦး ရာသီလာပုံ ကွဲပြားချက်များရှိတတ်ပါတယ်။
🛑 #ရာသီထိမ်ခြင်း နှစ်မျိုး
⛔မွေးကတည်းက ရာသီမလာဖူးခြင်း( )။ မိန်းကလေးတစ်ယောက်သည် အပျိုဖော်ဝင်ချိန်တွင် အခြားသော အင်္ဂါရပ်များ ဖွံ့ဖြိုးပြည့်စုံ သွားသော်လည်း အသက် ၁၅ နှစ်ကျော်သည့်တိုင် ရာသီတစ်ခါမှ မလာဖူးခြင်း။
⛔ #ရာသီသွေး သုံးကြိမ် သို့မဟုတ် ၆ လ ဆင်းပြီးနောက် တစ်ခါမှ ထပ်၍ ရာသီသွေးမဆင်းတော့ခြင်း ( )။
လက္ခဏာများ
🔷 #နို့သီးခေါင်းမှ နို့ရည်ကဲ့သို့ အရည်များထွက်ခြင်း
🔷 #ဆံပင်ကျွတ်ခြင်း
🔷 #ခေါင်းကိုက်ခြင်း
🔷 #အမြင်‌ဝေဝါးခြင်း
🔷 #မျက်နှာတွင် အမွေးများထူလာခြင်း
🔷 #တင်ပါးဆုံတွင်း အင်္ဂါများနာကျင်ခြင်း
🔷 #ဝက်ခြံထွက်ခြင်း
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက
ကျွန်မတို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ
🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။
: https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D
မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ
☎️hot line : 09781352960

♦ဆီးစပ်တွေ ကိုက်ခြင်း♦--------------------------👉ဆီးခုံနေရာကို အတွင်းထဲက ကြည့်ရင် အူတွေ၊ ဆီးအိမ်တွေ၊ မျိုးပွားအင်္ဂါတွေ ...
09/01/2025

♦ဆီးစပ်တွေ ကိုက်ခြင်း♦
--------------------------
👉ဆီးခုံနေရာကို အတွင်းထဲက ကြည့်ရင် အူတွေ၊ ဆီးအိမ်တွေ၊ မျိုးပွားအင်္ဂါတွေ စုစည်းပြီး ရှိနေပါတယ်။ ဒါကြောင့် ဆီးစပ်ကိုက်တာက ရောဂါတွေအများကြီး ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အမျိုးသားရော၊ အမျိုးသမီးပါ ဖြစ်နိုင်ပါတယ်။
👉ဆီးစပ်ကိုက်ရတဲ့ အကြောင်းရင်းတွေကတော့
#ဆီးလမ်းကြောင်းပိုးဝင်တာ
#ဆီးကျောက်တည်တာ
#ဆီးအိမ်ရောင်တာ
အူအတက်ပေါက်တာ
အူကျတာ
✡အမျိုးသမီးတွေမှာဆိုရင်ရာသီချိန်မှာ #ဆီးစပ်ကိုက်တာ
#သားဥအိမ်လိမ်တာ
#သားဥအိမ်အရည်အိတ်တည်တာ
#သားအိမ်တစ်ရှူးနေရာမှားတာ၊
#မျိုးပွားအင်္ဂါတွေ ရောင်ရမ်းတာ ဖြစ်နိုင်သလို
✡အမျိုးသားတွေကတော့
#ဆီးကပူလွန်းလို့ ဝှေးစေ့လိမ်တာ ဖြစ်နိုင်ပါတယ်။
✡ကိုယ်ဝန်ဆောင်တွေ ဆိုရင်တော့
ကိုယ်ဝန်နုချိန်ဆို ကိုယ်ဝန်ပျက်တာ၊
နေရာမှားသန္ဓေတည်တာ ဖြစ်နိုင်ပြီး
ကိုယ်ဝန်ရင့်ချိန်ဆို ကလေးမွေးချင်တာ ဖြစ်နိုင်ပါတယ်။
လက္ခဏာတွေကတော့ တသမတ်တည်း မရှိပါဘူး။
ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး တခြားလက္ခဏာတွေပါ ခံစားရနိုင်ပါတယ်။ ဥပမာ အူအတက်ပေါက်တယ်ဆို ဖျားတာ၊ အန်တာမျိုး၊ ဆီးကျောက်တည်တယ်ဆို #ဆီးကျင်တာ၊ #ဆီးသွားရင် #သွေးပါတာမျိုး ဖြစ်တတ်ပါတယ်။ဆီးစပ်ကိုက်တာက ဘယ်ရောဂါမဆို ဖြစ်နိုင်ပါတယ်။
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက
ကျွန်မတို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ
🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။
: https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D
မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ
☎️hot line : 09781352960

Address

No 3/4 , Corner Of Bayintnaung Road > Shwe Khatter Street , Kamaryut Township , Yangon
Dagon
11181

Telephone

+959766758877

Website

Alerts

Be the first to know and let us send you an email when Elizabeth Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category