Shwe Taw Win Specialist Hospital

Call Directions Website Contact the practice

Shwe Taw Win Specialist Hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Taw Win Specialist Hospital, Hospital, 10 (B), Uwisara Road, Ward (41), North Dagon Township, Yangon.

Shwe Taw Win Hospital is a specialist hospital providing high-quality health care services to patients through the combined and dedicated hands of medical and non-medical experts in the field.

25/09/2026

စက်တင်ဘာ 25 ရက်နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးကျွမ်းကျင်ပညာရှင်များ အထိမ်းမှတ်နေ့ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Pharmacist များရဲ့ အရေးပါမှုအခန်းကဏ္ဍကို သိရှိသူတွေ အလွန်နည်းပါးပေမယ့် ကျန်းမာရေးကဏ္ဍအတွက် ‌နောက်ကွယ်ကနေ ဒေါက်တိုင်ကြီးတစ်ခုတဖွယ် တိုးတိုးတိတ်တိတ် ရှိနေပေးတဲ့ ကမ္ဘာတဝှမ်းရှိ Pharmacist အပေါင်း ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ရွှေတော်ဝင်ဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းရင်း ဒီ video လေးနဲ့ ဂုဏ်ပြုပေးလိုက်ရပါတယ်ရှင့် 💜





#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ

ဆေးရုံရောက်တဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့ ဆေးစာရွက်လေးကို ကိုင်ပြီး ကိုယ်တိုင် သွားပြကြတယ်။အဲဒီညွှန်ကြားစာရွက်ရဲ့ နောက်ကွယ်မှ...
25/09/2026

ဆေးရုံရောက်တဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့ ဆေးစာရွက်လေးကို ကိုင်ပြီး ကိုယ်တိုင် သွားပြကြတယ်။
အဲဒီညွှန်ကြားစာရွက်ရဲ့ နောက်ကွယ်မှာ ဆေးညွှန်း မမှားအောင်၊ သောက်ရမယ့် အချိန်နဲ့ ပမာဏ မှန်ကန်အောင်၊ ဘေးထွက်ဆိုးကျိုး မရှိအောင်နဲ့ အမှားအယွင်းမရှိအောင် သေချာ စိစစ်ပေးနေတဲ့ 'အသံတိတ် စောင့်ရှောက်သူတွေ' ရှိပါတယ်။🤗
သူတို့ကတော့ Pharmacists (ဆေးဝါးကျွမ်းကျင် ပညာရှင်) တွေပါပဲ။✨
Pharmacist တွေဟာ လူနာတစ်ယောက် ဘေးအန္တရာယ်ကင်းကင်းနဲ့ သက်သာပျောက်ကင်း သွားဖို့အတွက် အေးမြတဲ့ စေတနာနဲ့ နောက်ကွယ်ကနေ ဒေါက်တိုင်တစ်ခုလို အမြဲ ရပ်တည်ပေးနေတာပါ။
ဒီနေ့ စက်တင်ဘာ ၂၅ ရက်၊ World Pharmacists Day မှာတော့ အားလုံးရဲ့ ကျန်းမာရေးအတွက် အားကိုးရတဲ့ Pharmacists ပညာရှင်များအားလုံးကို ရွှေတော်ဝင်အထူးကုဆေးရုံမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်ရှင့်။ 💜





#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ

မကျန်းမာလို့ ပဲဖြစ်ဖြစ် မဖြစ်မနေ ခွဲစိတ်ကုသမှူတွေ ခံယူရမှာကြောင့်ပဲဖြစ်ဖြစ် ဆေးရုံတက်ရတော့မယ်ဆိုရင် ဆေးကုသမှုတွေအပြင် လူ...
24/09/2026

မကျန်းမာလို့ ပဲဖြစ်ဖြစ် မဖြစ်မနေ ခွဲစိတ်ကုသမှူတွေ ခံယူရမှာကြောင့်ပဲဖြစ်ဖြစ် ဆေးရုံတက်ရတော့မယ်ဆိုရင် ဆေးကုသမှုတွေအပြင် လူနာရော စောင့်ရှောက်တဲ့ မိသားစုပါ သက်တောင့်သက်သာ အနားယူဖို့လိုအပ်ပါတယ်။🤗
ရွှေတော်ဝင်အထူးကုဆေးရုံကြီးတွင် လူနာတဦးချင်းစီ၏ ကုသမှုခံယူလိုသည့် ပုံစံပေါ်မူတည်၍ အဆင့်မီ အခန်းအမျိုးအစားများကို သင့်တင့်မျှတသော စျေးနှုန်းများဖြင့် အောက်ပါအတိုင်းစီစဉ်ပေးထားပါတယ်ရှင်။💜
⚜️VIP ROOM - 295,000 MMK
⚜️STANDARD ROOM – 245,000 MMK
⚜️COMMON ROOM – 155,000MMK တို့ပဲ ဖြစ်ပါတယ်။

ဒီအခန်းနှုန်းထားလေးတွေမှာဆိုရင်
✅အခန်းခ
✅ဆရာဝန် (Medical Officer) ၏ စောင့်ကြည့်ကုသစရိတ်များ
✅သူနာပြုဆရာ၊ ဆရာမများ၏ စောင့်ကြည့်ကုသစရိတ်
✅နေ့စဉ် အခန်း သန့်ရှင်းရေးစရိတ် စသည်တို့ ပါဝင်ပါတယ် ( အကုန်ပါပြီးသားပေါ့နော်)
💥ယခု‌အခန်းဈေးနှုန်းများသည် Oct 1 နေ့မှစတင်သတ်မှတ်သွားမည်ဖြစ်ပါသည်။💥
ဒါကြောင့် အသေးစိတ် သိရှိမေးမြန်းလိုပါက ရွှေတော်ဝင်ဆေးရုံ၏ Page Chat Box ဒါမှမဟုတ် အောက်ဖော်ပြပါ ဖုန်းလိုင်းများသို့ ဆက်သွယ်နိုင်ပါတယ်ရှင်။
☎️ Hotline: 09-799 992 342, 09-799 992 343
📍 တည်နေရာ: အမှတ် (၁၀/B)၊ ဦးဝိစာရလမ်း၊ (၄၁) တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။




#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ။

အယ်လ်ဇိုင်းမားဆိုတာ သာမန်မေ့လျော့တာ မဟုတ်ဘဲ ဦးနှောက်ဆဲလ်တွေ ပျက်စီးတာကြောင့် မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ နေ့စဉ...
21/09/2026

အယ်လ်ဇိုင်းမားဆိုတာ သာမန်မေ့လျော့တာ မဟုတ်ဘဲ ဦးနှောက်ဆဲလ်တွေ ပျက်စီးတာကြောင့် မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ နေ့စဉ်လူနေမှုဘဝကို ဖြည်းဖြည်းချင်း ထိခိုက်လာစေတဲ့ ရောဂါပါ။ သက်ကြီးလာလို့ မေ့တာထက် ပိုဆိုးပါတယ်။ 💜

💡 ဂရုပြုရမယ့် လက္ခဏာ (၅) ချက်:
✨သတင်းအချက်အလက်သစ်များကို လတ်တလော ပြောပြီးတာနဲ့ ချက်ချင်းမေ့သွားခြင်း
✨သွားနေကျ လမ်းကြောင်း (သို့) နေ့ရက်/အချိန်များကို မမှတ်မိတော့ခြင်း
✨အသုံးအဆောင်ပစ္စည်းများကို မကြာခဏ နေရာမှားထားခြင်း
✨စကားပြောရာမှာ သင့်တော်တဲ့ စကားလုံးရှာရခက်ခြင်း
✨စိတ်ခံစားချက်နှင့် စရိုက်ပုံစံများ သိသိသာသာ ပြောင်းလဲလာခြင်း
ဒီလိုလက္ခဏာမျိုးတွေ မိသားစုဝင် ဒါမှမဟုတ် မိမိပတ်ဝန်းကျင်မှာ တွေ့ရရင် "အသက်ကြီးလို့ပါ" ဆိုပြီး ပစ်မထားဘဲ နားလည်ပေးဖို့နဲ့ ကြိုတင်ကာကွယ် ဂရုစိုက်ပေးဖို့ လိုပါတယ်။💜
ဒီနေ့ September 21 - World Alzheimers Day မှာ မိမိတို့ရဲ့ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို နွေးထွေးတဲ့ ဂရုစိုက်မှု ပေးလိုက်ရအောင်။ 🧠





#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ

ယနေ့ ရွှေတော်ဝင်ဆေးရုံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ Wellness Hours သင်တန်းရဲ့ ပုံရိပ် လေးများကို အမှတ်တရ အနေနဲ့ ပြန်လည်ဝေမျှပေ...
19/09/2026

ယနေ့ ရွှေတော်ဝင်ဆေးရုံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ Wellness Hours သင်တန်းရဲ့ ပုံရိပ် လေးများကို အမှတ်တရ အနေနဲ့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်ရှင့်💜
နောက်များမှာလည်း ယခုကဲ့သို့ Wellness Hours သင်တန်းကို ၁၀၀ ရာခိုင်နှုန်း အခမဲ့ ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင့်
🥳🤗




#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ

စက်တင်ဘာလ ၁၇ ရက်နေ့ဟာ ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ (World Patient Safety Day) ဖြစ်ပါတယ်။💜ဒီနေ့မှာ ရွှေတော်ဝင်ဆေးရုံအနေ...
17/09/2026

စက်တင်ဘာလ ၁၇ ရက်နေ့ဟာ ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ (World Patient Safety Day) ဖြစ်ပါတယ်။💜

ဒီနေ့မှာ ရွှေတော်ဝင်ဆေးရုံအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ 'လူနာတွေရဲ့ ဘေးကင်းလုံခြုံရေး' ကို အလေးထားကြောင်း ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါတယ်။

လူနာတစ်ဦးချင်းစီရဲ့ ဆေးဝါးကုသမှုတိုင်းမှာ -
✅ တိကျမှန်ကန်တဲ့ ရောဂါရှာဖွေမှု
✅ စနစ်ကျတဲ့ ဆေးဝါးပေးဝေမှုနဲ့
✅ ဘေးကင်းလုံခြုံတဲ့ ကုသမှုပတ်ဝန်းကျင်
စတာတွေကို ရွှေတော်ဝင်ဆေးရုံရဲ့ ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ ဝန်ထမ်းတွေက အပြည့်အဝ ဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရွှေတော်ဝင်ကို ရွေးချယ်ပါ။





#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ

16/09/2026

တားဆေးထိုးနေရင်းနဲ့ ကိုယ်ဝန်ရသွားတာ ဘာကြောင့်လဲ 🤔





#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ

ရွှေတော်ဝင်အထူးကုဆေးရုံတွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးဝင်း နှင့် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး နဲ့ စနေနေ့ ညနေ...
15/09/2026

ရွှေတော်ဝင်အထူးကုဆေးရုံတွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးဝင်း နှင့် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး နဲ့ စနေနေ့ ညနေ ၅ နာရီချိန်တိုင်း ကြိုတင်ရက်ချိန်းရယူကာ ပြသနိုင်ပြီဖြစ်ပါတယ်။ 🥰

ဆရာဝန်ကြီးနဲ့ ပြသဖို့ Booking ရယူလိုတယ်ဆိုရင်တော့ ရွှေတော်ဝင်ဆေးရုံ၏ Page Chat box ဒါမှမဟုတ် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး Booking ရယူနိုင်ပါတယ်..🥳

📱 ရက်ချိန်းယူရန် - 09-799 992 342, 09-799 992 343
📍 အမှတ် (၁၀/B)၊ ဦးဝိစာရလမ်း၊ (၄၁) တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ။

ဒေါက်တာ မျိုးဝင်း
သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး

M.B.,B.S,M.Med.Sc(OG), Dr.Med.Sc (OG), Fellowship in Gynecological Endoscopy (Thailand) , Senior Consultant Obstetrician And Gynecologist




#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ။

14/09/2026

ကိုယ်ဝန် ၃ လမှာ ဘာစားစား အန်ချင်နေလို့ အစာဝင်အောင် ဘယ်လို အစာမျိုး စားသင့်ပါသလဲ⁉️





#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ

ရွှေတော်ဝင်ဆေးရုံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ Mommies-to-be class သင်တန်းရဲ့ ပုံရိပ် လေးများကို အမှတ်တရ အနေနဲ့ ပြန်လည်ဝေမျှပေ...
13/09/2026

ရွှေတော်ဝင်ဆေးရုံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ Mommies-to-be class သင်တန်းရဲ့ ပုံရိပ် လေးများကို အမှတ်တရ အနေနဲ့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်ရှင့်💜🫶
သင်တန်းပို့ချပေးပါသော သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစန်းစန်းဝင်းအား ရွှေတော်ဝင်ဆေးရုံမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်💜
နောက်များလည်း ယခုကဲ့သို့ Mommies-to-be class ကို ၁၀၀ ရာခိုင်နှုန်း အခမဲ့ ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင့် 🥳🤗





#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ

Address

10 (B), Uwisara Road, Ward (41), North Dagon Township
Yangon

Alerts

Be the first to know and let us send you an email when Shwe Taw Win Specialist Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Taw Win Specialist Hospital:

Shortcuts

Share

Category