Dagon Medicare Hospital

Call Directions Website Contact the practice

Dagon Medicare Hospital The newly formed private hospital that provides multidisciplinary medical services in Myanmar.

💉World Rabies Day (ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့) ကို နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြီး ခွေးရူးပြန်ရောဂါ (Rabies) အက...
28/09/2026

💉World Rabies Day (ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့) ကို နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြီး ခွေးရူးပြန်ရောဂါ (Rabies) အကြောင်း အသိပညာပေးခြင်းနဲ့ ကာကွယ်ခြင်း၏ အရေးကြီးပါမှု မြှင့်တင်ပေးတဲ့နေ့ ဖြစ်ပါတယ်။

🩺Rabies (ခွေးရူးပြန်ရောဂါ) ဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ ပြင်းထန်သောရောဂါတစ်ခုဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ခြေဟာလည်း အလွန်မြင့်မားပါတယ်။ ဒါကြောင့် ခွေး၊ ကြောင် စတဲ့ တိရစ္ဆာန်တွေ ကိုက်ခြင်း၊ ခြစ်ခြင်း သို့မဟုတ် တံတွေးများနဲ့ထိတွေ့ခြင်း ဖြစ်ခဲ့ရင်—

⚠️ ထိခိုက်ထားတဲ့နေရာကို ဆပ်ပြာနဲ့ ရေများများအသုံးပြုပြီး ချက်ချင်းဆေးကြောပါ။

⚠️ အနာကို ကိုယ်တိုင် ဆေးမြီးတိုနဲ့ ကုသတာမျိုး မလုပ်ပါနဲ့။

⚠️ ကျွမ်းကျင် ဆရာဝန်များထံ အမြန်ဆုံးသွားရောက်ပြီး Rabies (ခွေးရူးပြန်ရောဂါ) ကာကွယ်ဆေးထိုးနှံခြင်း နှင့် လိုအပ်တဲ့ ကုသမှုများအတွက် တိုင်ပင် ဆွေးနွေးပါ။

✨Rabies (ခွေးရူးပြန်ရောဂါ) ဟာ ကုသလို့မရတဲ့ရောဂါ ဖြစ်တာကြောင့် ကြိုတင်ကာကွယ်ခြင်းက ပိုအရေးကြီးပါတယ်။ အိမ်မွေးတိရစ္ဆာန်များကိုလည်း သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတိုင်း ကာကွယ်ဆေးထိုးပေးထားသင့်ပါတယ်။

🔰Dagon Medicare Hospital တွင် ခွေး၊ ကြောင် စတဲ့ တိရစ္ဆာန်တွေ ကိုက်ခြင်း၊ ခြစ်ခြင်းများအတွက် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအတွက် ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး #မြောက်ဒဂုံမြို့နယ်

27/09/2026

🔰ခန္ဓာကိုယ်က ပြောနေတဲ့ PCOS (သားအိမ်ရေအိတ်တည်ခြင်း) လက္ခဏာများ ….

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး #မြောက်ဒဂုံမြို့နယ်

🎗PCOS (Polycystic O***y Syndrome – သားဥအိမ်တွင် အရည်အိတ်ငယ်များ ဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်သည့် ဟော်မုန်းမညီမျှမှု) အခြေအန...
27/09/2026

🎗PCOS (Polycystic O***y Syndrome – သားဥအိမ်တွင် အရည်အိတ်ငယ်များ ဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်သည့် ဟော်မုန်းမညီမျှမှု) အခြေအနေဟာ အမျိုးသမီးတွေမှာ တွေ့ရနိုင်တဲ့ ဟော်မုန်းဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ PCOS (သားအိမ်ရေအိတ်တည်ခြင်း) ဖြစ်တဲ့အခါ အောက်ပါလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

🔹 ရာသီလာရက် မမှန်ခြင်း သို့မဟုတ် ရာသီလာသည့် အချိန်မှာ ကွာဟမှုများရှိခြင်း

🔹 ဝက်ခြံများခြင်း၊ အသားအရေ အဆီပြန်ခြင်း

🔹 မျက်နှာ၊ ကိုယ်ခန္ဓာမှာ အမွှေးအမျှင်များလာခြင်း

🔹 ဆံပင်ပါးခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်း

🔹 ကိုယ်အလေးချိန် တက်လာခြင်း

🔹 ကိုယ်ဝန်ရရှိရန် အခက်အခဲရှိခြင်း ….. စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

💉ဒါပေမယ့် ဒီလက္ခဏာတွေရှိတိုင်း PCOS (သားအိမ်ရေအိတ်တည်ခြင်း) ဖြစ်နေတယ်လို့ သတ်မှတ်လို့ မရပါဘူး။ တခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သို့သော် အထက်ပါ လက္ခဏာများ ရေရှည်ဖြစ်ပေါ်နေပါက ကျွမ်းကျင် ဆရာဝန်များ နဲ့ အလျင်အမြန် တိုင်ပင်စစ်ဆေးသင့်ပါတယ်။

🔰PCOS ကို စောစီးစွာ သိရှိပြီး သင့်တော်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် စောစီးစွာ စစ်ဆေး ကုသနိုင်ခြင်းဟာ အမျိုးသမီးများ၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အမျိုးသမီးကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအတွက် Dagon Medicare Hospital တွင် ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး #မြောက်ဒဂုံမြို့နယ်

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "သားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်ကြီးများ" ၏ ဆေးကုသမှု အချိန်ဇယားနှင့...
26/09/2026

🔰 Dagon Medicare Hospital တွင် တာဝန်ယူကုသပေးနေသော "သားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်ကြီးများ" ၏ ဆေးကုသမှု အချိန်ဇယားနှင့် အချက်အလက်များကို အောက်ပါအတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။

✨ အသေးစိတ် စုံစမ်းမေးမြန်းရန် နှင့် ရက်ချိန်းယူရန်:

☎️ Phone:
09 779 550 009
09 985 500 089
09 985 500 099

🚘 Address: အမှတ် (၂က+၂ခ)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး #သားဖွားနှင့်မီးယပ် #မြောက်ဒဂုံမြို့နယ်

📍Contraception (သားဆက်ခြားခြင်း) ဆိုတာ ကိုယ်ဝန်တားဆီးခြင်းတစ်ခုတည်းမဟုတ်ဘဲ မိမိကျန်းမာရေးနဲ့ မိသားစု အနာဂတ် အစီအစဉ်ကို စ...
26/09/2026

📍Contraception (သားဆက်ခြားခြင်း) ဆိုတာ ကိုယ်ဝန်တားဆီးခြင်းတစ်ခုတည်းမဟုတ်ဘဲ မိမိကျန်းမာရေးနဲ့ မိသားစု အနာဂတ် အစီအစဉ်ကို စနစ်တကျ စီမံနိုင်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းတွေမှာ -

🔹 Condom (ကွန်ဒုံး)

🔹 Oral Contraceptive Pills (သန္ဓေတားဆေးပြား)

🔹 Injectable Contraception (ထိုးဆေးဖြင့် သန္ဓေတားခြင်း)

🔹 Implant (အရေပြားအောက် ထည့်သွင်းသည့် သန္ဓေတားပစ္စည်း)

🔹 IUD – Intrauterine Device (သားအိမ်အတွင်း ထည့်သွင်းသည့် သန္ဓေတားပစ္စည်း) ….. စတဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။

✨ဒါပေမယ့် လူတစ်ဦးချင်းစီအလိုက် ကျန်းမာရေးအခြေအနေနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး သင့်တော်မှု မတူနိုင်တာကြောင့် ဆရာဝန်များ ၊ ကျန်းမာရေးဝန်ထမ်းများနဲ့ တိုင်ပင်ပြီး မှန်ကန်တဲ့နည်းလမ်းကို ရွေးချယ်သင့်ပါတယ်။

🔰Dagon Medicare Hospital မှ မိသားစုကျန်းမာရေးနှင့် သားဆက်ခြားခြင်းဆိုင်ရာ အသိပညာများကို မျှဝေပေးနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ပါက ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် အချိန်မရွေး လာရောက် ဆွေးနွေးနိုင်ပါတယ်။

hashtag hashtag hashtag #ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး hashtag #မြောက်ဒဂုံမြို့နယ် hashtag hashtag

💊 Happy World Pharmacist Day! ✨လူနာတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုပိုင်းဆိုင်ရာမှာ အကောင်းဆုံး တာဝန်ယူဆောင်ရွက်ပေးနေ...
25/09/2026

💊 Happy World Pharmacist Day!

✨လူနာတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုပိုင်းဆိုင်ရာမှာ အကောင်းဆုံး တာဝန်ယူဆောင်ရွက်ပေးနေကြတဲ့ Dagon Medicare Hospital ရဲ့ ဆေးဝါးပညာရှင် (Pharmacists) တွေနဲ့ ဆေးဝါးဌာန ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့မှာ World Pharmacist Day Activity လေး ကျင်းပပြုလုပ်ခဲ့ပါတယ်။

🔰ဆေးဝါးကျွမ်းကျင်မှုတွေအပြင် စေတနာအပြည့်နဲ့ လူနာတွေကို အမြဲ ဂရုတစိုက်ဖြင့် စောင့်ရှောက်ပေးပါသော ဆေးဝါးပညာရှင် (Pharmacists) များ အားလုံးကို Dagon Medicare Hospital မိသားစုဝင်များမှ အထူးပဲ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။




#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး
#မြောက်ဒဂုံမြို့နယ်

25/09/2026

💊 Happy World Pharmacist Day!




#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး
#မြောက်ဒဂုံမြို့နယ်

🩹ဆေးဝါးဆိုတာ သင့်တော်တဲ့ဆေးကို မှန်ကန်တဲ့ပမာဏနဲ့ မှန်ကန်စွာ အသုံးပြုမှသာ ကုသမှုအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။  ဒီလို ဆေ...
25/09/2026

🩹ဆေးဝါးဆိုတာ သင့်တော်တဲ့ဆေးကို မှန်ကန်တဲ့ပမာဏနဲ့ မှန်ကန်စွာ အသုံးပြုမှသာ ကုသမှုအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒီလို ဆေးဝါးကုသမှု ဘေးကင်းပြီး ထိရောက်စေဖို့ Pharmacist (ဆေးဝါးပညာရှင်) တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးနေပါတယ်။ Pharmacist တွေဟာ ဆေးပေးရုံသာမက—

💊 လူနာနဲ့ သင့်တော်တဲ့ ဆေးအမျိုးအစားနဲ့ ပမာဏ မှန်ကန်မှုကို စစ်ဆေးပေးခြင်း

🔎 ဆေးဝါးအချင်းချင်း Drug Interaction (ဓာတ်ပြုမှု) ဖြစ်နိုင်ခြေတွေကို စစ်ဆေးပေးခြင်း

⚠️ Allergy (ဆေးမတည့်မှု) နဲ့ Side Effects (ဘေးထွက်ဆိုးကျိုး) တွေကို သတိပြုပေးခြင်း

🗣️ ဆေးကို ဘယ်အချိန်၊ ဘယ်လိုအသုံးပြုရမလဲဆိုတာ လူနာနဲ့ မိသားစုဝင်တွေကို ရှင်းပြပေးခြင်း

🩺 လူနာအသုံးပြုနေတဲ့ ဆေးဝါးတွေကို ပြန်လည်သုံးသပ်ပြီး Medication Safety (ဆေးဝါးအသုံးပြုမှု ဘေးကင်းရေး) ကို မြှင့်တင်ပေးခြင်း …… စတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ထမ်းဆောင်ပေးနေပါတယ်။

💙 ဒါကြောင့် Pharmacist ဆိုတာ…“ဆေးပေးတဲ့သူ” သာ မဟုတ်ပါဘူး။ လူနာတစ်ယောက်အတွက် ဆေးဝါးကို မှန်ကန်စွာ အသုံးပြုနိုင်ဖို့၊ ဘေးကင်းဖို့နဲ့ ကုသမှုရလဒ်ကောင်းရရှိဖို့ ဆရာဝန်၊ သူနာပြုတို့နဲ့အတူ ပူးပေါင်းပါဝင်ပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။

🌿 ယနေ့ စက်တင်ဘာ (၂၅) ရက်နေ့ World Pharmacists Day မှာ လူနာတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးဘေးကင်းရေးကို အလေးထားပေးနေကြတဲ့ ဆေးဝါးပညာရှင်များအားလုံးကို ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး၏ မိသားစုဝင်များမှ ဂုဏ်ပြုကျေးဇူးတင်ပါတယ်။

🔰Dagon Medicare Hospital သည် လူတိုင်းအတွက် ဘေးကင်းပြီး ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။

#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး #မြောက်ဒဂုံမြို့နယ်

🤰ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မွေးဖွားဖို့ပြင်ဆင်တဲ့အခါ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းက...
24/09/2026

🤰ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မွေးဖွားဖို့ပြင်ဆင်တဲ့အခါ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်နဲ့ နွေးထွေးဖော်ရွေတဲ့ ဝန်ဆောင်မှု တွေကိုလည်း သေချာစဉ်းစားရွေးချယ်ကြရပါတယ်။

🔰ဒီအတွက် Dagon Medicare Hospital ရဲ့ LSCS Maternity Package ဈေးနှုန်းများကို Update ပြုလုပ်ထားပါကြောင်း မေမေတို့ကို အသိပေးလိုက်ပါတယ်ရှင်။

🤱မေမေနဲ့ ရင်သွေးလေးတို့ရဲ့ မွေးဖွားချိန်ကာလမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးအပ်နိုင်ဖို့အပြင် မေမေတို့ စိတ်အေးချမ်းသာစွာ နားနေနိုင်မယ့် ပတ်ဝန်းကျင်နဲ့ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေကိုလည်း ဂရုတစိုက် စီစဉ်ပေးထားပါတယ်။

✨ Update ပြုလုပ်ထားတဲ့ LSCS Maternity Package ဈေးနှုန်းနဲ့ Room Type အလိုက် အသေးစိတ်အချက်အလက်တွေကို ပုံမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

💛 မေမေတို့အနေနဲ့ မိမိတို့နှစ်သက်ရာ Room Type ကို ရွေးချယ်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

📞Phone ;
09 779 550 009
09 985 500 089
09 985 500 099

📍 Dagon Medicare Hospital
အမှတ် (၂က+၂ခ)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။




#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး
#မြောက်ဒဂုံ

24/09/2026

အခု မန်နေဂျာ ခေါ်ပေး !!! 😡



#ဒဂုံအထွေထွေရောဂါကုဆေးရုံကြီး
#မြောက်ဒဂုံ

Address

No. 2A+2B, Saya San Road, 27 Quarter, North Dagon Township
Yangon

Alerts

Be the first to know and let us send you an email when Dagon Medicare Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dagon Medicare Hospital:

Shortcuts

Share