J1H Witchcraft Training

J1H Witchcraft Training From will to world

29/08/2026

Aug 29-30 12-12
24 hrs message in 3 mins ပါ 🫶🏻🍎
လိုသူဆီရောက်စေဖို့ no hashtag ပါ

ငွေနဲ့ဆက်စပ်ပြီးယတြာတွေအရမ်းအရမ်းချေပေမယ့် မထူးလာဘူးလား?လူတော်တော်များများကလေ စကားလုံးအလှအပလေး၊ ပြင်းထန်ပြီးတက်ကြွတဲ့စကာ...
27/08/2026

ငွေနဲ့ဆက်စပ်ပြီးယတြာတွေအရမ်းအရမ်းချေပေမယ့် မထူးလာဘူးလား?

လူတော်တော်များများကလေ စကားလုံးအလှအပလေး၊ ပြင်းထန်ပြီးတက်ကြွတဲ့စကားလုံးတွေ၊ မိုတီတွေ aesthetic တွေနဲ့မှ၊ အမြင်အာရုံမျက်စိပသာဒဖြစ်မှ မှော်ပညာဖြစ်မယ်၊ တခုခုထူးခြားနေပြီး အလွန်တရာအများနဲ့ကွဲထွက်နေမှ ထူးဆန်းတာ၊ အဆင်ပြေတာ စွမ်းတာလို့ထင်တတ်ကြပါတယ်။

သို့သော်မှော်ပညာဆိုတာ သဘာ၀စွမ်းအင်ပါ။ နေစွမ်းအင်၊ လစွမ်းအင်၊ ကမ္ဘာမြေကြီးရဲ့စွမ်းအင်တွေလို၊ သိပ္ပံပညာရှင်တွေက အရာတိုင်းကို လှိုင်းတွေ၊ အမှုန်တွေနဲ့ဖွဲ့စည်းထားတယ်လို့ပြောသလိုမျိုးပဲ အဲ့လိုသဘာ၀မှာရှိတဲ့အရာတွေတိုင်းမှာ စွမ်းအင်လှိုင်းတွေရှိပါတယ်။ ဒီလို ဘာမှမလုပ်ပဲ သဘာ၀အတိုင်းရှိနေတဲ့ အရာတွေတောင်စွမ်းအင်ရှိနေတာဆိုရင် ဉာဏ်ပညာ၊ ကြိုးစားမှု၊ နှလုံးသားနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်တွေလိုလူသားတွေမှာကော ပိုစွမ်းအားမြင့်တယ်လို့ တခါမှ မတွေးမိကြဘူးလား?

ဒီထက်ထူးခြားတာက ကိုယ့်ကိုကိုယ်မှော်ပညာသုံးလိုက်မှန်းမသိလိုက်ပဲ သုံးသွားကြပြီး ကြီးပွားတိုးတက်အောင်မြင်သွားတဲ့ ဆရာ့ဆရာကြီးတွေလဲ ဒီလောကကြီးမှာရှိနေတာပါပဲ။ ဒါကြောင့် ဂျက်ရဲ့အမြင်မှာ၊ အတွေ့အကြုံမှာ၊ ရှုပ်ထွေးတဲ့အရာတွေကနေ မှော်စွမ်းအင်ရှိနေတာမဟုတ်ပဲ အေးချမ်းရှင်းလင်းတဲ့နေရာမှာပဲ မှော််စွမ်းအင်ရှိတာပါ။ တစ်ခုရှိတာကတော့ အဲ့မှော်စွမ်းအင်ကို ဘယ်လိုနည်းနဲ့ ဆွဲထုတ် လေ့ကျင့်ရမလဲ? လူ့လောကရဲ့သဘာ၀အတိုင်း တစ်ခုခုလိုချင်ရင်တော့ လေ့လာလေ့ကျင့်ဖို့တော့လိုပါတယ်။

ဂျက်ကိုယ်တိုင်မှော်ပညာစာအုပ်တွေလေ့လာတဲ့အခါမှာတွေ့ရတာတွေက မှော်ပညာက ရှုပ်ထွေးတာမဟုတ်ပဲ ကိုယ်ပိုင်စွမ်းအင်ဖြစ်ဖို့ အတူတွဲလေ့ကျင့်ရတာမျိုးပါ။ ဉပမာ- တားရော့ကို စာတွေ့လေ့လာရတာမျိုးက ဪ ဒါလေးကလွယ်လွယ်လေး ဒါကတော့ငါသိတယ်၊ ဒါကြောင့် ငါလဲဟောတတ်တာပေါ့၊ လုပ်တတ်တာပေါ့ စသည်ဖြင့် စိတ်ထဲထင်မှတ်နိုင်ပေမယ့် တကယ်မေးခွန်းတွေဖြစ်တဲ့ စိတ်နဲ့သက်ဆိုင်ရာမေးခွန်းတွေ၊ အမူအကျင့်နဲ့ဆက်စပ်တာတွေကို အသေးစိတ်ဟောပြောရတော့မယ်ဆိုရင် တကြောင်းနှစ်ကြောင်းလောက်နဲ့တင်မပြီးပါဘူး။ တဖက်လူပြောတဲ့ စကားနဲ့ ကိုယ်ဟောမယ့်ဘောင် ကိုယ်မြင်တဲ့အမြင်အာရုံ စတာတွေကိုချိတ်ဆက်ဟောပြောရတာမို့ အမြင်အာရုံ စူးရှလာအောင် ခဏခဏလေ့ကျင့်ရတဲ့အပိုင်း၊ စိတ်ပညာဆိုင်ရာ၊ အမူအကျင့်ဆိုင်ရာ လေ့လာရမယ်စာအုပ်တွေဖတ်ရှုလေ့လာရမယ့်အပြင် ကိုယ်တိုင်ကလဲ အဟောထွက်လာအောင် အဆင်သင့်အနေအထားမျိုးရောက်လာဖို့အရေးကြီးပါတယ်။ စာတွေ့သင်ယူခြင်းက ၂၀ ရာခိုင်နှုန်းသွားရရင် ကိုယ်တွေ့လေ့လာခြင်းက ၈၀ ရာခိုင်နှုန်းအထိလိုက်ရတာမျိုးဖြစ်ပါတယ်။

အခု ရှင်းလင်းပြီး ကိုယ်တိုင်လေ့ကျင့်လို့ရတဲ့ ကိုယ်ပိုင်စီးပွားရှင်တွေအတွက် တကယ်လိုက်လုပ်လို့ရပြီး မှော်ပညာနဲ့အတူယှဉ်တွဲလေ့ကျင့်နိုင်တဲ့ လောကီဆရာတယောက်ရဲ့အကြံဉာဏ်ကို ရိုးရှင်းစွာအမှန်အတိုင်းသိရလို့ မျှဝေချင်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ရတာ ထင်သလောက်မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ်တိုင်ကဖြစ်ချင်တဲ့ ဆန္ဒသက်သက်နဲ့ ရင်ခံခံနဲ့ ကိုယ်ချစ်တဲ့အရာတွေကို ငွေပေါ်အောင်ရောင်းနေရတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ချစ်တဲ့ ဝါသနာပါတဲ့အရာတွေကိုလုပ်နေရင် စီးပွားရေးအရ အကြံပေးတာတွေကို ငြင်းဆိုတတ်ကြတာကြောင့်ပါ။
အမြတ်ရအောင်ရောင်းရတာကြောင့် ကိုယ်ချစ်တဲ့အရာကို တကယ်ကောချစ်တာဟုတ်ရဲ့လားဆိုတဲ့စိတ်ကလဲ နှိပ်စက်တတ်ပါတယ်။ နောက်ဆုံးတော့ ဒီအရာတွေအားလုံးက ဝါသနာနဲ့ပဲရောင်းရောင်း၊ အမြတ်အစွန်းရအောင်ပဲရောင်းရောင်း ရောင်းကိုရောင်းရမယ့်အရာတွေဖြစ်ပါတယ်။

ဒါကြောင့် ရောင်းအားတက်လိုရင် ဒီလေးချက်နဲ့ကိုက်မကိုက်စစ်ပြီးမှ အလုပ်တစ်ခုစတင်တာဖြစ်ဖြစ်၊ အခုလုပ်နေတဲ့အလုပ်ကအလုပ်ဖြစ်မဖြစ် ချိန်ဆတာ၊ ပြုပြင်တာဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ အခုခေတ်က ဆိုင်နေရာ၀ယ်ရတာ၊ အပြင်မှာကြော်ညာရတာစတဲ့ စရိတ်စခတွေဈေးများတာကြောင့် တခမ်းတနားလုပ်ဖို့မလိုပေမယ့် လုပ်ငန်းရှင်တိုင်းက လိုင်းပေါ်မှာဈေးတက်ရောင်းကိုရောင်းသင့်နေပါတယ်။ ကိုယ်လုပ်မယ့် စီးပွားရေးအကြံဉာဏ်တွေက ပြီးပြည့်စုံဖို့မလိုပါဘူး ဘာကြောင့်လဲဆိုရင် စီးပွားရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အကောင်းဆုံးကြိုးစားခြင်းပဲရှိပြီး အမြဲမှန်ပြီး ပြီးပြည့်စုံနေတာမဟုတ်တာကြောင့်ပါ။ ပြီးပြည့်စုံစရာမလိုပဲ ဘယ်သူ့ကိုရောင်းမှာလဲ? ရောင်းအားရှိပြီး အမြတ်ရနိုင်လားအပေါ်ပဲ တွေးတာဆင်ခြင်ရမှာပါ။

တွေးရမယ့်လေးချက်
၁။ ဘယ်လိုလူတွေကိုရောင်းမလဲ ဆိုတဲ့ တိကျတဲ့လူနည်းစုဖြစ်ရပါမယ်။ ဒါမှသာ ကိုယ်ကကြော်ညာကိုဘယ်လိုလုပ်ရမလဲသိမှာပါ။
၂။ ကိုယ်ပေးတဲ့ ၀န်ဆောင်မှု သို့မဟုတ်ပစ္စည်းအပေါ်ကို တက်ကြွတဲ့စိတ်၊ ရောင်းချင်စိတ်ရှိရပါမယ်။
၃။ ပြောခဲ့တဲ့တိကျတဲ့လူနည်းစုက ကိုယ်ရောင်းတာကို ၀ယ်နိုင်တဲ့ အရည်အချင်းတော့ရှိရပါမယ်။
၄။ ကိုယ်ရောင်းနေတဲ့ကုန်၊ ကိုယ်ပေးတဲ့ service ကို ကိုယ်တိုင်သုံးနေတာ၊ အဲ့လို အရာတွေနဲ့ဆိုင်တာတွေကို သူများရောင်းနေရင်လဲ အားပေးတတ်တဲ့သူဖြစ်ရင်ပိုကောင်းပါတယ်။

အကယ်လို့ ဒီအရာတွေထဲက နှစ်ခုလောက်လိုနေရင်တော့ ဒီစီးပွားရေးအကြံဉာဏ်က လုပ်သင့်တာမဟုတ်ပါဘူး။

ဒီ post ကိုအဆုံးထိဖတ်ပြီးတဲ့သူက စီးပွားရေးနဲ့သက်ဆိုင်တဲ့မှော််ပညာကို သဘောကျပုံပေါ်ပါတယ်။ ဒါကြောင့် စီးပွားတိုးတက်စေတဲ့ ၃ လခံ ကြာသပတေးဂြိုဟ်အင်းကို ဂျက်ကိုယ်တိုင် စီမံရေးဆွဲထားတာလေးကို telegram- မှာ August လကုန်အထိ ၄ သောင်းနဲ့ wallpaper ၀ယ်ယူနိုင်ပါတယ်။ ၃ လပြီးရင် အသစ်တခုထပ်မံမှာယူနိုင်ပါတယ်။

လိုသူစီရောက်ဖို့ hashtags မထည့်တော့ပါဘူးခ။

27/08/2026

Date သေချာကြည့်ပါ‌ခ Aug 27-Aug 28 နေ့လည် ၁၂ မှ ၂၄ နာရီအတွင်း
တားရော့ လိုတိုရှင်း ၃ မိနစ်‌ဟောကိန်း
လိုသူဆီရောက်ဖို့ no hashtags

26/08/2026

Aug 26-Aug27 နေ့လည် ၁၂ မှ ၂၄ နာရီအတွင်း
တားရော့ လိုတိုရှင်း ၃ မိနစ်သောကိန်း
လိုသူဆီရောက်ဖို့ no hashtags

အခုထဲကသတိရနေပြီအောင်မြင်သော နက္ခတ်ဆရာများဖြစ်ကြပါစေလို့ ~~ နောက်လအစမှာ အတန်းသစ်ရှားရှားပါးပါးဖွင့်မှာမို့လို့ Tg  သို့ဆက...
25/08/2026

အခုထဲကသတိရနေပြီ
အောင်မြင်သော နက္ခတ်ဆရာများဖြစ်ကြပါစေလို့ ~~
နောက်လအစမှာ အတန်းသစ်ရှားရှားပါးပါးဖွင့်မှာမို့လို့

Tg သို့ဆက်သွယ်အပ်နှံ နိုင်ပါတယ် 🥺💜

ဒီ post မှာမန့်သူတွေအားလုံး telegram  မှာ တားရော့ မေးခွန်းတစ်ခု free မေးလိုက်ပါ
23/08/2026

ဒီ post မှာမန့်သူတွေအားလုံး telegram မှာ တားရော့ မေးခွန်းတစ်ခု free မေးလိုက်ပါ

ဂျက်ရဲ့ Page ကိုဘယ်လိုမြင်လဲ၊ J1H က သင်တန်းတခုခု ဘာကြောင့်တက်ချင်လဲ ment သွားပါ။

free readingပေးပါမယ်။
မန့်မှာ ရွေးချယ်ပြန်လည်ဆက်သွယ်ပေးပါမယ်။
သင်တန်းတွေကို scholarship ရရင်ပြုလုပ်ပေးဖို့အတွက်ပါ
apple တို့ရေ။

ဒီနေ့ တားရော့ထုပ် authentic လေးတွေ မထုတ်သုံးဖြစ်တာတွေကို တယုတယတမြတ်တနိုး သုံးပေးလိုသူတွေစီရောက်အောင်ပို့မလို့ ဆိုပြီး ရှ...
22/08/2026

ဒီနေ့ တားရော့ထုပ် authentic လေးတွေ မထုတ်သုံးဖြစ်တာတွေကို
တယုတယတမြတ်တနိုး သုံးပေးလိုသူတွေစီရောက်အောင်ပို့မလို့ ဆိုပြီး ရှာဖွေလိုက်တော့
ရောင်းရမယ်ဆိုမှ သူတို့နဲ့သက်ဆိုင်တဲ့ အမှတ်တရတွေ ခေါင်းထဲ၊ အာရုံထဲမှာ အစဉ်လိုက်အတိုင်း ပေါ်လာတယ်။

ရွှေမျက်နှာ ၁၀၀ ကဒ်တွေကို အစကနေကဒ်တွေရေတော့ ပန်းချီဆရာရဲ့ နှလုံးသားနဲ့လက်ရာကို မြင်ပြီး ၁၀ သိန်းလောက်ရလဲ ရောင်းချင်စိတ်မပေါက်ပြန်ဘူး။ ဒီ အထုပ်လေးကို ကိုယ်လိုအနောက်တိုင်းတားရော့ပိုင်းလိုက်စားသူက ဘာမှမဆိုင်ပဲ မျက်စိကျနေလို့၀ယ်ဖြစ်ခဲ့တာ။ အဲ့တုန်းကလဲ artwork ကို သဘောကျလို့၊ ကဒ်လေးတွေက သနားစရာကောင်းသလိုခံစားရလို့၊ လိုင်းပေါ်မှာတုန်းက သိပ်ကိုဈေးတော်ခဲ့လို့ မြန်မာတွေထုတ်လို့လဲပါတယ်။ သပ်သပ်ရည်ရွယ်ချက်ရှိရှိအားပေးမယ်ဆိုပြီး၀ယ်ခဲ့တာ။

လက်ထဲရောက်လာတော့ အဲ့လောက်ကဒ်သားကောင်းမယ်မှန်း မယုံနိုင်ခဲ့ဘူး။ မှတ်မှတ်ရရဆိုရင် ကဒ်တွေစ၀ယ်ပြီး စဟောကြည့်တုန်းက နာရီ၀က်လောက်ငိုခဲ့ရတယ်။ နတ်တွေရဲ့ ၀မ်းနည်းစရာကောင်းတဲ့အတိတ်တွေက ကိုယ့်ရင်ထဲတည့်တည့်ထိမှန်နေသလိုမျိုးပဲ။ ဆွေးမြေ့ပြီး၀မ်းနည်းနေတာမျိုး။ သုံးရက်လောက်နေရခက်ခဲ့တာ။ ဒါသူပေးတဲ့အမှတ်တရပဲ။ အဲ့တုန်းက ဂျက်က ခံစားချက်တွေကုန်ခမ်းပြီး ခံစားချက်နဲ့သက်ဆိုင်တာတွေကိုပြန်လေ့လာခဲ့ပြီး လူသားတယောက်လိုနေထိုင်ချင်တဲ့၊ ခံစားတတ်တဲ့စိတ် ပြန်ဖြစ်ချင်ခဲ့တာကို ကယ်တင်ပေးခဲ့တယ်။
နောက်ပိုင်းရောင်းမယ်လုပ်လိုက် ရောင်းမထွက်လိုက်နဲ့ဆိုတော့ တကယ်လဲသူကိုယ့်ဆီမှာနေချင်စိတ်ပေါက်နေတာလို့ သိလိုက်ရတယ်။

Tarot of the divine လေးကတော့ ဂျက်ဆီမှာ အစီအရင်အပ်ထားပြီး နိုင်ငံခြားထွက် ကျောင်းတက် ဖြစ်သွားတဲ့ ကောင်မလေးတယောက်က အမသမီးစီကလိုချင်တာတွေလှမ်းမှာလို့ရတယ်၊ ဈေးကပေါက်ဈေးအတိုင်းပဲဆိုတော့ အမစိတ်ပူစရာမလိုတော့ဘူးပေါ့ဆိုပြီးပြောခဲ့လို့ အဆင်ပြေမလားဆိုပြီး မှာကြည့်လိုက်တာပါ။ ပုံမှန်ထက်တော့ဈေးတော်တော့ ၀ယ်ဖြစ်ခဲ့တာ အဲ့တုန်းကလဲ ကမ္ဘာတစ်ပတ်လုံးရဲ့ သမိုင်းကြောင်းတွေပါတဲ့ ကဒ်ထုတ်လေးဆိုတော့ သမိုင်းကြောင်းတွေသိဖြစ်သွားတယ်။ ထူးထူးခြားခြားဒီအထုပ်လဲ ၀မ်းနည်းခြင်းကိုသိသိသာသာခံစားရတာ 10 of swords ကဒ်မှာအရမ်းသိသာတယ်။ သစ္စာဖောက်ခံရပြီးအ thet ခံရတဲ့အမျိုးသမီးတယောက်ပေါ့။

အရင်တုန်းက သိန်းနဲ့ချီတဲ့ တားရော့ကဒ်ထုတ်တွေကို စိတ်ထဲတောင်မရှိပဲ ဒီတိုင်း ရိုးရိုး copy တွေပဲတသက်လုံးကိုင်ဖြစ်မယ်ထင်တဲ့ကိုယ်က authentic ကိုင်ဖြစ်တဲ့အချိန် အစွဲအလမ်းတွေ၊ အချစ်ဇာတ်လမ်းတွေ တားရော့အပေါ်ထားတတ်လာတော့ကိုယ့်ကိုကိုယ် အံ့ဩမိတယ်။ တကယ်တော့ တားရော့က တားရော့ဆရာနဲ့အချိတ်အဆက်ဖြစ်ပြီး လာမေးတဲ့သူတွေကဧည့်သည်သဘောသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ တားရော့လေးတွေကို တန်ဖိုးထားဖို့ တကယ်လက်ဆင့်ကမ်းမယ်ဆိုရင်လဲ တရိုတသေလက်ဆင့်ကမ်းဖြစ်ဖို့ ဒီရင်ထဲကစာလေး ရင်ထဲကမပျောက်ပျက်ခင်မှာ မှတ်တမ်းတင်လိုက်ပါတယ်။

တားရော့တွေဆိုတာ ကံစပ်မှ၊ လူတိုင်းက ကံစပ်ကြမှ ဆုံတွေ့ရတယ်ဆိုတာ၊ ကံမကုန်သေးရင်အမြဲအတူပူးကပ်ဖြစ်သွားပြီး ကံကုန်သွားရင်တော့ ဘယ်လောက်ပြန်ဆုံအောင်ကိုယ့်ဘက်ကကြိုးစားကြိုးစား၊ အနီးနားဘယ်လောက်ရှိရှိ ခံစားချက်တွေက ကုန်ဆုံးသွားတတ်ကြောင်း ဂျက်တို့က လက်ခံတတ်ရပါတယ်။ ဘာဖြစ်ဖြစ် အားလုံးကိုနှုတ်ဆက်ရင်တော့ အကောင်းဆုံးပုံစံဖြစ်လေ ကောင်းလေပါ။

ဒီနေ့တားရော့တထုပ်ကို အသစ်ကို ငါးသောင်းလောက်ခွာပြီး ရောင်းခဲ့ပါတယ်။ တကယ်ထိုက်တန်သူပိုင်ရှင်လေးဆီရောက်ပါစေ။

တားရော့ video class ဖွင့်လှစ်လျှက်ရှိပါတယ်။ pin post က စာရွက်ခရမ်းရောင်လေးမှာဖတ်ရှုအပ်နှံနိုင်ပါတယ်။

ဒီလောကကြီးတစ်ခုကိုနှစ်ခုခွဲကြည့်ပါ။ ရုပ်ပိုင်းဆိုင်ရာလောကကြီးနဲ့ စိတ်ကနေတောင့်တလိုက်တာနဲ့ရတဲ့ မှော်လောကကြီး ရုတ်တရက်စဉ်း...
20/08/2026

ဒီလောကကြီးတစ်ခုကိုနှစ်ခုခွဲကြည့်ပါ။

ရုပ်ပိုင်းဆိုင်ရာလောကကြီးနဲ့ စိတ်ကနေတောင့်တလိုက်တာနဲ့ရတဲ့ မှော်လောကကြီး

ရုတ်တရက်စဉ်းစားကြည့်ရင်ရယ်ချင်စရာကြီးတွေဖြစ်လိမ့်မယ်။ သို့သော်အကြောင်းရှိပါတယ်။

ဂျက်တို့ ရုပ်ပိုင်းဆိုင်ရာလောကကြီးမှာတစ်ခုခုလိုချင်ရင် ပေးဆပ်ရတယ်၊ ကြိုးစားရတယ်၊ အပင်ပန်းခံရတယ်၊ ဇွဲကောင်းရတယ်၊ ကောက်ရိုးမီးလုပ်လို့မရပဲ တစ်ခုခုလိုချင်ရင်တစိုက်မတ်မတ် ၁နှစ်ဆို၁ နှစ် လေးငါးနှစ်ဆို လေးငါးနှစ် သက်ဆိုင်ရာနယ်ပယ်အလိုက် သူများထက်နေရာတကာသာအောင် အသိဉာဏ်ဗဟုသုတတွေရှာဖွေပြီး အမြန်ဆုံးအသုံးချနိုင်ရတယ်။ မိတ်ကောင်းဆွေကောင်းရှိရတယ်။ ဒါမှ ကိုယ်လိုချင်တဲ့ ချမ်းသာမှု၊ အောင်မြင်မှုတွေရမယ်။ ဒါက လောဂျစ်ကျကျ၊ လောကကြီးမှာဖြစ်နိုင်ချေကိုစဉ်းစားတာပါ။

မှော်ပညာကဒီ ရုပ်ပိုင်းဆိုင်ရာလောကကြီနဲ့ ယှဉ်တွဲပြီးတည်ရှိနေတဲ့လောကကြီးပါ။ ဒီလောကမှာကတော့ စိတ်စွမ်းအင်နဲ့ ကိုယ့်အကြောင်းကိုယ် အနက်ရှိုင်းဆုံးအရင်လေ့လာပြီး ကိုယ်ရပိုင်ခွင့်ရှိတဲ့အရာတွေ၊ ကိုယ့်ရဲ့ အစွန်းဆုံသော ဖြစ်နိုင်စွမ်းအင်ကိုတိုးချဲ့ပြီး ပန်းတိုင်ကို ရအောင်ယူကြရတယ်။

ဒါကြောင့်ကိုယ်က ဘယ်လိုလူမျိုးလဲ၊ ဘယ်နေရာအားသာချက်ရှိနိုင်လဲ၊ စိတ်အလုပ်လုပ်ပုံကဘယ်လိုလဲစတာတွေကို သင်ယူရတဲ့အပြင် နည်းစနစ်ပေါင်းစုံနဲ့ ကိုယ်နဲ့ကိုက်တဲ့ manifestation အကြောင်းတွေ၊ သက်ဆိုင်ရာလောကကြီးကပေးထားတဲ့ ပစ္စည်းတွေနဲ့ ပန်းတိုင်နဲ့ ကိုက်ညီတဲ့အရာတွေရဲ့အလုပ်ဖြစ်ပုံတွေကိုလေ့လာ၊ နက္ခတ်ကြည့်ပြီး ယတြာချေခြင်း၊ အစီအရင်တွေလုပ်ခြင်းဖြင့် လိုချင်တဲ့ရလာဒ်ထွက်ခြင်းက အစစ်အမှန်အောင်မြင်မှုဖြစ်ပါတယ်။ ဒီလိုနည်းစနစ်တွေရွေးချယ်ရာမှာလဲ တားရော့စနစ်လား၊ နက္ခတ်စနစ်နဲ့သွားမှာလား၊ ကိုယ်ကပင်လယ်ကိုနှစ်သက်ရင် ပင်လယ်ရဲ့ဓာတ်၊ မီးကိုနှစ်သက်ရင်မီးဓာတ်ကိုယူမှာလား စတာတွေကလဲ လေ့လာဖို့ရာ ကမ္ဘာတစ်ခုသီးသန့်ရှိပြီးသားဖြစ်ပါတယ်။

ဒါကြောင့် မှော်ပညာလမ်းစဉ်ကိုလိုက်တဲ့သူတွေက စပြီးရင်ဆုံးတဲ့အထိလိုက်သွားမှ အပျော်မဟုတ်ပဲ ကမ္ဘာကြီးတစ်ခုထဲကို ရောက်သွားသလိုမျိုး ကျင့်ကြံနေထိုင်မှ ဒီကမ္ဘာကြီး၊ မှော်လောကရဲ့အကြောင်းနဲ့ energy အလုပ်လုပ်ပုံတွေကိုနားလည်မှာဖြစ်သလို လူ့လောကရုပ်ပိုင်းဆိုင်ရာလောကမှာ ကိုယ်ရှာထားတဲ့ ချွေးနည်းစာတွေကို လုယူ၊ လိမ်ယူ, ခိုးယူသူတွေရှိသလို မှော်လောကမှာလဲ ကိုယ့်ရဲ့ လေ့ကျင့်သင်ယူထားတည်ဆောက်ထားတဲ့ အဖိုးတန် energy တွေကို မက်လုံးပေးပြီး စုပ်ယူသုံးစွဲအပေးအယူလုပ်သူနတ်ဆိုးတွေ၊ စိတ်ညစ်အောင် ပန်းတိုင်ရောက်ဖို့ဝေးသွားအောင်လုပ်တတ်တဲ့ မှော်ပညာလေ့လာရေးမှာအနှောက်အယှက်ပေးတဲ့ ဝိဉာဉ်ဆိုင်ရာ ကပ်ပါးကောင်တွေက နေရာအနှံ့ရှိပါတယ်။
ကိုယ်က ငွေ၀င်တဲ့ ယတြာလုပ်လိုက်တဲ့အခါမှာ ငွေ၀င်ပေါက်ပိတ်နေတဲ့အရာတွေကိုအရင်ရှင်းထုတ်မှ၊ ကိုယ်က energy ကောင်းမှ၊ လိုချင်တာကိုရမှာဖြစ်သလို၊ ကြားထဲမှာ အနှောက်အယှက်ပေးမယ့် ငွေရမယ့်လမ်းမှာ လာခိုးယူသွားတာ ရသင့်သလောက်မရတာမျိုးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အကာအကွယ်မှော်ပညာကို မှော်ပညာလေ့လာသူတိုင်းက တတ်ကိုတတ်ထားသင့်ပါတယ်။

လူ့လောကမှာရှိတဲ့ ကိုယ်ခံပညာတွေလိုမျိုး၊ တစ်ခုခုကို ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးကောင်းဖို့လိုသလို မှော်လောကမှာလဲ ဖြစ်ချင်တာတွေဖြစ်မြောက်ဖို့ ကျန်းမာရေးကောင်းလားအခြေအနေကို Protection ဆိုတဲ့ကာကွယ်နိုင်ခြင်း ကျန်းမာရေးကို အမြဲစစ်ဆေးဖြည့်တင်းပေးရပါတယ်။

ဂျက်တို့အားလုံးက လူသားတွေဖြစ်တာကြောင့် ယှဉ်တွဲနေတဲ့ တစ်ခုကိုတစ်ခုအကျိုးပြုနေလျှက်ရှိတဲ့ နောက်ထပ်မှော်ကမ္ဘာတစ်ခုအတွက် စိတ်ကျန်းမာကြံ့ခိုင်မှု၊ အပင်ပန်းခံနိုင်မှုတို့ကိုသီးသန့်လေ့ကျင့်တဲ့အချိန်မှ ရုပ်ပိုင်းဆိုင်ရာလောကမှာ သိပ်မပင်ပန်းပဲ လိုချင်တာကို လိုချင်တဲ့အချိန် manifest နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် တကယ့်လောကမှာ ပင်ပင်ပန်းပန်းမလုပ်ချင်ဘူး၊ သက်တောင့်သက်သာနဲ့ ငွေ၀င်ချင်တာ ၊ ပန်းတိုင်ရောက်ချင်တာဆိုရင် တကယ်သိသိသာသာ မှော်ပညာကိုသေချာလိုက်စားဖို့လိုအပ်ပါတယ်။
ကိုယ်တွေကတော့ လောကနိယာမကိုပဲလေ့လာပြီး ပြန်မျှဝေမယ်။ အပင်ပန်းတော့မခံချင်တဲ့ type မျိုး။

Protection မှစပြီး witchcraft အတန်းများအပ်လိုရင် ခရမ်းရောင်စာတန်းတွေပါတဲ့ pin post ကကြည့်ပြီးစုံစမ်းနိုင်ပါတယ်။

တားရော့ဖတ်, အဟောထုတ်တဲ့အခါ ဒီရိုးရှင်းတဲ့တချက်လေးကိုလုပ်ရင်ပဲ အဟောမှန်နေမှာပါ။  အရေးအကြီးဆုံးက မေးခွန်းကိုသေချာလုံးစေ့ပတ...
19/08/2026

တားရော့ဖတ်, အဟောထုတ်တဲ့အခါ ဒီရိုးရှင်းတဲ့တချက်လေးကိုလုပ်ရင်ပဲ အဟောမှန်နေမှာပါ။
အရေးအကြီးဆုံးက မေးခွန်းကိုသေချာလုံးစေ့ပတ်စေ့နားလည်ခြင်းဖြစ်ပါတယ်။

မေးခွန်းသည်သာ မေးသူရဲ့ရည်ရွယ်ချက်ကို သိနိုင်တဲ့ တစ်ခုတည်းသော သော့ချက်ဖြစ်သလို
မေးခွန်းသည်သာ ကိုယ်ပြန်ဖြေမယ့် မေးခွန်းအတွက် မှန်ခြင်း၊ မှားခြင်း၊ တိကျခြင်း၊ မတိကျခြင်းကို အဆုံးအဖြတ်ပေးပြီး ကိုယ့်အဟောရဲ့ ကျွမ်းကျင်မှု၊ ပညာနဲ့ လုပ်သက်ကို သိစေနိုင်၊ အကဲဖြတ်စေနိုင်တဲ့အထိ သိသာထင်ရှားနေလို့ပါ။

ဒါကြောင့် မေးခွန်းကိုနားထောင်တဲ့အခါ၊ ဖတ်တဲ့အခါ ဖြစ်နိုင်ရင် အသက်မရှု၊ မျက်တောင်မခတ်ပါနဲ့။ အချိန်ယူပါ။

ဒီတော့ အဟောကိစ္စကိုစလိုက်ရအောင် -

တလောကလာမေးတဲ့သူထဲမှာ အချစ်ရေးကိစ္စမေးတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။

နောက်ခံ background info ကတော့ နိုင်ငံခြားမှာကျောင်းသွားတက်တဲ့ အသက် ၁၆ လောက်ပဲရှိသေးတဲ့ ကောင်မလေးပါ။

သူက သူနဲ့လူမျိုးတူတယောက်ကိုပဲ သဘောကျနေတာ။

သူကမေးတယ်၊ “သမီးအပေါ်သူထားတဲ့သဘောထား” တဲ့

အဲ့တော့ သမီးအပေါ်ကိုသူက မိန်းကလေးတယောက်အနေနဲ့မြင်တယ်၊ စိတ်ထဲထည့်တွက်တယ်၊ သို့သော်အာရုံစိုက်ပေးလို့မရဘူး၊ သူက မိန်းကလေးတယောက်ကို သေချာတွဲကြည့်ချင်စိတ်ရှိလို့ စမ်းတွဲဖို့ ဖွင့်ပြောလာမယ့်လူမဟုတ်ဘူး လို့ကဒ်ကျတဲ့အတိုင်းဟောလိုက်တယ်။

အဲ့တော့ ဒီနေရာမှာမေးခွန်းရဲ့သဘောသဘာ၀အရ သဘောထားကိုပဲမေးတာဆိုတော့ သဘောထားကိုပဲပြောခွင့်ရှိတယ်။ သူကနောက်မှဆက်ပြောလာပါတယ်။ သဘောထားသိရတော့ ရှေ့ဆက်တိုးသင့်မတိုးသင့်သူသိတာပေါ့တဲ့

ဒီတော့သူက တားရော့နဲ့ တားရော့ဖတ်သူကို သူရှေ့တိုးသင့်မတိုးသင့်ဆုံးဖြတ်ရမယ့်အချက်ထဲကတချက်အနေနဲ့ အသုံးချသွားတာပါ။ အသုံးချတယ်ဆိုတာ သုံးပြီးလွှင့်ပစ်လိုက်တာကိုဒီနေရာမှာမဆိုလိုပါဘူး။ အသုံးတည့်အောင်သုံးသွားတာလို့ပဲပြောချင်တာပါ။

အဲ့တော့ သဘောက သူ့ရွေးချယ်မှုနဲ့တော့ဆိုင်သွားပြီ။ ဂျက်လိုဗေဒင်ဆရာဘက်ကဆိုရင် သူရွေးချယ်မယ်၊ သူဒီကောင်လေးကိုလိုက်မယ်ဆိုလဲ မတားဘူး၊ မလိုက်ဘူးဆိုလဲမတားဘူး ဘာကြောင့်လဲဆိုရင် သူ့မေးခွန်းကိုက လိုက်ရမလားနဲ့အစပြုမေးထားတာမဟုတ်ပဲ သဘောထားကိုပဲမေးထားတာမျိုးဆိုတော့။

အမျိုးသမီးတွေက ကိုယ့်တန်ဖိုးကိုယ်ထားဖို့ကတော့ အမြဲပြောနေကျဆိုတော့ အသက်အရွယ်ငယ်သေးတာကြောင့်ကော ပြောတော့ပြောခဲ့ပါတယ်။ ကျန်တဲ့ decision က သူရဲ့ ဆုံးဖြတ်ချက်သပ်သပ်ပါ။

အကယ်လို့မေးခွန်းကသာ “သမီးသူ့ကိုလိုက်ခဲ့ရင် ရမလား?” လို့မေးလာရင် ကိုယ်ကဗေဒင်ဆရာတယောက်ဆိုရင် အထက်ကဖြေတဲ့အဖြေနဲ့မတူမှာဖြစ်ကြောင်း အရိပ်ပြအကောင်မြင်မှာပါ။

ဒါပေမယ့် ဒီမေးခွန်းမှာတော့ ရမရကိုအရင်ဟောရပြီး အားကိုးတကြီးနဲ့ နည်းစနစ်တွေ၊ ဘယ်လိုလိုက်ရမလဲ? ဘာတွေဆောင်ရွက်ရမလဲကိုအဓိကထားဖြေရမှာဖြစ်တဲ့အတွက် သူကကိုယ့်အပေါ် မအားကိုးဘူးဆိုရင်တောင် ၈၀ ရာခိုင်နှုန်းလောက်အားကိုးနေကြောင်းထင်ရှားပါတယ်။

သဘောက ဒီမေးခွန်းအရဆိုရင် ဗေဒင်ဆရာဘက်က တာ၀န်ယူမှုပိုများသွားတာပါ။ ရလာဒ်မကောင်းရင် ဗေဒင်ဆရာ ဟောမိတာအကြံပေးမိတာ မှားတာကြောင့် အကျိုးဆက်တွေရတတ်တာမျိုးပါ။

ဒါကတော့ မေးခွန်းတွေရဲ့ သဘောသဘာ၀ကိုပြောပြတာဖြစ်ပြီး
အထက်မှာဖော်ပြခဲ့တာတွေက အဟောအားလုံးကိုပြောပြထားတာမဟုတ်တာရယ်၊ လာမေးသူရဲ့ privacy ကိုလေးစားတဲ့အနေနဲ့ ဒီလောက်ပဲ ပညာရအောင်အထိပဲ ပြောပြတာပါ။

တကယ်တော့အကျိုးဆက်ဆိုတာကလဲ လူလောကရဲ့သဘောသဘာ၀အရ ဗေဒင်ဆရာရွေးမှားရင်တောင် သင်တန်းမှားရွေးတက်မိသူအတိုင်းပဲ ကိုယ်အကဲခတ်ညံ့တာမို့ ရွေးမှားတာကများပါတယ်။ ဒါအပြစ်တင်တာမဟုတ်သလို သဘာ၀ကိုပဲပြောပြတာပါ။ ဒါကြောင့် ကိုယ်က ဗေဒင်မေးမယ်ဆိုရင် အနည်းဆုံးမေးခွန်းကိုသိရှိနားလည်တတ်တဲ့ ဆရာမျိုးကိုရွေးနိုင်ပါစေ။

ကိုယ်တိုင်တားရော့ဟောမယ်ဆိုရင်လဲ ဒီစနစ်ကိုထည့်သွင်းအသုံးချကြည့်ပါ။ Apple တို့အဖြေတွေက အတိမ်အနက်ပိုပြီးတိကျလာမှာဖြစ်သလို အဟောလဲ အရသာရှိလာမှာဖြစ်ကြောင်း အာမခံပါတယ်နော်။

လတ်တလောတားရော့သင်တန်းများ video class + discussion အတန်းလေးရှိပါတယ်။
လကုန်လူတွေ့သင်တန်းကို အခုထဲကကြိုအပ်ထားနိုင်ပါတယ်။
အပ်နှံရန် - tg

ဂျက်ရဲ့ Page ကိုဘယ်လိုမြင်လဲ၊ J1H က သင်တန်းတခုခု ဘာကြောင့်တက်ချင်လဲ ment သွားပါ။free readingပေးပါမယ်။မန့်မှာ ရွေးချယ်ပြန...
15/08/2026

ဂျက်ရဲ့ Page ကိုဘယ်လိုမြင်လဲ၊ J1H က သင်တန်းတခုခု ဘာကြောင့်တက်ချင်လဲ ment သွားပါ။

free readingပေးပါမယ်။
မန့်မှာ ရွေးချယ်ပြန်လည်ဆက်သွယ်ပေးပါမယ်။
သင်တန်းတွေကို scholarship ရရင်ပြုလုပ်ပေးဖို့အတွက်ပါ
apple တို့ရေ။

Address

Myinttar Street
Hpa-an

Telephone

+959404146105

Website

Alerts

Be the first to know and let us send you an email when J1H Witchcraft Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to J1H Witchcraft Training:

Shortcuts

Share