12/11/2026
🍂 Prana Healing Myanmar မိသားစု၏ ကထိန်အလှူတော် 🙏
ချစ်ခင်လေးစားရပါသော Prana Healing Myanmar မိသားစုဝင်များခင်ဗျာ...
Prana Healing Myanmar မိသားစု၏ စုပေါင်းကုသိုလ်အဖြစ်
✨ နိုဝင်ဘာလ ၁၉ ရက်နေ့တွင်
ချင်းတောင်တန်းဒေသရှိ သာသနာပြုကျောင်းအား ကထိန်အလှူတော်အဖြစ်
မန္တလေးမြို့မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ပါသည်။
✨ ယခုအလှူတော်သည် သီးခြား ကျောင်းတိုက်တစ်ခုခုကို အစွဲပြုခြင်းမဟုတ်ဘဲ သံဃာ့ဂုဏ်တော်ကို အထူးရည်မှန်းလျက် ကထိန်အကျိုးရရှိစေရန် သဒ္ဒါတရားထက်သန်စွာဖြင့် စီစဉ်လှူဒါန်းခြင်းဖြစ်ပါသည်။
ဤမွန်မြတ်သော ဒါနကုသိုလ်တွင် မိသားစုဝင်များအားလုံး ပါဝင်ကုသိုလ်ယူနိုင်ကြပါရန် ဝမ်းမြောက်စွာ အသိပေးနှိုးဆော်အပ်ပါသည်။
🙏 လှူဒါန်းရသမျှသော ကုသိုလ်အစုစုတို့အတွက် အလှူရေစက်လက်နှင့်မကွာ အတူတကွ ကုသိုလ်ပြုနိုင်ကြပါစေ ...
ကုသိုလ်အဖုံဖုံတို့ကိုလည်း မိသားစုဝင်အားလုံး ထပ်တူထပ်မျှ ရရှိခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
ကထိန်အလှူ လှူဒါန်းနိုင်ရန်
Kpay - 09 4037 64424
Khin Mya Kywe Aung
Namaste 🌹🙏
Prana Healing Myanmar