FAME Organic Pharming Project

Call Directions Website Contact the practice

FAME Organic Pharming Project Explore about nature & organic farming, familiar with medicinal herbs, relax your soul and have fun.... :) FAME Organic Pharm

လောက်‌သေရွက်Scientific name - Tadehagi triquetrum လောက်သေပင်သည် မြန်မာနိုင်ငံတွင် ပေါက်ရောက်လေ့ရှိသော ဆေးဖက်ဝင်အပင်ငယ်တစ...
19/11/2026

လောက်‌သေရွက်

Scientific name - Tadehagi triquetrum

လောက်သေပင်သည် မြန်မာနိုင်ငံတွင် ပေါက်ရောက်လေ့ရှိသော ဆေးဖက်ဝင်အပင်ငယ်တစ်မျိုး ဖြစ်သည်။ အမြင့်ပေ ၃ မီတာခန့်သာရှိသော ပင်ပျော့ပင်ငယ်ဖြစ်သည်။ ရွက်လွှဲထွက်ပြီး လှံသွားပုံသဏ္ဌာန်ရှိသည်။ အလျား ၆ လက်မနှင့် အနံ ၂ လက်မခန့်ရှိသည်။ တောတောင်များ၊ လူနေအိမ်ခြံစည်းရိုးများနှင့် လမ်းဘေးဝဲယာများတွင် သဘာဝအလျောက် ပေါက်ရောက်တတ်သည်။

ဆေးဖက်ဝင်အာနိသင်များ
လောက်သေရွက်ကို မြန်မာ့ဆေးကျမ်းများနှင့် ရိုးရာဆေးပညာများတွင် အဓိကအားဖြင့် လေ၊ သလိပ်၊ သည်းခြေတို့ကို နိုင်သော အပင်အဖြစ် အသုံးပြုကြသည်။ ၎င်း၏ ဆေးဖက်ဝင် အကျိုးကျေးဇူးများမှာ

📌အဆုတ်ကိုသန့်စင်ပေးနိုင်ပြီး အဆုတ်နာခြင်း၊ အဆုတ်ရောဂါများသက်သာစေခြင်း
📌ချောင်းဆိုးခြင်းနှင့် နှာစေးခြင်းတို့ ပျောက်ကင်းစေခြင်း
📌ဆီးပူဆီးအောင့်ခြင်းများသက်သာစေခြင်း
📌ပိုးသတ်နိုင်စွမ်းရှိသောကြောင့် အသည်းရောဂါနှင့် ခန္ဓာကိုယ်တွင်း ပိုးဝင်ခြင်းများကို ကုသရာတွင် အထောက်အကူပြုပေးခြင်း
📌နားကိုက်နားနာခြင်းနှင့် ခေါင်းကိုက်ခြင်းဝေဒနာများ သက်သာစေခြင်းအရေပြားဆိုင်ရာ ပြဿနာများတွင်လည်း အသုံးပြုနိုင်ခြင်း
📌ယင်ကောင်များကို သေစေနိုင်သည့် အာနိသင်ရှိသောကြောင့် ပိုးမွှားနှိမ်နင်းရေးအတွက် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရှိပါသည်။

⚠️လိုအပ်သည့် ပမာဏထက် ပိုမိုသုံးစွဲမိပါက ပျို့အန်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သဖြင့် သင့်တော်ရုံသာ သုံးစွဲသင့်သည်။


#လောက်သေ

ဇီးဖြူသီး(Goose berry)👉ဇီးဖြူသီး (Goose Berry) လို့ လူသိများတဲ့အသီးလေးဟာ စိမ်းဝါရောင် ကြည်ကြည်လေးရှိပြီး ဖန်လုံးကဲ့သို့ ...
18/11/2026

ဇီးဖြူသီး(Goose berry)

👉ဇီးဖြူသီး (Goose Berry) လို့ လူသိများတဲ့အသီးလေးဟာ စိမ်းဝါရောင် ကြည်ကြည်လေးရှိပြီး ဖန်လုံးကဲ့သို့ အလွန်ချစ်စရာကောင်းတဲ့ အသီးလေးဖြစ်ပါတယ်။ သူ့ကိုစားလိုက်ရင် ချဥ် ဖန် ခါး တဲ့ အရသာရရှိပြီး ရေသောက်လိုက်တဲ့အခါ ချိုမြသောအရသာရရှိပါတယ်။

👉ဇီးဖြူသီးကို မြန်မာလူမျိုးများက အစိမ်းအတိုင်းစားကြသလို ဟင်းလျာအနေနဲ့ ထောင်းစား၍သော်လည်းကောင်း၊ ဆားရည်စိမ်၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်းအမျိုးမျိုးလုပ်ကာ စားကြပါတယ်။

👉ဇီးဖြူသီးမှာ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်များ များစွာပါဝင်နေသည့်အပြင် ၎င်းမှ ရေဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်တို့ ကြွယ်ဝစွာပါဝင်နေပါသေးသည်။

👉ဒါကြောင့် ဇီးဖြူသီးကိုစားပေးခြင်းအားဖြင့်
➡ကိုယ်ခံအား ကောင်းမွန်စေခြင်း
➡အစာခြေစနစ် အားကောင်းစေခြင်း
➡အသားအရေနှင့် ဆံသား လှပစေခြင်း
➡မျက်စိ အားကောင်းစေခြင်း
➡နှလုံးနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
စတဲ့ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

berry

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သော Daw Khin Thet  မိသားစုကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။🐝 မိသားစုမျာ...
17/11/2026

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သော Daw Khin Thet မိသားစုကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။
🐝 မိသားစုများ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များ၊ သင်တန်းကျောင်းများလည်း မည်သူမဆို ပိတ်ရက်မရှိ လာရောက်လေ့လာနိုင်ပါတယ်ရှင်။
တည်နေရာလေးကတော့-
🏘-အမှတ်(၇၀၆)၊ ကျွဲနွားထောက်ကျေးရွာ၊ အနီးစခန်းဘူတာလမ်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
https://famepharma.com/guided-tour-programme/
☎️𝟎𝟗-𝟕𝟗𝟑𝟖𝟕𝟕𝟐𝟎𝟕

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သော U Ko Ko Gyi  မိသားစုကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။🐝 မိသားစုများ၊...
17/11/2026

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သော U Ko Ko Gyi မိသားစုကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။
🐝 မိသားစုများ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များ၊ သင်တန်းကျောင်းများလည်း မည်သူမဆို ပိတ်ရက်မရှိ လာရောက်လေ့လာနိုင်ပါတယ်ရှင်။
တည်နေရာလေးကတော့-
🏘-အမှတ်(၇၀၆)၊ ကျွဲနွားထောက်ကျေးရွာ၊ အနီးစခန်းဘူတာလမ်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
https://famepharma.com/guided-tour-programme/
☎️𝟎𝟗-𝟕𝟗𝟑𝟖𝟕𝟕𝟐𝟎𝟕

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သော Daw Win Win Thu  နှင့်အဖွဲ့ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်...
17/11/2026

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သော Daw Win Win Thu နှင့်အဖွဲ့ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။

🐝 မိသားစုများ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များ၊ သင်တန်းကျောင်းများလည်း မည်သူမဆို ပိတ်ရက်မရှိ လာရောက်လေ့လာနိုင်ပါတယ်ရှင်။

တည်နေရာလေးကတော့-
🏘-အမှတ်(၇၀၆)၊ ကျွဲနွားထောက်ကျေးရွာ၊ အနီးစခန်းဘူတာလမ်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

https://famepharma.com/guided-tour-programme/
☎️𝟎𝟗-𝟕𝟗𝟑𝟖𝟕𝟕𝟐𝟎𝟕

Guava - မာလကာသီး ဒီနေ့မှာတော့ Vitamin C ဓာတ်ကြွယ်ဝသော မာလကာသီး အကြောင်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင့် ….. မာလာကာသီးဟာ အာ...
16/11/2026

Guava - မာလကာသီး

ဒီနေ့မှာတော့ Vitamin C ဓာတ်ကြွယ်ဝသော မာလကာသီး အကြောင်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင့် …..

မာလာကာသီးဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာ‌ရေးအတွက် အကျိုးကျေးဇူးများစွာရှိတဲ့ အပူပိုင်းဒေသထွက် သစ်သီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အသီးပင်တစ်မျိုးဖြစ်ပါတယ်။ မာလကာသီးကို လူတိုင်းကြိုက်နှစ်သက်လေ့ရှိကြပါတယ်။ ကမ္ဘာပေါ်တွင် မာလကာသီးအမျိုးပေါင်း ၁၅၀ကျော်ခန့်ရှိပြီး ထုတ်လုပ်မှုအများဆုံးနိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။
မာလာကာသီးတွင် အဖြူရောင်အသားနှင့် ပန်းရောင်အသားဟူ၍ မျိုးကွဲများစွာရှိပါတယ်။

မာလကာသီးတွင် ပါဝင်သော အာဟာရဓာတ်များမှာ…..

- Vitamin C
- Vitamin A
- Dietary Fiber
- Potassium
- Folate
- Antioxidants
- Lycopene (ပန်းရောင်ရှိ‌သော မျိုးများတွင်)

မာလကာသီးစားခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

• မာလကာသီးဟာ ဗီတာမင်စီဓာတ်ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် ကိုယ်ခံအားစနစ်ကို အထောက်အကူ ပြုပေးပါတယ်။ ဇီးဖြူသီးပြီးလျှင် ဒုတိယအများဆုံး ဗီတာမင်စီ ပါဝင်နေပါတယ်။ မာလကာသီးကို တစ်ပတ်လျှင် ၃လုံးခန့်စားသုံးခြင်းဖြင့် ဗီတာမင်စီ မချို့တဲ့အောင် ကာကွယ်ပေးပါတယ်။

• မာလကာသီးမှာပါဝင်တဲ့ လူတီယင်း (Lutein) ၊ ဇီဇန်သင်း (Zeaxanthin) များကြောင့် မျက်လုံးကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပါတယ်။ မျက်စိတိမ်စွဲရောဂါ နှင့် မျက်စိမှုန်ခြင်း ရောဂါတွေ မဖြစ်အောင်လဲ ကူညီပေးတဲ့အတွက် မာလကာသီးဟာ မဖြစ်မနေစားသုံးသင့်တဲ့ အသီးထဲမှာ ပါဝင်နေပါတယ်။

• မာလာကာသီးတွင်ပါဝင်နေသော ပိုတတ်စီယမ်ဓာတ်များကြောင့် ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ဓာတ်များ စွန့်ထုတ်ပေးသောကြောင့် သွေးတိုးရောဂါတွေဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

• မာလကာသီးတွင်ပါဝင်နေသော ‌ဖလေဗိုနွုက် နှင့် ကယ်ရိုတီနွိုက်များကြောင့် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းတွေကို ချေဖျက်ပေးနိုင်ပါတယ်။ အထူးသဖြင့် အသားကင်များတွင်ပါဝင်သော နိုက်ထရိုစမင်းများကိုလဲ ချေဖျက်ပေးသောကြောင့် အသားကင်များစားပြီးပါကလဲ မာလကာသီးစားပေးသင့်ပါတယ်။


ချဉ်ပေါင်ရွက် (Roselle)ချဉ်ပေါင်ရွက် (Roselle) သည် မြန်မာလူမျိုးတို့ အလွန်နှစ်ခြိုက်စွာ ချက်ပြုတ်စားသုံးကြသော အပင်တစ်မျိ...
13/11/2026

ချဉ်ပေါင်ရွက် (Roselle)

ချဉ်ပေါင်ရွက် (Roselle) သည် မြန်မာလူမျိုးတို့ အလွန်နှစ်ခြိုက်စွာ ချက်ပြုတ်စားသုံးကြသော အပင်တစ်မျိုးဖြစ်ပြီး အင်္ဂလိပ်လို Roselle leaves ဟုခေါ်ဆိုပါသည်။ ချဉ်ပေါင် သည် Malvaceae မျိုးရင်းတွင် ပါဝင်ပြီး ချဉ်ပေါင်ပင်ကို အပူပိုင်းဒေသနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုးနိုင်သည်။

ချဉ်ပေါင်ရွက် နှင့် ကျန်းမာရေး
ချဉ်ပေါင်သည် အရွက်ကစလို့ အပွင့်၊ အဖူး နှင့် တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်ပါသည်။ ချဉ်ပေါင်ရွက်တွင်

✳️ ကယ်လ်ဆီယမ်ပါဝင်နေ‌သောကြောင့် သွားနှင့် မေးရိုးတွေကို သန်မာစေပြီး ခံတွင်းထဲမှ ဘက်တီးရီးယားများကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်သော အာနိသင်ရှိသောကြောင့် သွားနှင့်သွားဖုံးများကို ကျန်းမာစေနိုင်ခြင်း

✳️ သံဓာတ် ပါရှိခြင်းကြောင့် ကိုယ်ဝန်ဆောာင်မိခင်များလိုအပ်သည့် သံဓာတ်ပြည့်ဝစေခြင်း

✳️ ဗီတာမင် C ပါဝင်‌ခြင်းကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ကာ အအေးမိ၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သံဓာတ်စုပ်ယူမှုကို ကောင်းစေသည့်အတွက် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေကာ ရောဂါပိုးဝင်ရောက်ကူးစက်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း

✳️ မဂ္ဂနီဆီယမ် ပါဝင်နေသောကြောင့် အူ၏ လုပ်ဆောင်မှုကို ကောင်းစေကာ ဝမ်းချုပ်မှုကင်း၍ ဝမ်းမှန်စေနိုင်ခြင်း

✳️ Phosphorous ပါရှိ၍ ကြွက်သားအားနည်းခြင်း၊ ထုံကျဉ်ခြင်း၊ မောပန်းလွယ်ခြင်း စသည့် ကျန်းမာရေးပြဿနာများကို ကင်းစေခြင်း

✳️ ကာဗိုဟိုက်ဒရိတ်, Phosphorus, ပိုတက်ဆီယမ်, ဗီတာမင် B2 နှင့် ,ဗီတာမင် A တို့ပါဝင်ခြင်း

✳️ ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးနိုင်သည့်အတွက်ကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်ခြင်း

⚠️ ချဉ်ပေါင်ရွက်တွင် အချဉ်ဓာတ် ပါရှိခြင်းကြောင့် အလွန်အကျွံစားမိပါက အစာခြေစနစ် ပြဿနာ ရှိနိုင်ပါသည်။



ခရမ်းကစော့    မြန်မာလူမျိုးများ နှစ်သက်စွာစားသုံးကြတဲ့ ခရမ်းကစော့သီးပင်ဟာဆိုရင် စိုက်ပျိုးရလွယ်ကူပြီး အချို့ဒေသတွေမှာ အလ...
12/11/2026

ခရမ်းကစော့

မြန်မာလူမျိုးများ နှစ်သက်စွာစားသုံးကြတဲ့ ခရမ်းကစော့သီးပင်ဟာဆိုရင် စိုက်ပျိုးရလွယ်ကူပြီး အချို့ဒေသတွေမှာ အလေ့ကျပေါက်တတ်ကြပါတယ်။

ခရမ်းက​စော့သီးကို ကြော်ပဲစားစား၊ ထောင်းပြီးပဲစားစား၊ မီးကင်ပြီးပဲတို့စားစား၊ ပြုတ်ပြီးပဲတို့တို့၊ ခရမ်းချဉ်သီးနဲ့ပဲချက်စားစား၊ စားလိုက်တိုင်း ဖောက်ခနဲဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကစော့သီးလေးတွေကို ကြိုက်နှစ်သက်သူ များကြပါတယ်။

🔔 ခရမ်းကစော့သီးကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါတယ်။

👉 ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်း ပါရှိသည့်အပြင်

👉 ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းခြင်း နှင့် အရေပြားပြဿနာအမျိုးမျိုးအတွက် ခရမ်းကစော့သီးကို စားသုံးပေးရင် သက်သာစေပါတယ်။

👉 ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ဖြစ်စေပါတယ်။

👉 ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုး ဖြစ်တဲ့အတွက် သန်ချဆေး မသောက်ချင်သူများအတွက် ခရမ်းကစော့သီးလေးကို စားပေးလို့ရပါတယ်။

👉 ခရမ်းကစော့သီးမှာ ရေယုန်ကိုသက်သာစေနိုင်တဲ့ အာနိသင်ပါရှိသည့်အပြင် မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

👉 ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

🔊🔊ဒါကြောင့် အလွယ်တကူ ရနိုင်တဲ့ခရမ်းကစော့သီးလေးတွေကို စားပေးသင့်ပါတယ်နော်။

nightshade

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သော Daw Nu Nu Wai   နှင့်အဖွဲ့ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။...
12/11/2026

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သော Daw Nu Nu Wai နှင့်အဖွဲ့ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။

🐝 မိသားစုများ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များ၊ သင်တန်းကျောင်းများလည်း မည်သူမဆို ပိတ်ရက်မရှိ လာရောက်လေ့လာနိုင်ပါတယ်ရှင်။

တည်နေရာလေးကတော့-
🏘-အမှတ်(၇၀၆)၊ ကျွဲနွားထောက်ကျေးရွာ၊ အနီးစခန်းဘူတာလမ်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

https://famepharma.com/guided-tour-programme/
☎️𝟎𝟗-𝟕𝟗𝟑𝟖𝟕𝟕𝟐𝟎𝟕

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သေKo Thant Zin Ko နှင့်အဖွဲ့အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။🐝 မ...
10/11/2026

𝐅𝐀𝐌𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐏𝐡𝐚𝐫𝐦𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို လာရောက်လေ့လာခဲ့သေKo Thant Zin Ko နှင့်အဖွဲ့အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။

🐝 မိသားစုများ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များ၊ သင်တန်းကျောင်းများလည်း မည်သူမဆို ပိတ်ရက်မရှိ လာရောက်လေ့လာနိုင်ပါတယ်ရှင်။

တည်နေရာလေးကတော့-
🏘-အမှတ်(၇၀၆)၊ ကျွဲနွားထောက်ကျေးရွာ၊ အနီးစခန်းဘူတာလမ်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

https://famepharma.com/guided-tour-programme/
☎️𝟎𝟗-𝟕𝟗𝟑𝟖𝟕𝟕𝟐𝟎𝟕

Address

No. (706 Kywal Nar Htauk Village Road, ပြင်ဦးလွင်‌, မြန်မာ)
Maymyo
05085

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00

Telephone

+959793877207

Alerts

Be the first to know and let us send you an email when FAME Organic Pharming Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to FAME Organic Pharming Project:

Shortcuts

Share