Chan Myae Myittar General Hospital

Chan Myae Myittar General  Hospital Hospital - The Best Place For Your Health Care

🏨ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းများအလ...
30/07/2026

🏨ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းများအလိုရှိပါသည်။

💥Inpatient Department (IPD) Cashier
(2 post-Female)
💥Outpatient Department (OPD) Cashier
(1 post-Female)

🔹ပညာအရည်အချင်း၁၀တန်းအောင် (သို့)ဘွဲ့ရဖြစ်ရမည်။
🔹Computerကျွမ်းကျင်စွာအသုံးပြုတတ်ရမည်။(Microsoft Word/Excel)
🔹Cashier အလုပ်ဖြင့်အတွေ့အကြုံရှိသူ ဖြစ်ရပါမည်။
🔹အသက်၁၈နှစ်မှ ၃၀ နှစ်အတွင်းရှိရမည်။
🔹ရုပ်ရည်အသင့်အတင့်ရှိ၍သပ်ရပ်စွာနေထိုင်တတ်သူဖြစ်ရမည်။
🔹စကားပြောချိုသာ၍ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
🔹ရိုးသားကြိုးစားပြီးသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
🔹Englishစကားအသင့်အတင့်ပြောဆိုတတ်ရမည်။
🔹ဆေးရုံ၊ဆေးခန်းတွင်လုပ်ကိုင်ဖူးသူဦးစားပေးမည်။
🔹ဆေးရုံမှချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ရမည်။
🔹နေ့/ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

💎လစာ-ညှိနှိုင်း

လျှောက်ထားလိုသူများသည် CV Form ကို 09-251798162 သို့ Viber မှ တစ်ဆင့်ပေးပို့၍ဖြစ်စေ၊ HR သို့ Mail ပို့၍ဖြစ်စေ၊ ဆေးရုံသို့
လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

☎️ 09-251798162
📩 Mail - [email protected]
🚗အမှတ်(၅၃)၊ကျိုက်ခေါက်ဘုရားလမ်း၊သောက်တော်တွင်းရပ်ကွက်၊သန်လျင်မြို့နယ်။



💙 သင့်ကျောက်ကပ်အတွက်… ယုံကြည်စိတ်ချရသော စောင့်ရှောက်မှုတစ်ခုကို ရွေးချယ်ပါ🩺 ကျောက်ကပ်က မနားဘဲ အလုပ်လုပ်ပေးနေတဲ့ ခန္ဓာကို...
30/07/2026

💙 သင့်ကျောက်ကပ်အတွက်… ယုံကြည်စိတ်ချရသော စောင့်ရှောက်မှုတစ်ခုကို ရွေးချယ်ပါ

🩺 ကျောက်ကပ်က မနားဘဲ အလုပ်လုပ်ပေးနေတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါများထဲမှ တစ်ခုဖြစ်ပါတယ်။

သွေးထဲရှိ အညစ်အကြေးများကို ဖယ်ရှားပေးခြင်း၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဓာတ်ဆားညီမျှမှုကို ထိန်းညှိပေးခြင်း စသည့် အရေးကြီးသော တာဝန်များကို နေ့စဉ် ဆောင်ရွက်ပေးနေပါသည်။

ကျောက်ကပ်၏ လုပ်ဆောင်ချက်များ ကျဆင်းလာသည့်အခါ Haemodialysis (ကျောက်ကပ်သွေးသန့်စင်ခြင်း) သည် လူနာများ၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးသော ကုသမှုတစ်ခု ဖြစ်လာနိုင်ပါသည်။

🏥 ချမ်းမြေ့မေတ္တာ အထွေထွေရောဂါကုဆေးရုံ
🩸 ကျောက်ကပ်သွေးသန့်စင်ဌာန (Haemodialysis Unit)

လူနာများအတွက် စိတ်ချယုံကြည်ရသော ကျောက်ကပ်သွေးသန့်စင်ဝန်ဆောင်မှုများကို —

✨ ခေတ်မီ Dialysis Machines များ ဖြင့် စနစ်တကျ ကုသပေးခြင်း
✨ စံချိန်မီ RO Water System ဖြင့် သွေးသန့်စင်ကုသမှုအတွက် လိုအပ်သော သန့်ရှင်းသော ရေစနစ်
✨ Dialyzer Processing System ဖြင့် သတ်မှတ်စံနှုန်းများအတိုင်း သန့်စင်ပိုးသတ်ခြင်း
✨ သန့်ရှင်း၍ သက်တောင့်သက်သာရှိသော ကုသမှုပတ်ဝန်းကျင်
✨ အတွေ့အကြုံရှိ ဆရာဝန်များနှင့် ကျွမ်းကျင်သူနာပြုအဖွဲ့၏ နွေးထွေးသော စောင့်ရှောက်မှု

တို့ဖြင့် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များအပေါ် အခြေခံကာ ဂရုတစိုက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ 🤍

ကျောက်ကပ်ကျန်းမာရေးကို လျစ်လျူမရှုပါနှင့်…
အချိန်မီ စစ်ဆေးခြင်း၊ မှန်ကန်သော စောင့်ရှောက်မှုနှင့် ယုံကြည်စိတ်ချရသော ကုသမှုကို ရွေးချယ်ခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးပါသည်။

သင်နှင့် သင့်မိသားစု၏ ကျန်းမာရေးအတွက်
ချမ်းမြေ့မေတ္တာ အထွေထွေရောဂါကုဆေးရုံမှ အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများဖြင့် အမြဲအသင့်ရှိနေပါသည်။ 🏥💙

📍 လိပ်စာ
အမှတ် (၅၃)၊ ကျိုက်ခေါက်ဘုရားလမ်း၊ သောက်တော်တွင်းရပ်ကွက်၊ သန်လျင်မြို့နယ်။

📞 ဆက်သွယ်ရန်
056-2022600
056-2021769
09-420123047
09-768199677
09-968878751

#ကျောက်ကပ်သွေးသန့်စင်ဌာန

🪷 ဝါဆိုလပြည့်နေ့ အခါသမယတွင် 🪷ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အဓိပ္ပာယ်ရှိသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါသည်။...
29/07/2026

🪷 ဝါဆိုလပြည့်နေ့ အခါသမယတွင် 🪷

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အဓိပ္ပာယ်ရှိသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါသည်။

ဤမင်္ဂလာရှိသောနေ့တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်၍ မေတ္တာတရားများ မျှဝေကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🙏 ကုသိုလ်တရားများ တိုးပွားပါစေ။
💛 စိတ်၏ချမ်းသာခြင်းနှင့် ကိုယ်၏ကျန်းမာခြင်းတို့ ပြည့်စုံပါစေ။
🌿 မိသားစုတိုင်း ငြိမ်းချမ်းသာယာ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

ပျော်ရွှင်ဖွယ် ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။ 🙏

လေးစားစွာဖြင့်
ချမ်းမြေ့မေတ္တာ အထွေထွေရောဂါကုဆေးရုံ

#ဝါဆိုလပြည့်နေ့
#ချမ်းမြေ့မေတ္တာဆေးရုံ

💛 World Hepatitis Day 2026 | ဇူလိုင် ၂၈ ရက်🩺 “အသည်းက မနာဘူးဆိုတာနဲ့ ကျန်းမာနေတယ်လို့ မယူဆလိုက်ပါနဲ့။” မင်္ဂလာပါ…ဒီနေ့ Wo...
28/07/2026

💛 World Hepatitis Day 2026 | ဇူလိုင် ၂၈ ရက်

🩺 “အသည်းက မနာဘူးဆိုတာနဲ့ ကျန်းမာနေတယ်လို့ မယူဆလိုက်ပါနဲ့။”

မင်္ဂလာပါ…

ဒီနေ့ World Hepatitis Day 2026 အထိမ်းအမှတ်အဖြစ် ချမ်းမြေ့မေတ္တာ အထွေထွေရောဂါကုဆေးရုံ မှ အများပြည်သူအတွက် အရေးကြီးတဲ့ အသည်းရောဂါကာကွယ်ရေး အသိပညာ ကို မျှဝေပေးလိုက်ပါတယ်။

⸝

💛 Hepatitis (အသည်းရောင်ရောဂါ) ဆိုတာ ဘာလဲ?

အသည်းရောင်ရောဂါ (Hepatitis) ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း လူများစွာကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပြီး မကုသဘဲထားပါက

⚠️ အသည်းခြောက် (Liver Cirrhosis)
⚠️ အသည်းကင်ဆာ (Liver Cancer)

အထိ ဖြစ်စေနိုင်ပါတယ်။

အဓိကအားဖြင့်

🦠 Hepatitis B (HBV)
🦠 Hepatitis C (HCV)

ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။

⸝

❗ အန္တရာယ်ရှိတာက…

ရောဂါပိုးဝင်ပြီး နှစ်ပေါင်းများစွာ လက္ခဏာမပြဘဲ နေနိုင်ပါတယ်။

ဒါကြောင့် လူအများစုဟာ မိမိမှာ ပိုးရှိနေတာကို မသိကြပါဘူး။

အချိန်ကြာလာတာနဲ့အမျှ အသည်းဆဲလ်တွေ ပျက်စီးလာပြီး

➡️ အသည်းရောင်ခြင်း
➡️ အသည်းခြောက်ခြင်း
➡️ အသည်းကင်ဆာ

အထိ ဖြစ်လာနိုင်ပါတယ်။

⸝

🚨 ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်လဲ?

အစောပိုင်းမှာ လက္ခဏာမရှိနိုင်ပါ။

တချို့မှာ

😴 ပင်ပန်းနွမ်းနယ်ခြင်း
🤢 ပျို့အန်ခြင်း
🍽️ အစာစားချင်စိတ်လျော့ခြင်း

သာ ဖြစ်တတ်ပါတယ်။

ရောဂါပိုဆိုးလာရင်တော့

⚠️ ညာဘက်အပေါ်ဗိုက်နာခြင်း
💛 မျက်လုံးဝါ၊ အသားဝါခြင်း
🚽 ဆီးအရောင်ရင့်ခြင်း
🦵 ဗိုက်ဖောင်း၊ ခြေဖောခြင်း

စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

လက္ခဏာပေါ်လာမှ စစ်ဆေးရင် နောက်ကျနိုင်တာကြောင့် စောစီးစွာ စစ်ဆေးဖို့ အရေးကြီးပါတယ်။

⸝

🩸 Hepatitis B / C ဘယ်လိုကူးစက်သလဲ?

အဓိကအားဖြင့် သွေးမှတစ်ဆင့် ကူးစက်ပါတယ်။

✔️ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
✔️ ဆေးထိုးအပ် မျှဝေသုံးခြင်း
✔️ Tattoo / နားဖောက်ပစ္စည်းများ မျှဝေသုံးခြင်း
✔️ သွေးနှင့်ထိတွေ့နိုင်သော ပစ္စည်းများကို မျှဝေသုံးခြင်း

တို့မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

❌ အတူထမင်းစားခြင်း
❌ လက်ဆွဲခြင်း
❌ ပွေ့ဖက်ခြင်း
❌ အိမ်တစ်အိမ်တည်း အတူနေခြင်း

တို့ကြောင့် မကူးစက်ပါ။

❌ချွေးကြောင့် လည်း ယေဘုယျအားဖြင့် မကူးစက်နိုင်ပါဘူး။
✔️အဓိကကတော့ သွေးပါ။

အသည်းရောင် ဘီပိုးဟာ 👶 မိခင်မှ ကလေးသို့လည်း ကူးစက်နိုင်ပါတယ်

ဒါကြောင့်

💉 မွေးပြီး ၂၄ နာရီအတွင်း Hepatitis B ကာကွယ်ဆေး ထိုးပေးဖို့ အလွန်အရေးကြီးပါတယ်။

ချမ်းမြေ့မေတ္တာ ဆေးရုံ တွင်

✅ မွေးလူနာတိုင်းကို Hepatitis B / C စစ်ဆေးပေးပါတယ်။

✅ မွေးကင်းစကလေးတိုင်းကို Hepatitis B Birth Dose ကို အချိန်မီထိုးနှံပေးပါတယ်။

✅ Hepatitis B ရှိသော မိခင်မှ မွေးသောကလေးများကို Immunoglobulin ထိုးနှံပေးပါတယ်။

✅ ကာကွယ်ဆေးမထိုးရသေးသော လူကြီးများကိုလည်း ထိုးနှံပေးပါတယ်။

⸝

🩺 ဘယ်သူတွေ စစ်ဆေးသင့်လဲ?

အထူးသဖြင့်

✔️ ကိုယ်ဝန်ဆောင်မိခင်များ
✔️ Hepatitis ရှိသူ၏ မိသားစုဝင်များ
✔️ သွေးလှူ/သွေးသွင်းဖူးသူများ
✔️ ခွဲစိတ်မှု မကြာခဏလုပ်ဖူးသူများ
✔️ Dialysis လူနာများ
✔️ ဆေးထိုးအပ် မျှဝေသုံးဖူးသူများ
✔️ Healthcare Workers
✔️ အသည်းအင်ဇိုင်း (ALT / AST မြင့်နေသူများ)
✔️ အကြောင်းမသိ ပင်ပန်းနွမ်းနယ်ခြင်း၊ အသားဝါခြင်း ရှိသူများ

အသည်းရောဂါ နဲ့ ပတ်သက်ပြီး တိုင်ပင်စစ်ဆေးကုသလိုပါက ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံကြီးတွင်
အသည်းအထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံနိုင်ပါတယ်။

👨‍⚕️ အသည်းအထူးကု OPD အချိန်များ

👨‍⚕️ ဒေါက်တာ ဝင်းဝင်းဆွေ
🗓️ စနေနေ့
🕢 မနက် ၇:၃၀

👨‍⚕️ ဒေါက်တာ ငြိမ်းမွန်ယု
🗓️ တနင်္ဂနွေနေ့
🕓 ညနေ ၄:၀၀

👨‍⚕️ ဒေါက်တာ စည်ဖြိုးသူ
🗓️ တနင်္ဂနွေနေ့
🕙 မနက် ၁၀:၀၀

👨‍⚕️ ဒေါက်တာ ရဲလင်းကျော်
🗓️ စနေနေ့
🕒 ညနေ ၃:၀၀

⸝

📞 Appointment Booking

☎️ 056-2022600

☎️ 056-2021769

📱 09-420123047

📱 09-768199677

📱 09-968878751

📝 OPD အချိန်များ အပြောင်းအလဲရှိနိုင်ပါသဖြင့် Reception သို့ ကြိုတင်ဖုန်းဆက်၍ Booking ရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

📍 လိပ်စာ

အမှတ် (၅၃)၊ ကျိုက်ခေါက်ဘုရားလမ်း၊
သောက်တော်တွင်းရပ်ကွက်၊ သန်လျင်မြို့နယ်။

⸝

💛 World Hepatitis Day မှာ မှတ်ထားသင့်တဲ့ အချက် (၅) ချက်

✅ Hepatitis B ကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပါတယ်။

✅ Hepatitis C ကို ကုသပျောက်ကင်းနိုင်ပါတယ်။

✅ ရောဂါရှိသူအများစုမှာ အစောပိုင်း လက္ခဏာမရှိနိုင်ပါ။

✅ စောစောစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ စောစောကုသခြင်း က အသက်ကယ်နိုင်ပါတယ်။

✅ အသည်းကင်ဆာ၏ အဓိကအကြောင်းရင်းတစ်ခုမှာ Hepatitis B / C ဖြစ်ပါတယ်။

⸝

💛 “အသည်းမနာခင် စစ်ဆေးပါ။
စောစီးစွာ သိရှိခြင်းက သင့်အသည်းကို ကယ်တင်နိုင်ပါတယ်။”

❤️ ဒီ Post ကို Share ပေးခြင်းဖြင့် လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်။

#ချမ်းမြေ့မေတ္တာဆေးရုံ

#အသည်းကျန်းမာရေး
#အသည်းရောဂါကာကွယ်ရေး



🟡 သင်သိပါသလား…?အသည်းရောင်အသားဝါရောဂါ (Hepatitis) ရှိနေပြီး ကိုယ်တိုင်မသိသေးတဲ့ လူတွေ အများကြီး ရှိနေပါတယ်။လက္ခဏာမပြဘဲ တိ...
27/07/2026

🟡 သင်သိပါသလား…?

အသည်းရောင်အသားဝါရောဂါ (Hepatitis) ရှိနေပြီး ကိုယ်တိုင်မသိသေးတဲ့ လူတွေ အများကြီး ရှိနေပါတယ်။

လက္ခဏာမပြဘဲ တိတ်တဆိတ် ဖြစ်ပွားနိုင်တာကြောင့် ရောဂါကို သိလိုက်ချိန်မှာ အသည်းထိခိုက်နေပြီး ဖြစ်နိုင်ပါတယ်။

📅 မနက်ဖြန် (ဇူလိုင် ၂၈ ရက်) သည် World Hepatitis Day ဖြစ်ပါသည်။

💛 သင့်အသည်းကို ဘယ်လိုကာကွယ်ရမလဲ။
💛 ဘယ်သူတွေ စစ်ဆေးသင့်လဲ။
💛 Hepatitis B / C အကြောင်း သိထားသင့်တဲ့ အချက်တွေကို…

🏥 ချမ်းမြေ့မေတ္တာ အထွေထွေရောဂါကုဆေးရုံ မှ မနက်ဖြန် အသိပညာပေးအကြောင်းအရာများကို မျှဝေပေးသွားပါမည်။

💚 သင့်အသည်းကျန်းမာရေးအတွက် မနက်ဖြန်ကို စောင့်မျှော်လိုက်ပါ။

🏥ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းများအလ...
27/07/2026

🏥ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းများအလိုရှိပါသည်။

👩‍💻Senior Accountant (Female/Male-1 post)

🔹Any Graduated, LCCI Level II(or) III ,(or)ACCA အောင်မြင်ပြီးသူ ဖြစ်ရမည်။

🔹Senior Account Position ဖြင့် လုပ်ငန်းအတွေ့အကြုံ (၂)နှစ်အထက် ရှိရမည်။

🔹အဖွဲ့အစည်းနှင့်ပူးပေါင်း လုပ်ကိုင်နိုင်ပြီးဆက်ဆံရေးအဆင်ပြေသူဖြစ်ရမည်။

🔹Ledger ၊ လချုပ်စာရင်း၊နှစ်ချုပ်စာရင်းနှင့် Up to date cash flow လုပ်ပေးနိုင်ရမည်။

🔹အသက်(၂၅ -၅၀)နှစ်ကြားရှိသူဖြစ်ရမည်။

💎လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာညှိနှိုင်းနိုင်သည်။

လျှောက်ထားလိုသူများသည် CV Form ကို 09-251798162 သို့ Viber မှ တစ်ဆင့်ပေးပို့၍ဖြစ်စေ၊ HR သို့ Mail ပို့၍ဖြစ်စေ၊ ဆေးရုံသို့
လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

☎️ 09-251798162
📩 Mail - [email protected]
🚗အမှတ်(၅၃)၊ကျိုက်ခေါက်ဘုရားလမ်း၊သောက်တော်တွင်းရပ်ကွက်၊သန်လျင်မြို့နယ်။



🏥ကျွန်မတို့၏ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသော ဝန်ထမ်းများ...
27/07/2026

🏥ကျွန်မတို့၏ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသော ဝန်ထမ်းများအလိုရှိပါသည်။

💥Pharmacist (1 Post - Male/Female)

🔹B.Pharm (or)Final Year ရရှိထားသူဖြစ်ရမည်။
🔹သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
🔹ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး customer service ကောင်းမွန်သူဖြစ်ရမည်။
🔹ဆေးရုံမှချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

လစာ - ညှိနှိုင်း

လျှောက်ထားလိုသူများသည် CV Form ကို 09-251798162 သို့ Viber မှ တစ်ဆင့်ပေးပို့၍ဖြစ်စေ၊ HR သို့ Mail ပို့၍ဖြစ်စေ၊ ဆေးရုံသို့
လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

☎️ 09-251798162
📩 Mail - [email protected]
🚗အမှတ်(၅၃)၊ကျိုက်ခေါက်ဘုရားလမ်း၊သောက်တော်တွင်းရပ်ကွက်၊သန်လျင်မြို့နယ်။



🏨ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းများအလ...
26/07/2026

🏨ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းများအလိုရှိပါသည်။

🏩👩🏻‍⚕️ Inpatient Department (IPD) Sister ( 1 Post - Female )

🔷B.N.Sc (or) Diploma in Nursing ဘွဲ့ရဖြစ်ရပါမယ်။
🔷သူနာပြုလိုင်စင်သက်တမ်းရှိလက်ဝယ်ကိုင်ဆောင်ထားသူဖြစ်ရပါမယ်။
🔷သူနာပြုအတွေ့အကြုံအနည်းဆုံး (၁၀) နှစ် နှင့် အထက်ရှိသူကို ပို ဦးစားပေးပါမယ်။
🔷အစိုးရဆေးရုံ (သို့) ပုဂ္ဂလိက ဆေးရုံများတွင် Ward Sister Post ပြုလုပ်ခဲ့ဖူးသူ ကို ပိုဦးစားပေးပါမယ်။
🔷ကျမတို့ရဲ့ တခြားသော ဆေးရုံ မိသားစုဝင်တို့နှင့်အတူ နေ့/ည တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်စေလိုပါတယ်။
🔷Teamwork နှင့်အလုပ်လုပ်နိုင်သူဖြစ်ရပါမယ်။
🔷English စကားအသင့်အတင့်ပြောဆိုနိုင်သူဖြစ်ရပါမယ်။
🔷မိမိအထူးတာဝန်ယူထားသောဌာန၊ မိမိလက်အောက်ရှိသူနာပြုများ၊ သူနာပြုအကူများ၊ သန့်ရှင်းရေးများနှင့် အခြား ဝန်ထမ်းများအား နိုင်နင်းစွာ ဦးဆောင်ကြီးကြပ်နိုင်သူဖြစ်ရပါမယ်။
🔷ဆရာဝန်များ၊ အထူးကုဆရာဝန်များနှင့်အုပ်ချုပ်သူများ၏ ညွှန်ကြားချက်များကို တသွေမတိမ်း လိုက်နာ ဆောင်ရွက်နိုင်သူဖြစ်စေလိုပါတယ်။
🔷မိမိဌာနမှသူနာပြုများ၏လုပ်ငန်းကောင်တာများမှန်ကန်မှုရှိမရှိ၊ သတ်မှတ်ထားသည့်စံနှုန်းများအတိုင်းဆောင်ရွက် ထားခြင်းရှိ၊ မရှိ ကြပ်မတ်စစ်ဆေးပေးနိုင်စွမ်း ရှိသူဖြစ်ရပါမယ်။
🔷လူနာပြုစုကုသရေးတွင်သာမက စာရင်းဇယားနှင့်ပစ္စည်းထိန်းသိမ်းရေးကိုပါ အလေးထားလုပ်ကိုင် ဆောင်ရွက် နိုင်သူဖြစ်ရပါမယ်။
🔷သူနာပြုများ၊ သားဖွားများ၊ အကူသူနာပြုများ၏ တာဝန်ချဇယားရေးဆွဲရန်နှင့် ဝန်ထမ်းများခွင့်ယူပါက လုပ်ငန်းများမလစ်ဟင်းစေရန် လူစားစီစဉ်နိုင်သူဖြစ်ရမည်။
🔷ဆေးရုံအတွင်းအပြင်သန့်ရှင်းရေးနှင့်ပတ်သက်သော ကိစ္စရပ်များကို စနစ်တကျကြီးကြပ်နိုင်သူဖြစ်ရမည်။
🔷Ward တွင် ပတ်သက်သော လစဉ် Stock များနှင့် Admission လချုပ်များကို အချိန်မှီလုပ်ဆောင်နိုင်သူဖြစ်ရပါမယ်။
🔷ဆေးရုံမှချမှတ်ထားသောစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရပါမယ်။

💎 လစာက ညှိနှိုင်းနိုင်ပါတယ်။

လျှောက်ထားလိုသူများသည် CV Form ကို 09-251798162 သို့ Viber မှ တစ်ဆင့်ပေးပို့၍ဖြစ်စေ၊ HR သို့ Mail ပို့၍ဖြစ်စေ၊ ဆေးရုံသို့
လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

☎️ 09-251798162
📩 Mail - [email protected]
🚗အမှတ်(၅၃)၊ကျိုက်ခေါက်ဘုရားလမ်း၊သောက်တော်တွင်းရပ်ကွက်၊သန်လျင်မြို့နယ်။



🏨ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းများအလ...
26/07/2026

🏨ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာအထွေထွေရောဂါကုဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော ဝန်ထမ်းများအလိုရှိပါသည်။

Outpatient Department (OPD) Sister (1 Post-Female)

🔷 B.N.Sc (သို့မဟုတ်) Diploma in Nursing ဘွဲ့ရဖြစ်ပြီး Nursing License သက်တမ်းရှိ လက်ဝယ်ကိုင်ဆောင်ထားသူဖြစ်ရပါမည်။

🔷 OPD Nurse အဖြစ် အနည်းဆုံး (၅) နှစ်နှင့်အထက် အတွေ့အကြုံရှိပြီး OPD Sister (သို့မဟုတ်) Senior Staff Nurse အဖြစ် တာဝန်ထမ်းဆောင်ဖူးသူကို ပိုမိုဦးစားပေးပါမည်။

🔷 OPD လုပ်ငန်းစဉ်များ (Registration, Triage, Consultation, Investigation, Pharmacy) ကို စနစ်တကျ စီမံကြီးကြပ်နိုင်သူဖြစ်ရပါမည်။

🔷 Staff Nurses၊ Nurse Aides နှင့် အခြားဝန်ထမ်းများကို ထိရောက်စွာ ဦးဆောင်ကြီးကြပ်နိုင်ပြီး Teamwork ဖြင့် အလုပ်လုပ်နိုင်သူဖြစ်ရပါမည်။

🔷 ဆရာဝန်များ၊ အထူးကုဆရာဝန်များနှင့် အုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရပါမည်။

🔷 Patient Safety၊ Infection Prevention & Control (IPC) နှင့် Hospital SOP များကို လိုက်နာကျင့်သုံးနိုင်သူဖြစ်ရပါမည်။

🔷 OPD ၏ ဆေးဝါး၊ ဆေးပစ္စည်း၊ Medical Equipment နှင့် Stock များကို စနစ်တကျ ထိန်းသိမ်းစီမံနိုင်သူဖြစ်ရပါမည်။

🔷 Duty Roster ရေးဆွဲနိုင်ပြီး ဝန်ထမ်းခွင့်ယူသည့်အခါ လုပ်ငန်းမလစ်ဟင်းစေရန် လူစားစီစဉ်နိုင်သူဖြစ်ရပါမည်။

🔷 OPD နှင့်သက်ဆိုင်သော Daily၊ Monthly Statistics၊ Stock Report နှင့် လိုအပ်သော Report များကို အချိန်မီ ပြုစုတင်ပြနိုင်သူဖြစ်ရပါမည်။

🔷 ဆေးရုံ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး တာဝန်ယူမှုရှိကာ အလုပ်ဖိအားအောက်တွင် ထိရောက်စွာ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။

လစာ-ညှိနှိုင်း

လျှောက်ထားလိုသူများသည် Cv form ကို 09-251798162 Viber သို့ ပေးပို့၍ဖြစ်စေ၊
HR သို့ Mail ပို့၍ဖြစ်စေ၊ ဆေးရုံသို့ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေလျှောက်ထားနိုင်ပါသည်။

☎️ 09-251798162
📩 Mail - [email protected]
🚗အမှတ်(၅၃)၊ကျိုက်ခေါက်ဘုရားလမ်း၊သောက်တော်တွင်းရပ်ကွက်၊သန်လျင်မြို့နယ်။



မြစ်နား ချောင်းနားက သန်လျင်မြို့တော်သူ မြို့တော်သားများအတွက် ကျနော်/ကျမ တို့ ချမ်းမြေ့မေတ္တာမိသားစုက 🌊 July 25 – World D...
25/07/2026

မြစ်နား ချောင်းနားက သန်လျင်မြို့တော်သူ မြို့တော်သားများအတွက် ကျနော်/ကျမ တို့ ချမ်းမြေ့မေတ္တာမိသားစုက

🌊 July 25 – World Drowning Prevention Day (ကမ္ဘာ့ရေနစ်သေဆုံးမှု ကာကွယ်ရေးနေ့) အမှတ်တရ အဖြစ် မေတ္တာစကား ပြောကြားပါရစေ ….

🚨 ရေနစ်မှုဆိုတာ ကိုယ်သတိလွတ်သွားချိန် စက္ကန့်
ပိုင်းအတွင်းမှာ ဖြစ်ပွါးသွားနိုင်ပါတယ်။

“ရေအနီးမှာ လူအများကြီးရှိနေတာပဲ…” လို့ ထင်ထားချိန်မှာတောင် ရေနစ်မှုဟာ အသံမထွက်ဘဲ၊ အချိန်တိုအတွင်း ဖြစ်ပွားနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ 2025 data အရ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူပေါင်း ၃၀၀,၀၀၀ ကျော်သည် ရေနစ်သေဆုံးနေပြီး၊ တစ်နေ့လျှင် ပျမ်းမျှ ၈၂၀ ကျော်၊ တစ်နာရီလျှင် ၃၀ ကျော် အသက်ဆုံးရှုံးလျက်ရှိပါတယ်။

🌊 ရေနစ်ခြင်း (Drowning) ဆိုတာ ကလေးငယ်များနှင့် လူငယ်များတွင် အသက်ဆုံးရှုံးစေသော အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သော်လည်း၊ ကာကွယ်နိုင်သော မတော်တဆဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

💙 ရေနစ်မှုကို ကာကွယ်ရန် အရေးကြီးသော အချက်များ
👶ကလေးများကို ရေအနီးတွင် တစ်ယောက်တည်း မထားပါနှင့်။
💧ရေကစားနေကြသော ကလေးငယ်များကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။
🏊‍♂️ရေကူးကျွမ်းကျင်မှုနှင့် ရေဘေးကင်းလုံခြုံရေး အသိပညာကို လေ့လာသင်ယူပါ။
🚣‍♀️လှေစီးခြင်း၊ ရေလှုပ်ရှားမှုများ ပြုလုပ်သည့်အခါ အသက်ကယ်အင်္ကျီ (Life Jacket) ကို အမြဲဝတ်ဆင်ပါ။
⚠️ရေအနက်နှင့် ရေစီးသန်သော နေရာများတွင် သတိထားပါ။
🆘အရေးပေါ်အခြေအနေတွင် အသက်ကယ်နိုင်သော CPR ကို လေ့လာထားပါ။
🥃အရက်သေစာ သောက်စားပြီး ရေထဲဆင်းခြင်း သို့မဟုတ် ရေလှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

⏳ ရေနစ်မှုသည် စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားနိုင်သော်လည်း၊ ကြိုတင်သတိထားမှုဖြင့် အသက်တစ်ချောင်းကို ကယ်တင်နိုင်တယ် ဆိုတာ မမေ့ပါနဲ့။

အဲ့တော့ ဒီနေ့ 🌊 World Drowning Prevention Day အထိမ်းအမှတ်အဖြစ် ရေအန္တရာယ်ကင်းရေး အသိပညာများကို ရှိစေဖို့ မိမိနှင့် မိသားစု၊ မိတ်ဆွေများကို ဒီ post လေးကို ပြန်လည်မျှဝေရင်း အသက်များကို အတူတကွ ကာကွယ်ကြပါစို့။

💙 သတိထားမှုတစ်ခုက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါသည်။

မေတ္တာဖြင့်💙
🏥 ချမ်းမြေ့မေတ္တာ ဆေးရုံမိသားစု
📍 လိပ်စာ
အမှတ် (၅၃)၊ ကျိုက်ခေါက်ဘုရားလမ်း၊ သောက်တော်တွင်းရပ်ကွက်၊ သန်လျင်မြို့နယ်


Address

No. 53(A) Kyikekhauk Pagoda Road, Thauk Taw Twin Quarter, Chan Myae Myittar Hospital
Thanlyin
1129

Alerts

Be the first to know and let us send you an email when Chan Myae Myittar General Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Chan Myae Myittar General Hospital:

Shortcuts

Share

Category