PHYU's Yoga Studio

Call Directions

PHYU's Yoga Studio Do Yoga with PHYU!

Back bending and upper back opening class (Intermediate to advanced practice)Every Saturday _ 11:00 - 12:30 Am
03/10/2026

Back bending and upper back opening class (Intermediate to advanced practice)
Every Saturday _ 11:00 - 12:30 Am



🌿တစ်ခါတလေ ဘဝမှာ ကိုယ်တတ်နိုင်သမျှ အားကုန်ကြိုးစားနေပေမယ့် ဘာလို့ ရှေ့ကို မရောက်သလို ခံစားနေရတာလဲ?🌿နေ့တိုင်း ကြိုးစားတယ်။...
30/09/2026

🌿တစ်ခါတလေ ဘဝမှာ ကိုယ်တတ်နိုင်သမျှ အားကုန်ကြိုးစားနေပေမယ့် ဘာလို့ ရှေ့ကို မရောက်သလို ခံစားနေရတာလဲ?

🌿နေ့တိုင်း ကြိုးစားတယ်။ နေ့တိုင်း လေ့ကျင့်တယ်။
ရှေ့ဆက်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးတယ်။ ဒါပေမယ့် တစ်ခါတလေ ပြဿနာက ကိုယ်မကြိုးစားလို့ မဟုတ်ပါဘူး။ ကိုယ့်ကို နောက်ပြန်ဆွဲထားတဲ့အရာတစ်ခုကို မလွှတ်နိုင်သေးလို့ ဖြစ်နိုင်ပါတယ်။

🌿Yoga Philosophy မှာ Abhyasa ဆိုတာ တည်ငြိမ်စွာနဲ့ စဉ်ဆက်မပြတ် လေ့ကျင့်သွားခြင်းဖြစ်ပြီး Vairagya ဆိုတာ မလိုအပ်တော့တဲ့အရာတွေကို တဖြည်းဖြည်း လွှတ်ချနိုင်ခြင်း ဖြစ်ပါတယ်။

🌿ဒါကြောင့် Yoga လေ့ကျင့်ခြင်းဆိုတာ ပိုပြီးအားစိုက်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ဆုပ်ကိုင်ထားလို့ လေးလံနေတဲ့အရာတွေကိုလည်း လွှတ်ချနိုင်ဖို့ပါ။

🌿အရင်ဖြစ်ခဲ့ဖူးတဲ့ အမှားတွေ၊ ကြောက်စိတ်တွေ၊ သူများနဲ့ ကိုယ့်ကိုယ်ကို အမြဲနှိုင်းယှဉ်နေမိတာ၊ သူများရဲ့ အသိအမှတ်ပြုမှုကို လိုချင်နေမိတာ၊ ဒါမှမဟုတ် “ငါက မလုပ်နိုင်ဘူး” ဆိုတဲ့ အတွေးတွေလိုမျိုး ကိုယ့်ကို နောက်ပြန်ဆွဲနေတဲ့ အရာတွေဟာ မမြင်ရတဲ့ကြိုးတွေ ဖြစ်နိုင်ပါတယ်။

🌿ဘဝမှာလည်း ဒီလိုပါပဲ။
ကြိုးစားခြင်းက အရေးကြီးပါတယ်။
ဒါပေမယ့် သတိရှိရှိ ကြိုးစားခြင်းက ပိုအရေးကြီးပါတယ်။

🌿ဘဝလှေကို ဘယ်လောက်ပဲ အားကုန်လှော်ခတ်ပါစေ၊ ကမ်းမှာ ချည်ထားတဲ့ကြိုးကို မဖြည်ရင် လှေက ရှေ့ကို မရွေ့နိုင်ပါဘူး။ ကြိုးကို ဖြည်ပြီးတဲ့အခါတော့ အားအများကြီး မသုံးရဘဲနဲ့တောင် လှေက ရေစီးနဲ့အတူ ရှေ့ကို ရွေ့လျားနိုင်ပါတယ်။

🌿တစ်ခါတလေ ဘဝရှေ့ဆက်ဖို့ ပိုပြီး အားစိုက်ဖို့ မလိုပါဘူး။ ကိုယ့်ကို တစ်နေရာတည်းမှာ ချည်ထားတဲ့ ကြိုးကို ရှာတွေ့ပြီး လွှတ်ချနိုင်ဖို့ပဲ လိုတာ ဖြစ်နိုင်ပါတယ်။
Keep practicing.
Keep observing.
And sometimes, learn to let go.

29/09/2026

“What feels impossible today can become comfortable tomorrow.”

Yoga လေ့ကျင့်တဲ့အခါ တချို့ Posture တွေက ကိုယ့်အတွက် မဖြစ်နိုင်သလို ခံစားရတဲ့နေ့တွေ ရှိပါတယ်။ Balance မရသေးတာ၊ Strength မလုံလောက်သေးတာ၊ Flexibility မရသေးတာ၊ ဒါမှမဟုတ် ကိုယ်လုပ်ချင်တဲ့ Posture တစ်ခုကိုခန္ဓာကိုယ်က မလိုက်နိုင်သေးတာမျိုးတွေရှိပါတယ်။

ဒါပေမယ့် လေ့ကျင့်သူတိုင်းဟာ အဲ့ဒီ “မဖြစ်နိုင်သေးဘူး” ဆိုတဲ့နေရာကနေ စတင်ခဲ့ကြတာပါ။ တပတ်ပြီးတပတ် လေ့ကျင့်လာရင်း ခန္ဓာကိုယ်နဲ့ပိုရင်းနှီးလာတယ်။ သန်မာမှုက တဖြည်းဖြည်းတိုးလာတယ်။ လှုပ်ရှားမှု နဲ့ အသ​က်ရှုခြင်းကို ပိုပြီးချိတ်ဆက်လာနိုင်တယ်။ အရင်က ခက်ခဲနေတဲ့အရာတွေကိုလည်း တဖြည်းဖြည်းနဲ့ ပိုနားလည်လာပြီး လေ့ကျင့်ရတာ သက်တောင့်သက်သာ ဖြစ်လာပါတယ်။

Deepen Your Practice အတန်းမှာ ကိုယ့်ရဲ့ လေ့ကျင့်မှုကို အနည်းငယ်တိုးပြီး လေ့ကျင့်လာရင်း အရင်လက မဖြစ်နိုင်ခဲ့တဲ့အရာက ဒီလမှာ နည်းနည်းပိုလွယ်လာပြီး တစ်ချိန်ချိန်မှာတော့ "ဒါကို တကယ်လုပ်နိုင်ပြီပဲ” ဆိုတဲ့အဆင့်ကိုရောက်လာပါတယ်။

For Intermediate to advanced practitioner

Studio Class
Tue / Sat — 11:00 - 12:30 PM

Online Class
Thu / Fri — 11:00 - 12:30 PM
Sat / Sun — 3:15 - 4:45 PM

🌿တစ်ခါတလေ ဘာမှမလုပ်ချင်တဲ့နေ့တွေ ရှိတတ်ပါတယ်။🌿Yoga လေ့ကျင့်ဖို့ စိတ်မပါဘူး၊ ခန္ဓာကိုယ်ကိုလည်း မလှုပ်ချင်ဘူးဆိုတဲ့နေ့မှာတ...
27/09/2026

🌿တစ်ခါတလေ ဘာမှမလုပ်ချင်တဲ့နေ့တွေ ရှိတတ်ပါတယ်။

🌿Yoga လေ့ကျင့်ဖို့ စိတ်မပါဘူး၊ ခန္ဓာကိုယ်ကိုလည်း မလှုပ်ချင်ဘူးဆိုတဲ့နေ့မှာတောင် "ဒီနေ့ လေ့ကျင့်မယ်” လို့ ဆုံးဖြတ်ပြီး ဖျာပေါ်ရောက်လာနိုင်တာက Yogaလေ့ကျင့်ခြင်းထက်ကိုပိုတဲ့အရာတစ်ခုကို တည်ဆောက်ပေးပါတယ်။

🌿ကိုယ့်ကိုယ်ကို ပေးထားတဲ့ကတိကို ကိုယ်တိုင်တည်နိုင်ခြင်း (Dedication) ပါ။ မလွယ်ပေမယ့် မလုပ်ချင်တဲ့နေ့မှာတောင် ကြိုးစားလေ့ကျင့်နိုင်ခဲ့တဲ့အခါ ရလာတဲ့အရာက တကယ်တန်ဖိုးရှိပါတယ်။

🧘‍♂️အခြေခံကနေ စတင်လေ့ကျင့်နိုင်မယ့် Online Class နဲ့ Studio Class တွေကို ကိုယ်အဆင်ပြေရာ ရွေးချယ်တက်ရောက်နိုင်ပါတယ်။

📅ဒီOctober မှာလည်း တစ်ရက်ချင်းစီ ကိုယ့်ကိုယ်ကို ကတိပေးပြီး PHYU's Yoga Studio နဲ့အတူတူဆက်လေ့ကျင့်ကြမယ်နော်။



26/09/2026

a little challenge everyday 😍

24/09/2026

Yoga Asana လေ့ကျင့်တဲ့အခါ "ဒီ Pose ပြီးရင် ဘာဆက်လုပ်ရမလဲ?” ဆိုပြီး နောက်တစ်ဆင့်ကို ကြိုမတွေးဘဲ အခုရောက်နေတဲ့ Pose မှာပဲ အသက်ရှူပြီး သတိရှိရှိနဲ့ လေ့ကျင့်နိုင်ဖို့ Ashtanga Yoga က သင်ပေးပါတယ်။


22/09/2026

🌿ဘဝမှာ တကယ်ကြီးမားတဲ့ ပြောင်းလဲမှုတွေကတစ်ခါတည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

🌿နေ့တိုင်းလုပ်နေတဲ့ သေးသေးလေးသောအလေ့အကျင့်တွေကပဲ အချိန်ကြာလာတဲ့အခါ ကိုယ့်ဘဝကို တဖြည်းဖြည်း ပြောင်းလဲပေးသွားတာပါ။

🌿တစ်နေ့ကို ၁% လောက်ပဲ ပိုကောင်းလာရင်တောင်
ဒီနေ့က မနေ့ထက် နည်းနည်းပိုကောင်းလာမယ်။
မနက်ဖြန်ကလည်း ဒီနေ့ထက် နည်းနည်းပိုကောင်းလာမယ်။

🌿နေ့တိုင်း ကိုယ့်ကိုယ်ကို ပိုကောင်းလာအောင် ကြိုးစားတာတွေက တစ်ရက်၊ နှစ်ရက်နဲ့ သိသာမှာ မဟုတ်ပေမယ့် လနဲ့နှစ်တွေအထိ ရေရှည်လုပ်သွားတဲ့အခါ ရလဒ်ကတော့ တဖြည်းဖြည်း ကွာခြားလာပါလိမ့်မယ်။

🌿သေးသေးလေးတွေ စုပေါင်းလာတဲ့အခါ အကျိုးသက်ရောက်မှုက ဆပွားလာပါတယ်။ ငွေကို အတိုးရတဲ့နေရာမှာ နည်းနည်းစီ စုဆောင်းသလိုပဲ ကိုယ့်ရဲ့ အချိန်၊ အားထုတ်မှုနဲ့ အလေ့အကျင့်တွေကိုလည်း နေ့တိုင်း နည်းနည်းစီ ရင်းနှီးမြှုပ်နှံပါ။

✅သေးသေးလေးဆိုပြီး လျှော့မတွက်ပါနဲ့။
✅အမြန်ရလဒ် မရသေးလို့လည်း စိတ်မပျက်ပါနဲ့။
✅အရေးကြီးတာက မြန်မြန်သွားဖို့ မဟုတ်ဘူး။
မရပ်ဘဲ ဆက်လျှောက်နေဖို့ပါ။

Small steps.
Every day.
Over time, they create a big change.


17/09/2026

Ashtanga Mysore Practice ရဲ့ အားသာချက်များ

1. ကိုယ့်ရဲ့Paceအရှိန်လေးနဲ့ ကိုယ်လေ့ကျင့်နိုင်တယ်။
Led class လို ဆရာက အားလုံးကို တစ်ချိန်တည်း တစ်ပုံစံတည်း လေ့ကျင့်စေတာမဟုတ်ပါဘူး။ ကိုယ့်အသက်ရှူနှုန်းနဲ့ ကိုယ့်ခန္ဓာကိုယ်အခြေအနေလုပ်နိုင်စွမ်းအရ လေ့ကျင့်နိုင်ပါတယ်။

2. Individual Guidance ရတယ်။
ဆရာက တစ်ဦးချင်းစီရဲ့ posture, breath, alignment, drishti နဲ့ movement ကို ကြည့်ပြီး လိုအပ်သလို လမ်းညွှန်ပေးပါတယ်။ Group Setting ဆိုပေမယ့် Private လေ့ကျင့်ရသလို “ကိုယ့်အတွက် ဘာကိုဂရုစိုက်ရမလဲ” ဆိုတာ ပိုရှင်းလာပါတယ်။

3. လေ့ကျင့်မှုကို ကိုယ်တိုင်မှတ်မိလာတယ်။
Sequenceကို ကိုယ်တိုင်မှတ်ထားပြီးလုပ်ရတာကြောင့် self-practice skill တဖြည်းဖြည်းတိုးလာပါတယ်။ နောက်ပိုင်း ဆရာဆီမလာနိုင်တဲ့အချိန်မှာတောင် ကိုယ်တိုင် စဉ်ဆက်မပြတ်လေ့ကျင့်နိုင်လာပါတယ်။

4. Breath + Movement ကို ပိုသတိထားနိုင်တယ်။
Mysore room မှာ လူတိုင်းရဲ့လေ့ကျင့်မှုက မတူညီတဲ့ pace နဲ့ သွားတာကြောင့် ကိုယ့် breath နဲ့ movement ကို ပိုပြီး နားထောင်နိုင်ပါတယ်။ ဒါက Ashtanga Yoga ရဲ့ အသိသတိနဲ့လှုပ်ရှားနေတဲ့ moving meditation အတွေ့အကြုံကို ပိုမိုဖော်ဆောင်ပေးနိုင်ပါတယ်။

5. Consistency နဲ့ Discipline တိုးလာတယ်။
နေ့တိုင်း ကိုယ်တိုင်လေ့ကျင့်ရတာက motivation ရှိတဲ့နေ့မှာပဲ လုပ်တာထက် disciplineကို တည်ဆောက်ပေးပါတယ်။

6. ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်လာတယ်။
တစ်နေ့နဲ့တစ်နေ့ မတူညီတဲ့ energy, stiffness, fatigue, breath စတာတွေ မတူနိုင်တာကို သတိထားလာပြီး “ဒီနေ့ ဘယ်လောက်အထိ လုပ်သင့်လဲ” ဆိုတာ ပိုသိလာပါတယ်။

7. Ashtanga Community ရှိတဲ့အတွက် စုပေါင်း Energyကို ရရှိစေပါတယ်။
အခန်းတစ်ခုထဲမှာ အခြားလေ့ကျင့်သူတွေနဲ့အတူ လေ့ကျင့်လို့ပိုကောင်းတယ်ဆိုတဲ့ ခံစားချက်ကို
ရှိစေပါတယ်။ "တရားစခန်းသွားတဲ့အချိန် တရားထိုင်လို့ပိုကောင်းသလိုမျိုးပေါ့"။

8. ကိုယ့်ကိုကိုယ်သာ အာရုံစိုက်မှုတိုးလာစေခြင်း။
Mysore Practice မှာ Posture များများရဖို့၊ သူများထက်ပိုရဖို့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်စရာမလိုဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ Energy နဲ့ အချိန်က ခွင့်ပြုသလောက် ကိုယ့် Sadhanaကို ကိုယ်တိုင်လေ့ကျင့်နိုင်ပါတယ်။

Vinyasa Method နဲ့ Tristhana ကို Awareness ရှိရှိ လေ့ကျင့်ရင်း နေ့စဉ်ကိုယ်တိုင် Practice လုပ်နိုင်တဲ့ Discipline ကို တည်ဆောက်သွားခြင်းက Mysore Method ရဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုပါ။

ဒါကြောင့် Mysore Class က Beginner တွေအတွက် သင့်တော်သလို Advanced practitioner တွေအတွက်လဲ ဆရာရဲ့လမ်းညွှန်မှုနဲ့ မိမိရဲ့လေ့ကျင့်မှုကို တဖြည်းဖြည်းတိုးတက်အောင်တည်ဆောက်သွားနိုင်ပါတယ်။

PHYU's Yoga Studio မှာ Ashtanga Mysore Class (Studio နဲ့ Online) နှစ်မျိုးလုံးရှိပါတယ်။ ကျမတို့နဲ့ အတူလာရောက်လေ့ကျင့်ဖို့ကိုလဲ နွေးထွေးစွာ ဖိတ်ခေါ်ပါရစေရှင့်။

Studio Class_Tue/Thurs/Sun - 9:15 Am
Online Class_Thurs/Fri - 5:30 Pm

15/09/2026

🤸🏿‍♂️ HANDSTAND CLASS (Free Online Class) 💻

လစဉ်ပြုလုပ်ပေးနေကြ Free Handstand Class လေးကို ဒီလမှာတော့ Online ကနေ Free Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ 🫶

📅 လာမယ့် တနင်္ဂနွေနေ့ (20 September 2026)
⏰ မနက် ၁၁:၀၀ နာရီ
💻 Online Class

Handstand လေ့ကျင့်မှုကို Yoga Flow နဲ့အတူ တွဲဖက်လေ့ကျင့်သွားမှာ ဖြစ်လို့ အနည်းဆုံး Yoga လေ့ကျင့်မှု ၁ နှစ်ခန့်ရှိသူများ တက်ရောက်နိုင်ပါတယ်။

စိတ်ပါဝင်စားပြီး Join ချင်သူများ Comment လေးမှာ “Handstand” လို့ ရေးခဲ့ပေးပါနော်။ 👇


14/09/2026

🔥 30 DAYS ASHTANGA YOGA TRANSFORMATION
💪 2026 မကုန်ခင် ကိုယ့်ကိုယ်ကို Challenge လုပ်ကြည့်မယ်

Ashtanga Yoga ကို စပြီးလေ့ကျင့်ချင်သူတွေ၊
လေ့ကျင့်မှုကို ပိုပြီးစွဲမြဲချင်သူတွေ၊
2026 ရဲ့နောက်ဆုံး ၃ လအတွင်း ခန္ဓာကိုယ် နဲ့ စိတ်နှစ်ခုလုံးကို ပြောင်းလဲချင်သူတွေအတွက် အထူးအစီအစဉ်လေးပါ။ 🧘🏻‍♀️

🌿 30 Days…Just Show Up.

Studio Ashtanga Mysore Class ကို
ရက်ပေါင်း 30 ပြည့်အောင် ပုံမှန်တက်ရောက်လေ့ကျင့်သူတိုင်းအတွက်

🎁 PHYU’s Yoga Studio 5 Years Anniversary Special Gift

January 2027 တစ်လလုံး
✨ Unlimited Ashtanga Class
✨ Unlimited Handstand Class
ကို FREE တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။ ❤️

ဒီ Challenge ရဲ့ရည်ရွယ်ချက်က ရက်၃၀အတွင်း Pose တွေ အများကြီးရဖို့မဟုတ်ပါဘူး။

နေ့တိုင်း လေ့ကျင့်ဖို့အတွက် အချိန်ပေးနိုင်ဖို့၊
Consistency တည်ဆောက်နိုင်ဖို့၊ ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်လာဖို့၊ စိတ်ကိုပိုငြိမ်လာစေဖို့ နဲ့ အရေးကြီးဆုံးက

“I showed up for myself"
"ငါ့အတွက် ငါ နေ့တိုင်းလေ့ကျင့်နေတယ်" ဆိုတဲ့အတွေ့အကြုံကို ရရှိဖို့ပါ။ 🤍

2026 ရဲ့ ကျန်ရှိနေသေးတဲ့ ၃ လ ကို ဒီတစ်ခါတော့ ကိုယ့်အတွက် တကယ်အသုံးချလိုက်ပါ။

30 Days of Sadhana.
30 Days of Commitment.
30 Days closer to the version of YOU you want to become. ❤️

🔥 Are you ready to take the 30-Day Challenge?

📩 Program အသေးစိတ်အတွက် PHYU’s Yoga Studio ကို Message ပို့ပြီး စုံစမ်းနိုင်ပါတယ်။








Address

အမှတ်-၁၆၅၊ အနော်ရထာလမ်း နှင့် ဦးအော်ဇေယျ လမ်းထောင့် ၊၂ ရပ်ကွက်၊ မရမ်းကုန်း ။ Near Hlaing Township ။
Yangon
11062

Telephone

+959785149994

Website

Alerts

Be the first to know and let us send you an email when PHYU's Yoga Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category