17/11/2026
စိတ်ကျန်းမာရေး မကောင်းသူများ နှင့် လမ်းဘေးနေ အိမ်ယာမဲ့များအတွက်-
ကွယ်လွန်သူ ဖခင်ကြီး ဦးကျော်အုန်း(၃)နှစ်ပြည့် နှင့် မိခင်ကြီး ဒေါ်ခင်အေး(၇)နှစ်ပြည့်အား ရည်စူးပြီး ဝဋ်ဆင်းရဲ ဒုက္ခခံစားနေရတဲ့ စိတ်ကျန်းမာရေး မကောင်းသူများ၊ လမ်းဘေးနေ အိမ်ယာမဲ့များကို အစာရေစာ ထမင်းကျွေးမွေးရန် ထမင်း ဟင်း 4ဗူး၊ ပူတင်းပေါင်မုန့်၊ အချိုရည် နှင့် ရေသန့် တို့ လှူပေးထားခြင်း ဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်းနှင့် မည်သည့် နယ်မြို့များမဆို စိတ်ကျန်းမာရေးနှင့် လမ်းဘေးအိမ်ယာမဲ့များကို တွေ့ခဲ့ရင် Than Min Kywe Page Messenger သို့ အနီးစပ်ဆုံးနေရပ်လိပ်စာလေး ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်🙏🙏🙏
စိတ်ကျန်းမာရေးနှင့် လမ်းဘေးအိမ်ယာမဲ့များကို Than Min Kywe ပရဟိတမှ အစာရေစာနှင့် လူအသုံးအဆောင် ပစ္စည်းများ သွားရောက် လှူပေးသွားမှာ ဖြစ်ပါတယ်။
🙏🙏 🙏လှူပေးတဲ့ အလှူရှင် မိသားစု
အလုပ်အကိုင် ကောင်းပါစေ။
စိတ်ချမ်းသာ ကိုယ်ကျမ္မာပါစေ။
ဘယ်ဘက်က တစ်ဆုပ်ကျဲ ညာဘက်က တစ်လှည်းဝင်ပါစေ။
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေ။
သူတော်ကောင်းတွေနဲ့ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ပါစေ။
နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ရပါစေ လို့ ကျတော် သန်းမင်းကြွယ်မှ 🙏🙏🙏ဆုတောင်း မေတ္တာ ပို့သပေးပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
အခက်အခဲ ဒုက္ခတွေ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ လူအားလုံးအတွက် လှူပေး ကူညီပေးတော့ သင့်ဘဝခရီးလမ်း အေးချမ်း သာယာ ပျော်ရွှင်နိုင်မှာပါ🙏🙏🙏
Wave Pay
09961408629 Than Min Kywal
K Pay
09 961 408 629 Than Min Kywe
ပရဟိတ