Dr Saw Wai Phyo

Dr Saw Wai Phyo To promote Mental Health Awareness to Public

25/07/2026

🍀🍀🍀 ပျော်ရင် ရယ်ပါ ပင်ပန်းရင် အိပ်ပါ ဝမ်းနည်းရင် အားတင်းထားပါ ☘️☘️☘️

ဘဝကို အကောင်းဆုံး နေထိုင်နိုင်ဖို့
အတိတ်ကို ပြန်မလှည့်ပါနဲ့
ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲလိုမလုပ်ခဲ့ရင်..." ဆိုပြီး တစ်ချိန်လုံး ပြန်မတွေးပါနဲ့။ တွေးလည်း အပိုပါပဲ၊ နောင်တဟာ ဘဝကို အထူးတလည် ပြောင်းလဲမသွားစေပါဘူး။ ရှေ့ဆက်မမှားဖို့ပဲ လိုတာပါ။ ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့ ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။ မှတ်ထားပါ... မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ၊ အနောက်ကို ခဏခဏ ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး။
ခွဲခွာခြင်းကို လက်ခံပါ
လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး တစိမ့်စိမ့် ပြန်မတွေးနဲ့၊ အများကြီးလည်း ဝမ်းမနည်းပါနဲ့။ လူတွေနဲ့ အတူရှိရခြင်းက တစ်ယောက်ကိုတစ်ယောက် အလင်းရောင်ပေးနိုင်ဖို့ပါ။ အဲလိုမှ မဟုတ်ရင်လည်း တစ်ယောက်တည်း ထမင်းစား၊ တစ်ယောက်တည်း လမ်းလျှောက်တာ အဆင်ပြေပါတယ်။ ဘယ်ပစ္စည်းမှ တစ်သက်လုံး မတည်မြဲသလို လူတွေလည်း သင့်အနားမှာ တစ်သက်လုံး ရှိမနေနိုင်ပါဘူး။ ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။ ရေစက်ဆိုတာ ကြိုမသိနိုင်သလို လမ်းခွဲခြင်းဆိုတာလည်း ကြိုတင်ပြင်ဆင်လို့ မရပါဘူး။
ကြိုတင်မစိုးရိမ်ပါနဲ့
အတွေးလွန်ခြင်းကြောင့် လက်ရှိစိတ်အခြေအနေကို အဖျက်ဆီးမခံပါနဲ့။ အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာတာပါပဲ။ မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ၊ အဲဒီတုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင် သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။ အခုလည်း အားလုံး အဆင်ပြေသွားမှာပါ။
ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လျှောက်ပါ
အကောင်းဆုံး အသက်အရွယ်ဆိုတာ မရှိဘူး၊ အကောင်းဆုံး စိတ်ထားပဲ ရှိတာပါ။ လူတိုင်းရဲ့ ဘဝပေးအခြေအနေချင်း မတူကြဘူး။ သင့်ထက် မြန်မြန်ပြေးနေသူရှိသလို၊ သင့်လောက် မပြေးနိုင်သူလည်း ရှိပါတယ်။ ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန်နဲ့ လိုက်တိုင်းစရာမလိုဘူး။ အရေးကြီးတာက သင့်အလုပ်ကို သင်မရပ်ဘဲ ဆက်လုပ်သွားဖို့ပါပဲ။
ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို ဦးစားပေးပါ
လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင် ဘာကိုမှ ကြွားဝါလို့ မရပါဘူး။ ဒေါသတွေလျှော့ပါ၊ အငြိုးအတေးတွေ မထားပါနဲ့။ စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့်လာတတ်တာပါ။ ပျော်ရင် ရယ်ပါ၊ ပင်ပန်းရင် အိပ်ပါ၊ ဝမ်းနည်းရင် အားတင်းထားပါ။
စိတ်အဆင်မပြေတိုင်း၊ စိတ်ခွန်အား လိုအပ်တိုင်းမှာ ဒီစာကို ခဏခဏ ပြန်ဖတ်ပါ။ ဘဝထဲမှာ မိမိစိတ်ကို နိုင်အောင် ထိန်းကျောင်းပြီး နေတတ်သူဟာ တခြားသူတွေထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။
Credit to original writer with respect 🙏🙏🙏

သိမ်းငှက်တွေဟာ သက်တမ်းအနှစ် ၄၀ လောက်ရောက်တဲ့အခါ သူတို့ရဲ့ နှုတ်သီးတွေက ကောက်ကွေးလာပြီး ခြေသည်းတွေကလည်း အစာမဖမ်းနိုင်တော့...
15/07/2026

သိမ်းငှက်တွေဟာ သက်တမ်းအနှစ် ၄၀ လောက်ရောက်တဲ့အခါ သူတို့ရဲ့ နှုတ်သီးတွေက ကောက်ကွေးလာပြီး ခြေသည်းတွေကလည်း အစာမဖမ်းနိုင်တော့လောက်အောင် အားနည်းသွားတတ်ကြပါတယ်။

အဲဒီအချိန်မှာ သူတို့ဆီမှာ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိပါတယ်။ သေဆုံးခြင်းကို ငြိမ်ခံမလား (သို့မဟုတ်) နာကျင်စရာကောင်းတဲ့ အသွင်ပြောင်းလဲမှုကို ရင်ဆိုင်မလား။

​သန်မာတဲ့ သိမ်းငှက်တွေဟာ တောင်ထိပ်ပေါ်ကို ပျံသန်းသွားပြီး သူတို့ရဲ့ ကောက်ကွေးနေတဲ့ နှုတ်သီးဟောင်းကို ကျောက်ဆောင်နဲ့ ရိုက်ချိုးပစ်လိုက်ကြတယ်။ ပြီးတော့ ခြေသည်းဟောင်းတွေကိုလည်း တစ်ခုချင်းစီ ဆွဲနှုတ်ပစ်လိုက်ကြတယ်။

အဲဒီလို လနဲ့ချီတဲ့ ပြင်းထန်တဲ့ နာကျင်မှုတွေကို ကြံ့ကြံ့ခံပြီးတဲ့နောက်မှာတော့...

ပိုပြီး သန်မာတဲ့ နှုတ်သီးအသစ်၊ ခြေသည်းအသစ်တွေနဲ့အတူ နောက်ထပ် သက်တမ်း အနှစ် ၃၀ လောက် ကောင်းကင်ယံမှာ ဘုရင်တစ်ပါးလို ဆက်လက် စိုးမိုးပျံသန်းနိုင်ခဲ့ကြပါတယ်။

​မင်းဘဝမှာလည်း အရင်ကထက် ပိုမြင့်တဲ့နေရာကို ရောက်ချင်တယ်ဆိုရင် ကိုယ့်ကို ဆွဲချနေတဲ့ အလေ့အကျင့်ဟောင်းတွေ၊ မာနတွေနဲ့ အတွေးအခေါ်ဟောင်းတွေကို နာကျင်ခံပြီး ရိုက်ချိုးပစ်ရမယ့် အချိန်ရှိပါတယ်။

လက်ရှိ နာကျင်မှုတွေကို မကြောက်ပါနဲ့။ ဒါဟာ မင်း ပိုပြီး အားကောင်းမောင်းသန်နဲ့ ဒုတိယအကြိမ် မွေးဖွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

​ to

#စိတ်ခွန်အား #ဗဟုသုတ #စာပေ

15/07/2026

“ရင့်ကျက်လာတဲ့သူတွေ တဖြည်းဖြည်း စိတ်မဝင်စားတော့တဲ့ အရာ (၉) မျိုး”

🔳 လူတစ်ယောက်ရဲ့ ရင့်ကျက်မှုဆိုတာ အသက်အရွယ်ကြီးလာတာနဲ့ချည်း သက်ဆိုင်တာ မဟုတ်ပါဘူး။ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ နာကျင်ခဲ့ရတဲ့ သင်ခန်းစာတွေကနေတစ်ဆင့် ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ ဦးစားပေးရမယ့် အရာတွေ ပြောင်းလဲလာတာကို ခေါ်တာပါ။

အရင်တုန်းက အရမ်းအရေးကြီးတယ်လို့ ထင်ခဲ့တဲ့အရာတွေ၊ အရမ်းလိုချင်ခဲ့တဲ့ အရာတွေက အချိန်တန်တော့လည်း တဖြည်းဖြည်း ရိုးအီသွားတတ်ပါတယ်။

“ဒါတွေက တကယ်တော့ ငါ့ဘဝအတွက် မလိုအပ်ပါလား” လို့ နားလည်လာတဲ့အခါ စိတ်က ပိုပြီး ပေါ့ပါးလာပါတယ်။

ဘဝမှာ ရင့်ကျက်တည်ငြိမ်လာတဲ့သူတွေ တဖြည်းဖြည်း စိတ်မဝင်စားတော့ဘဲ လက်လွှတ်လိုက်ကြတဲ့ အရာ (၉) မျိုး ရှိပါတယ်။

☘️ ၁။ အတင်းအဖျင်းစကားများနှင့် သူတစ်ပါးအကြောင်းများ

ငယ်ငယ်တုန်းကတော့ လူစုစုလေးတွေ့ရင် သူများအကြောင်း ပြောရတာ၊ သတင်းလေးတွေ နားထောင်ရတာ အရသာတစ်ခုလို ဖြစ်နေတတ်တယ်။

ဒါပေမဲ့ ရင့်ကျက်လာတဲ့အခါ အဲဒီလို စကားဝိုင်းတွေဟာ ကိုယ့်ရဲ့ စွမ်းအင်တွေကို စုပ်ယူသွားမှန်း သိလာတယ်။

သူတစ်ပါးရဲ့ အားနည်းချက်ကို ဝေဖန်နေမယ့်အစား ကိုယ့်ဘဝ တိုးတက်ရေးနဲ့ စိတ်အေးချမ်းရေးကိုပဲ ပိုပြီး အာရုံစိုက်လာတတ်ကြပါတယ်။

☘️ ၂။ လူတိုင်းဆီက အသိအမှတ်ပြုခံချင်စိတ် (Validation)

“သူတို့ ငါ့ကို ဘယ်လိုထင်မလဲ”၊ “ငါ့ကို မုန်းသွားမလား” ဆိုတဲ့ စိုးရိမ်စိတ်တွေဟာ ရင့်ကျက်လာတာနဲ့အမျှ ပျောက်ကွယ်သွားပါတယ်။

လူတိုင်း ကိုယ့်ကို သဘောကျဖို့ဆိုတာ မဖြစ်နိုင်မှန်း ကျွန်မတို့ လက်ခံလာနိုင်တယ်။

ကိုယ်မှန်တယ်လို့ ယုံကြည်ရင် ပတ်ဝန်းကျင်က လက်ခုပ်မတီးပေးလည်း ကိုယ့်လမ်းကို ဆက်လျှောက်ရဲတဲ့ သတ္တိ ရှိလာပါတယ်။

☘️ ၃။ အမြဲတမ်း မှန်ကန်ကြောင်း သက်သေပြချင်စိတ်

အငြင်းအခုန် ဖြစ်လာတဲ့အခါ အနိုင်ရမှ ကျေနပ်တတ်တဲ့ အကျင့်ကို စွန့်လွှတ်လိုက်ကြတယ်။

“နင်ပြောတာ မှန်ပါတယ်” ဆိုပြီး ပြုံးပြုံးလေး လက်ခံပေးလိုက်တာဟာ အရှုံးပေးတာ မဟုတ်ဘဲ၊ အဓိပ္ပါယ်မရှိတဲ့ စကားနိုင်လုပွဲတွေမှာ အချိန်မဖြုန်းချင်တော့လို့ပါ။

ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းမှုက အနိုင်ရခြင်းထက် ပိုအရေးကြီးမှန်း သိလာလို့ ဖြစ်ပါတယ်။

☘️ ၄။ မလိုအပ်သော ပြဿနာများနှင့် Drama များ

စိတ်ရှုပ်စရာတွေ၊ ပဋိပက္ခတွေ၊ အသေးအဖွဲ ကိစ္စလေးတွေကို ကြီးကျယ်အောင် လုပ်တတ်တဲ့ ပတ်ဝန်းကျင်တွေကနေ တိတ်တိတ်လေး ခွာထွက်လာတတ်ကြတယ်။

ရှင်းပြရမှာ ပင်ပန်းတဲ့အခါ တိတ်ဆိတ်ခြင်းကို ရွေးချယ်လိုက်တယ်။

စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို လျစ်လျူရှုနိုင်စွမ်း ပိုမြင့်လာပါတယ်။

☘️ ၅။ အတုအယောင် ဆက်ဆံရေးများ

သူငယ်ချင်း အများကြီး ရှိတာထက်၊ ကိုယ့်ကို တကယ်နားလည်ပေးတဲ့ သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက် ရှိရင် လုံလောက်ပြီလို့ ခံစားလာရတယ်။

အားနာလို့ ပေါင်းနေရတဲ့ ဆက်ဆံရေးတွေ၊ အကျိုးလိုလို့ ပေါင်းတဲ့ ဆက်ဆံရေးတွေကို အချိန်ပေးဖို့ စိတ်မဝင်စားတော့ပါဘူး။

☘️ ၆။ အပြင်ပန်းပြသမှုနှင့် ရုပ်ဝတ္ထုပစ္စည်း အပြိုင်အဆိုင်များ

“ဘယ်သူက ဘာကားစီးတယ်၊ ဘာဖုန်းကိုင်တယ်၊ ဘယ်လောက် ဈေးကြီးတာတွေ ဝတ်တယ်” ဆိုတာတွေဟာ ရင့်ကျက်လာသူတွေအတွက် သိပ်အရေးမပါတော့ပါဘူး။

သူတစ်ပါး အထင်ကြီးအောင် အပြင်ပန်း အလှဆင်နေတာထက်၊ ကိုယ့်စိတ်သာယာဖို့နဲ့ ဘဝမှာ သက်တောင့်သက်သာ (Comfort) ရှိဖို့ကိုပဲ ပိုမက်မောလာကြပါတယ်။

☘️ ၇။ အတိတ်က နာကြည်းချက်များကို ဆုပ်ကိုင်ထားခြင်း

ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေကို အခဲမကျေဖြစ်နေတာ၊ လက်စားချေချင်နေတာတွေက ကိုယ့်ကိုယ်ကိုယ် ပြန်လောင်ကျွမ်းစေတယ်ဆိုတာ နားလည်လာတယ်။

ခွင့်လွှတ်လိုက်တယ်ဆိုတာ သူတို့ မှန်သွားလို့ မဟုတ်ဘဲ၊ ကိုယ့်စိတ်လေး လွတ်လပ်ပေါ့ပါးသွားအောင် အတိတ်ရဲ့ သံကြိုးတွေကို ဖြတ်ချလိုက်တာပဲ ဖြစ်ပါတယ်။

☘️ ၈။ သူတစ်ပါးဘဝနှင့် မိမိဘဝကို နှိုင်းယှဉ်ခြင်း

Social Media ပေါ်က သူများတွေရဲ့ အောင်မြင်မှု၊ ပျော်ရွှင်မှုတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေတာမျိုး မရှိတော့ပါဘူး။

လူတိုင်းမှာ ကိုယ်ပိုင် အချိန်ဇယား (Timeline) နဲ့ ကိုယ်ပိုင် ရုန်းကန်မှုတွေ ရှိတယ်ဆိုတာ နားလည်လာတဲ့အတွက်၊ သူများတွေ မြန်နေတာကို မနာလိုဖြစ်မနေဘဲ ကိုယ့်ရဲ့ နှေးကွေးတဲ့ ခြေလှမ်းတွေကိုပဲ သေချာ တည်ဆောက်လာတတ်တယ်။

☘️ ၉။ မိမိကိုယ်ကို ပြီးပြည့်စုံအောင် ဖိအားပေးခြင်း (Perfectionism)

လူဆိုတာ အမှားနဲ့ မကင်းနိုင်ဘူး၊ အားနည်းချက်တွေ ရှိတတ်တယ်ဆိုတာကို လက်ခံလာနိုင်တယ်။

ကိုယ့်ကိုယ်ကိုယ် “ပြီးပြည့်စုံတဲ့သူ” ဖြစ်အောင် မတရား ဖိအားပေးနေမယ့်အစား၊ “မနေ့ကထက် ပိုကောင်းတဲ့သူ” ဖြစ်အောင်ပဲ ကြိုးစားလာတယ်။

ကိုယ့်ရဲ့ ချို့ယွင်းချက်တွေကို ကိုယ်တိုင် ပြုံးပြုံးလေး လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာကြပါတယ်။

📌 ရင့်ကျက်လာတယ်ဆိုတာ တကယ်တော့ အရာရာကို ထပ်ထည့်တာ မဟုတ်ဘဲ၊ မလိုအပ်တဲ့ အရာတွေကို တစ်ခုချင်းစီ လွှတ်ချတတ်သွားတဲ့ ဖြစ်စဉ် (Process) တစ်ခုပါပဲ။

ကိုယ့်ဘဝရဲ့ ကျောပိုးအိတ်ထဲက အလေးအပင်တွေကို ဖယ်ရှားလိုက်တဲ့အခါ၊ ခရီးဆက်ရတာ ပိုပေါ့ပါးလာသလို၊ ကိုယ့်ရဲ့ စွမ်းအင်တွေကိုလည်း တကယ် တန်ဖိုးရှိတဲ့ နေရာတွေမှာ အပြည့်အဝ အသုံးချနိုင်လာပါလိမ့်မယ်။

ဘဝဆိုတာ ရိုးရှင်းလေ၊ ပိုအေးချမ်းလေပါပဲ။ ❤️

ာမဉာဏ🙏

July 13, 2026

ဆရာမဉာဏ၏ စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။

06/07/2026

စိတ်ဓာတ်ကျခြင်းကို အကောင်းဆုံး ကျော်ဖြတ်ခြင်း
***********************************************

စိတ်ဓာတ်ကျတယ် ၊ စိတ်ဖိစီးမှုများတယ် ၊ စိုးရိမ်သောကဖြစ်တယ် ဆိုတာတွေက လူသားဖြစ်တည်မှုမှာ ရှောင်လွှဲမရတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ ။ သင်တစ်ယောက်တည်းမှ ရွေးဖြစ်တာမဟုတ်ဘဲ လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံတွေ့ ရနိုင်ပါတယ် ။

ဒီလိုအခြေအနေမျိုးမှာ ဒါတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူ နဲ့ မကိုင်တွယ်နိုင်တဲ့သူရယ်လို့ပဲ ကွာသွားတာပါ ။ စိတ်ဓာတ်အကျလွန်ရင် စိုးရိမ်သောကတွေ တအားဖြစ်နေရင် ၊ စိတ်ဖိစီးမှုအလွန်များနေရင် မိမိတို့ရဲ့ လူနေမှုဘဝပုံစံ Life Style ပါ ပြောင်းလဲထိခိုက်လာနိုင်ပြီး ဆိုးရွားတဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ် ။

ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုရင် စီးပွားရေး ၊ လူမှုရေး ၊ အချစ်ရေး ၊ မိသားစုအရေး ၊ ပညာရေး ၊ ကျန်းမာရေးတွေမှာ ကိုယ် မျှော်လင့်တဲ့ပမာဏထိ ဖြစ်မလာဘဲ ဆိုးရွားတဲ့ အခြေအနေဘက်ကို ကူးပြောင်းသွားတဲ့အခါ Depression ပုံစံမျိုး စဖြစ်တော့တာပါပဲ ။

သာမန်မျှော်လင့်မှုတွေ ၊ ထိခိုက်တာမျိုးကို မဆိုလိုဘဲ ကိုယ့်ဘဝ တစ်စိတ်တစ်ပိုင်းအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ဖောက်လွဲဖောက်ပြန်ဖြစ်သွားတဲ့ အခြေအနေကို ဆိုလိုတာပါ ။ ဒီလိုအချိန်တွေကို အကောင်းဆုံး ကျော်ဖြတ်ချင်တယ်ဆိုရင်တော့

(၁) သင့်ကို သောကဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာဖွေပါ ။ ပြီးရင် ကိုယ် တစ်ယောက်တည်း ကြုံရတာမဟုတ်ဘူးဆိုပြီး ဖြစ်ရပ်ကို လက်ခံပါ ။ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုပဲ အာရုံစိုက်လိုက်ပါ ။ အတိတ် နဲ့ အနာဂတ်အတွက် တအားကြီး တွေးတောပူပန်မနေပါနဲ့ ။ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်ပြီး လုပ်စရာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ ။

(၂) ဒီလို အခြေအနေမျိုးမှာ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် မျှော်လင့်တာတွေ ဖြစ်မလာတဲ့အတွက် အသုံးမကျဘူးဆိုပြီး အဆိုးမြင်နေတတ်ပါတယ် ။ လူတွေက တခြားလူထက် ပိုပြီး အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်တတ်ကြပါတယ် ။ ငါ ဘာမှမလုပ်နိုင်ဘူး ။ ငါအသုံးမကျဘူး စသဖြင့် ဒီစိတ်ကြီးနဲ့ ချာချာ လည်နေတတ်ပါတယ် ။ ဒါက ဖြေရှင်းနိုင်တဲ့ နည်းလမ်းလည်း မဟုတ်သလို အကျိုးလည်း မရှိပါဘူး ။

(၃) မိမိတို့ ထိန်းချုပ်လို့ မရမယ့်အရာတွေအပေါ်မှာ လိုက်ခံစား သောကဖြစ် ပူလောင်နေမဲ့အစား မိမိတို့ လုပ်လို့ရမယ့်အရာတွေအပေါ်ကိုပဲ အာရုံစိုက်ပါ ။ အာရုံစူးစိုက်ရခက်ခဲနေရင် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး စိတ်ကို ဖြေလျှော့ပါ ။ ဒါက အာရုံကို ပြောင်းသွားစေမယ့်အပြင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ Oxygen ကို ရစေပြီး ဦးနှောက်ကို ကြည်လင်လန်းဆန်းလာစေမှာပါ ။

(၄) ဘဝမှာ ကိုယ် ကောင်းကောင်း လုပ်နိုင်ခဲ့တဲ့အရာတွေ အများကြီး ရှိခဲ့ပါတယ် ။ အတိတ်က လုပ်နိုင်ခဲ့တာတွေ ၊ ကျော်ဖြတ်နိုင်ခဲ့တာတွေ ၊ အောင်မြင်မှုတွေ ၊ ပျော်ရွှင်ခဲ့တဲ့အချိန်တွေ ၊ သေချာပြန်စဉ်းစားကြည့်ပါ ။ အရင်က တောင် အများကြီး လုပ်နိုင်ခဲ့ရင် ၊ ကျော်ဖြတ်နိုင်ခဲ့ရင် အခု ကြုံတွေ့ရတဲ့ အရာတွေကိုလည်း ဆက်လက်ကျော်ဖြတ်နိုင်မှာပါ ။ နောင်ကြုံတွေ့လာနိုင်တဲ့အရာတွေအတွက်လည်း ကြံ့ကြံ့ခံနိုင်မှာ အသေအချာပါပဲ ။

(၅) လေးလံထိုင်းမှိုင်းစေတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာပြီဆိုရင် ခန္ဓာကိုယ် လှုပ်လှုပ်ရှားရှားဖြစ်စေမယ့် အရာလေးတွေ ၊ အလုပ်တွေ ပြောင်းလုပ်ကြည့်ပါ ။ ဝါသနာပါတဲ့အရာတွေ လုပ်တာ ၊ စာအုပ်ဖတ်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ သီချင်းနားထောင်တာလေးတွေနဲ့ စိတ်ပြောင်းအောင် လုပ်ကြည့်ပါ ။ စိတ်ပါရင် နာရီဝက်လောက် ခန္ဓာကိုယ်ကို လှုပ်ခါပြီး ကလိုက်တာ ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေ စိတ်ကို ပေါ့ပါးသွားစေနိုင်ပါတယ် ။

(၆) သဘာဝအလှအပတွေကို ခံစားကြည့်ပါ ။ လေကောင်းလေသန့်ရမယ့်နေရာကို သွားပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ ။ သင့်အတွေးတွေကို ခေါင်းထဲက ထုတ်ထားပါ ။ ပြင်ပမှာ သာယာနေတဲ့ အလှတရားတွေ အများကြီး ရှိပါတယ် ။ မြင်အောင် ကြည့်ကြည့်ပါ ။

(၇) ကိုယ် ယုံကြည်ရာ ဘာသာတရားနဲ့ ပတ်သက်ပြီး ဝတ်ပြုဆုတောင်းတာတွေ လုပ်ပါ ။ ဒါကလည်း သိပ္ပံစမ်းသပ်ချက်တွေအရ တကယ်ကို ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ် ။ လောကမှာ အကောင်း ၊ အဆိုး အမြဲဒွန်တွဲနေပါတယ် ။ အဆိုးတွေပြီးရင် အကောင်းတွေက ရောက်လာမှာပါ ။ လက်ရှိမှာလည်း အကောင်းမြင်စိတ်လေး နဲ့ အရာအားလုံးအပေါ် ကြည့်ပါ

(၈) အကျိုးရှိတာတွေ လုပ်ပါလို့မပြောလိုပါဘူး ။ ဒီအချိန်မှာ လုပ်ရမှာက သေသေချာချာ အနားယူပါ ။ အချိန်မှန်အိပ်ပါ ။ သေသေချာချာ စားပါ ။ ရင်းနှီးတဲ့သူတွေနဲ့ ရင်ဖွင့်တိုင်ပင်ပါ ။ တအားစိတ်ညစ်လာရင်လည်း ငိုချလိုက်ပါ ။ ဒီအချက်တွေ အကုန်လုံးက စိတ်ဖိစီးမှု ၊ စိတ်ဓာတ်ကျမှုတို့ကို ပြေလျော့စေမယ့် နည်းလမ်းတွေပါ

(၉) ကိုယ့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေမယ့်လူတွေ ၊ ပတ်ဝန်းကျင်တွေကို ခဏရှောင်ကြဉ်နေပြီး ကိုယ့်ကိုချစ်ပြီး စိတ်ရောကိုယ်ပါ ကိုယ့်အတွက် ခွန်အားဖြစ်စေမယ့်လူ ဒါမှမဟုတ် ပတ်ဝန်းကျင်ကောင်းမှာ နေထိုင်ပါ ။ ရင်ဖွင့်ပါ ။ တိုင်ပင်ပါ ။ သူတို့နဲ့အတူ ပျော်ရွှင်ဖွယ်ရာကိစ္စရပ်လေး အတူတူပြုလုပ်ရင်းနဲ့ အချိန်ဖြုန်းပါ

(၁၀) လေ့ကျင့်ခန်းလုပ်တာ ၊ ယောဂကျင့်တာ ၊ တရားထိုင်တာ တစ်ခုခုလုပ်ပါ ။ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ ကောင်းမွန်တဲ့ အရာတွေကို မြင်အောင်ကြည့်ပြီး ကျေးဇူးတင်ပါ ။ ဒီအချိန်မှာ အရင်ကထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပြီး ပိုဂရုစိုက်ပေးပါ ။

ဒီနည်းလမ်းတွေထဲကမှ ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းလေးတွေကို ရွေးချယ်အသုံးပြုပြီး ပျော်ရွှင်ကျန်းမာတဲ့ ဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေ ။
Credit to #

#မျိုးသီဟကျော် #စိတ်၏ဖြေရာ

03/07/2026

တကယ်လို့ သင်ဟာရုတ်တရက် အရမ်းချမ်းသာသူတစ်ယောက်ဖြစ်လာခဲ့လျှင်
ဒီအချက် (၈) ချက်ကို သတိထားရမယ်

၁။ လျှို့ဝှက်ပါ မိဘအပါအဝင် ဘယ်သူ့ကိုမှမပြောပြပါနဲ့။

၂။ အကြွေးရှိရင်အရင်ဆပ်ပါ။ အကြွေးဆပ်တဲ့အခါ တစ်ခါတည်းအကြေမဆပ်ပါနဲ့ ဖြည်းဖြည်းခြင်းဆပ်ပါ။

၃။ ငွေစုပါ ။ ရင်းနှီးမြုပ်နှံမှုကို အလျှင်လိုမလုပ်ပါနဲ့။ အချိန်တစ်ခုအထိ မိတ်ဆွေတွေနဲ့စပ်တူ အလုပ်မလုပ်ပါနဲ့။ ပိုက်ဆံကို အနည်းဆုံး နှစ်ဝက်လောက်အထိ စုဆောင်းထားပါ။

၄။ပိုက်ဆံအားလုံးကို အလုပ်တစ်ခုထဲမှာ မရင်းနှီးမိပါစေနဲ့ ချန်ထားပါ။
လက်ရှိအလုပ်ကနေလဲ အလျင်လိုမထွက်ပါနဲ့။ အိမ်နဲ့ကားတွေကိုလဲ အလျင်စလို မဝယ်မိပါစေနဲ့။

၅။ မိမိကိုယ်ကိုယ်မိမိမြှင့်တင်ပါ ။ စဖတ်ပါ အတတ်ပညာတွေ သင်ယူပါ။အရည်အချင်းမရှိရင် ဆုံးရှုံးမှုတွေ တွေ့ကြုံရတတ်ပါတယ်။

၆။ ကလေးရှိလျှင် သင့်မှာပိုက်ဆံအများကြီးရှိကြောင်း မပြောပြပါနဲ့။ မဟုတ်ရင် ကလေးက သူ့ကိုသူအားမကိုးတတ်ပဲ ဖြစ်နေတတ်တယ်။

၇။ နှိမ့်ချစွာနဲ့ အေးအေးဆေးဆေးနေပါ။ အေးဆေးစွာနဲ့ ဘာမှမဖြစ်ခဲ့သလို နေပါ။

၈။ ဒီစာကိုဖတ်နေတဲ့သင်ဟာ အကျိုးအကြောင်းမဲ့ဖတ်မိနေတာ မဟုတ်ပါဘူး။ သင့်ရဲ့ ကံကောင်းတဲ့အချိန်တွေ ရောက်နေလို့ ဆိုလိုတာမမေ့ပါနဲ့။

#ပြန်၍မျှဝေခြင်းမျှသာဖြစ်သည် #ဘဝသင်ခန်းစာ

ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏🙏🙏🙏🙏ဘေးရန်ကင်းကွာ ကောင်းကျိုးဖြာပြီးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့
🙏🙏🙏🙏🙏🙏🙏

ဘေးရန်ကင်းကွာ ကောင်းကျိုးဖြာပြီး
လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ

17/04/2026

🙏🙏🙏သင်္ကြန်နှစ်သစ်ကူး ဆုမွန်ကောင်း🙏🙏🙏
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

😊မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူး အချိန်အခါသမယမှစ၍ အားလုံးဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွားကြပါစေကြောင်း ပီတိဝေမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်....🙏🙏🙏

ကိုယ်ကျန်းမာ၍စိတ်ချမ်းသာစေ
#ပီတိဝေ

ပီတိဝေ စိတ်ကျန်းမာရေး အထူးကုဆေးရုံ
အမှတ်(၅၆၆)၊ ကျွန်းရွှေဝါလမ်း ၊
(၃၄)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ရန်ကုန်မြို့

09450070007

ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်း တို့ဖြင့် ပြည့်ဝကြပါစေ 🙏🙏🙏
17/04/2026

ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်း တို့ဖြင့် ပြည့်ဝကြပါစေ 🙏🙏🙏

ပြည်ထောင်စုနေ့🇲🇲🇲🇲🇲🇲🇲🇲🇲🇲၂၀၂၆  ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အား  ဂုဏ်ပြုကြိုဆိုအပ်ပါသည်...
11/02/2026

ပြည်ထောင်စုနေ့
🇲🇲🇲🇲🇲🇲🇲🇲🇲🇲

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

မင်္ဂလာရှိသော  ပျော်ရွှင်မှုများနှင့်ပြည့်ဝသော ကရင်နှစ်သစ်ကူး နေ့ဖြစ်ပါစေ  🙏💚🙏
19/12/2025

မင်္ဂလာရှိသော ပျော်ရွှင်မှုများနှင့်ပြည့်ဝသော ကရင်နှစ်
သစ်ကူး နေ့ဖြစ်ပါစေ 🙏💚🙏

Address

အမှတ် (၅၆၆) ကျွန်းရွှေဝါလမ်း
Yangon
11421

Opening Hours

Monday 07:00 - 10:00
Tuesday 07:00 - 10:00
Wednesday 07:00 - 10:00
Thursday 07:00 - 10:00
Friday 07:00 - 10:00

Alerts

Be the first to know and let us send you an email when Dr Saw Wai Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Saw Wai Phyo:

Shortcuts

Share